နေ့တိုင်းခေါင်းလျှော်တဲ့အခါ ရလာမယ့် ဆိုးကျိုး (၅) ခု

မွှေးပျံ့နေတဲ့ ဆံပင်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးစေပါတယ်။ ကျန်းမာသန့်ရှင်း မွှေးပျံ့တဲ့ ဆံပင်ရဖို့ ဂရုစိုက်နည်းက အရေးပါပါတယ်။ ဒါပေမယ့် ခေါင်းကို နေ့တိုင်းတော့ မလျှော်သင့်ပါဘူး။ ခေါင်းနေ့တိုင်းလျှော်ရင် ရလာမယ့် ဆိုးကျိုးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ ဆံပင်ဆေးဆိုးထားတဲ့ အရောင်ကို မြန်မြန် အရောင်မှိန်စေခြင်း

သင်က ဆံပင်ကို အရောင်ဆိုးထားရင်၊ highlight ဖောက်ထားရင် ခေါင်းကို နေ့တိုင်း မလျှော်သင့်တော့ပါဘူး။ ဆံပင်ဆိုးဆေးက ဓါတုဆေးအရောင်တွေကရေခဏခဏထိရင် အရောင်လွင့်သွားမှာပါ။ အဲဒါကြောင့် သင့်ဆံပင်အရောင်နဲ့ လိုက်ဖက်မယ့် ခေါင်းလျှော်ရည်ကိုသုံးပြီး ၃ ရက်တစ်ခါသာ ခေါင်းလျှော်သင့်ပါတယ်။

၂။ ဆံပင်က ပိုမိုခြောက်သွေ့လာခြင်း

ခြောက်သွေ့ပြီး ကြမ်းနေတဲ့ဆံပင်က နေ့တိုင်းခေါင်းလျှော်ခြင်းရဲ့ လက္ခဏာတစ်ခုပါပဲ။ ခေါင်းလျှော်ရည် အများစုမှာပါဝင်တဲ့ sulfates တွေက ဆံပင်မှာ ကပ်နေတဲ့အဆီတွေကို ဖယ်ရှားလိုက်ပါတယ်။ ခေါင်းလျှော်ပြီးမကြာခင်မှာတော့ လှပတယ်လို့ ထင်ရပေမယ့် ရေရှည်မှာဆိုရင်တော့ ဆံသားတွေ ခြောက်လာမှာပါ။ ခေါင်းကို နေ့တိုင်းလျှော်မှ အဆင်ပြေမယ့်သူတွေအတွက် sulphate-free ခေါင်းလျှော်ရည်တွေကို ရွေးသုံးသင့်ပါတယ်။

၃။ ဗောက်ပိုထလာခြင်း

ခေါင်းနေ့တိုင်း လျှော်တဲ့အခါ ဦးရေပြားက သဘာဝအဆီတွေက မရည်ရွယ်ဘဲ ဖယ်ရှားမိသလို ဖြစ်သွားစေပါတယ်။ အဲဒီ သဘာဝအဆီက ဆံပင်ကို အားဖြည့်ပြီး ကျန်းမာစေတာပါ။ အဆီတွေ မရှိတော့ရင် ဦးရေပြားက ခြောက်လာပြီး ဗောက်တွေ ပိုထုတ်လုပ်လာပါတယ်။ ဗောက်တွေ အရမ်းများလာရင် tea tree oil နဲ့ ပြုလုပ်ထားတဲ့ ခေါင်းလျှော်ရည်တွေကို သင့်တော်ပါတယ်။

၄။ ဆံပင်အဖျားတွေ ခွလာခြင်း

ဆံပင်မှာ အဆီတွေ အားနည်းလာရင် ဆံပင်အဖျားတွေ ခွလာပါတယ်။ ဆံပင်အဖျားတွေ ခွလာတာက ကြည့်ရတာဆိုးပြီး ခေါင်းဖြီးရင်လည်း အရမ်းငြိစေမှာပါ။ ဆံပင်အဖျားတွေ ခွလာရင် အဖျားတွေကို ညှပ်ချလိုက်ဖို့ နည်းပဲရှိပါတယ်။ နေ့တိုင်း ခေါင်းလျှော်ဖို့ဆိုရင်တော့ dry shampoo တွေကို ရွေးသင့်ပါတယ်။

၅။ ဆံပင်အဆီ ပိုပြန်လာခြင်း

ခေါင်းကို နေ့တိုင်းလျှော်တဲ့အခါ ဆုံးရှုံးသွားတဲ့ အဆီတွေကို အစားထိုးဖို့ အဆီဂလင်းတွေက အဆီတွေ ပိုထုတ်လုပ်ပါတယ်။ တချို့တွေက ဆံပင်အဆီထွက်လို့ ခေါင်းနေ့တိုင်းလျှော်လေ အဆီက ပိုထွက်လေပါပဲ။ အဲဒါကြောင့် ဆီများတဲ့ အစားအစာတွေ၊ အပူအစပ် အစားအစာတွေတွေကို လျှော့ပြီး စားပေးသင့်ပါတယ်။

Bonus

၁။ ပန်းသီးရှလကာရည်က ဆံပင်ရဲ့ pH level ကို ပြောင်းလဲစေပါတယ်။ ပန်းသီးရှာလကာရည် လက်ဖက်ရည် ဇွန်း ၃ ဇွန်းကို ကြက်သီးနွေးရေနဲ့ ရောပါ။ ခေါင်းလျှော်ပြီးရင် ပန်းသီးရှလကာရည်နဲ့ ဦးရေပြားအနှံ့ကို ပွတ်ပါ။ ၁၀မိနစ်ခန့်ကြာရင်တော့ ရေဆေးချလိုက်လို့ ရပါပြီ။

၂။ ရှားစောင်းလက်ပတ်ဂျယ်၊ သံပုရည်၊ ရေတို့ကို ရောပြီး ခေါင်းလျှော်ပါ။ ရှားစောင်းလက်ပတ်နဲ့ သံပုရာရည်က ဆံပင်ကို ပိုတောက်ပစေပြီး အဆီထွက်တာ နည်းစေပါတယ်။

၃။ ပက်ပါမင့်ဆီနဲ့ လက်ဖက်ဆီကလည်း ဆံပင် အဆီထွက်တာကို သက်သာစေမှာပါ။ ကြိုက်နှစ်သက်ရာ ရနံ့အဆီ တစ်ခုခုကို နှစ်စက်လောက်ယူပြီး ခေါင်းတစ်ခုလုံး အနှံ့လိမ်းပါ။ ရနံ့အဆီတွေက အသားအရေကို တိုက်ရိုက် မထိတွေ့ဖို့တော့ အရေးကြီးပါတယ်နော်။ ၁၀ မိနစ်လောက် ထားပြီးရင် ရေဆေးချပြီး ပုံမှန်အတိုင်း ခေါင်းလျှော်လို့ ရပါပြီ။

၄။ Baking soda က ဈေးမကြီးတဲ့အပြင် dry shampoo အဖြစ်လည်း သုံးလို့ရပါတယ်။ Baking soda လက်ဖက်ရည်ဇွန်း ၃ ဇွန်းကို ရေနဲ့ရောမွှေပါ။ ပြီးရင် ရေစိုနေတဲ့ ဆံပင်အရင်းကနေ လိမ်းပါ။ တစ်မိနစ်ခန့် ထားပြီးရင် ခေါင်းလျှော်လိုက်လို့ ရပါပြီ။

Zombie (lovemedia)

for zawgyi

ေန႔တိုင္းေခါင္းေလွ်ာ္တဲ့အခါ ရလာမယ့္ ဆိုးက်ိဳး (၅) ခု

ေမႊးပ်ံ႕ေနတဲ့ ဆံပင္က ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈ တိုးေစပါတယ္။ က်န္းမာသန႔္ရွင္း ေမႊးပ်ံ႕တဲ့ ဆံပင္ရဖို႔ ဂ႐ုစိုက္နည္းက အေရးပါပါတယ္။ ဒါေပမယ့္ ေခါင္းကို ေန႔တိုင္းေတာ့ မေလွ်ာ္သင့္ပါဘူး။ ေခါင္းေန႔တိုင္းေလွ်ာ္ရင္ ရလာမယ့္ ဆိုးက်ိဳးေတြကို love media ကေန ေဖာ္ျပေပးပါမယ္ေနာ္။

၁။ ဆံပင္ေဆးဆိုးထားတဲ့ အေရာင္ကို ျမန္ျမန္အေရာင္မွိန္ေစျခင္း

သင္က ဆံပင္ကို အေရာင္ဆိုးထားရင္၊ highlight ေဖာက္ထားရင္ ေခါင္းကို ေန႔တိုင္း မေလွ်ာ္သင့္ေတာ့ပါဘူး။ ဆံပင္ဆိုးေဆးက ဓါတုေဆးအေရာင္ေတြကေရခဏခဏထိရင္ အေရာင္လြင့္သြားမွာပါ။ အဲဒါေၾကာင့္ သင့္ဆံပင္အေရာင္နဲ႔ လိုက္ဖက္မယ့္ ေခါင္းေလွ်ာ္ရည္ကိုသုံးၿပီး ၃ ရက္တစ္ခါသာ ေခါင္းေလွ်ာ္သင့္ပါတယ္။

၂။ ဆံပင္က ပိုမိုေျခာက္ေသြ႕လာျခင္း

ေျခာက္ေသြ႕ၿပီး ၾကမ္းေနတဲ့ဆံပင္က ေန႔တိုင္းေခါင္းေလွ်ာ္ျခင္းရဲ႕ လကၡဏာတစ္ခုပါပဲ။ ေခါင္းေလွ်ာ္ရည္ အမ်ားစုမွာပါဝင္တဲ့ sulfates ေတြက ဆံပင္မွာ ကပ္ေနတဲ့အဆီေတြကို ဖယ္ရွားလိုက္ပါတယ္။ ေခါင္းေလွ်ာ္ၿပီးမၾကာခင္မွာေတာ့ လွပတယ္လို႔ထင္ရေပမယ့္ ေရရွည္မွာဆိုရင္ေတာ့ ဆံသားေတြ ေျခာက္လာမွာပါ။ ေခါင္းကို ေန႔တိုင္းေလွ်ာ္မွ အဆင္ေျပမယ့္သူေတြအတြက္ sulphate-free ေခါင္းေလွ်ာ္ရည္ေတြကို ေ႐ြးသုံးသင့္ပါတယ္။

၃။ ေဗာက္ပိုထလာျခင္း

ေခါင္းေန႔တိုင္း ေလွ်ာ္တဲ့အခါ ဦးေရျပားက သဘာဝအဆီေတြက မရည္႐ြယ္ဘဲ ဖယ္ရွားမိသလို ျဖစ္သြားေစပါတယ္။ အဲဒီ သဘာဝအဆီက ဆံပင္ကို အားျဖည့္ၿပီး က်န္းမာေစတာပါ။ အဆီေတြ မရွိေတာ့ရင္ ဦးေရျပားက ေျခာက္လာၿပီး ေဗာက္ေတြ ပိုထုတ္လုပ္လာပါတယ္။ ေဗာက္ေတြ အရမ္းမ်ားလာရင္ tea tree oil နဲ႔ ျပဳလုပ္ထားတဲ့ ေခါင္းေလွ်ာ္ရည္ေတြကို သင့္ေတာ္ပါတယ္။

၄။ ဆံပင္အဖ်ားေတြ ခြလာျခင္း

ဆံပင္မွာ အဆီေတြ အားနည္းလာရင္ ဆံပင္အဖ်ားေတြ ခြလာပါတယ္။ ဆံပင္အဖ်ားေတြ ခြလာတာက ၾကည့္ရတာဆိုးၿပီး ေခါင္းၿဖီးရင္လည္း အရမ္းၿငိေစမွာပါ။ ဆံပင္အဖ်ားေတြ ခြလာရင္ အဖ်ားေတြကို ညႇပ္ခ်လိုက္ဖို႔ နည္းပဲရွိပါတယ္။ ေန႔တိုင္း ေခါင္းေလွ်ာ္ဖို႔ဆိုရင္ေတာ့ dry shampoo ေတြကို ေ႐ြးသင့္ပါတယ္။

၅။ ဆံပင္အဆီ ပိုျပန္လာျခင္း

ေခါင္းကို ေန႔တိုင္းေလွ်ာ္တဲ့အခါ ဆုံးရႈံးသြားတဲ့ အဆီေတြကို အစားထိုးဖို႔ အဆီဂလင္းေတြက အဆီေတြ ပိုထုတ္လုပ္ပါတယ္။ တခ်ိဳ႕ေတြက ဆံပင္အဆီထြက္လို႔ ေခါင္းေန႔တိုင္းေလွ်ာ္ေလ အဆီက ပိုထြက္ေလပါပဲ။ အဲဒါေၾကာင့္ ဆီမ်ားတဲ့ အစားအစာေတြ၊ အပူအစပ္ အစားအစာေတြေတြကို ေလွ်ာ့ၿပီး စားေပးသင့္ပါတယ္။

Bonus

၁။ ပန္းသီးရွလကာရည္က ဆံပင္ရဲ႕ pH level ကိုေျပာင္းလဲေစပါတယ္။ ပန္းသီးရွာလကာရည္ လက္ဖက္ရည္ ဇြန္း ၃ ဇြန္းကို ၾကက္သီးေႏြးေရနဲ႔ ေရာပါ။ ေခါင္းေလွ်ာ္ၿပီးရင္ ပန္းသီးရွလကာရည္နဲ႔ ဦးေရျပားအႏွံ႔ကို ပြတ္ပါ။ ၁၀မိနစ္ခန႔္ၾကာရင္ေတာ့ ေရေဆးခ်လိုက္လို႔ ရပါၿပီ။

၂။ ရွားေစာင္းလက္ပတ္ဂ်ယ္၊ သံပုရည္၊ ေရတို႔ကို ေရာၿပီး ေခါင္းေလွ်ာ္ပါ။ ရွားေစာင္းလက္ပတ္နဲ႔ သံပုရာရည္က ဆံပင္ကို ပိုေတာက္ပေစၿပီး အဆီထြက္တာ နည္းေစပါတယ္။

၃။ ပက္ပါမင့္ဆီနဲ႔ လက္ဖက္ဆီကလည္း ဆံပင္ အဆီထြက္တာကို သက္သာေစမွာပါ။ ႀကိဳက္ႏွစ္သက္ရာ ရနံ႔အဆီ တစ္ခုခုကို ႏွစ္စက္ေလာက္ယူၿပီး ေခါင္းတစ္ခုလုံး အႏွံ႔လိမ္းပါ။ ရနံ႔အဆီေတြက အသားအေရကို တိုက္႐ိုက္ မထိေတြ႕ဖို႔ေတာ့ အေရးႀကီးပါတယ္ေနာ္။ ၁၀ မိနစ္ေလာက္ ထားၿပီးရင္ ေရေဆးခ်ၿပီး ပုံမွန္အတိုင္း ေခါင္းေလွ်ာ္လို႔ ရပါၿပီ။

၄။ Baking soda က ေဈးမႀကီးတဲ့အျပင္ dry shampoo အျဖစ္လည္း သုံးလို႔ရပါတယ္။ Baking soda လက္ဖက္ရည္ဇြန္း ၃ ဇြန္းကို ေရနဲ႔ေရာေမႊပါ။ ၿပီးရင္ ေရစိုေနတဲ့ ဆံပင္အရင္းကေန လိမ္းပါ။ တစ္မိနစ္ခန႔္ ထားၿပီးရင္ ေခါင္းေလွ်ာ္လိုက္လို႔ ရပါၿပီ။

Zombie (lovemedia)

Post a Comment

0 Comments