သည်းခံလွန်းတဲ့ မြွေဟောက်

ဟိုးရှေးရှေးတုန်းက ရွာတရွာ အနီးမှာရှိတဲ့ အင်မတန် ထူထပ်လှတဲ့ မြက်ရိုင်းအုပ်ထဲမှာ အဆိပ်ပြင်းတဲ့ မြွေဟောက်တကောင် နေထိုင်တယ် ။ အဲဒီ မြွေဟောက်ဟာ အင်မတန်မှ ဒေါသကြီးတဲ့ အလျှောက် အနီးအနား ဖြတ်သန်းသွားသမျှ ရွာသူရွာသားတွေကို အမြဲတမ်း လိုက်လံကိုက်ခဲ ပါသတဲ့ ။

အဲဒီလို ဖြတ်သန်းသွားတဲ့ သူတွေတင် ကိုက်ရတာ မတင်းတိမ်နိုင် တာကြောင့်လည်း မြွေဆိုးဟာ ရွာထဲအထိ ဝင်ရောက်ပြီး အိမ်တိုင် ရာရောက် လိုက်လံပေါက်တဲ့အထိ ဖြစ်လာပါတယ် ။ အဲဒီလို ဆိုးလွန်းတဲ့ မြွေကြောင့် ရွာသူရွာသားတွေဟာ အင်မတန်မှ စိတ်ဆင်းရဲ သောက ရောက်ကြရ ပါသတဲ့ ။ ကိုယ့်လယ်ယာကိုတောင် သွားရောက် မထွန်ရက်၊ မစိုက်ပျိုးရဲတဲ့ အထိ ဖြစ်လာခဲ့ ပြန်တယ်။

အဲဒီအခါ မှာတော့ ရွာသားတွေ ကိုးကွယ်တဲ့ ရသေ့ကြီးဟာ မြွေဟောက်ရှိရာ မြက်ရိုင်းတောကို လာရောက်ခဲ့ပါတယ် ။ အဲဒီအခါ မှာလည်း မြွေဟောက်က ရသေ့ကြီးကို ပေါက်သတ်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ ပြန်တယ် ။ ဒါပေမယ့်လည်း ထူးဆန်းစွာနဲ့ပဲ ရသေ့ကြီးဟာ တစုံတရာမှ ထိခိုက်မှု မရှိတာကို မြွေဟောက်က တွေ့လိုက်ရတယ် ။ အဲဒီအခါ မြွေဟောက်က အံ့သြတကြီးနဲ့ မေးခဲ့တယ်။

" ရသေ့ သင်ဟာ ငါဘယ်လောက် ပေါက်ပေါက် မဖြုံဘူးပဲ။ ဒီရွာထဲက လူတွေဆို ငါပေါက်လိုက်လို့ကတော့ ကွမ်းတရာညက်ဆို အသေဘဲ။ ရသေ့က ဘယ်လို အစွမ်းတွေနဲ့ ဒီလို နေနိုင်ရတာလဲ " ။ အဲဒီလို မြွေဟောက်ရဲ့ အမေးစကားကို ကြားတဲ့အခါ ရသေ့ကြီး အေးချမ်းစွာနဲ့ပဲ ဖြေလိုက်တယ်။

" အသင် မြွေဟောက်၊ လောကမှာ မေတ္တာတရားထက် ခွန်အားကြီးမားတဲ့ အရာမရှိဘူး။ သည်းခံခြင်း တရားက ငါ့ကို ကာကွယ်ပေးထားတာဘဲ " ။ အဲဒီလို ရသေ့ကြီး အေးချမ်းစွာ ဖြေကြားပုံကို မြင်တဲ့အခါ မြွေဟောက်ရဲ့ ဒေါသတွေ ပြေလျော့ သွားပြန်တယ်။ အဲဒီနောက်လည်း ရသေ့ကြီးက မြွေဟောက်ကို သည်းခံခြင်းတရား၊ ဒေါသကို ငြိမ်းအေစေခြင်းတရား တို့ကို ကောင်းစွာ ဟောပြခဲ့တယ်။

တရားအဆုံးမှာတော့ ရသေ့ကြီးဟာ မြွေဟောက်ကို ဒီလို ပြောတယ်။ " အသင် မြွေဟောက် အသင်ဟာ အဆိပ်အားကိုးနဲ့ ရွာသားတွေကို ကိုက်ခြင်း၊ သူ့အသက် သတ်ခြင်း ဆိုတဲ့ အကုသိုလ်ကို အကြိမ်ကြိမ် ပြုမိနေတယ်။ အဲဒီအကုသိုလ် မဖြစ်အောင် စောင့်ထိန်းလော့ " ။ အဲဒီအခါမှာတော့ မြွေဟောက်ဟာ နောင်အခါ ရွာသားတွေကို မကိုက်တော့မယ့် အကြောင်း ရသေ့ကြီးကို ကတိပေး လိုက်တယ်။

အဲဒီလိုနဲ့ မြွေဟောက်ဟာ ဒေါသထွက်လာတိုင်း တရားဓမ္မကို ဆင်ခြင်းပြီး သည်းခံတတ်လာတယ်။ ချုပ်တည်း တတ်လာတယ်။ အချိန်တွေကြာလာတဲ့အခါ မြွေဟောက်ဟာ သဘောကောင်းတဲ့ မြွေတကောင် ဖြစ်လာပါသတဲ့ ။ အဲဒီနောက်မှာတော့ ရွာသားတွေဟာ မြွေဟောက်ကို တွေ့မြင်ပေမယ့်လည်း အရင်တုန်းကလို ထွက်မပြေးတော့ဘဲ တရင်းတနှီး ရှိလာကြပါတယ်။

ကြာလာတဲ့ အခါမှာတော့ ရွာသားတွေဟာ တဖြည်းဖြည်း အတင့်ရဲလာ ပြန်တယ်။ သူတို့တွေဟာ မြွေဟောက်ကို တွေ့တဲ့အခါ အပေါ်ကတောင် ခွကျော်သွားကြ ပြန်တယ်။ ဒါပေမယ့်လည်း မြွေဟောက်ဟာ သည်းခံမြဲ သည်းခံနေတယ်။ တဖြည်းဖြည်း အချိန်တွေ ကြာလာတော့ ရွာသားတွေဟာ မြွေဟောက်ကို တွေ့တဲ့အခါ ကျော်ခွတောင် မသွားတော့ဘဲ မြွေဟောက်အပေါ်က တက်နင်း လျှောက်လှမ်း သွားကြပြန်တယ်။ အဲဒီအခါမှာလည်း မြွေဟောက်က သည်းခံမြဲ သည်းခံနေ ပြန်တယ်။

ဒီလိုနဲ့ နောက်ပိုင်းမှာတော့ ရွာသားတွေဟာ မြွေဟောက်ကို တက်နင်းသွားတဲ့ အပြင် အမြှီးနဲ့ ခေါင်းကိုပါ ကျောက်တုံးနဲ့ ဖိထားကြ ပြန်တယ်။ မြွေဟောက်လည်း သည်းခံပြန်တယ်။ ရွာသားတွေဟာ မြွေဟောက်ကို တွေ့တဲ့အခါ ကြိုးခွေလို ချည်ပြီး လိမ်ကျစ်ခါ စနောက်ကြ ပြန်တယ်။ မြွေဟောက်ခမျာလည်း ကြိတ်မှိတ်ပြီး သည်းခံပြန်တယ်။

နောက်ဆုံးမှာတော့ ရွာသားတွေဟာ မြွေဟောက်ကို ယူဆောင်ပြီး အမြှီးကကိုင်ကာ တယောက်တလှည့် မွှေ့ယမ်း ဆော့ကစားကြ ပြန်သတဲ့။ အဲဒီအခါမှာတော့ မြွဟောက်ဟာ ဆက်လက် သည်းခံနိုင်ခြင်း မရှိတော့ဘဲ ရသေ့ကြီးရဲ့ ကျောင်းသင်္ခန်းကို သွားရောက်ပြီး ဒီလို အပြစ်တင်ခဲ့တယ် ။

" ရသေ့ကြီး ကျုပ်ဟာ အသင်ဟောပြတဲ့ တရားဓမ္မကို ဆင်ခြင်ပြီး သည်းခံခဲ့ပါတယ် ။ ဒါပေမယ့် ဒင်းတို့ဟာ တဖြည်းဖြည်းနဲ့ ရောင့်တက်လာတယ်။ အခုဆို ကျုပ်ကို အမြှီးကနေ ကိုင်ပြီး ဆော့ကစားမှုကိုတောင် ပြုလုပ်နေကြတယ် ။ အဲဒီတော့ ကျုပ်ဆက်ပြီး သည်းမခံနိုင်တော့ဘူး ။ ရသေ့ကြီး ပြောတော့ သည်းခံခြင်းသည် အောင်မြင်ခြင်းဆို ၊ မေတ္တာ ရောင်ပြန်ဟပ်ဆို ။ ခုတော့ ရောင်ပြန်မဟပ်ဘဲ ကြာရင်ကျုပ်သေတော့မယ် "

အဲဒီအခါမှာ ရသေ့ကြီးက မြွေဟောက်ရဲ့ အဖြစ်ကို ကြည့်ပြီး အားပါးတရ ရယ်မောလိုက်တယ်။ ပြီးတော့ ရသေ့ကြီးက ဒီလို မိန့်တယ်။ " အသင် မြွေဟောက် သေချာ နားထောင်လော့။ ငါက သင့်ကို မကိုက်ဖို့ဘဲ ဆုံးမခဲ့တာ။ ပါးပြင်း မထောင်ရဘူး လို့ မဆုံးမခဲ့ပါဘူး " တဲ့ ။

ပုံပြင်လေးကိုတော့ ဒီနေရာမှာဘဲ အဆုံးသတ်ထား ပါတယ်။ သူတပါးကို မထိခိုက်ပါစေနဲ့ ။ မိမိကိုယ်တိုင်လည်း မနစ်နာစေပါနဲ့ ။ အလွန်အမင်း သဘောကောင်းခြင်းဟာ အန္တရာယ် ရှိတတ်ပါတယ် ။ ပါးပြင်း ထောင်သင့်ရင် ထောင်ရမယ် ။

Crd

Zawgyi

သည္းခံလြန္းတဲ့ ေႁမြေဟာက္

ဟိုးေရွးေရွးတုန္းက ႐ြာတ႐ြာ အနီးမွာရွိတဲ့ အင္မတန္ ထူထပ္လွတဲ့ ျမက္႐ိုင္းအုပ္ထဲမွာ အဆိပ္ျပင္းတဲ့ ေႁမြေဟာက္တေကာင္ ေနထိုင္တယ္ ။ အဲဒီ ေႁမြေဟာက္ဟာ အင္မတန္မွ ေဒါသႀကီးတဲ့ အေလွ်ာက္ အနီးအနား ျဖတ္သန္းသြားသမွ် ႐ြာသူ႐ြာသားေတြကို အၿမဲတမ္း လိုက္လံကိုက္ခဲ ပါသတဲ့ ။

အဲဒီလို ျဖတ္သန္းသြားတဲ့ သူေတြတင္ ကိုက္ရတာ မတင္းတိမ္ႏိုင္ တာေၾကာင့္လည္း ေႁမြဆိုးဟာ ႐ြာထဲအထိ ဝင္ေရာက္ၿပီး အိမ္တိုင္ ရာေရာက္ လိုက္လံေပါက္တဲ့အထိ ျဖစ္လာပါတယ္ ။ အဲဒီလို ဆိုးလြန္းတဲ့ ေႁမြေၾကာင့္ ႐ြာသူ႐ြာသားေတြဟာ အင္မတန္မွ စိတ္ဆင္းရဲ ေသာက ေရာက္ၾကရ ပါသတဲ့ ။ ကိုယ့္လယ္ယာကိုေတာင္ သြားေရာက္ မထြန္ရက္၊ မစိုက္ပ်ိဳးရဲတဲ့ အထိ ျဖစ္လာခဲ့ ျပန္တယ္။

အဲဒီအခါ မွာေတာ့ ႐ြာသားေတြ ကိုးကြယ္တဲ့ ရေသ့ႀကီးဟာ ေႁမြေဟာက္ရွိရာ ျမက္႐ိုင္းေတာကို လာေရာက္ခဲ့ပါတယ္ ။ အဲဒီအခါ မွာလည္း ေႁမြေဟာက္က ရေသ့ႀကီးကို ေပါက္သတ္ဖို႔ အႀကိမ္ႀကိမ္ ႀကိဳးစားခဲ့ ျပန္တယ္ ။ ဒါေပမယ့္လည္း ထူးဆန္းစြာနဲ႔ပဲ ရေသ့ႀကီးဟာ တစုံတရာမွ ထိခိုက္မႈ မရွိတာကို ေႁမြေဟာက္က ေတြ႕လိုက္ရတယ္ ။ အဲဒီအခါ ေႁမြေဟာက္က အံ့ၾသတႀကီးနဲ႔ ေမးခဲ့တယ္။

" ရေသ့ သင္ဟာ ငါဘယ္ေလာက္ ေပါက္ေပါက္ မၿဖဳံဘူးပဲ။ ဒီ႐ြာထဲက လူေတြဆို ငါေပါက္လိုက္လို႔ကေတာ့ ကြမ္းတရာညက္ဆို အေသဘဲ။ ရေသ့က ဘယ္လို အစြမ္းေတြနဲ႔ ဒီလို ေနႏိုင္ရတာလဲ " ။ အဲဒီလို ေႁမြေဟာက္ရဲ႕ အေမးစကားကို ၾကားတဲ့အခါ ရေသ့ႀကီး ေအးခ်မ္းစြာနဲ႔ပဲ ေျဖလိုက္တယ္။

" အသင္ ေႁမြေဟာက္၊ ေလာကမွာ ေမတၱာတရားထက္ ခြန္အားႀကီးမားတဲ့ အရာမရွိဘူး။ သည္းခံျခင္း တရားက ငါ့ကို ကာကြယ္ေပးထားတာဘဲ " ။ အဲဒီလို ရေသ့ႀကီး ေအးခ်မ္းစြာ ေျဖၾကားပုံကို ျမင္တဲ့အခါ ေႁမြေဟာက္ရဲ႕ ေဒါသေတြ ေျပေလ်ာ့ သြားျပန္တယ္။ အဲဒီေနာက္လည္း ရေသ့ႀကီးက ေႁမြေဟာက္ကို သည္းခံျခင္းတရား၊ ေဒါသကို ၿငိမ္းေအေစျခင္းတရား တို႔ကို ေကာင္းစြာ ေဟာျပခဲ့တယ္။

တရားအဆုံးမွာေတာ့ ရေသ့ႀကီးဟာ ေႁမြေဟာက္ကို ဒီလို ေျပာတယ္။ " အသင္ ေႁမြေဟာက္ အသင္ဟာ အဆိပ္အားကိုးနဲ႔ ႐ြာသားေတြကို ကိုက္ျခင္း၊ သူ႔အသက္ သတ္ျခင္း ဆိုတဲ့ အကုသိုလ္ကို အႀကိမ္ႀကိမ္ ျပဳမိေနတယ္။ အဲဒီအကုသိုလ္ မျဖစ္ေအာင္ ေစာင့္ထိန္းေလာ့ " ။ အဲဒီအခါမွာေတာ့ ေႁမြေဟာက္ဟာ ေနာင္အခါ ႐ြာသားေတြကို မကိုက္ေတာ့မယ့္ အေၾကာင္း ရေသ့ႀကီးကို ကတိေပး လိုက္တယ္။

အဲဒီလိုနဲ႔ ေႁမြေဟာက္ဟာ ေဒါသထြက္လာတိုင္း တရားဓမၼကို ဆင္ျခင္းၿပီး သည္းခံတတ္လာတယ္။ ခ်ဳပ္တည္း တတ္လာတယ္။ အခ်ိန္ေတြၾကာလာတဲ့အခါ ေႁမြေဟာက္ဟာ သေဘာေကာင္းတဲ့ ေႁမြတေကာင္ ျဖစ္လာပါသတဲ့ ။ အဲဒီေနာက္မွာေတာ့ ႐ြာသားေတြဟာ ေႁမြေဟာက္ကို ေတြ႕ျမင္ေပမယ့္လည္း အရင္တုန္းကလို ထြက္မေျပးေတာ့ဘဲ တရင္းတႏွီး ရွိလာၾကပါတယ္။

ၾကာလာတဲ့ အခါမွာေတာ့ ႐ြာသားေတြဟာ တျဖည္းျဖည္း အတင့္ရဲလာ ျပန္တယ္။ သူတို႔ေတြဟာ ေႁမြေဟာက္ကို ေတြ႕တဲ့အခါ အေပၚကေတာင္ ခြေက်ာ္သြားၾက ျပန္တယ္။ ဒါေပမယ့္လည္း ေႁမြေဟာက္ဟာ သည္းခံၿမဲ သည္းခံေနတယ္။ တျဖည္းျဖည္း အခ်ိန္ေတြ ၾကာလာေတာ့ ႐ြာသားေတြဟာ ေႁမြေဟာက္ကို ေတြ႕တဲ့အခါ ေက်ာ္ခြေတာင္ မသြားေတာ့ဘဲ ေႁမြေဟာက္အေပၚက တက္နင္း ေလွ်ာက္လွမ္း သြားၾကျပန္တယ္။ အဲဒီအခါမွာလည္း ေႁမြေဟာက္က သည္းခံၿမဲ သည္းခံေန ျပန္တယ္။

ဒီလိုနဲ႔ ေနာက္ပိုင္းမွာေတာ့ ႐ြာသားေတြဟာ ေႁမြေဟာက္ကို တက္နင္းသြားတဲ့ အျပင္ အျမႇီးနဲ႔ ေခါင္းကိုပါ ေက်ာက္တုံးနဲ႔ ဖိထားၾက ျပန္တယ္။ ေႁမြေဟာက္လည္း သည္းခံျပန္တယ္။ ႐ြာသားေတြဟာ ေႁမြေဟာက္ကို ေတြ႕တဲ့အခါ ႀကိဳးေခြလို ခ်ည္ၿပီး လိမ္က်စ္ခါ စေနာက္ၾက ျပန္တယ္။ ေႁမြေဟာက္ခမ်ာလည္း ႀကိတ္မွိတ္ၿပီး သည္းခံျပန္တယ္။

ေနာက္ဆုံးမွာေတာ့ ႐ြာသားေတြဟာ ေႁမြေဟာက္ကို ယူေဆာင္ၿပီး အျမႇီးကကိုင္ကာ တေယာက္တလွည့္ ေမႊ႕ယမ္း ေဆာ့ကစားၾက ျပန္သတဲ့။ အဲဒီအခါမွာေတာ့ ႁမြေဟာက္ဟာ ဆက္လက္ သည္းခံႏိုင္ျခင္း မရွိေတာ့ဘဲ ရေသ့ႀကီးရဲ႕ ေက်ာင္းသခၤန္းကို သြားေရာက္ၿပီး ဒီလို အျပစ္တင္ခဲ့တယ္ ။

" ရေသ့ႀကီး က်ဳပ္ဟာ အသင္ေဟာျပတဲ့ တရားဓမၼကို ဆင္ျခင္ၿပီး သည္းခံခဲ့ပါတယ္ ။ ဒါေပမယ့္ ဒင္းတို႔ဟာ တျဖည္းျဖည္းနဲ႔ ေရာင့္တက္လာတယ္။ အခုဆို က်ဳပ္ကို အျမႇီးကေန ကိုင္ၿပီး ေဆာ့ကစားမႈကိုေတာင္ ျပဳလုပ္ေနၾကတယ္ ။ အဲဒီေတာ့ က်ဳပ္ဆက္ၿပီး သည္းမခံႏိုင္ေတာ့ဘူး ။ ရေသ့ႀကီး ေျပာေတာ့ သည္းခံျခင္းသည္ ေအာင္ျမင္ျခင္းဆို ၊ ေမတၱာ ေရာင္ျပန္ဟပ္ဆို ။ ခုေတာ့ ေရာင္ျပန္မဟပ္ဘဲ ၾကာရင္က်ဳပ္ေသေတာ့မယ္ "

အဲဒီအခါမွာ ရေသ့ႀကီးက ေႁမြေဟာက္ရဲ႕ အျဖစ္ကို ၾကည့္ၿပီး အားပါးတရ ရယ္ေမာလိုက္တယ္။ ၿပီးေတာ့ ရေသ့ႀကီးက ဒီလို မိန႔္တယ္။ " အသင္ ေႁမြေဟာက္ ေသခ်ာ နားေထာင္ေလာ့။ ငါက သင့္ကို မကိုက္ဖို႔ဘဲ ဆုံးမခဲ့တာ။ ပါးျပင္း မေထာင္ရဘူး လို႔ မဆုံးမခဲ့ပါဘူး " တဲ့ ။

ပုံျပင္ေလးကိုေတာ့ ဒီေနရာမွာဘဲ အဆုံးသတ္ထား ပါတယ္။ သူတပါးကို မထိခိုက္ပါေစနဲ႔ ။ မိမိကိုယ္တိုင္လည္း မနစ္နာေစပါနဲ႔ ။ အလြန္အမင္း သေဘာေကာင္းျခင္းဟာ အႏၲရာယ္ ရွိတတ္ပါတယ္ ။ ပါးျပင္း ေထာင္သင့္ရင္ ေထာင္ရမယ္ ။

Crd

Post a Comment

0 Comments