ဝိတ်ချနေတဲ့အချိန်မှာ ရှောင်သင့်တဲ့အသီး (၅) မျိုး

ဝိတ်ချတော့မယ်ဆိုရင် ထမင်းအစား သစ်သီးတွေကို စားကြပါတယ်။ သစ်သီးတွေမှာ ကယ်လိုရီနည်းပြီး ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ ထင်လို့ပါ။ ဒါပေမယ့် သစ်သီးတိုင်းက ကယ်လိုရီနည်းတာ မဟုတ်ပါဘူး။

တချို့သစ်သီးတွေဆိုရင် သကြားဓါတ် ပါဝင်မှုများပြီး ချောကလက်နီးပါး ကယ်လိုရီ များပါတယ်။ အဲဒါကြောင့် သင်က ဝိတ်ချနေသူ တစ်ယောက်ဆိုရင် ရှောင်ကြဉ်သင့်တဲ့ သစ်သီးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၅။ စတော်ဘယ်ရီနဲ့ တရုတ်ဆီးသီး

စတော်ဘယ်ရီမှာ အမျှင်ဓါတ်၊ ဗီတာမင်စီ၊ ရေဓါတ်နဲ့ အချိုဓါတ် နည်းနည်းလေးပဲ ပါပါတယ်။ စတော်ဘယ်ရီက cellulite တွေကိုလည်း နည်းစေပါတယ်။ တရုတ်ဆီးသီးကတော့ အစာမကြေစေပါဘူး။ ကယ်လိုရီလည်းများပြီး အများကြီးစားရင် မူးပါတယ်။ အဲဒါကြောင့် သင်က ဝိတ်ချနေရင် တရုတ်ဆီးသီးကို ရှောင်ရင် ပိုကောင်းပါတယ်။

၄။ သစ်တော်သီးနဲ့ ဖရဲသီး

ဖရဲသီးမှာ အမျှင်ဓါတ်နဲ့ ရေဓါတ်ပါဝင်တာကြောင့် စားလိုက်ရင် မြန်မြန် ဗိုက်ပြည့်တယ်လို့ ခံစားရစေပါတယ်။ ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့အပြင် ဝက်ခြံတွေကိုလည်း တိုက်ဖျက်ပေးပါတယ်။ ရာသီဥတုပူရင် ရေဓါတ်ညီမျှအောင်လည်း ထိန်းသိမ်းပေးပါတယ်။ သစ်တော်သီးက ဝမ်းချုပ်စေလို့ အစာအိမ်ရဲ့ အလုပ်တွေကို အနှောင့်အယှက် ပေးပါတယ်။ အဲဒါကြောင့် ဝိတ်ချနေရင် ဖရဲသီးကိုသာ ရွေးပါ။

၃။ ထောပတ်သီးနဲ့ ငါးဥဆူးသီး

ငါးဥဆူးသီးမှာ ဗီတာမင်စီနဲ့ အင်တီအောက်ဆီးဒင့်တွေပါလို့ ဝိတ်ချနေသူတွေအတွက် အရမ်းသင့်တော် ပါတယ်။ပြီးတော့ သူက ကော်လဂျင် ထုတ်လုပ်မှုကို ကူညီပေးတဲ့အပြင် အဆီပိုတွေကိုပါ လောင်ကျွမ်းစေပါတယ်။ သင်က ဝိတ်ချနေသူဆိုရင်တော့ ထောပတ်သီးကို ခဏရှောင်လိုက်ပါ။ ထောပတ်သီးမှာ ၂၂၇ kcal တောင် ပါဝင်တာကြောင့် အဆီတက်စေမှာပါ။

၂။ စပျစ်သီးနဲ့ ပန်းသီး

ပန်းသီးမှာ အဆီမပါဝင်ဘဲ ကယ်လိုရီက ၆၀ နဲ့ ၁၀၀ ကြားပဲ ရှိပါတယ်။ အမျှင်ဓါတ်လည်း ပါတာကြောင့် ညစာအစား ပန်းသီးကို စားသင့်ပါတယ်။ စပျစ်သီးကတော့ ကိုယ်အလေးချိန်ကိုမက တစ်ကိုယ်လုံး ကျန်းမာရေးအတွက်ပါ မကောင်းပါဘူး။ စပျစ်သီးမှာ သကြားဓါတ်တွေ များပြီး စပျစ်သီးခွံကိုလည်း အစာချေဖို့ ခက်ပါတယ်။ သူ့မှာပါတဲ့ အက်စစ်က သွားအပေါ်ယံကြွေသားကိုလည်း ထိခိုက်စေပါသေးတယ်။

၁။ငှက်ပျောသီးနဲ့ ဂရိပ်ဖရု

ဂရိပ်ဖရုက အဆီပိုတွေကို တိုက်ဖျက်တဲ့နေရာမှာ နံပါတ်တစ်ပါ။ ကယ်လိုရီတွေကိုလည်း လောင်ကျွမ်းလွယ်စေပါတယ်။ ငှက်ပျောသီးကတော့ အားအင်ပြည့်စေတဲ့ အစားအစာဖြစ်ပြီး အစာချေတာလည်း နှေးပါတယ်။ အဆီတက်လွယ်တဲ့ အစားအစာ ဖြစ်တာကြောင့် ဝိတ်ချနေရင် မရွေးချယ်သင့်တဲ့အစားအစာ ဖြစ်ပါတယ်။

Zombie (lovemedia)

for zawgyi

ဝိတ္ခ်ေနတဲ့အခ်ိန္မွာ ေရွာင္သင့္တဲ့အသီး (၅) မ်ိဳး

ဝိတ္ခ်ေတာ့မယ္ဆိုရင္ ထမင္းအစား သစ္သီးေတြကို စားၾကပါတယ္။ သစ္သီးေတြမွာ ကယ္လိုရီနည္းၿပီး က်န္းမာေရးနဲ႔ ညီၫြတ္တယ္လို႔ ထင္လို႔ပါ။ ဒါေပမယ့္ သစ္သီးတိုင္းက ကယ္လိုရီနည္းတာ မဟုတ္ပါဘူး။ တခ်ိဳ႕သစ္သီးေတြဆိုရင္ သၾကားဓါတ္ ပါဝင္မႈမ်ားၿပီး ေခ်ာကလက္နီးပါး ကယ္လိုရီ မ်ားပါတယ္။ အဲဒါေၾကာင့္ သင္က ဝိတ္ခ်ေနသူ တစ္ေယာက္ဆိုရင္ ေရွာင္ၾကဥ္သင့္တဲ့ သစ္သီးေတြကို love media ကေန ေဖာ္ျပေပးပါမယ္ေနာ္။

၅။ စေတာ္ဘယ္ရီနဲ႔ တ႐ုတ္ဆီးသီး

စေတာ္ဘယ္ရီမွာ အမွ်င္ဓါတ္၊ ဗီတာမင္စီ၊ ေရဓါတ္နဲ႔ အခ်ိဳဓါတ္ နည္းနည္းေလးပဲ ပါပါတယ္။ စေတာ္ဘယ္ရီက cellulite ေတြကိုလည္း နည္းေစပါတယ္။ တ႐ုတ္ဆီးသီးကေတာ့ အစာမေၾကေစပါဘူး။ ကယ္လိုရီလည္းမ်ားၿပီး အမ်ားႀကီးစားရင္ မူးပါတယ္။ အဲဒါေၾကာင့္ သင္က ဝိတ္ခ်ေနရင္ တ႐ုတ္ဆီးသီးကို ေရွာင္ရင္ ပိုေကာင္းပါတယ္။

၄။ သစ္ေတာ္သီးနဲ႔ ဖရဲသီး

ဖရဲသီးမွာ အမွ်င္ဓါတ္နဲ႔ ေရဓါတ္ပါဝင္တာေၾကာင့္ စားလိုက္ရင္ ျမန္ျမန္ ဗိုက္ျပည့္တယ္လို႔ ခံစားရေစပါတယ္။ ခႏၶာကိုယ္က အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးတဲ့အျပင္ ဝက္ၿခံေတြကိုလည္း တိုက္ဖ်က္ေပးပါတယ္။ ရာသီဥတုပူရင္ ေရဓါတ္ညီမွ်ေအာင္လည္း ထိန္းသိမ္းေပးပါတယ္။ သစ္ေတာ္သီးက ဝမ္းခ်ဳပ္ေစလို႔ အစာအိမ္ရဲ႕ အလုပ္ေတြကို အေႏွာင့္အယွက္ ေပးပါတယ္။ အဲဒါေၾကာင့္ ဝိတ္ခ်ေနရင္ ဖရဲသီးကိုသာ ေ႐ြးပါ။

၃။ ေထာပတ္သီးနဲ႔ ငါးဥဆူးသီး

ငါးဥဆူးသီးမွာ ဗီတာမင္စီနဲ႔ အင္တီေအာက္ဆီးဒင့္ေတြပါလို႔ ဝိတ္ခ်ေနသူေတြအတြက္ အရမ္းသင့္ေတာ္ ပါတယ္။ၿပီးေတာ့ သူက ေကာ္လဂ်င္ ထုတ္လုပ္မႈကို ကူညီေပးတဲ့အျပင္ အဆီပိုေတြကိုပါ ေလာင္ကြၽမ္းေစပါတယ္။ သင္က ဝိတ္ခ်ေနသူဆိုရင္ေတာ့ ေထာပတ္သီးကို ခဏေရွာင္လိုက္ပါ။ ေထာပတ္သီးမွာ ၂၂၇ kcal ေတာင္ ပါဝင္တာေၾကာင့္ အဆီတက္ေစမွာပါ။

၂။ စပ်စ္သီးနဲ႔ ပန္းသီး

ပန္းသီးမွာ အဆီမပါဝင္ဘဲ ကယ္လိုရီက ၆၀ နဲ႔ ၁၀၀ ၾကားပဲ ရွိပါတယ္။ အမွ်င္ဓါတ္လည္း ပါတာေၾကာင့္ ညစာအစား ပန္းသီးကို စားသင့္ပါတယ္။ စပ်စ္သီးကေတာ့ ကိုယ္အေလးခ်ိန္ကိုမက တစ္ကိုယ္လုံး က်န္းမာေရးအတြက္ပါ မေကာင္းပါဘူး။ စပ်စ္သီးမွာ သၾကားဓါတ္ေတြ မ်ားၿပီး စပ်စ္သီးခြံကိုလည္း အစာေခ်ဖို႔ ခက္ပါတယ္။ သူ႔မွာပါတဲ့ အက္စစ္က သြားအေပၚယံေႂကြသားကိုလည္း ထိခိုက္ေစပါေသးတယ္။

၁။ငွက္ေပ်ာသီးနဲ႔ ဂရိပ္ဖ႐ု

ဂရိပ္ဖ႐ုက အဆီပိုေတြကို တိုက္ဖ်က္တဲ့ေနရာမွာ နံပါတ္တစ္ပါ။ ကယ္လိုရီေတြကိုလည္း ေလာင္ကြၽမ္းလြယ္ေစပါတယ္။ ငွက္ေပ်ာသီးကေတာ့ အားအင္ျပည့္ေစတဲ့ အစားအစာျဖစ္ၿပီး အစာေခ်တာလည္း ေႏွးပါတယ္။ အဆီတက္လြယ္တဲ့ အစားအစာ ျဖစ္တာေၾကာင့္ ဝိတ္ခ်ေနရင္ မေ႐ြးခ်ယ္သင့္တဲ့အစားအစာ ျဖစ္ပါတယ္။

Zombie (lovemedia)

Post a Comment

0 Comments