ရန်သူဖြစ်ချင်လား မိတ်ဆွေဖြစ်ချင်လား

တခါတုန်းကပေါ့။ ရွာလေးတရွာမှာ လူနှစ်ယောက်ဟာ အိမ်နီးနားချင်းတွေ အဖြစ် နေထိုင်ကြတယ်။ တဦးက လယ်သမားဖြစ်ပြီး နောက်တဦးကတော့ မုဆိုးတယောက် ဖြစ်ပါတယ်။ လယ်သမားဟာ သူနေတဲ့ အိမ်ကလေးမှာ ဘဲတွေ မွေးထားတယ်။ မုဆိုးကတော့ သူ့ခြံဝန်းထဲမှာ အမဲလိုက်ခွေးတွေ မွေးမြူ ထားခဲ့တယ်။

မကြာခဏ ဆိုသလို အမဲလိုက်ခွေးတွေဟာ လယ်သမားရဲ့ ခြံထဲကို ဝင်ရောက်ပြီး လယ်သမား မွေးထားတဲ့ ဘဲတွေကို သတ်ဖြတ်စားသောက်လေ့ ရှိကြတယ်။ လယ်သမားက မုဆိုးဆီ သွားပြီး အမဲလိုက်ခွေးတွေကို ထိမ်းသိမ်းထားဖို့နဲ့ လွှတ်မထားဖို့ အကြိမ်ကြိမ် တောင်းဆိုခဲ့တယ်။

ဒါပေမယ့် မုဆိုးဟာ နေမြဲအတိုင်း နေပြီး ခွေးတွေကို ဒီအတိုင်း လွှတ်ထားခဲ့တယ်။ နောက်ဆုံးတော့ လယ်သမားဟာ လုံးဝကို သည်းမခံနိုင်တော့ပဲ ရွာမှာရှိတဲ့ အကြီးအကဲဆီ သွားပြီး မုဆိုးရဲ့ ခွေးတွေကို အရေးယူပေးဖို့ တောင်းဆိုခဲ့တယ်။

လယ်သမားရဲ့ ပြောကြားချက်ကို ကြားပြီးတော့ အသိပညာနဲ့ ပြည့်စုံတဲ့ အကြီးအကဲက အောက်ပါအတိုင်း ပြောတယ်။

"အဲဒီ မုဆိုးကို ကျုပ်က အရေးယူပေးလို့ ရပါတယ်။ ခွေးတွေကိုလည်း ချုပ်နှောင်ထားဖို့ အမိန့်ပေးလို့ ရပါတယ်။ အဲဒီလို လုပ်လိုက်မယ်ဆိုရင် ခင်များမှာ မိတ်ဆွေကောင်း အိမ်နီးနားချင်းတယောက် ဆုံးရှုံးသွားနိုင် ပါတယ်။ ခင်ဗျားနဲ့ အတူ နေရတဲ့ အိမ်နီးနားချင်းကို ရန်သူဖြစ်စေချင်သလား၊ မိတ်ဆွေ ဖြစ်စေချင် ပါသလား"

လယ်သမားက တချက် စဉ်းစားလိုက်ပြီး "မိတ်ဆွေပဲ ဖြစ်စေချင်ပါတယ်" လို့ ဖြေလိုက်တယ်။ အဲဒီအခါ အကြီးအကဲက ဆက်ပြောတယ်။ "ကောင်းပါပြီ၊ ဒါဆို ကျုပ် အကြံတခု ပေးပါ့မယ်။ ဘဲတွေ မဆုံးရှုံး စေရသလို မိတ်ဆွေတယောက် တိုးလာပါလိမ့်မယ်"

လယ်သမားက အိမ်ကို ပြန်သွားပြီး အကြီးအကဲ ပြောတဲ့အတိုင်း အိမ်မှာ မွေးထားတဲ့ ဘဲတွေထဲက အလှဆုံးဘဲ လေးကောင်ကို ရွေးပြီး မုဆိုးရဲ့ သားလေးယောက်ကို လက်ဆောင်အဖြစ် ပေးလိုက်တယ်။ လက်ဆောင် ဘဲလေးတွေနဲ့ နေ့တိုင်း ပျော်ရွှင်စွာ ကစားနေတဲ့ သားလေးယောက်ကို တွေ့တဲ့အခါ မုဆိုးဟာ နေ့တိုင်း ဝမ်းသာ ကြည်နူးနေ ရတယ်။

ပြီးတော့ သားလေးတွေ လက်ဆောင်ရထားတဲ့ ဘဲတွေကို ကိုက်စားမှာ စိုးလို့ အမဲလိုက် ခွေးတွေကို သေချာ လှောင်ထားလိုက် ပါတော့တယ်။ လယ်သမားကိုလည်း ကျေးဇူးတွေ တင်ပြီး အမဲလိုက်လို့ ပြန်လာတဲ့အခါ အသားတွေကို ဝေငှ ပေးတတ်လာပါတယ်။

လယ်သမားကလည်း ခြံထွက်သီးနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေ ဘဲဥတွေကို လက်ဆောင်အဖြစ် မုဆိုးကို ပေးခဲ့တယ်။ ဒီလိုနဲ့ သူတို့နှစ်ဦးဟာ အိမ်နီးချင်းကောင်းတွေ ဖြစ်လာကြ ပါတယ် ။

တခါတလေ လောကကြီးမှာ ကိုယ်လိုချင်တာ တခုတည်း ကြည့်နေလို့ မဖြစ်နိုင်ပါဘူး။ သူတပါးကို ဘယ်လို ဖြည့်ဆည်းပေး လိုက်ရင် မိတ်ဆွေ ဖြစ်သွားမလဲ ဆိုတဲ့ အချက်ကလည်း အရေးကြီး လှပါတယ်။ ကိုယ်ချင်းစာစိတ် လေးက အရေးအကြီးဆုံး ပါပဲ။

မိတ်ဆွေစစ် မိတ်ဆွေမှန်ကို လိုချင်ရင် ကိုယ့် လိုအင်ဆန္ဒ တခုထဲ၊ ကိုယ်ဖြစ်ချင်တာ တခုထဲကိုပဲ ဦးစားမပေး ပါနဲ့။ တကိုယ်ကောင်း မဆန်ပါနဲ့။ သူ့ဖက်ကိုလည်း စာနာပြီး ဦးစားပေးတတ် မှသာ ရန်သူဘဝ ကနေ မိတ်ဆွေ ဖြစ်သွားနိုင်တာပါ။

စာဖတ်သူကော ရန်သူ လိုချင်တာလား၊ မိတ်ဆွေ လိုချင်တာလား။

Crd

phoomyatchal

Zawgyi

ရန္သူျဖစ္ခ်င္လား မိတ္ေဆြျဖစ္ခ်င္လား

တခါတုန္းကေပါ့။ ႐ြာေလးတ႐ြာမွာ လူႏွစ္ေယာက္ဟာ အိမ္နီးနားခ်င္းေတြ အျဖစ္ ေနထိုင္ၾကတယ္။ တဦးက လယ္သမားျဖစ္ၿပီး ေနာက္တဦးကေတာ့ မုဆိုးတေယာက္ ျဖစ္ပါတယ္။ လယ္သမားဟာ သူေနတဲ့ အိမ္ကေလးမွာ ဘဲေတြ ေမြးထားတယ္။ မုဆိုးကေတာ့ သူ႔ၿခံဝန္းထဲမွာ အမဲလိုက္ေခြးေတြ ေမြးျမဴ ထားခဲ့တယ္။

မၾကာခဏ ဆိုသလို အမဲလိုက္ေခြးေတြဟာ လယ္သမားရဲ႕ ၿခံထဲကို ဝင္ေရာက္ၿပီး လယ္သမား ေမြးထားတဲ့ ဘဲေတြကို သတ္ျဖတ္စားေသာက္ေလ့ ရွိၾကတယ္။ လယ္သမားက မုဆိုးဆီ သြားၿပီး အမဲလိုက္ေခြးေတြကို ထိမ္းသိမ္းထားဖို႔နဲ႔ လႊတ္မထားဖို႔ အႀကိမ္ႀကိမ္ ေတာင္းဆိုခဲ့တယ္။

ဒါေပမယ့္ မုဆိုးဟာ ေနၿမဲအတိုင္း ေနၿပီး ေခြးေတြကို ဒီအတိုင္း လႊတ္ထားခဲ့တယ္။ ေနာက္ဆုံးေတာ့ လယ္သမားဟာ လုံးဝကို သည္းမခံႏိုင္ေတာ့ပဲ ႐ြာမွာရွိတဲ့ အႀကီးအကဲဆီ သြားၿပီး မုဆိုးရဲ႕ ေခြးေတြကို အေရးယူေပးဖို႔ ေတာင္းဆိုခဲ့တယ္။ လယ္သမားရဲ႕ ေျပာၾကားခ်က္ကို ၾကားၿပီးေတာ့ အသိပညာနဲ႔ ျပည့္စုံတဲ့ အႀကီးအကဲက ေအာက္ပါအတိုင္း ေျပာတယ္။

"အဲဒီ မုဆိုးကို က်ဳပ္က အေရးယူေပးလို႔ ရပါတယ္။ ေခြးေတြကိုလည္း ခ်ဳပ္ေႏွာင္ထားဖို႔ အမိန႔္ေပးလို႔ ရပါတယ္။ အဲဒီလို လုပ္လိုက္မယ္ဆိုရင္ ခင္မ်ားမွာ မိတ္ေဆြေကာင္း အိမ္နီးနားခ်င္းတေယာက္ ဆုံးရႈံးသြားႏိုင္ ပါတယ္။ ခင္ဗ်ားနဲ႔ အတူ ေနရတဲ့ အိမ္နီးနားခ်င္းကို ရန္သူျဖစ္ေစခ်င္သလား၊ မိတ္ေဆြ ျဖစ္ေစခ်င္ ပါသလား"

လယ္သမားက တခ်က္ စဥ္းစားလိုက္ၿပီး "မိတ္ေဆြပဲ ျဖစ္ေစခ်င္ပါတယ္" လို႔ ေျဖလိုက္တယ္။ အဲဒီအခါ အႀကီးအကဲက ဆက္ေျပာတယ္။ "ေကာင္းပါၿပီ၊ ဒါဆို က်ဳပ္ အႀကံတခု ေပးပါ့မယ္။ ဘဲေတြ မဆုံးရႈံး ေစရသလို မိတ္ေဆြတေယာက္ တိုးလာပါလိမ့္မယ္"

လယ္သမားက အိမ္ကို ျပန္သြားၿပီး အႀကီးအကဲ ေျပာတဲ့အတိုင္း အိမ္မွာ ေမြးထားတဲ့ ဘဲေတြထဲက အလွဆုံးဘဲ ေလးေကာင္ကို ေ႐ြးၿပီး မုဆိုးရဲ႕ သားေလးေယာက္ကို လက္ေဆာင္အျဖစ္ ေပးလိုက္တယ္။ လက္ေဆာင္ ဘဲေလးေတြနဲ႔ ေန႔တိုင္း ေပ်ာ္႐ႊင္စြာ ကစားေနတဲ့ သားေလးေယာက္ကို ေတြ႕တဲ့အခါ မုဆိုးဟာ ေန႔တိုင္း ဝမ္းသာ ၾကည္ႏူးေန ရတယ္။

ၿပီးေတာ့ သားေလးေတြ လက္ေဆာင္ရထားတဲ့ ဘဲေတြကို ကိုက္စားမွာ စိုးလို႔ အမဲလိုက္ ေခြးေတြကို ေသခ်ာ ေလွာင္ထားလိုက္ ပါေတာ့တယ္။ လယ္သမားကိုလည္း ေက်းဇူးေတြ တင္ၿပီး အမဲလိုက္လို႔ ျပန္လာတဲ့အခါ အသားေတြကို ေဝငွ ေပးတတ္လာပါတယ္။

လယ္သမားကလည္း ၿခံထြက္သီးႏွံေတြနဲ႔ ဟင္းသီးဟင္း႐ြက္ေတြ ဘဲဥေတြကို လက္ေဆာင္အျဖစ္ မုဆိုးကို ေပးခဲ့တယ္။ ဒီလိုနဲ႔ သူတို႔ႏွစ္ဦးဟာ အိမ္နီးခ်င္းေကာင္းေတြ ျဖစ္လာၾက ပါတယ္ ။

တခါတေလ ေလာကႀကီးမွာ ကိုယ္လိုခ်င္တာ တခုတည္း ၾကည့္ေနလို႔ မျဖစ္ႏိုင္ပါဘူး။ သူတပါးကို ဘယ္လို ျဖည့္ဆည္းေပး လိုက္ရင္ မိတ္ေဆြ ျဖစ္သြားမလဲ ဆိုတဲ့ အခ်က္ကလည္း အေရးႀကီး လွပါတယ္။ ကိုယ္ခ်င္းစာစိတ္ ေလးက အေရးအႀကီးဆုံး ပါပဲ။

မိတ္ေဆြစစ္ မိတ္ေဆြမွန္ကို လိုခ်င္ရင္ ကိုယ့္ လိုအင္ဆႏၵ တခုထဲ၊ ကိုယ္ျဖစ္ခ်င္တာ တခုထဲကိုပဲ ဦးစားမေပး ပါနဲ႔။ တကိုယ္ေကာင္း မဆန္ပါနဲ႔။ သူ႔ဖက္ကိုလည္း စာနာၿပီး ဦးစားေပးတတ္ မွသာ ရန္သူဘဝ ကေန မိတ္ေဆြ ျဖစ္သြားႏိုင္တာပါ။

စာဖတ္သူေကာ ရန္သူ လိုခ်င္တာလား၊ မိတ္ေဆြ လိုခ်င္တာလား။

Crd

phoomyatchal

Post a Comment

0 Comments