တုံးအတဲ့ မြေခွေး

မြေခွေးတကောင်ဟာ ကြက်ခြံတခြံကို တွေ့တော့ ခြံထဲကိုဝင်ပြီး ကြက်ခိုးစားဖို့ ကြံစည်တယ်။ ဒါပေမဲ့ သူ့ခန္ဓာကိုယ်က ဝလွန်းတာကြောင့် ခြံထဲကို တိုးဝင်လို့ မရဘူး။

ဘယ်လိုတိုးတိုး မရတာနဲ့ အစာငတ်ခံတဲ့ နည်းကို သုံးပြီး ၃ ရက် အငတ်ခံပြီး ကိုယ်လုံး သေးသွားတော့မှ ခြံထဲကို တိုးဝင်လို့ ရသွားတယ်။ ဒါပေမဲ့ ကြက်တွေကို ခိုးစားလို့ ဝ ပြီး ပြန်ထွက်မယ် လုပ်တော့ ပြန် ဝ နေတာနဲ့ ထွက်လို့ မရတော့ပြန်ဘူး။

အဲဒါနဲ့ နောက် ၃ ရက် အစာအငတ်ခံ တော့မှပဲ ကြက်ခြံထဲက ပြန်ထွက်လာလို့ ရလာတော့တယ်။ နောက်ဆုံးတော့ မြေခွေးလည်း စဉ်းစားမိတယ်။

ကိုယ့်ရဲ့ တုံး အ မှုကြောင့် ကိုယ့်အခြေအနေကို ကိုယ်ပြောင်းလဲ နေမိတယ်။ နောက်ဆုံးတော့ ဘာအကျိုးမှလဲ မရှိဘူး ဆိုတာ ပါပဲ။

ကျွန်တော်တို့ ဘဝတွေ ဟာလည်း မြေခွေးနဲ့ အတူတူပါပဲ။ ဘာမှ သိပ်မကွာခြား လှပါဘူး။ ကျွန်တော်တို့ မွေးဖွားလာတုန်းက ကိုယ်အလွတ်နဲ့ လက်ဗလာ မွေးဖွားလာ ကြပြီး ပြန်သွားတဲ့ အချိန်ကျတော့လည်း လက်ဗလာ နဲ့ပဲ ပြန်သွားကြရ တာပါ။

ဘယ်အရာမှ သယ်သွားလို့ မရနိုင်ပါဘူး။ ဘယ်သူကမှလည်း ရှာဖွေးထားတဲ့ စည်းစိမ်ဥစ္စာနဲ့ ဂုဏ်ဓန တွေ ကို မသယ်သွားနိုင် ကြဖူးပါဘူး။

ကျွန်တော်တို့ နုပျိုငယ်ရွယ်တုန်း အချိန်မှာ ကြိုးစား ရုန်းကန်ပြီး ငွေကို အသဲအသန် ရှာဖွေခဲ့ကြပေမဲ့ အဲ့ဒီပိုက်ဆံတွေနဲ့ ကျွန်တော်တို့ရဲ့ ပျိုရွယ်တဲ့ ဘဝတွေကို ပြန်ဝယ်လို့ ဘယ်လိုမှ မရနိုင်ပါဘူး။

ပျော်ရွင်မှုတွေကို ငွေနဲ့ သွားလဲခဲ့ ကြပေမယ့် အဲ့ငွေတွေနဲ့ ပျော်ရွင်မှုနဲ့ အချိန်တွေကို ပြန်သွားဝယ်လာလို့ မရနိုင်ပါဘူး။ တကမ္ဘာလုံးမှာ ရှိတဲ့ ဥစ္စာပစ္စည်းတွေနဲ့လည်း ကိုယ့်ရဲ့ဘဝကို ပြန်ဝယ်လို့ မရနိုင်ပါဘူး။

ဒါကြောင့် အလုပ် လုပ်တဲ့အခါ လုပ်ပါ။ အနားယူတဲ့ အခါ အနားယူပါ။ အလုပ် လုပ်နေရင်းနဲ့လည်း ဘဝရဲ့ ပျော်ရွင်မှုလေးတွေ နဲ့ တန်ဖိုးတွေကို ရိတ်သိမ်းသွားဖို့ သိတတ်ပါစေ။

crd

phoomyatchal

Zawgyi

တုံးအတဲ့ ေျမေခြး

ေျမေခြးတေကာင္ဟာ ၾကက္ၿခံတၿခံကို ေတြ႕ေတာ့ ၿခံထဲကိုဝင္ၿပီး ၾကက္ခိုးစားဖို႔ ႀကံစည္တယ္။ ဒါေပမဲ့ သူ႔ခႏၶာကိုယ္က ဝလြန္းတာေၾကာင့္ ၿခံထဲကို တိုးဝင္လို႔ မရဘူး။

ဘယ္လိုတိုးတိုး မရတာနဲ႔ အစာငတ္ခံတဲ့ နည္းကို သုံးၿပီး ၃ ရက္ အငတ္ခံၿပီး ကိုယ္လုံး ေသးသြားေတာ့မွ ၿခံထဲကို တိုးဝင္လို႔ ရသြားတယ္။ ဒါေပမဲ့ ၾကက္ေတြကို ခိုးစားလို႔ ဝ ၿပီး ျပန္ထြက္မယ္ လုပ္ေတာ့ ျပန္ ဝ ေနတာနဲ႔ ထြက္လို႔ မရေတာ့ျပန္ဘူး။

အဲဒါနဲ႔ ေနာက္ ၃ ရက္ အစာအငတ္ခံ ေတာ့မွပဲ ၾကက္ၿခံထဲက ျပန္ထြက္လာလို႔ ရလာေတာ့တယ္။ ေနာက္ဆုံးေတာ့ ေျမေခြးလည္း စဥ္းစားမိတယ္။ ကိုယ့္ရဲ႕ တုံး အ မႈေၾကာင့္ ကိုယ့္အေျခအေနကို ကိုယ္ေျပာင္းလဲ ေနမိတယ္။ ေနာက္ဆုံးေတာ့ ဘာအက်ိဳးမွလဲ မရွိဘူး ဆိုတာ ပါပဲ။

ကြၽန္ေတာ္တို႔ ဘဝေတြ ဟာလည္း ေျမေခြးနဲ႔ အတူတူပါပဲ။ ဘာမွ သိပ္မကြာျခား လွပါဘူး။ ကြၽန္ေတာ္တို႔ ေမြးဖြားလာတုန္းက ကိုယ္အလြတ္နဲ႔ လက္ဗလာ ေမြးဖြားလာ ၾကၿပီး ျပန္သြားတဲ့ အခ်ိန္က်ေတာ့လည္း လက္ဗလာ နဲ႔ပဲ ျပန္သြားၾကရ တာပါ။

ဘယ္အရာမွ သယ္သြားလို႔ မရႏိုင္ပါဘူး။ ဘယ္သူကမွလည္း ရွာေဖြးထားတဲ့ စည္းစိမ္ဥစၥာနဲ႔ ဂုဏ္ဓန ေတြ ကို မသယ္သြားႏိုင္ ၾကဖူးပါဘူး။

ကြၽန္ေတာ္တို႔ ႏုပ်ိဳငယ္႐ြယ္တုန္း အခ်ိန္မွာ ႀကိဳးစား ႐ုန္းကန္ၿပီး ေငြကို အသဲအသန္ ရွာေဖြခဲ့ၾကေပမဲ့ အဲ့ဒီပိုက္ဆံေတြနဲ႔ ကြၽန္ေတာ္တို႔ရဲ႕ ပ်ိဳ႐ြယ္တဲ့ ဘဝေတြကို ျပန္ဝယ္လို႔ ဘယ္လိုမွ မရႏိုင္ပါဘူး။

ေပ်ာ္႐ြင္မႈေတြကို ေငြနဲ႔ သြားလဲခဲ့ ၾကေပမယ့္ အဲ့ေငြေတြနဲ႔ ေပ်ာ္႐ြင္မႈနဲ႔ အခ်ိန္ေတြကို ျပန္သြားဝယ္လာလို႔ မရႏိုင္ပါဘူး။ တကမာၻလုံးမွာ ရွိတဲ့ ဥစၥာပစၥည္းေတြနဲ႔လည္း ကိုယ့္ရဲ႕ဘဝကို ျပန္ဝယ္လို႔ မရႏိုင္ပါဘူး။

ဒါေၾကာင့္ အလုပ္ လုပ္တဲ့အခါ လုပ္ပါ။ အနားယူတဲ့ အခါ အနားယူပါ။ အလုပ္ လုပ္ေနရင္းနဲ႔လည္း ဘဝရဲ႕ ေပ်ာ္႐ြင္မႈေလးေတြ နဲ႔ တန္ဖိုးေတြကို ရိတ္သိမ္းသြားဖို႔ သိတတ္ပါေစ။

crd

phoomyatchal

Post a Comment

0 Comments