မြေခွေးနှင့် ကျီးကန်း

တခါတုန်းက ကျီးကန်းတကောင်ဟာ အိမ်တအိမ် ကနေ အသားတုံး တတုံးကို ခိုးယူပြီး သစ်ပင် တပင်ပေါ်မှာ နားနေတယ်။

အဲဒီအချိန် အသားနံ့ ရတဲ့ မြေခွေး တကောင်ဟာ ကျီးကန်း အနားကို ရောက်လာတယ်။

မြေခွေးဟာ ကျီးကန်းဆီက အသားတုံးကို ဘယ်လို ကြံရင် စားရမလဲ ဆိုတာ တွေးတော နေတယ်။

ထို့နောက် မြေခွေးဟာ "မင်္ဂလာ နံနက်ခင်းလေးပါ မရွှေကျီး၊ နေကောင်း ကျန်းမာတော် မူရဲ့လား။ အမွှေး အတောင်တွေ လှပသလို မရွှေကျီးရဲ့ အသံကလည်း သာယာ မှာပဲနော်"

ဆိုပြီး ကျီးကန်းကို ချိုသာတဲ့ အသံလေးနဲ့ နှုတ်ခွန်းဆက် လိုက်တယ်။

ထိုအခါ ကျီးကန်းဟာ မြေခွေးရဲ့ နှုတ်ခွန်းဆက်သံကို ကြားတာနဲ့ တပြိုင်နက် ချက်ချင်း ဆိုသလိုပဲ သူ့အသံကို ကြွားလိုက်မိတယ်။

ကျီးကန်းဟာ သူ့ပါးစပ် ဟ လိုက်တယ် ဆိုရင်ပဲ အသားတုံးဟာ အောက်ကို ပြုတ်ကျပြီး မြေခွေးစာ ဖြစ်ရ ရှာပါတော့တယ်။

အတုအယောင်တို့ရဲ့ စကားတိုင်းမှာ ကိုယ်က မသာယာဖို့ လိုအပ်ပါတယ်။ အကယ်၍ သာယာခဲ့ မိရင် ကိုယ်ဆီက တခုခု ပေးရတတ်ပါတယ်။

crd

Zawgyi

ေျမေခြးႏွင့္ က်ီးကန္း

တခါတုန္းက က်ီးကန္းတေကာင္ဟာ အိမ္တအိမ္ ကေန အသားတုံး တတုံးကို ခိုးယူၿပီး သစ္ပင္ တပင္ေပၚမွာ နားေနတယ္။

အဲဒီအခ်ိန္ အသားနံ႔ ရတဲ့ ေျမေခြး တေကာင္ဟာ က်ီးကန္း အနားကို ေရာက္လာတယ္။ ေျမေခြးဟာ က်ီးကန္းဆီက အသားတုံးကို ဘယ္လို ႀကံရင္ စားရမလဲ ဆိုတာ ေတြးေတာ ေနတယ္။

ထို႔ေနာက္ ေျမေခြးဟာ "မဂၤလာ နံနက္ခင္းေလးပါ မေ႐ႊက်ီး၊ ေနေကာင္း က်န္းမာေတာ္ မူရဲ႕လား။ အေမႊး အေတာင္ေတြ လွပသလို မေ႐ႊက်ီးရဲ႕ အသံကလည္း သာယာ မွာပဲေနာ္" ဆိုၿပီး က်ီးကန္းကို ခ်ိဳသာတဲ့ အသံေလးနဲ႔ ႏႈတ္ခြန္းဆက္ လိုက္တယ္။

ထိုအခါ က်ီးကန္းဟာ ေျမေခြးရဲ႕ ႏႈတ္ခြန္းဆက္သံကို ၾကားတာနဲ႔ တၿပိဳင္နက္ ခ်က္ခ်င္း ဆိုသလိုပဲ သူ႔အသံကို ႂကြားလိုက္မိတယ္။

က်ီးကန္းဟာ သူ႔ပါးစပ္ ဟ လိုက္တယ္ ဆိုရင္ပဲ အသားတုံးဟာ ေအာက္ကို ျပဳတ္က်ၿပီး ေျမေခြးစာ ျဖစ္ရ ရွာပါေတာ့တယ္။

အတုအေယာင္တို႔ရဲ႕ စကားတိုင္းမွာ ကိုယ္က မသာယာဖို႔ လိုအပ္ပါတယ္။ အကယ္၍ သာယာခဲ့ မိရင္ ကိုယ္ဆီက တခုခု ေပးရတတ္ပါတယ္။

crd

Post a Comment

1 Comments

  1. သတ်ပုံမှန်နဲ့ ရေးသားတင်ပြထားသူ ကျေးဇူး။

    ReplyDelete