လင်းယုန်မနှင့် မြေခွေးမ

တခါတုန်းက လင်းယုန်မနဲ့ မြေခွေးမ တို့ဟာ မိတ်ဆွေ ဖြစ်ကြပြီးနောက် နီးကပ်စွာ နေထိုင်ကြရင် ပိုမို ချစ်ခင် ရင်းနှီး ကြလိမ့်မယ် ဆိုတဲ့ စိတ်ကူးနဲ့ သစ်ပင်တပင်မှာ နေကြတယ်။

သစ်ပင် အပေါ်မှာ လင်းယုန်မက အသိုက် လုပ်တယ်။ မြေခွေးမက အပင်အောက် ချုံထဲမှာ ကလေးတွေ နေဖို့ နေရာ လုပ်ထားတယ်။

တနေ့တော့ မြေခွေးမ အစာရှာ ထွက်တုန်း ဗိုက်ဆာနေတဲ့ လင်းယုန်မဟာ ချုံထဲ ထိုးဆင်းခဲ့ပြိး မြေခွေးပေါက် ကလေးတွေကို ချီသွားပါတော့တယ်။ ဒါကြောင့် လင်းယုန်မနှင့် သူ့ကလေးတွေ အဖို့ အစာ ရလိုက်တယ်။

မြေခွေးမ ပြန်ရောက်လာတဲ့အခါ အဖြစ်မှန်ကို သိရပြီး ကလေးတွေ ဆုံးရှုံးတာက တမျိုး လင်းယုန်မကို ကလဲ့စား မချေနိုင်တာက တမျိုးနဲ့ အတော် ခံစားနေရတယ်။

မြေကြီးပေါ်မှာပဲ သွားလာနိုင်သူက လင်းယုန်ကို ဘယ်နည်းနဲ့ ဖမ်းနိုင်ပါ့မလဲ။ သူ တတ်နိုင်တာက ခပ်လှမ်းလှမ်းကနေ ဆဲဆို ရေရွတ်နေရုံပါပဲ။ ဒါပေမယ့် မကြာပါဘူး။ မြေခွေးမဟာ မိတ်ဆွေ ကျင့်ဝတ် ချိုးဖောက်တဲ့ လင်းယုန်မကို အပြစ်ဒဏ် ပေးနိုင်ခဲ့ပါတယ်။

လူအချို့ဟာ ဆိတ်တကောင်ကို ယဇ်ပူဇော် ထားကြတယ်။ ဒါကို လင်းယုန်မက တဟုန်ထိုး ဆင်းလာပြီး နတ်စင်ပေါ်က မီးမြှိုက် လောင်နေတဲ့ ဝမ်းတွင်း ကလီစာတွေကို သူ့အသိုက်ဆီ ချီသွားတယ်။

အဲဒီအချိန် မှာ လေပြင်း ကျလာတဲ့ အတွက် လေယပ် သလို ဖြစ်ပြီး အသိုက် ပြုလုပ်ထားတဲ့ သစ်ခြောက်ကလေးတွေကို မီးစွဲလောင် ပါလေရော။

အတောင်မစုံ မပျံနိုင်သေးတဲ့ ငှက်ပေါက်ကလေးတွေဟာ မီးလောင် ခံလိုက်ရပြီးတော့ အောက်ကို ကျသွားတယ်။

အဲ့ဒီအချိန်မှာ မြေခွေးမဟာ ငှက်ပေါက် ကလေးတွေဆီ ပြေးလာပြီး လင်းယုန်မရဲ့ မျက်စိအောက်မှာပဲ အားလုံးကို စားပစ် လိုက်ပါတော့တယ်။

ဒီပုံပြင်ကလေး ကတော့ မိတ်ဆွေ ကျင့်ဝတ်ကို ချိုးဖောက်ရင် ကိုယ်က အားနည်းချက် ရှိလို့ ဒဏ်မခတ်နိုင် ပေမယ့် ကံတရားရဲ့ အပြစ်ပေးမှုကိုတော့ မလွတ်မြောက်နိုင်ပါဘူး လို့ ပြောပြနေတာပဲ ဖြစ်ပါတယ်။

Crd

phoomyatchal

Zawgyi

လင္းယုန္မႏွင့္ ေျမေခြးမ

တခါတုန္းက လင္းယုန္မနဲ႔ ေျမေခြးမ တို႔ဟာ မိတ္ေဆြ ျဖစ္ၾကၿပီးေနာက္ နီးကပ္စြာ ေနထိုင္ၾကရင္ ပိုမို ခ်စ္ခင္ ရင္းႏွီး ၾကလိမ့္မယ္ ဆိုတဲ့ စိတ္ကူးနဲ႔ သစ္ပင္တပင္မွာ ေနၾကတယ္။

သစ္ပင္ အေပၚမွာ လင္းယုန္မက အသိုက္ လုပ္တယ္။ ေျမေခြးမက အပင္ေအာက္ ခ်ဳံထဲမွာ ကေလးေတြ ေနဖို႔ ေနရာ လုပ္ထားတယ္။

တေန႔ေတာ့ ေျမေခြးမ အစာရွာ ထြက္တုန္း ဗိုက္ဆာေနတဲ့ လင္းယုန္မဟာ ခ်ဳံထဲ ထိုးဆင္းခဲ့ၿပိး ေျမေခြးေပါက္ ကေလးေတြကို ခ်ီသြားပါေတာ့တယ္။ ဒါေၾကာင့္ လင္းယုန္မႏွင့္ သူ႔ကေလးေတြ အဖို႔ အစာ ရလိုက္တယ္။

ေျမေခြးမ ျပန္ေရာက္လာတဲ့အခါ အျဖစ္မွန္ကို သိရၿပီး ကေလးေတြ ဆုံးရႈံးတာက တမ်ိဳး လင္းယုန္မကို ကလဲ့စား မေခ်ႏိုင္တာက တမ်ိဳးနဲ႔ အေတာ္ ခံစားေနရတယ္။

ေျမႀကီးေပၚမွာပဲ သြားလာႏိုင္သူက လင္းယုန္ကို ဘယ္နည္းနဲ႔ ဖမ္းႏိုင္ပါ့မလဲ။ သူ တတ္ႏိုင္တာက ခပ္လွမ္းလွမ္းကေန ဆဲဆို ေရ႐ြတ္ေန႐ုံပါပဲ။ ဒါေပမယ့္ မၾကာပါဘူး။ ေျမေခြးမဟာ မိတ္ေဆြ က်င့္ဝတ္ ခ်ိဳးေဖာက္တဲ့ လင္းယုန္မကို အျပစ္ဒဏ္ ေပးႏိုင္ခဲ့ပါတယ္။

လူအခ်ိဳ႕ဟာ ဆိတ္တေကာင္ကို ယဇ္ပူေဇာ္ ထားၾကတယ္။ ဒါကို လင္းယုန္မက တဟုန္ထိုး ဆင္းလာၿပီး နတ္စင္ေပၚက မီးျမႇိဳက္ ေလာင္ေနတဲ့ ဝမ္းတြင္း ကလီစာေတြကို သူ႔အသိုက္ဆီ ခ်ီသြားတယ္။ အဲဒီအခ်ိန္ မွာ ေလျပင္း က်လာတဲ့ အတြက္ ေလယပ္ သလို ျဖစ္ၿပီး အသိုက္ ျပဳလုပ္ထားတဲ့ သစ္ေျခာက္ကေလးေတြကို မီးစြဲေလာင္ ပါေလေရာ။ အေတာင္မစုံ မပ်ံႏိုင္ေသးတဲ့ ငွက္ေပါက္ကေလးေတြဟာ မီးေလာင္ ခံလိုက္ရၿပီးေတာ့ ေအာက္ကို က်သြားတယ္။

အဲ့ဒီအခ်ိန္မွာ ေျမေခြးမဟာ ငွက္ေပါက္ ကေလးေတြဆီ ေျပးလာၿပီး လင္းယုန္မရဲ႕ မ်က္စိေအာက္မွာပဲ အားလုံးကို စားပစ္ လိုက္ပါေတာ့တယ္။

ဒီပုံျပင္ကေလး ကေတာ့ မိတ္ေဆြ က်င့္ဝတ္ကို ခ်ိဳးေဖာက္ရင္ ကိုယ္က အားနည္းခ်က္ ရွိလို႔ ဒဏ္မခတ္ႏိုင္ ေပမယ့္ ကံတရားရဲ႕ အျပစ္ေပးမႈကိုေတာ့ မလြတ္ေျမာက္ႏိုင္ပါဘူး လို႔ ေျပာျပေနတာပဲ ျဖစ္ပါတယ္။

Crd

phoomyatchal

Post a Comment

0 Comments