လူတယောက်အတွက် မြေနေရာ

တခါတုန်းက ရှင်ဘုရင်ကြီး တပါးဟာ သူ့ရဲ့ မြင်းစီးသူရဲကောင်း တယောက်ကို တရက်အတွင်း မြင်းနဲ့ ပတ်ပြီး စီးနိုင်သမျှ မြေနေရာ အားလုံးကို အပိုင်စား ပေးမယ်လို့ ပြောလိုက်ပါတယ်။

မြင်းစီးသူရဲကောင်းလည်း မဆိုင်းမတွဘဲ မြင်းပေါ်ကို ခုန်တက်ပြီး မြေနေရာ များနိုင်သမျှ များများ ကာမိအောင် မြင်းကို မြန်နိုင်သမျှ မြန်မြန် စီးပါတော့တယ်။ သူဟာ မြင်းကို အမြန်ဆုံး ပြေးအောင် ရိုက်ရင်း မရပ်မနား စီးပါတယ်။

သူဟာ ဗိုက်ဆာချိန်တွေ ပင်ပန်း နွမ်းနယ်နေချိန် တွေမှာလည်း မရပ်ခဲ့ပါဘူး။ မြေနေရာ အများဆုံး ကာမိအောင်ပါ။ မြေနေရာကောင်း အတော်များများကို ကာမိချိန် မှာတော့ သူဟာ အရမ်းကို အားအင်ကုန်ခမ်း နွမ်းနယ်ပြီး သေလုမျောပါး ဖြစ်နေခဲ့ပါပြီ။

အဲဒီ အချိန်ကျမှ သူ့ကိုယ်သူ ပြန်မေးမိပါတယ်။ "မြေနေရာတွေ အများကြီးရဖို့ ငါ့ကိုယ်ငါ ဘာကြောင့်များ ဒီလောက် ညှင်းပန်းခဲ့ပါလိမ့်။ အခု ငါသေရတော့မယ့် အချိန်မှာ ငါ့ကို မြှုပ်ဖို့ မြေနေရာ သေးသေးလေးပဲ လိုတာပါလား"

အထက်က ဇာတ်လမ်းလေးဟာ ဘဝခရီးနဲ့ အလားသဏ္ဍာန် တူပါတယ်။ လူတွေဟာ နေ့စဉ်နေ့တိုင်း ပိုက်ဆံတွေ ပိုရဖို့၊ အောင်မြင်မှုတွေ ပိုင်ဆိုင်နိုင်ဖို့၊ အသိအမှတ်ပြု လေးစားခံရဖို့တွေ အတွက် ကိုယ့်ခန္ဓာကိုယ်ကို ခိုင်းစေနေ ကြပါတယ်။

ကိုယ့်ကို ကျန်းမာ ပျော်ရွှင်စေမယ့် အချိန်တွေ ပေးနိုင်တဲ့ မိသားစုတို့၊ သဘာဝ ပတ်ဝန်းကျင် အလှအပတို့၊ ကိုယ်နှစ်သက်မြတ်နိုးတဲ့ ဝါသနာတို့ကိုတော့ လျစ်လျူရှုထား မိကြပါတယ်။

တနေ့ ပြန်ဆန်းစစ် ကြည့်တဲ့အချိန် ကိုယ်တကောက်ကောက် လိုက်နေခဲ့တဲ့ အရာတွေဟာ ဒီလောက်ကြီး မလိုအပ်ဘူးဆိုတာ သိနားလည်လာတဲ့ အခါမှာတော့ ကိုယ်မရခဲ့ လိုက်တဲ့ အရာတွေအတွက် နောက်ကြောင်းပြန်လှည့်လို့ မရတော့ပါဘူး။

ဘဝဆိုတာ ပိုက်ဆံရှာဖို့၊ ရာထူးအာဏာတွေ ပိုင်ဆိုင်ဖို့၊ အသိအမှတ်ပြု လေးစားခံရဖို့ ချည်းသက်သက် မဟုတ်ပါဘူး။ ဘဝဆိုတာ အလုပ်လုပ်ဖို့ချည်း သက်သက်လည်း မဟုတ်တာ သေချာပါတယ်။ အလုပ်ဟာ ကိုယ်တို့ကို နေထိုင် ရပ်တည်ဖို့အတွက် လိုအပ်သလို သဘာဝအလှအပတွေကို ခံစားရင်း ဘဝကို ကျေနပ်ပျော်ရွှင်စွာ ဖြတ်သန်းဖို့လည်း လိုအပ်တာပါပဲ။

ဘဝဟာ အလုပ်၊ အနားယူ ပျော်ရွှင်ချိန်၊ မိသားစုနဲ့ ကိုယ်ပိုင်အချိန်တွေ သမမျှတနေရမယ့် အရာပါ။ ကိုယ့်ရဲ့ဘဝကို ဘယ်လို သမမျှတအောင် နေမလဲဆိုတာ ကိုယ်တိုင်ပဲ ဆုံးဖြတ်ပါ။ ကိုယ့်ဘဝထဲက အရာတွေအတွက် ဦးစားပေးအဆင့်တွေ သတ်မှတ်ပြီး အဲဒါတွေကို မျှတအောင် ဘယ်လို ညှိုနှိုင်းယူရမလဲ ဆိုတာ သိပါ။ ဒါပေမယ့် ဆုံးဖြတ်ချက်တွေ ချတဲ့ နေရာမှာတော့ ရင်ထဲကလာတဲ့ သဘာဝအသိပေါ်မှာ မူတည်ပြီး ချမှတ်ပါ။

ပျော်ရွှင်ငြိမ်းချမ်းမှု ဆိုတာ ဘဝရဲ့အဓိပ္ပါယ်နဲ့ ရည်ရွယ်ချက် ဖြစ်သလို လူသားတွေ ရှင်သန်တည်ရှိ နေရခြင်းရဲ့ ဦးတည်ချက်လည်း ဖြစ်ပါတယ်။ ဒါကြောင့် သက်တောင့်သက်သာနဲ့ ကိုယ်လုပ်ချင်တဲ့ (သူတပါးကို မထိခိုက်တဲ့) အရာတွေကို လုပ်ပါ။ သဘာဝကို တန်ဖိုးထား ချစ်မြတ်နိုးပါ။ ဘဝဆိုတာ အထိအရှမခံ နုနယ်ပါတယ်။ တိုတောင်းပါတယ်။

ဒါကြောင့် ကိုယ့်ဘဝရဲ့ဖြစ်တည်ရှင်သန်မှုကို တန်ဖိုးမထားဘဲ မနေပါနဲ့။ မျှတငြိမ်းချမ်းတဲ့ ဘဝနေမှုပုံစံနဲ့ နေထိုင်ရှင်သန်ရင်း ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းပါ။ သင့်အတွေးတွေကို ဂရုစိုက်ပါ။ သူတို့က သင့်စကားတွေ ဖြစ်လာပါတယ်။ သင့်စကားတွေကို ဂရုစိုက်ပါ။ သူတို့က သင့်အပြုအမူတွေ ဖြစ်လာပါတယ်။

သင့်အပြုအမူတွေကို ဂရုစိုက်ပါ။ သူတို့က သင့်အကျင့်တွေ ဖြစ်လာပါတယ်။ သင့်အကျင့်တွေကို ဂရုစိုက်ပါ။ သူတို့က သင့်စရိုက် ဖြစ်လာပါတယ်။ သင့်စရိုက်ကို ဂရုစိုက်ပါ။ သင့်စရိုက်က သင့်ရဲ့ပန်းတိုင် ဖြစ်လာပါလိမ့်မယ်။

crd

phoomyatchal

Zawgyi

လူတေယာက္အတြက္ ေျမေနရာ

တခါတုန္းက ရွင္ဘုရင္ႀကီး တပါးဟာ သူ႔ရဲ႕ ျမင္းစီးသူရဲေကာင္း တေယာက္ကို တရက္အတြင္း ျမင္းနဲ႔ ပတ္ၿပီး စီးႏိုင္သမွ် ေျမေနရာ အားလုံးကို အပိုင္စား ေပးမယ္လို႔ ေျပာလိုက္ပါတယ္။

ျမင္းစီးသူရဲေကာင္းလည္း မဆိုင္းမတြဘဲ ျမင္းေပၚကို ခုန္တက္ၿပီး ေျမေနရာ မ်ားႏိုင္သမွ် မ်ားမ်ား ကာမိေအာင္ ျမင္းကို ျမန္ႏိုင္သမွ် ျမန္ျမန္ စီးပါေတာ့တယ္။ သူဟာ ျမင္းကို အျမန္ဆုံး ေျပးေအာင္ ႐ိုက္ရင္း မရပ္မနား စီးပါတယ္။

သူဟာ ဗိုက္ဆာခ်ိန္ေတြ ပင္ပန္း ႏြမ္းနယ္ေနခ်ိန္ ေတြမွာလည္း မရပ္ခဲ့ပါဘူး။ ေျမေနရာ အမ်ားဆုံး ကာမိေအာင္ပါ။ ေျမေနရာေကာင္း အေတာ္မ်ားမ်ားကို ကာမိခ်ိန္ မွာေတာ့ သူဟာ အရမ္းကို အားအင္ကုန္ခမ္း ႏြမ္းနယ္ၿပီး ေသလုေမ်ာပါး ျဖစ္ေနခဲ့ပါၿပီ။

အဲဒီ အခ်ိန္က်မွ သူ႔ကိုယ္သူ ျပန္ေမးမိပါတယ္။ "ေျမေနရာေတြ အမ်ားႀကီးရဖို႔ ငါ့ကိုယ္ငါ ဘာေၾကာင့္မ်ား ဒီေလာက္ ညႇင္းပန္းခဲ့ပါလိမ့္။ အခု ငါေသရေတာ့မယ့္ အခ်ိန္မွာ ငါ့ကို ျမႇဳပ္ဖို႔ ေျမေနရာ ေသးေသးေလးပဲ လိုတာပါလား"

အထက္က ဇာတ္လမ္းေလးဟာ ဘဝခရီးနဲ႔ အလားသ႑ာန္ တူပါတယ္။ လူေတြဟာ ေန႔စဥ္ေန႔တိုင္း ပိုက္ဆံေတြ ပိုရဖို႔၊ ေအာင္ျမင္မႈေတြ ပိုင္ဆိုင္ႏိုင္ဖို႔၊ အသိအမွတ္ျပဳ ေလးစားခံရဖို႔ေတြ အတြက္ ကိုယ့္ခႏၶာကိုယ္ကို ခိုင္းေစေန ၾကပါတယ္။

ကိုယ့္ကို က်န္းမာ ေပ်ာ္႐ႊင္ေစမယ့္ အခ်ိန္ေတြ ေပးႏိုင္တဲ့ မိသားစုတို႔၊ သဘာဝ ပတ္ဝန္းက်င္ အလွအပတို႔၊ ကိုယ္ႏွစ္သက္ျမတ္ႏိုးတဲ့ ဝါသနာတို႔ကိုေတာ့ လ်စ္လ်ဴရႈထား မိၾကပါတယ္။

တေန႔ ျပန္ဆန္းစစ္ ၾကည့္တဲ့အခ်ိန္ ကိုယ္တေကာက္ေကာက္ လိုက္ေနခဲ့တဲ့ အရာေတြဟာ ဒီေလာက္ႀကီး မလိုအပ္ဘူးဆိုတာ သိနားလည္လာတဲ့ အခါမွာေတာ့ ကိုယ္မရခဲ့ လိုက္တဲ့ အရာေတြအတြက္ ေနာက္ေၾကာင္းျပန္လွည့္လို႔ မရေတာ့ပါဘူး။

ဘဝဆိုတာ ပိုက္ဆံရွာဖို႔၊ ရာထူးအာဏာေတြ ပိုင္ဆိုင္ဖို႔၊ အသိအမွတ္ျပဳ ေလးစားခံရဖို႔ ခ်ည္းသက္သက္ မဟုတ္ပါဘူး။ ဘဝဆိုတာ အလုပ္လုပ္ဖို႔ခ်ည္း သက္သက္လည္း မဟုတ္တာ ေသခ်ာပါတယ္။ အလုပ္ဟာ ကိုယ္တို႔ကို ေနထိုင္ ရပ္တည္ဖို႔အတြက္ လိုအပ္သလို သဘာဝအလွအပေတြကို ခံစားရင္း ဘဝကို ေက်နပ္ေပ်ာ္႐ႊင္စြာ ျဖတ္သန္းဖို႔လည္း လိုအပ္တာပါပဲ။

ဘဝဟာ အလုပ္၊ အနားယူ ေပ်ာ္႐ႊင္ခ်ိန္၊ မိသားစုနဲ႔ ကိုယ္ပိုင္အခ်ိန္ေတြ သမမွ်တေနရမယ့္ အရာပါ။ ကိုယ့္ရဲ႕ဘဝကို ဘယ္လို သမမွ်တေအာင္ ေနမလဲဆိုတာ ကိုယ္တိုင္ပဲ ဆုံးျဖတ္ပါ။ ကိုယ့္ဘဝထဲက အရာေတြအတြက္ ဦးစားေပးအဆင့္ေတြ သတ္မွတ္ၿပီး အဲဒါေတြကို မွ်တေအာင္ ဘယ္လို ညႇိဳႏႈိင္းယူရမလဲ ဆိုတာ သိပါ။ ဒါေပမယ့္ ဆုံးျဖတ္ခ်က္ေတြ ခ်တဲ့ ေနရာမွာေတာ့ ရင္ထဲကလာတဲ့ သဘာဝအသိေပၚမွာ မူတည္ၿပီး ခ်မွတ္ပါ။

ေပ်ာ္႐ႊင္ၿငိမ္းခ်မ္းမႈ ဆိုတာ ဘဝရဲ႕အဓိပၸါယ္နဲ႔ ရည္႐ြယ္ခ်က္ ျဖစ္သလို လူသားေတြ ရွင္သန္တည္ရွိ ေနရျခင္းရဲ႕ ဦးတည္ခ်က္လည္း ျဖစ္ပါတယ္။ ဒါေၾကာင့္ သက္ေတာင့္သက္သာနဲ႔ ကိုယ္လုပ္ခ်င္တဲ့ (သူတပါးကို မထိခိုက္တဲ့) အရာေတြကို လုပ္ပါ။ သဘာဝကို တန္ဖိုးထား ခ်စ္ျမတ္ႏိုးပါ။ ဘဝဆိုတာ အထိအရွမခံ ႏုနယ္ပါတယ္။ တိုေတာင္းပါတယ္။

ဒါေၾကာင့္ ကိုယ့္ဘဝရဲ႕ျဖစ္တည္ရွင္သန္မႈကို တန္ဖိုးမထားဘဲ မေနပါနဲ႔။ မွ်တၿငိမ္းခ်မ္းတဲ့ ဘဝေနမႈပုံစံနဲ႔ ေနထိုင္ရွင္သန္ရင္း ဘဝကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ျဖတ္သန္းပါ။ သင့္အေတြးေတြကို ဂ႐ုစိုက္ပါ။ သူတို႔က သင့္စကားေတြ ျဖစ္လာပါတယ္။ သင့္စကားေတြကို ဂ႐ုစိုက္ပါ။ သူတို႔က သင့္အျပဳအမူေတြ ျဖစ္လာပါတယ္။

သင့္အျပဳအမူေတြကို ဂ႐ုစိုက္ပါ။ သူတို႔က သင့္အက်င့္ေတြ ျဖစ္လာပါတယ္။ သင့္အက်င့္ေတြကို ဂ႐ုစိုက္ပါ။ သူတို႔က သင့္စ႐ိုက္ ျဖစ္လာပါတယ္။ သင့္စ႐ိုက္ကို ဂ႐ုစိုက္ပါ။ သင့္စ႐ိုက္က သင့္ရဲ႕ပန္းတိုင္ ျဖစ္လာပါလိမ့္မယ္။

crd

phoomyatchal

Post a Comment

0 Comments