ဘုရင်ဖြစ်ထိုက်သူ

တခါတုန်းက ဗာရာဏသီပြည်တွင် ထင်းခွေယောက်ျား တဦးရှိသည်။ တမနက်တွင် သူသည် မြို့ပြင်သို့ ထွက်၍ ထင်းခွေသည်။ ညနေစောင်းသော် ထင်းစည်းကို ထမ်းလျက် မြို့သို့ ပြန်လာသည်။ နောက်ကျသဖြင့် မြို့တံခါး ပိတ်ထားရာ မြို့ထဲသို့ မဝင်နိုင်တော့ပေ။

ထိုအခါ ထင်းခွေ ယောက်ျားသည် မြို့တံခါးဝ အနီးရှိ နတ်ကွန်းတခု ဘေး၌ ထင်းစည်းကို ချ၍ အိပ်လေသည်။ နတ်ကွန်းတွင် ဘေးမဲ့လွှတ်ထားသော ကြက်များ ရှိသည်။ ထိုကြက်များသည် နတ်ကွန်းအနီးရှိ သစ်ပင်တပင်ပေါ်၌ တက်၍ အိပ်သည်။

မိုးလင်းခါနီး အချိန်တွင် သစ်ပင်အပေါ်ကိုင်း၌ အိပ်သော ကြက်တကောင်သည် မစင် စွန့်ချသည်။ ထိုမစင်သည် အောက်ကိုင်း၌ အိပ်သော ကြက်ပေါ်သို့ ကျလေသည်။ ဤတွင် အောက်ကိုင်းက ကြက်သည် မခံမရပ်နိုင် ဖြစ်ကာ အပေါ်ကိုင်းက ကြက်ကို လှမ်း၍ ပြောဆိုသည်။

သို့ပြောဆိုရာမှ ကြက်နှစ်ကောင် စကားများ၍ ရန်ဖြစ်ကြသည်။ ဂုဏ်ပြိုင်ကြသည်။ "သင်သည် ငါ့တန်ဖိုးကို မသိသလော။ ငါ့ကို သတ်၍ မီးကျီးခဲ၌ ကင်စားသူသည် နံနက်စောစောမှာပင် အသပြာတထောင် ရမည်" ဟူ၍ အောက်ကိုင်း ကြက်က ဆို၏။

"သင့်တန်ဖိုး ဤမျှသာလော။ ငါ၏ တန်ဖိုးထား သင့်ထက် အဆအရာမက ကြီးမြတ်သည်။ ငါ့ကိုသတ်၍ ဦးခေါင်းကို စားသူသည် မင်းဖြစ်မည်။ အပြင်က အသားကို စားသူသည် ယောက်ျားဖြစ်လျှင် စစ်သူကြီး ဖြစ်မည်။ မိန်းမဖြစ်လျှင် မိဖုရား ဖြစ်မည်။ အရိုး အနား၌ ကပ်နေသော အသားကို စားသူသည် ရဟန်းဖြစ်လျှင် မင်းဆရာ ဖြစ်မည်။ လူဝတ်ကြောင် ဖြစ်လျှင် ဘဏ္ဍာစိုးဖြစ်မည်" ဟူ၍ အထက်ကိုင်း ကြက်ကလည်း ပြန်ပြော၏။

ထိုကြက်နှစ်ကောင်၏ စကားကို ထင်းခွေယောက်ျား ကြားသွားသည်။ ဤတွင် သူသည် သစ်ပင်ပေါ်သို့ ဖြည်းညင်းစွာ တက်၍ အထက်ကိုင်းက ကြက်ကို ဖမ်းယူသတ်သည်။ ထို့နောက် မိုးလင်း၍ မြို့တံခါး ဖွင့်သောအခါ သတ်ယူထားသော ကြက်ကို ယူဆောင်ပြီးလျှင် အိမ်သို့ ပြန်လာသည်။

လမ်းတွင် ငါ မင်းဖြစ်တော့မည် ဟူ၍ စိတ်တွင်းမှ ဆိုကာ ဝမ်းမြောက်မဆုံး ဖြစ်နေသည်။ အိမ်သို့ ရောက်သောအခါ မယားအား "သည်ကြက်ကို ကောင်းစွာ ချက်ပါ" ဟု ဆို၍ ပေးသည်။ မယားလည်း ကြက်ကို ချက်ပြီးလျှင် ထမင်းနှင့်အတူ ထင်းခွေယောက်ျားကို ပေးအပ်သည်။ ထင်းခွေယောက်ျားသည် ချက်ချင်း မစားသေး။

"ရှင်မ၊ သည်ကြက်သားသည် သာမန် မဟုတ်၊ ထူးခြားသော တန်ခိုးရှိသည်။ ကြက်ဦးခေါင်းကို ငါစားမည် မုချမသွေ မင်း ဖြစ်လိမ့်မည်။ သင်ကမူ ကြက်၏ အပြင်သားကို စားပါ။ မိဖုရား ဖြစ်လိမ့်မည်။ သို့ရာတွင် ငါတို့ ယခု မစားသေး။ ဂင်္ဂါမြစ်သို့ သွား၍ ရေချိုးကြဦးမည်။ ရေချိုးပြီးမှ မြစ်ကမ်းဘေးတွင် အတူစားကြစို့" ဟု ဆိုသည်။

သို့ဖြင့် သူတို့လင်မယားသည် ကြက်သားအိုးနှင့် ထမင်းအိုးကို တောင်းတခု၌ ထည့်ကာ ဂင်္ဂါမြစ်သို့ သွားကြသည်။ ရောက်လျှင် တောင်းကို မြစ်ကမ်း၌ ထား၍ မြစ်သို့ ရေဆင်း ချိုးကြသည်။ ထိုစဉ် ရုတ်တရက် လေထန်လာသည်။ ရေလှိုင်းတို့ တက်လာသည်။ ကြက်သားဟင်း ထည့်ထားသော တောင်းအထိ ရေများ ရောက်လာသည်။ ဤတွင် တောင်းသည် မြစ်ရေတွင် မျောပါသွားလေသည်။

ထင်းခွေယောက်ျား လင်မယားသည် ရေစီးနောက်သို့ မျောပါမသွားအောင် ကြိုးစား ကူးခပ်ပြီးလျှင် ကမ်းသို့ တက်ပြေးရလေသည်။ ထိုစဉ် ကြက်သားဟင်း တောင်းသည် မြစ်ရေအလျဉ်တွင် မျောပါသွားသည်။ မကြာမီ အောက်ဆိပ်၌ ဆင်ကို ရေချိုးပေးနေသော ဆင်ဆရာ အနီးသို့ ရောက်သွားသည်။

ဆင်ဆရာသည် တောင်းကို ဆယ်ယူ၍ ကြည့်သည်။ ထမင်းနှင့် ကြက်သားဟင်း ဖြစ်နေသဖြင့် ဆယ်ယူထားသည်။ ထို့နောက် အိမ်သို့ ယူဆောင်သွားလေသည်။ ထိုအချိန်တွင် ဆင်ဆရာ ကိုးကွယ်သော ရှင်ရသေ့သည် ဆင်ဆရာ၏ အိမ်သို့ ကြွရောက် နေနှင့်သည်။ ရှင်ရသေ့သည် အကြားအမြင် ရသူဖြစ်သည်။ ဆင်ဆရာ ကြက်သားဟင်း ရလာသည်ကိုလည်း သိမြင်သည်။

ထိုကြက်သားဟင်း မည်မျှ ထူးခြားသော သတ္တိနှင့် ပြည့်စုံသည်ကိုလည်း သိရှိသည်။ ထို့ကြောင့် ဆင်ဆရာ့အိမ်သို့ ကြွရောက်လာခြင်း ဖြစ်သည်။ ဆင်ဆရာ ရောက်လာသော် ရှင်ရသေ့သည် အရိုး၌ ကပ်နေသော အသားကို မိမိအား ဆက်ကပ်စေ၍ ဘုဉ်းပေးတော် မူသည်။ ကြက် ဦးခေါင်းကိုမူ ဆင်ဆရာအား စားစေသည်။ အပြင်သား ကိုကား ဆင်ဆရာ၏ မယားအား စားစေသည်။

ထို့နောက် ဆင်ဆရာအား "သင်သည် မကြာမီ မင်းဖြစ်လိမ့်မည်။ သင့် ဇနီးသည်လည်း မိဖုရား ဖြစ်လိမ့်မည်။ မမေ့မလျော့နှင့်" ဟူ၍ ဆိုကာ ကြွသွားလေသည်။ ရက်အနည်းငယ် ကြာသော် အခြားတိုင်းပြည် တပြည်မှ မင်းတပါးသည် ဗာရာဏသီပြည်ကို လာရောက် တိုက်ခိုက်သည်။ ထိုအခါ ဗာရာဏသီမင်းက ဆင်ဆရာကို မင်းအသွင် ဝတ်ဆင်စေသည်။

"မင်းအသွင်ဖြင့် ဆင်စီး၍ စစ်ထိုးလော့" ဟု ဆို၍ စစ်ထိုးစေသည်။ မိမိ မူကား ရဲမက်ဗိုလ်ပါများ အကြားတွင် မထင်မရှားသော အသွင်ဖြင့် သွားလာ၍ စီမံကွပ်ကဲ၏။ ထိုစဉ် ရန်သူများ ပစ်လွှတ်လိုက်သော မြားတစင်းသည် ဗာရာဏသီမင်းကို လာရောက် ထိမှန်သည်။ မင်းသည် နေရာမှာပင် နတ်ရွာစံသွားလေသည်။

သည်တွင် ဆင်ဆရာသည် ဘဏ္ဍာတိုက်တွင်းမှ ရွှေငွေတို့ကို ထုတ်ယူစေကာ "ဥစ္စာလိုသူတို့ ရန်သူကို ရွပ်ရွပ်ချွံချွံ တိုက်ကြလော့" ဟု ဆို၏။ ဆိုသည့် အတိုင်းလည်း ရွှေငွေများပေး၏။ ရွှေငွေ ရသူတို့လည်း ဆင်ဆရာနှင့်အတူ ပူးပေါင်း၍ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်သည်။ ရန်သူတို့ အရေးနိမ့်၍ ဆုတ်ခွာပြေး ကြလေသည်။

စစ်ပွဲပြီးသောအခါ မှူးမတ်တို့သည် ဘုရင့်အလောင်းကို ကောင်းစွာ သဂြိုဟ်ကြသည်။ ထို့နောက် "ငါတို့ အရှင်မင်းမြတ် သက်တော် ထင်ရှားရှိစဉ်ကပင် ဆင်ဆရာကို မင်းအသွင် ပြုစေသည်။ ယခုလည်း ဆင်ဆရာ ဦးဆောင်စီမံသဖြင့် ရန်သူတို့ကို ချေမှုန်းနိုင်ခဲ့သည်။ ဆင်ဆရာကိုပင် မင်းမြှောက်ထိုက်သည်" ဟု ဆိုကြသည်။

ဆင်ဆရာကိုပင် တညီတညွတ်တည်း မင်းမြှောက်ကြလေသည်။ ဤတွင် ဆင်ဆရာ၏ မယားသည် မိဖုရား ဖြစ်လာသည်။ ဆင်ဆရာ၏ ဆရာ ရှင်ရသေ့သည်လည်း မင်းဆရာ ဖြစ်လာလေသည်။ ထင်းခွေယောက်ျားသည် ရှေးကောင်းမှုကံ မရှိသောကြောင့် ကြက်သားဟင်းနှင့် ကြံဖန်လွဲသည်။ ဘုရင် မဖြစ်။ ဆင်ဆရာကား ရှေးကောင်းမှုကံ ရှိသောကြောင့် ကြက်သားဟင်းကို မကြံရွယ်ဘဲ ရရှိသွားသည်။ ဘုရင် ဖြစ်သွားလေသည်။

Crd

Zawgyi

ဘုရင္ျဖစ္ထိုက္သူ

တခါတုန္းက ဗာရာဏသီျပည္တြင္ ထင္းေခြေယာက္်ား တဦးရွိသည္။ တမနက္တြင္ သူသည္ ၿမိဳ႕ျပင္သို႔ ထြက္၍ ထင္းေခြသည္။ ညေနေစာင္းေသာ္ ထင္းစည္းကို ထမ္းလ်က္ ၿမိဳ႕သို႔ ျပန္လာသည္။ ေနာက္က်သျဖင့္ ၿမိဳ႕တံခါး ပိတ္ထားရာ ၿမိဳ႕ထဲသို႔ မဝင္ႏိုင္ေတာ့ေပ။

ထိုအခါ ထင္းေခြ ေယာက္်ားသည္ ၿမိဳ႕တံခါးဝ အနီးရွိ နတ္ကြန္းတခု ေဘး၌ ထင္းစည္းကို ခ်၍ အိပ္ေလသည္။ နတ္ကြန္းတြင္ ေဘးမဲ့လႊတ္ထားေသာ ၾကက္မ်ား ရွိသည္။ ထိုၾကက္မ်ားသည္ နတ္ကြန္းအနီးရွိ သစ္ပင္တပင္ေပၚ၌ တက္၍ အိပ္သည္။

မိုးလင္းခါနီး အခ်ိန္တြင္ သစ္ပင္အေပၚကိုင္း၌ အိပ္ေသာ ၾကက္တေကာင္သည္ မစင္ စြန႔္ခ်သည္။ ထိုမစင္သည္ ေအာက္ကိုင္း၌ အိပ္ေသာ ၾကက္ေပၚသို႔ က်ေလသည္။ ဤတြင္ ေအာက္ကိုင္းက ၾကက္သည္ မခံမရပ္ႏိုင္ ျဖစ္ကာ အေပၚကိုင္းက ၾကက္ကို လွမ္း၍ ေျပာဆိုသည္။

သို႔ေျပာဆိုရာမွ ၾကက္ႏွစ္ေကာင္ စကားမ်ား၍ ရန္ျဖစ္ၾကသည္။ ဂုဏ္ၿပိဳင္ၾကသည္။ "သင္သည္ ငါ့တန္ဖိုးကို မသိသေလာ။ ငါ့ကို သတ္၍ မီးက်ီးခဲ၌ ကင္စားသူသည္ နံနက္ေစာေစာမွာပင္ အသျပာတေထာင္ ရမည္" ဟူ၍ ေအာက္ကိုင္း ၾကက္က ဆို၏။

"သင့္တန္ဖိုး ဤမွ်သာေလာ။ ငါ၏ တန္ဖိုးထား သင့္ထက္ အဆအရာမက ႀကီးျမတ္သည္။ ငါ့ကိုသတ္၍ ဦးေခါင္းကို စားသူသည္ မင္းျဖစ္မည္။ အျပင္က အသားကို စားသူသည္ ေယာက္်ားျဖစ္လွ်င္ စစ္သူႀကီး ျဖစ္မည္။ မိန္းမျဖစ္လွ်င္ မိဖုရား ျဖစ္မည္။ အ႐ိုး အနား၌ ကပ္ေနေသာ အသားကို စားသူသည္ ရဟန္းျဖစ္လွ်င္ မင္းဆရာ ျဖစ္မည္။ လူဝတ္ေၾကာင္ ျဖစ္လွ်င္ ဘ႑ာစိုးျဖစ္မည္" ဟူ၍ အထက္ကိုင္း ၾကက္ကလည္း ျပန္ေျပာ၏။

ထိုၾကက္ႏွစ္ေကာင္၏ စကားကို ထင္းေခြေယာက္်ား ၾကားသြားသည္။ ဤတြင္ သူသည္ သစ္ပင္ေပၚသို႔ ျဖည္းညင္းစြာ တက္၍ အထက္ကိုင္းက ၾကက္ကို ဖမ္းယူသတ္သည္။ ထို႔ေနာက္ မိုးလင္း၍ ၿမိဳ႕တံခါး ဖြင့္ေသာအခါ သတ္ယူထားေသာ ၾကက္ကို ယူေဆာင္ၿပီးလွ်င္ အိမ္သို႔ ျပန္လာသည္။

လမ္းတြင္ ငါ မင္းျဖစ္ေတာ့မည္ ဟူ၍ စိတ္တြင္းမွ ဆိုကာ ဝမ္းေျမာက္မဆုံး ျဖစ္ေနသည္။ အိမ္သို႔ ေရာက္ေသာအခါ မယားအား "သည္ၾကက္ကို ေကာင္းစြာ ခ်က္ပါ" ဟု ဆို၍ ေပးသည္။ မယားလည္း ၾကက္ကို ခ်က္ၿပီးလွ်င္ ထမင္းႏွင့္အတူ ထင္းေခြေယာက္်ားကို ေပးအပ္သည္။ ထင္းေခြေယာက္်ားသည္ ခ်က္ခ်င္း မစားေသး။

"ရွင္မ၊ သည္ၾကက္သားသည္ သာမန္ မဟုတ္၊ ထူးျခားေသာ တန္ခိုးရွိသည္။ ၾကက္ဦးေခါင္းကို ငါစားမည္ မုခ်မေသြ မင္း ျဖစ္လိမ့္မည္။ သင္ကမူ ၾကက္၏ အျပင္သားကို စားပါ။ မိဖုရား ျဖစ္လိမ့္မည္။ သို႔ရာတြင္ ငါတို႔ ယခု မစားေသး။ ဂဂၤါျမစ္သို႔ သြား၍ ေရခ်ိဳးၾကဦးမည္။ ေရခ်ိဳးၿပီးမွ ျမစ္ကမ္းေဘးတြင္ အတူစားၾကစို႔" ဟု ဆိုသည္။

သို႔ျဖင့္ သူတို႔လင္မယားသည္ ၾကက္သားအိုးႏွင့္ ထမင္းအိုးကို ေတာင္းတခု၌ ထည့္ကာ ဂဂၤါျမစ္သို႔ သြားၾကသည္။ ေရာက္လွ်င္ ေတာင္းကို ျမစ္ကမ္း၌ ထား၍ ျမစ္သို႔ ေရဆင္း ခ်ိဳးၾကသည္။ ထိုစဥ္ ႐ုတ္တရက္ ေလထန္လာသည္။ ေရလႈိင္းတို႔ တက္လာသည္။ ၾကက္သားဟင္း ထည့္ထားေသာ ေတာင္းအထိ ေရမ်ား ေရာက္လာသည္။ ဤတြင္ ေတာင္းသည္ ျမစ္ေရတြင္ ေမ်ာပါသြားေလသည္။

ထင္းေခြေယာက္်ား လင္မယားသည္ ေရစီးေနာက္သို႔ ေမ်ာပါမသြားေအာင္ ႀကိဳးစား ကူးခပ္ၿပီးလွ်င္ ကမ္းသို႔ တက္ေျပးရေလသည္။ ထိုစဥ္ ၾကက္သားဟင္း ေတာင္းသည္ ျမစ္ေရအလ်ဥ္တြင္ ေမ်ာပါသြားသည္။ မၾကာမီ ေအာက္ဆိပ္၌ ဆင္ကို ေရခ်ိဳးေပးေနေသာ ဆင္ဆရာ အနီးသို႔ ေရာက္သြားသည္။

ဆင္ဆရာသည္ ေတာင္းကို ဆယ္ယူ၍ ၾကည့္သည္။ ထမင္းႏွင့္ ၾကက္သားဟင္း ျဖစ္ေနသျဖင့္ ဆယ္ယူထားသည္။ ထို႔ေနာက္ အိမ္သို႔ ယူေဆာင္သြားေလသည္။ ထိုအခ်ိန္တြင္ ဆင္ဆရာ ကိုးကြယ္ေသာ ရွင္ရေသ့သည္ ဆင္ဆရာ၏ အိမ္သို႔ ႂကြေရာက္ ေနႏွင့္သည္။ ရွင္ရေသ့သည္ အၾကားအျမင္ ရသူျဖစ္သည္။ ဆင္ဆရာ ၾကက္သားဟင္း ရလာသည္ကိုလည္း သိျမင္သည္။

ထိုၾကက္သားဟင္း မည္မွ် ထူးျခားေသာ သတၱိႏွင့္ ျပည့္စုံသည္ကိုလည္း သိရွိသည္။ ထို႔ေၾကာင့္ ဆင္ဆရာ့အိမ္သို႔ ႂကြေရာက္လာျခင္း ျဖစ္သည္။ ဆင္ဆရာ ေရာက္လာေသာ္ ရွင္ရေသ့သည္ အ႐ိုး၌ ကပ္ေနေသာ အသားကို မိမိအား ဆက္ကပ္ေစ၍ ဘုဥ္းေပးေတာ္ မူသည္။ ၾကက္ ဦးေခါင္းကိုမူ ဆင္ဆရာအား စားေစသည္။ အျပင္သား ကိုကား ဆင္ဆရာ၏ မယားအား စားေစသည္။

ထို႔ေနာက္ ဆင္ဆရာအား "သင္သည္ မၾကာမီ မင္းျဖစ္လိမ့္မည္။ သင့္ ဇနီးသည္လည္း မိဖုရား ျဖစ္လိမ့္မည္။ မေမ့မေလ်ာ့ႏွင့္" ဟူ၍ ဆိုကာ ႂကြသြားေလသည္။ ရက္အနည္းငယ္ ၾကာေသာ္ အျခားတိုင္းျပည္ တျပည္မွ မင္းတပါးသည္ ဗာရာဏသီျပည္ကို လာေရာက္ တိုက္ခိုက္သည္။ ထိုအခါ ဗာရာဏသီမင္းက ဆင္ဆရာကို မင္းအသြင္ ဝတ္ဆင္ေစသည္။

"မင္းအသြင္ျဖင့္ ဆင္စီး၍ စစ္ထိုးေလာ့" ဟု ဆို၍ စစ္ထိုးေစသည္။ မိမိ မူကား ရဲမက္ဗိုလ္ပါမ်ား အၾကားတြင္ မထင္မရွားေသာ အသြင္ျဖင့္ သြားလာ၍ စီမံကြပ္ကဲ၏။ ထိုစဥ္ ရန္သူမ်ား ပစ္လႊတ္လိုက္ေသာ ျမားတစင္းသည္ ဗာရာဏသီမင္းကို လာေရာက္ ထိမွန္သည္။ မင္းသည္ ေနရာမွာပင္ နတ္႐ြာစံသြားေလသည္။

သည္တြင္ ဆင္ဆရာသည္ ဘ႑ာတိုက္တြင္းမွ ေ႐ႊေငြတို႔ကို ထုတ္ယူေစကာ "ဥစၥာလိုသူတို႔ ရန္သူကို ႐ြပ္႐ြပ္ခြၽံခြၽံ တိုက္ၾကေလာ့" ဟု ဆို၏။ ဆိုသည့္ အတိုင္းလည္း ေ႐ႊေငြမ်ားေပး၏။ ေ႐ႊေငြ ရသူတို႔လည္း ဆင္ဆရာႏွင့္အတူ ပူးေပါင္း၍ ႐ြပ္႐ြပ္ခြၽံခြၽံ တိုက္ခိုက္သည္။ ရန္သူတို႔ အေရးနိမ့္၍ ဆုတ္ခြာေျပး ၾကေလသည္။

စစ္ပြဲၿပီးေသာအခါ မႉးမတ္တို႔သည္ ဘုရင့္အေလာင္းကို ေကာင္းစြာ သၿဂိဳဟ္ၾကသည္။ ထို႔ေနာက္ "ငါတို႔ အရွင္မင္းျမတ္ သက္ေတာ္ ထင္ရွားရွိစဥ္ကပင္ ဆင္ဆရာကို မင္းအသြင္ ျပဳေစသည္။ ယခုလည္း ဆင္ဆရာ ဦးေဆာင္စီမံသျဖင့္ ရန္သူတို႔ကို ေခ်မႈန္းႏိုင္ခဲ့သည္။ ဆင္ဆရာကိုပင္ မင္းေျမႇာက္ထိုက္သည္" ဟု ဆိုၾကသည္။

ဆင္ဆရာကိုပင္ တညီတၫြတ္တည္း မင္းေျမႇာက္ၾကေလသည္။ ဤတြင္ ဆင္ဆရာ၏ မယားသည္ မိဖုရား ျဖစ္လာသည္။ ဆင္ဆရာ၏ ဆရာ ရွင္ရေသ့သည္လည္း မင္းဆရာ ျဖစ္လာေလသည္။ ထင္းေခြေယာက္်ားသည္ ေရွးေကာင္းမႈကံ မရွိေသာေၾကာင့္ ၾကက္သားဟင္းႏွင့္ ႀကံဖန္လြဲသည္။ ဘုရင္ မျဖစ္။ ဆင္ဆရာကား ေရွးေကာင္းမႈကံ ရွိေသာေၾကာင့္ ၾကက္သားဟင္းကို မႀကံ႐ြယ္ဘဲ ရရွိသြားသည္။ ဘုရင္ ျဖစ္သြားေလသည္။

Crd

Post a Comment

0 Comments