သဲကန္တာရကြီးကို စိမ်းစိုတဲ့တောအုပ်ဖြစ်လာအောင် နှစ်ပေါင်း ၄၀ လုံး သစ်ပင်စိုက်ခဲ့တဲ့ အမျိုးသား

အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ Majuli ကျွန်းက အမြဲလိုလို ခြောက်သွေ့နေပြီး သဲကန္တာရလို ဖြစ်နေပါတယ်။ Majuli ကျွန်းက Brahmaputra မြစ်ထဲမှာ တည်ရှိပါတယ်။ အဲဒီ သဲကန္တာရကို တောအုပ်ကြီး တစ်ခုအဖြစ် ပြောင်းလဲခဲ့တဲ့သူကတော့ နွားနို့ရောင်းတဲ့ အမျိုးသား တစ်ယောက်ပါပဲ။

နွားနို့ရောင်းတဲ့ Jadav Payeng အသက် ၁၄ နှစ်တုန်းက စိတ်မကောင်းစရာ မြင်ကွင်းတစ်ခုကို မြင်ခဲ့ရပါတယ်။ မြွေအသေတွေက Majuli ကျွန်းတစ်လျှောက်မှာ ဟိုတစ်နေရာ၊ ဒီတစ်နေရာ ပြန့်ကျဲနေခဲ့တဲ့ မြင်ကွင်းပါ။ ရာသီဥတု အရမ်းပူတာကြောင့် မြွေတွေက သေသွားပြီး မြစ်ရေစီးနဲ့ မျောပါလာခဲ့ပါတယ်။

Jadav က အရမ်းကို စိတ်မကောင်းဖြစ်ပြီး ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပါတယ်။ ကျတ်တီးမြေဖြစ်နေတဲ့ Majuli ကျွန်းကို စိမ်းစိုလာဖို့ သူ့ဘဝတစ်လျှောက်လုံး နေ့တိုင်း သစ်ပင်တစ်ပင် စိုက်သွားမယ်လို့ ဆုံးဖြတ်ချက် ချလိုက်တာပါ။ သူ့ရဲ့စိတ်ကူးကို ၁၉၇၉ ခုနှစ်ကတည်းက စတင်ခဲ့ပါတယ်။ နှစ်ပေါင်း ၄၀ ကြာတဲ့အခါမှာတော့ Majuli ကျွန်းက ကြီးမားတဲ့ သစ်တောအုပ်ကြီးတစ်ခု ဖြစ်လာပါတော့တယ်။ ကျွန်းက ဗာတီကန်မြို့တော်ထက် ၁၂ ဆ ပိုမိုကျယ်ဝန်းပါတယ်။

Jadav ရဲ့ ကျေးဇူးကြောင့် ဒေသတွင်း ဂေဟစနစ်ကို ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ အခုဆိုရင် အဲဒီတောက ဘန်ဂယ်ကျား၊ သမင်၊ ကြံ့၊ လင်းတငှက်၊ ဆင်၊ မြွေတို့ ပျော်တဲ့ သစ်တောကြီး ဖြစ်နေပါပြီ။ သစ်ပင်တွေက တဖြည်းဖြည်း ကြီးလာပြီး ကျွန်းမှာ အမြစ်တွယ်လာတာကြောင့် ဒေသတွင်းမှာ ရေတိုက်စားတာလည်း ကာကွယ်ပြီးသား ဖြစ်သွားစေပါတယ်။

၂၀၀၇ ခုနှစ်မှာ အိန္ဒိယဓါတ်ပုံဂျာနယ် သတင်းထောက် Jitu Kalita က ငှက်တွေကို ဓါတ်ပုံရိုက်ဖို့ Jadav ထိန်းသိမ်းထားတဲ့တောကို ရှာတွေ့သွားပါတယ်။ Jitu က တောကို ရှာတွေ့ပေမယ့် တောနာမည်ကို မသိခဲ့ပါဘူး။ ရှာဖွေရင်း ရှာဖွေရင်းနဲ့ Jadav ပျိုးထောင်ထားတဲ့ တောဖြစ်မှန်း သိရှိသွားခဲ့တာပါ။ Jitu သာ တောကို ရှာမတွေ့ခဲ့ရင် ခုထိ Jadav ရဲ့ လုပ်ဆောင်မှုကို ဘယ်သူကမှ သိမှာမဟုတ်ပါဘူး။

ဝမ်းသာစရာ ကောင်းတာကတော့ Jadavရဲ့ လုပ်ဆောင်မှုကို အိန္ဒိယသမ္မတက သိရှိသွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Jadav ကို "အိန္ဒိယနိုင်ငံရဲ့သစ်တောလူသား" ဆုကို ချီးမြှင့်ပေးခဲ့ပါတယ်။

Zombie (lovemedia)

for zawgyi

သဲကႏၲာရႀကီးကို စိမ္းစိုတဲ့ေတာအုပ္ျဖစ္လာေအာင္ ႏွစ္ေပါင္း ၄၀ လုံး သစ္ပင္စိုက္ခဲ့တဲ့ အမ်ိဳးသား

အိႏၵိယႏိုင္ငံ ေျမာက္ပိုင္းမွာရွိတဲ့ Majuli ကြၽန္းက အၿမဲလိုလို ေျခာက္ေသြ႕ေနၿပီး သဲကႏၲာရလို ျဖစ္ေနပါတယ္။ Majuli ကြၽန္းက Brahmaputra ျမစ္ထဲမွာ တည္ရွိပါတယ္။ အဲဒီ သဲကႏၲာရကို ေတာအုပ္ႀကီး တစ္ခုအျဖစ္ ေျပာင္းလဲခဲ့တဲ့သူကေတာ့ ႏြားႏို႔ေရာင္းတဲ့ အမ်ိဳးသား တစ္ေယာက္ပါပဲ။

ႏြားႏို႔ေရာင္းတဲ့ Jadav Payeng အသက္ ၁၄ ႏွစ္တုန္းက စိတ္မေကာင္းစရာ ျမင္ကြင္းတစ္ခုကို ျမင္ခဲ့ရပါတယ္။ ေႁမြအေသေတြက Majuli ကြၽန္းတစ္ေလွ်ာက္မွာ ဟိုတစ္ေနရာ၊ ဒီတစ္ေနရာ ျပန႔္က်ဲေနခဲ့တဲ့ ျမင္ကြင္းပါ။ ရာသီဥတု အရမ္းပူတာေၾကာင့္ ေႁမြေတြက ေသသြားၿပီး ျမစ္ေရစီးနဲ႔ ေမ်ာပါလာခဲ့ပါတယ္။

Jadav က အရမ္းကို စိတ္မေကာင္းျဖစ္ၿပီး ဆုံးျဖတ္ခ်က္တစ္ခု ခ်လိုက္ပါတယ္။ က်တ္တီးေျမျဖစ္ေနတဲ့ Majuli ကြၽန္းကို စိမ္းစိုလာဖို႔ သူ႔ဘဝတစ္ေလွ်ာက္လုံး ေန႔တိုင္း သစ္ပင္တစ္ပင္ စိုက္သြားမယ္လို႔ ဆုံးျဖတ္ခ်က္ ခ်လိုက္တာပါ။ သူ႔ရဲ႕စိတ္ကူးကို ၁၉၇၉ ခုႏွစ္ကတည္းက စတင္ခဲ့ပါတယ္။ ႏွစ္ေပါင္း ၄၀ ၾကာတဲ့အခါမွာေတာ့ Majuli ကြၽန္းက ႀကီးမားတဲ့ သစ္ေတာအုပ္ႀကီးတစ္ခု ျဖစ္လာပါေတာ့တယ္။ ကြၽန္းက ဗာတီကန္ၿမိဳ႕ေတာ္ထက္ ၁၂ ဆ ပိုမိုက်ယ္ဝန္းပါတယ္။

Jadav ရဲ႕ ေက်းဇူးေၾကာင့္ ေဒသတြင္း ေဂဟစနစ္ကို ထိန္းသိမ္းႏိုင္ခဲ့ပါတယ္။ အခုဆိုရင္ အဲဒီေတာက ဘန္ဂယ္က်ား၊ သမင္၊ ႀကံ့၊ လင္းတငွက္၊ ဆင္၊ ေႁမြတို႔ ေပ်ာ္တဲ့ သစ္ေတာႀကီး ျဖစ္ေနပါၿပီ။ သစ္ပင္ေတြက တျဖည္းျဖည္း ႀကီးလာၿပီး ကြၽန္းမွာ အျမစ္တြယ္လာတာေၾကာင့္ ေဒသတြင္းမွာ ေရတိုက္စားတာလည္း ကာကြယ္ၿပီးသား ျဖစ္သြားေစပါတယ္။

၂၀၀၇ ခုႏွစ္မွာ အိႏၵိယဓါတ္ပုံဂ်ာနယ္ သတင္းေထာက္ Jitu Kalita က ငွက္ေတြကို ဓါတ္ပုံ႐ိုက္ဖို႔ Jadav ထိန္းသိမ္းထားတဲ့ေတာကို ရွာေတြ႕သြားပါတယ္။ Jitu က ေတာကို ရွာေတြ႕ေပမယ့္ ေတာနာမည္ကို မသိခဲ့ပါဘူး။ ရွာေဖြရင္း ရွာေဖြရင္းနဲ႔ Jadav ပ်ိဳးေထာင္ထားတဲ့ ေတာျဖစ္မွန္း သိရွိသြားခဲ့တာပါ။ Jitu သာ ေတာကို ရွာမေတြ႕ခဲ့ရင္ ခုထိ Jadav ရဲ႕ လုပ္ေဆာင္မႈကို ဘယ္သူကမွ သိမွာမဟုတ္ပါဘူး။

ဝမ္းသာစရာ ေကာင္းတာကေတာ့ Jadavရဲ႕ လုပ္ေဆာင္မႈကို အိႏၵိယသမၼတက သိရွိသြားခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ Jadav ကို "အိႏၵိယႏိုင္ငံရဲ႕သစ္ေတာလူသား" ဆုကို ခ်ီးျမႇင့္ေပးခဲ့ပါတယ္။

Zombie (lovemedia)

Post a Comment

0 Comments