အရူးတွေကို အကြံပေးမိသောအခါ

တခါတုန်းက သရက်ပင်ကြီး တပင်မှာ ငှက်တွေ အများကြီး အသိုက်လုပ် နားခိုနေထိုင် ကြပါတယ်။ သရက်ပင်က ကြီးမားတဲ့ အတွက် ငှက်တွေဟာ လွတ်လပ် ပျော်ရွှင်စွာ နေထိုင်လို့ ရပါတယ်။

မိုးတွင်း မရောက်ခင်မှာ တောထဲက တိရိစ္ဆာန် တော်တော် များများက သူတို့ရဲ့ နေထိုင်ရာ အသိုက်အမြုံတွေကို လုံခြုံအောင် ပြုပြင်ကြပါတယ်။ အစားအစာ တွေလည်း စုဆောင်းသိုလှောင် ကြပါတယ်။

ငှက်တွေကလည်း သူတို့ရဲ့အသိုက်ကို ပိုပြီး လုံခြုံအောင် ပြင်ဆင်ကြ၊ အစားအစာတွေ သိုလှောင်ပြီး အသိုက်ထဲ စုဆောင်း ထားကြပါတယ်။ မိုးတွင်း ရောက်လာတဲ့အခါ ငှက်တွေက အသိုက်ထဲမှာပဲ လုံခြုံစွာ နေထိုင်ပြီး အပြင်မထွက်ကြ တော့ပါဘူး။

မိုးသည်းထန်စွာ ရွာနေတဲ့ တနေ့မှာတော့ မျောက်တကောင်က ထိုသရက်ပင်ကို ရောက်လာ ပါတော့တယ်။ တကိုယ်လုံး စိုရွဲနေပြီး ချမ်းတုန်နေတဲ့ မျောက်ကို ငှက်ကလေးတွေက ကြည့်ပြီး စိတ်မကောင်း ဖြစ်ကြပါတယ်။ အဲဒါနဲ့ပဲ မျောက်ကလေးကို မေးလိုက်ပါတယ်။

"ငါတို့အားလုံးရဲ့ အသိုက်လေးတွေက မင်းကို မိုးမစိုအောင် မလုပ်ပေးနိုင် ကြလို့ စိတ်မကောင်းပါဘူး။ ငါတို့အားလုံး မိုးတွင်း မရောက်ခင်မှာ နေဖို့ စားဖို့ အဆင်သင့် ဖြစ်အောင် ပြင်ဆင်ထား ခဲ့ကြတယ်။

မင်းလည်း ပြင်ဆင်ထားခဲ့ သင့်တယ်။ အဲဒါဆို ဒီလိုဖြစ်မှာ မဟုတ်ဘူး" လို့ စိတ်မကောင်းစွာ အကြံပေးလိုက် ပါတယ်။

စေတနာနဲ့ မေးလိုက်တဲ့ ငှက်ကလေးတွေရဲ့ စကားကို ကြားတဲ့ မိုက်မဲတဲ့ မျောက်ဟာ ဒေါသတကြီးက "ငါ့ကို ဘာလုပ်ရမယ်လို့ ဆရာမလုပ်နဲ့" လို့ပြောပြီး ငှက်ကလေးတွေရဲ့ အသိုက်တွေကို စိတ်ဆိုးမာန်ဆိုးဖြင့် ဖျက်ဆီးပါတော့တယ်။

သနားစရာကောင်းတဲ့ ငှက်ကလေးတွေက ရူးသွပ်ပြီး စဉ်းစာဉာဏ်မရှိတဲ့ မျောက်တကောင်ကြောင့် အားလုံး ပျက်စီးရ ပါတော့တယ်။

မိုက်ရူးရဲ ဆန်သူတွေကို ဘယ်လောက်ပဲ စေတနာနဲ့ အကြံပေးပါစေ ဆရာလုပ်တယ် ထင်ပြီး စေတနာကို တန်ဖိုး မထားတတ်ကြ ပါဘူး။ ဒါ့ကြောင့် သူတဖက်သားကို အကြံဉာဏ် ပေးတော့မယ် ဆိုရင်လည်း စဉ်းစားချင့်ချိန် သင့်ပါတယ်။

Crd

Zawgyi

အ႐ူးေတြကို အႀကံေပးမိေသာအခါ

တခါတုန္းက သရက္ပင္ႀကီး တပင္မွာ ငွက္ေတြ အမ်ားႀကီး အသိုက္လုပ္ နားခိုေနထိုင္ ၾကပါတယ္။ သရက္ပင္က ႀကီးမားတဲ့ အတြက္ ငွက္ေတြဟာ လြတ္လပ္ ေပ်ာ္႐ႊင္စြာ ေနထိုင္လို႔ ရပါတယ္။

မိုးတြင္း မေရာက္ခင္မွာ ေတာထဲက တိရိစာၦန္ ေတာ္ေတာ္ မ်ားမ်ားက သူတို႔ရဲ႕ ေနထိုင္ရာ အသိုက္အၿမဳံေတြကို လုံၿခဳံေအာင္ ျပဳျပင္ၾကပါတယ္။ အစားအစာ ေတြလည္း စုေဆာင္းသိုေလွာင္ ၾကပါတယ္။

ငွက္ေတြကလည္း သူတို႔ရဲ႕အသိုက္ကို ပိုၿပီး လုံၿခဳံေအာင္ ျပင္ဆင္ၾက၊ အစားအစာေတြ သိုေလွာင္ၿပီး အသိုက္ထဲ စုေဆာင္း ထားၾကပါတယ္။ မိုးတြင္း ေရာက္လာတဲ့အခါ ငွက္ေတြက အသိုက္ထဲမွာပဲ လုံၿခဳံစြာ ေနထိုင္ၿပီး အျပင္မထြက္ၾက ေတာ့ပါဘူး။

မိုးသည္းထန္စြာ ႐ြာေနတဲ့ တေန႔မွာေတာ့ ေမ်ာက္တေကာင္က ထိုသရက္ပင္ကို ေရာက္လာ ပါေတာ့တယ္။ တကိုယ္လုံး စို႐ြဲေနၿပီး ခ်မ္းတုန္ေနတဲ့ ေမ်ာက္ကို ငွက္ကေလးေတြက ၾကည့္ၿပီး စိတ္မေကာင္း ျဖစ္ၾကပါတယ္။ အဲဒါနဲ႔ပဲ ေမ်ာက္ကေလးကို ေမးလိုက္ပါတယ္။

"ငါတို႔အားလုံးရဲ႕ အသိုက္ေလးေတြက မင္းကို မိုးမစိုေအာင္ မလုပ္ေပးႏိုင္ ၾကလို႔ စိတ္မေကာင္းပါဘူး။ ငါတို႔အားလုံး မိုးတြင္း မေရာက္ခင္မွာ ေနဖို႔ စားဖို႔ အဆင္သင့္ ျဖစ္ေအာင္ ျပင္ဆင္ထား ခဲ့ၾကတယ္။ မင္းလည္း ျပင္ဆင္ထားခဲ့ သင့္တယ္။ အဲဒါဆို ဒီလိုျဖစ္မွာ မဟုတ္ဘူး" လို႔ စိတ္မေကာင္းစြာ အႀကံေပးလိုက္ ပါတယ္။

ေစတနာနဲ႔ ေမးလိုက္တဲ့ ငွက္ကေလးေတြရဲ႕ စကားကို ၾကားတဲ့ မိုက္မဲတဲ့ ေမ်ာက္ဟာ ေဒါသတႀကီးက "ငါ့ကို ဘာလုပ္ရမယ္လို႔ ဆရာမလုပ္နဲ႔" လို႔ေျပာၿပီး ငွက္ကေလးေတြရဲ႕ အသိုက္ေတြကို စိတ္ဆိုးမာန္ဆိုးျဖင့္ ဖ်က္ဆီးပါေတာ့တယ္။

သနားစရာေကာင္းတဲ့ ငွက္ကေလးေတြက ႐ူးသြပ္ၿပီး စဥ္းစာဉာဏ္မရွိတဲ့ ေမ်ာက္တေကာင္ေၾကာင့္ အားလုံး ပ်က္စီးရ ပါေတာ့တယ္။

မိုက္႐ူးရဲ ဆန္သူေတြကို ဘယ္ေလာက္ပဲ ေစတနာနဲ႔ အႀကံေပးပါေစ ဆရာလုပ္တယ္ ထင္ၿပီး ေစတနာကို တန္ဖိုး မထားတတ္ၾက ပါဘူး။ ဒါ့ေၾကာင့္ သူတဖက္သားကို အႀကံဉာဏ္ ေပးေတာ့မယ္ ဆိုရင္လည္း စဥ္းစားခ်င့္ခ်ိန္ သင့္ပါတယ္။

Crd

Post a Comment

0 Comments