ငါးကြီးကို ပြန်လွှတ်ပေးသူ

တခါတုန်းက လူနှစ်ယောက်ဟာ ကန်ကြီးတကန်ရဲ့ ကမ်းစပ်မှာ ထိုင်ကြရင်း ငါးမျှားနေ ကြတယ်။ သူတို့နှစ်ယောက်စလုံးဟာ ငါးကြီးကြီး ရရင် အိမ်မှာ ညစာအတွက် ဟင်းချက်စားဖို့ စိတ်ကူးထား ကြတယ်။

သူတို့ ငါး စများကြလို့ ၁၀ မိနစ် အကြာမှာ ပထမလူဟာ ငါးကြီးကြီး တကောင် မိသွားတယ်။ သူဟာ ငါးကြီးကို ငါးမျှားချိတ်က ဖြုတ်ပြီး ပါလာတဲ့ ရေထည့်ထားတဲ့ ဘူးကြီးထဲ ထည့်လိုက်တယ်။

သူဟာ နောက်ထပ် ငါးသေးလေးတွေ အများကြီး ထပ်ရလို့ ရေဘူးထဲမှာ ထည့်ထားလိုက်တယ်။ သူဟာ အချိန် အနည်းငယ်အတွင်း ငါးတွေ အများကြီး ဖမ်းမိလိုက်လို့ ပျော်နေတယ်။ ညစာအတွက် ငါးတွေ လုံလောက်ပြီ ဆိုပြီးလည်း ကျေနပ်နေတယ်။

သူနဲ့ မလှမ်းမကမ်းမှာ ငါးထိုင်မျှားနေတဲ့ ဒုတိယလူဟာ အခုချိန်ထိ ငါးတကောင်မှ မရသေးဘူး။ ပထမလူက သူ့ကို ဘာအကူအညီ ပေးရမလဲလို့ မေးလိုက်တယ်။ ဒုတိယလူက အကူအညီ မလိုပါဘူးလို့ စိတ်တိုတဲ့ လေသံနဲ့ ပြန်ပြောတယ်။

သူပြောလိုက်ပြီး မကြာခင်မှာပဲ ငါးအကြီးကြီး တကောင် သူ့ငါးမျှားချိတ်မှာ လာဟပ်လို့ အဲဒီ ငါးကြီးကို ရလိုက်တယ်။ သူဟာ ငါးကြီးကို ငါးမျှားချိတ်က ဖြုတ်ပြီး ရေထဲကို ပစ်ချပြီး ပြန်လွှတ်လိုက်တယ်။

နောက်ထပ် ငါးကြီးတွေ တကောင်ပြီး တကောင်ကို မျှားလို့ ရပြန်တယ်။ ဒါပေမယ့် သူဟာ ရသမျှ ငါးကြီးတွေကို ရေထဲကို ပစ်ချပြီး ပြန်လွှတ်ပေးနေတယ်။ ဒါကို မြင်တွေ့ပြီး နားမလည်တဲ့ ပထမလူက သူ့ကို ပြောလိုက်တယ်။

"ခင်ဗျား ဘာလို့ ငါးတွေကို ပြန်လွှတ်လိုက် တာလဲဗျ။ ငါးတွေက အကြီးကြီးတွေပဲဟာ" ဆိုတော့ ဒုတိယလူက ပြန်ဖြေတယ်။ "ဟုတ်ပါတယ်။ ငါးတွေက အကြီးကြီးတွေမို့ ပြန်လွှတ်လိုက်တာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျုပ်အိမ်က ဒယ်ပြားဟာ သေးနေတော့ ငါးကြီးကြီး ထည့်ကြော်လို့ မရလို့ပါ"

ပထမလူက ငါးကြီးတွေကို အတုံးတွေ တုံးပြီး ဒယ်ပြားသေးသေးမှာ ကြော်လို့ ရပါတယ်လို့ ရှင်းပြတယ်။ ဒါပေမဲ့ ဒုတိယလူဟာ သူ့စကားကို နားမထောင်ဘဲ ငါးဆက်မျှားနေတယ်။ ငါးကြီးရရင် ရေထဲကို ပြန်လွှတ်နေတယ်။

ဒါလေးကို ဟာသပုံပြင်လို့ မှတ်ချင်မှတ်မယ်။ မဖြစ်နိုင်ဘူး လို့လည်း ပြောချင် ပြောနေမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ လူအများစုဟာ ဒုတိယလူလို ဖြစ်နေကြတယ် ဆိုတာကိုရော တွေးမိကြပါရဲ့လား။ အဲဒါက ဒီလိုပါ။

ကျွန်တော်တို့ ဘဝမှာ ကြီးပွားအောင်မြင်ဖို့ အခွင့်အလမ်းတွေ ပေါ်လာတတ်တယ်။ ဒါပေမဲ့ မိမိ လိုချင်တာကိုပဲ အာရုံထားနေတဲ့ အတွက် ပေါ်လာတဲ့ အခွင့်အလမ်း တွေကို မမြင်ကြဘူး။ မြင်ရင်လည်း ဖမ်းဆုပ် မယူတတ်ကြဘူး။

မိမိလိုချင်တာကို အတိအကျ ရဖို့ကိုပဲ စောင့်နေလို့ ကတော့ တသက်လုံး စောင့်နေလည်း ပေါ်လာမှာ မဟုတ်ပါဘူး။ ပေါ်လာတဲ့ အခွင့်အလမ်းကို အမိအရ ဖမ်းယူဆုပ်ပြီး မိမိအတွက် အသုံးချတတ်ဖို့ အရေးကြီးပါတယ်။

Crd Bamaw Thein Pe

Zawgyi

ငါးႀကီးကို ျပန္လႊတ္ေပးသူ

တခါတုန္းက လူႏွစ္ေယာက္ဟာ ကန္ႀကီးတကန္ရဲ႕ ကမ္းစပ္မွာ ထိုင္ၾကရင္း ငါးမွ်ားေန ၾကတယ္။ သူတို႔ႏွစ္ေယာက္စလုံးဟာ ငါးႀကီးႀကီး ရရင္ အိမ္မွာ ညစာအတြက္ ဟင္းခ်က္စားဖို႔ စိတ္ကူးထား ၾကတယ္။

သူတို႔ ငါး စမ်ားၾကလို႔ ၁၀ မိနစ္ အၾကာမွာ ပထမလူဟာ ငါးႀကီးႀကီး တေကာင္ မိသြားတယ္။ သူဟာ ငါးႀကီးကို ငါးမွ်ားခ်ိတ္က ျဖဳတ္ၿပီး ပါလာတဲ့ ေရထည့္ထားတဲ့ ဘူးႀကီးထဲ ထည့္လိုက္တယ္။

သူဟာ ေနာက္ထပ္ ငါးေသးေလးေတြ အမ်ားႀကီး ထပ္ရလို႔ ေရဘူးထဲမွာ ထည့္ထားလိုက္တယ္။ သူဟာ အခ်ိန္ အနည္းငယ္အတြင္း ငါးေတြ အမ်ားႀကီး ဖမ္းမိလိုက္လို႔ ေပ်ာ္ေနတယ္။ ညစာအတြက္ ငါးေတြ လုံေလာက္ၿပီ ဆိုၿပီးလည္း ေက်နပ္ေနတယ္။

သူနဲ႔ မလွမ္းမကမ္းမွာ ငါးထိုင္မွ်ားေနတဲ့ ဒုတိယလူဟာ အခုခ်ိန္ထိ ငါးတေကာင္မွ မရေသးဘူး။ ပထမလူက သူ႔ကို ဘာအကူအညီ ေပးရမလဲလို႔ ေမးလိုက္တယ္။ ဒုတိယလူက အကူအညီ မလိုပါဘူးလို႔ စိတ္တိုတဲ့ ေလသံနဲ႔ ျပန္ေျပာတယ္။

သူေျပာလိုက္ၿပီး မၾကာခင္မွာပဲ ငါးအႀကီးႀကီး တေကာင္ သူ႔ငါးမွ်ားခ်ိတ္မွာ လာဟပ္လို႔ အဲဒီ ငါးႀကီးကို ရလိုက္တယ္။ သူဟာ ငါးႀကီးကို ငါးမွ်ားခ်ိတ္က ျဖဳတ္ၿပီး ေရထဲကို ပစ္ခ်ၿပီး ျပန္လႊတ္လိုက္တယ္။

ေနာက္ထပ္ ငါးႀကီးေတြ တေကာင္ၿပီး တေကာင္ကို မွ်ားလို႔ ရျပန္တယ္။ ဒါေပမယ့္ သူဟာ ရသမွ် ငါးႀကီးေတြကို ေရထဲကို ပစ္ခ်ၿပီး ျပန္လႊတ္ေပးေနတယ္။ ဒါကို ျမင္ေတြ႕ၿပီး နားမလည္တဲ့ ပထမလူက သူ႔ကို ေျပာလိုက္တယ္။

"ခင္ဗ်ား ဘာလို႔ ငါးေတြကို ျပန္လႊတ္လိုက္ တာလဲဗ်။ ငါးေတြက အႀကီးႀကီးေတြပဲဟာ" ဆိုေတာ့ ဒုတိယလူက ျပန္ေျဖတယ္။ "ဟုတ္ပါတယ္။ ငါးေတြက အႀကီးႀကီးေတြမို႔ ျပန္လႊတ္လိုက္တာပါ။ ဘာျဖစ္လို႔လဲ ဆိုေတာ့ က်ဳပ္အိမ္က ဒယ္ျပားဟာ ေသးေနေတာ့ ငါးႀကီးႀကီး ထည့္ေၾကာ္လို႔ မရလို႔ပါ"

ပထမလူက ငါးႀကီးေတြကို အတုံးေတြ တုံးၿပီး ဒယ္ျပားေသးေသးမွာ ေၾကာ္လို႔ ရပါတယ္လို႔ ရွင္းျပတယ္။ ဒါေပမဲ့ ဒုတိယလူဟာ သူ႔စကားကို နားမေထာင္ဘဲ ငါးဆက္မွ်ားေနတယ္။ ငါးႀကီးရရင္ ေရထဲကို ျပန္လႊတ္ေနတယ္။

ဒါေလးကို ဟာသပုံျပင္လို႔ မွတ္ခ်င္မွတ္မယ္။ မျဖစ္ႏိုင္ဘူး လို႔လည္း ေျပာခ်င္ ေျပာေနမွာပါ။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ လူအမ်ားစုဟာ ဒုတိယလူလို ျဖစ္ေနၾကတယ္ ဆိုတာကိုေရာ ေတြးမိၾကပါရဲ႕လား။ အဲဒါက ဒီလိုပါ။

ကြၽန္ေတာ္တို႔ ဘဝမွာ ႀကီးပြားေအာင္ျမင္ဖို႔ အခြင့္အလမ္းေတြ ေပၚလာတတ္တယ္။ ဒါေပမဲ့ မိမိ လိုခ်င္တာကိုပဲ အာ႐ုံထားေနတဲ့ အတြက္ ေပၚလာတဲ့ အခြင့္အလမ္း ေတြကို မျမင္ၾကဘူး။ ျမင္ရင္လည္း ဖမ္းဆုပ္ မယူတတ္ၾကဘူး။

မိမိလိုခ်င္တာကို အတိအက် ရဖို႔ကိုပဲ ေစာင့္ေနလို႔ ကေတာ့ တသက္လုံး ေစာင့္ေနလည္း ေပၚလာမွာ မဟုတ္ပါဘူး။ ေပၚလာတဲ့ အခြင့္အလမ္းကို အမိအရ ဖမ္းယူဆုပ္ၿပီး မိမိအတြက္ အသုံးခ်တတ္ဖို႔ အေရးႀကီးပါတယ္။

Crd Bamaw Thein Pe

Post a Comment

0 Comments