အချက်ပြ မီး

တခါတုန်းက လူတယောက်ဟာ သင်္ဘောပျက်ပြီး ကျွန်းတကျွန်းပေါ်ကို တယောက်တည်း ရောက်သွားပါတယ်။ သူဟာ နေ့တိုင်း နေ့တိုင်းဘုရားသခင် သူ့ကို ကယ်ဖို့ ဆုတောင်းတယ်။

နေ့တိုင်း နေ့တိုင်း တယောက်ယောက်များ လာကယ်မလား မိုးကုတ်စက်ဝန်းကို မျှော်ကြည့်ပြီး စောင့်မျှော်နေတယ်။

နောက်တော့ ရာသီဥတုဒဏ် ခံနိုင်ဖို့ တဲလေး တလုံး ဆောက်ပြီး သူနေရတယ်။

တနေ့တော့ သူအစာ သွားရှာပြီး ပြန်လာတဲ့ အခါမှာ သူတဲလေး မီးလောင်နေတာကို တွေ့လိုက်ရတယ်။

ကံဆိုးမိုးမှောင် ကျလှတဲ့ သူ့ဘဝကို သူ ကျိန်ဆဲ၊ ငိုကြွေးပြီး အိပ်ပျော် သွားတယ်။

နောက်တနေ့ မနက်မှာတော့ သူ့ကို သင်္ဘောတစီးက လာကယ်တယ်။ သင်္ဘော ကတ်ပတိန်ကို သူက မေးတယ်။

သူဒီမှာ ရှိမှန်း ခင်ဗျားတို့ဘယ်လို သိသလဲပေါ့။ ကတ်ပတိန်က ပြောတယ် ခင်ဗျား "မီးခိုးနဲ့ အချက်ပြ ခဲ့တယ်လေ" တဲ့။

တခါတလေ ဘဝမှာ ကိုယ်တန်ဖိုးထားရတဲ့ အရာတွေ ဆုံးရှံးရတဲ့အခါ အရမ်း ပူဆွေး သောက ရောက်မနေပါနဲ့။

အဲဒါဟာ ပိုကောင်းတဲ့အရာ တခုခု ဖြစ်လာဖို့ အတွက်လည်း ဖြစ်နိုင်ပါသေးတယ်။ အဲဒါဟာ သင့်အတွက် အချက်ပြမီးခိုး ဖြစ်နိုင် ပါသေးတယ်။

crd org

phoomyatchal

Zawgyi

အခ်က္ျပ မီး

တခါတုန္းက လူတေယာက္ဟာ သေဘၤာပ်က္ၿပီး ကြၽန္းတကြၽန္းေပၚကို တေယာက္တည္း ေရာက္သြားပါတယ္။ သူဟာ ေန႔တိုင္း ေန႔တိုင္းဘုရားသခင္ သူ႔ကို ကယ္ဖို႔ ဆုေတာင္းတယ္။

ေန႔တိုင္း ေန႔တိုင္း တေယာက္ေယာက္မ်ား လာကယ္မလား မိုးကုတ္စက္ဝန္းကို ေမွ်ာ္ၾကည့္ၿပီး ေစာင့္ေမွ်ာ္ေနတယ္။ ေနာက္ေတာ့ ရာသီဥတုဒဏ္ ခံႏိုင္ဖို႔ တဲေလး တလုံး ေဆာက္ၿပီး သူေနရတယ္။

တေန႔ေတာ့ သူအစာ သြားရွာၿပီး ျပန္လာတဲ့ အခါမွာ သူတဲေလး မီးေလာင္ေနတာကို ေတြ႕လိုက္ရတယ္။ ကံဆိုးမိုးေမွာင္ က်လွတဲ့ သူ႔ဘဝကို သူ က်ိန္ဆဲ၊ ငိုေႂကြးၿပီး အိပ္ေပ်ာ္ သြားတယ္။

ေနာက္တေန႔ မနက္မွာေတာ့ သူ႔ကို သေဘၤာတစီးက လာကယ္တယ္။ သေဘၤာ ကတ္ပတိန္ကို သူက ေမးတယ္။ သူဒီမွာ ရွိမွန္း ခင္ဗ်ားတို႔ဘယ္လို သိသလဲေပါ့။ ကတ္ပတိန္က ေျပာတယ္ ခင္ဗ်ား "မီးခိုးနဲ႔ အခ်က္ျပ ခဲ့တယ္ေလ" တဲ့။

တခါတေလ ဘဝမွာ ကိုယ္တန္ဖိုးထားရတဲ့ အရာေတြ ဆုံးရွံးရတဲ့အခါ အရမ္း ပူေဆြး ေသာက ေရာက္မေနပါနဲ႔။ အဲဒါဟာ ပိုေကာင္းတဲ့အရာ တခုခု ျဖစ္လာဖို႔ အတြက္လည္း ျဖစ္ႏိုင္ပါေသးတယ္။ အဲဒါဟာ သင့္အတြက္ အခ်က္ျပမီးခိုး ျဖစ္ႏိုင္ ပါေသးတယ္။

crd org

phoomyatchal

Post a Comment

0 Comments