ခံစားမနေပါနဲ့

လင်ငယ်နေတတ်တဲ့ မိန်းမတယောက်က ဈေးရောင်းရင်း ငိုက်နေတဲ့ မိန်းမတယောက်ကို မြင်တော့ သူလည်း ငါ့လိုပဲ ညက ချိန်းတွေ့ပြီး အိပ်ရေး ပျက်နေတာ ထင်တယ် ဆိုပြီး တွေးတယ်၊၊

အတုတွေပဲ ဝတ်တတ်တဲ့ မိန်းမက တခြားမိန်းမတွေ စိန်တွေ ရွှေတွေ ဝတ်လာရင် အတုတွေပဲ ထင်တယ် ဆိုပြီး တွေးတယ်၊၊

ပြည့်တန်ဆာ မိန်းမက တခြားမိန်းမ တယောက်ကို သူစိမ်းယောကျ်ား တယောက်နဲ့ လမ်းမှာ တွေ့တဲ့အခါ အော်ဒါ ရသွားပြီးလို့ တွေးတယ်၊၊

အရမ်းရှုပ်တတ်တဲ့ မိန်းမက တခြားမိန်းမ တယောက်ကို သူစိမ်းယောကျ်ား တယောက်နဲ့ တွေ့တိုင်း သူ့လို ရှုပ်တဲ့မိန်းမလို့ တွေးတယ်၊၊

ကျောင်းဆရာတယောက်က လမ်းတွေ့လို့ ဆရာဆိုပြီး နှုတ်ဆက်တဲ့ လူတိုင်းကို သူတပည့်တွေပဲလို့ တွေးတယ်၊၊

အတင်းအဖျင်းတွေ လှည့်ပြောတတ်တဲ့ မိန်းမက အခြားသူတွေရဲ့ စကားဝိုင်းတွေ့တိုင်း အတင်းပြောနေကြတာ ထင်တယ်လို့ တွေးတယ်၊၊

အနီကြိုက်တဲ့ သူတိုင်းက ပုဆိုးစိမ်းလေး ဝတ်မိတာနဲ့ ဒီလူက အစိမ်းဘဲလို့ တွေးတယ်၊၊ ပွဲစား လုပ်တဲ့ မိန်းမတယောက်က တခြားမိန်းမတယောက်ကို သူစိမ်းယောကျ်ားတွေနဲ့ တွေ့တဲ့အခါ ဘာတွေ ပွဲတည့်သွားလဲမသိ လို့ တွေးတယ်၊၊

ကိုယ့်စိတ်ဓာတ်အပေါ် မှုတည် အတွေးတွေ ကွာခြားသွားပါတယ်။ ရှမြင်ပုံတွေ မတူတော့တာပါ၊၊ အမြင်က အမြင် အထင်က အထင် လက်တွေ့က လက်တွေ့ပါ၊၊

တဖက်လူရဲ့ အတွေးက သူ့စိတ်နဲ့ လှမ်းမှီသလောက်ပဲ ရှိမှာမို့ တွေးခြင်ရာ တွေးပါစေ ထင်ချင်သလောက် ထင်ပါစေ လိုက်မခံစားနေဖို့ မလိုပါဘူး၊၊

အမှန်တရားဆိုတာ တခါတရံ ဇာတ်သိမ်းကျမှ ပေါ်လာတာမျိုးလေ။ ကိုယ်ပြုရာ ကိုယ်တိုင်သာ ခံစားရှိရင် ခံရမှာ စံစရာ ရှိရင်လည်း စံကြရမှာလေ၊၊ လူဆိုတာမျိုးက ကိုယ့်စိတ်နဲ့ တိုင်းတာပြီး တန်ရာတန်ရာ ကိုသာ ထင်ကြေးတွေ ပေးတက်ကြတာပါ၊၊

ဘဝဇာတ်ဆရာ အလိုကျ ကကြရမှာက ကိုယ်တာဝန်ပါ၊၊ ပြောချင်ရာ ပြောကြပါစေ ကျရာနေရာ ကနေ ကိုယ်တိုင် စီမံခန့်ခွဲပြီး ကိုယ်တိုင်သာ လုပ်သွားရမှာပါ၊၊

လုပ်သမျှ ကောင်းမွေ ဆိုမွေကို ကိုယ်တိုင် ခံစားရမှာပါ၊၊ ကဲ့ရဲ့ရှုတ်ချတာတွေ သူမြင် သူထင်တာတွေကို ဂရုမစိုက်ပါနဲ့၊၊ ကိုယ်တိုင် လှော်တဲ့လေ ကိုယ်တိုင် ပဲ့ကိုင်ပြီး လိုရာခရီး ရောက်အောင်သွားပါ၊၊

ဘယ်သူကဲ့ရဲ့ ကဲ့ရဲ့ ဘုရား မကဲ့ရဲ့အောင်နေ လူပီသအောင် နေနိုင်ဖို့ဘဲ အရေးကြီးပါ။

Crd

Zawgyi

ခံစားမေနပါနဲ႔

လင္ငယ္ေနတတ္တဲ့ မိန္းမတေယာက္က ေဈးေရာင္းရင္း ငိုက္ေနတဲ့ မိန္းမတေယာက္ကို ျမင္ေတာ့ သူလည္း ငါ့လိုပဲ ညက ခ်ိန္းေတြ႕ၿပီး အိပ္ေရး ပ်က္ေနတာ ထင္တယ္ ဆိုၿပီး ေတြးတယ္၊၊

အတုေတြပဲ ဝတ္တတ္တဲ့ မိန္းမက တျခားမိန္းမေတြ စိန္ေတြ ေ႐ႊေတြ ဝတ္လာရင္ အတုေတြပဲ ထင္တယ္ ဆိုၿပီး ေတြးတယ္၊၊

ျပည့္တန္ဆာ မိန္းမက တျခားမိန္းမ တေယာက္ကို သူစိမ္းေယာက်္ား တေယာက္နဲ႔ လမ္းမွာ ေတြ႕တဲ့အခါ ေအာ္ဒါ ရသြားၿပီးလို႔ ေတြးတယ္၊၊

အရမ္းရႈပ္တတ္တဲ့ မိန္းမက တျခားမိန္းမ တေယာက္ကို သူစိမ္းေယာက်္ား တေယာက္နဲ႔ ေတြ႕တိုင္း သူ႔လို ရႈပ္တဲ့မိန္းမလို႔ ေတြးတယ္၊၊

ေက်ာင္းဆရာတေယာက္က လမ္းေတြ႕လို႔ ဆရာဆိုၿပီး ႏႈတ္ဆက္တဲ့ လူတိုင္းကို သူတပည့္ေတြပဲလို႔ ေတြးတယ္၊၊

အတင္းအဖ်င္းေတြ လွည့္ေျပာတတ္တဲ့ မိန္းမက အျခားသူေတြရဲ႕ စကားဝိုင္းေတြ႕တိုင္း အတင္းေျပာေနၾကတာ ထင္တယ္လို႔ ေတြးတယ္၊၊

အနီႀကိဳက္တဲ့ သူတိုင္းက ပုဆိုးစိမ္းေလး ဝတ္မိတာနဲ႔ ဒီလူက အစိမ္းဘဲလို႔ ေတြးတယ္၊၊ ပြဲစား လုပ္တဲ့ မိန္းမတေယာက္က တျခားမိန္းမတေယာက္ကို သူစိမ္းေယာက်္ားေတြနဲ႔ ေတြ႕တဲ့အခါ ဘာေတြ ပြဲတည့္သြားလဲမသိ လို႔ ေတြးတယ္၊၊

ကိုယ့္စိတ္ဓာတ္အေပၚ မႈတည္ အေတြးေတြ ကြာျခားသြားပါတယ္။ ရွျမင္ပုံေတြ မတူေတာ့တာပါ၊၊ အျမင္က အျမင္ အထင္က အထင္ လက္ေတြ႕က လက္ေတြ႕ပါ၊၊

တဖက္လူရဲ႕ အေတြးက သူ႔စိတ္နဲ႔ လွမ္းမွီသေလာက္ပဲ ရွိမွာမို႔ ေတြးျခင္ရာ ေတြးပါေစ ထင္ခ်င္သေလာက္ ထင္ပါေစ လိုက္မခံစားေနဖို႔ မလိုပါဘူး၊၊

အမွန္တရားဆိုတာ တခါတရံ ဇာတ္သိမ္းက်မွ ေပၚလာတာမ်ိဳးေလ။ ကိုယ္ျပဳရာ ကိုယ္တိုင္သာ ခံစားရွိရင္ ခံရမွာ စံစရာ ရွိရင္လည္း စံၾကရမွာေလ၊၊ လူဆိုတာမ်ိဳးက ကိုယ့္စိတ္နဲ႔ တိုင္းတာၿပီး တန္ရာတန္ရာ ကိုသာ ထင္ေၾကးေတြ ေပးတက္ၾကတာပါ၊၊

ဘဝဇာတ္ဆရာ အလိုက် ကၾကရမွာက ကိုယ္တာဝန္ပါ၊၊ ေျပာခ်င္ရာ ေျပာၾကပါေစ က်ရာေနရာ ကေန ကိုယ္တိုင္ စီမံခန႔္ခြဲၿပီး ကိုယ္တိုင္သာ လုပ္သြားရမွာပါ၊၊

လုပ္သမွ် ေကာင္းေမြ ဆိုေမြကို ကိုယ္တိုင္ ခံစားရမွာပါ၊၊ ကဲ့ရဲ႕ရႈတ္ခ်တာေတြ သူျမင္ သူထင္တာေတြကို ဂ႐ုမစိုက္ပါနဲ႔၊၊ ကိုယ္တိုင္ ေလွာ္တဲ့ေလ ကိုယ္တိုင္ ပဲ့ကိုင္ၿပီး လိုရာခရီး ေရာက္ေအာင္သြားပါ၊၊

ဘယ္သူကဲ့ရဲ႕ ကဲ့ရဲ႕ ဘုရား မကဲ့ရဲ႕ေအာင္ေန လူပီသေအာင္ ေနႏိုင္ဖို႔ဘဲ အေရးႀကီးပါ။

Crd

Post a Comment

1 Comments

  1. ခံစားမနေပါနဲ့

    လင်ငယ်နေတက်တဲ့ မိန်းမတယောက်က ဈေးရောင်းရင်း ငိုက်နေတဲ့ မိန်းမတယောက်ကို မြင်တော့ သူလည်း ငါ့လိုပဲ

    အခုစာမျက်နှာမှာ သတ်ပုံတွေ အတော်မှန်လို့ တချို့စာတွေကို ကူးယူပြီးတင်ပါတယ်။ ဒီစာမှာ (တက်) နဲ့ (တတ်) မှားနေတယ်။

    တက်နဲ့ တတ်က အတော်ကို မှားနေကြတယ်။ ဘာကြောင့်လဲ မသိသေး။ ကျောင်းမှာ အဲလိုသင်နေပြီလား။ သင်ပေးသူကိုယ်တိုင်က မှားနေသလား။

    လင်ငယ်နေတတ်တဲ့ လို့ ရေးတယ်။ (ကန်တော့)။
    စာတတ်သည်
    ကျောင်းတက်သည်
    စျေးတက်သည်
    စျေးမဝယ်တတ်
    စာမတတ်လို့ အတန်းမတက်ရ

    ဒေါက်တာတင့်ဆွေ

    ReplyDelete