ခံစားတတ်မှု

အမေရိကန်နိုင်ငံ၊ ဝါရှင်တန် မြို့တော်ရဲ့ မြေအောက်ရထား ဘူတာရုံ Metro Station မှာပေါ့။ လူတယောက်ဟာ ရထားစီးမယ့် လူတွေများလာတဲ့ အချိန်မှာ မတ်တတ်ရပ်ပြီး ကမ္ဘာကျာ် တေးဂီတပညာရှင် Johann Christian Bach ရေးစပ် တီးမှုတ်ခဲ့တဲ့ Bach Pieces မြူးဇစ်ကို ၄၅ မိနစ်ကြာ တယောထိုး ဖြေဖျော်နေတယ်။

အနက်ရောင် ကက်ဦးထုပ်ကို ခပ်ငိုက်ငိုက် ဆောင်းထားပြီး သူ့ရှေ့မှာ ပိုက်ဆံထည့်ဖို့ ပလပ်စတစ်ခွက် တလုံး ချထားတယ်။ တယောထိုးတာ ၄၅ မိနစ် ကြာသွားပြီ။

ဒီအချိန် အတွင်းမှာ လူ ၆ ယောက်ပဲ ခဏလေး ရပ်ပြီး နားထောင်ကြတယ်။ လူ ၂၀ လောက် ကတော့ ငွေအကြွေစေ့လေးတွေ ပစ်ထည့်သွား ကြတယ်။

စုစုပေါင်း ၃၂ ဒေါ်လာ နဲ့ ၂၅ ဆင့် ရတယ်။ လက်ခုပ်တီး အားပေးမဲ့သူ တယောက်မှ မရှိပါဘူး။ သူဟာ အဲဒီ နေရာက တိတ်တဆိတ် ပြန်ထွက်သွားတယ်။

တယောသမားရဲ့ နာမည်က ဂျောရှုဝါဘဲလ်ပါ။ ကမ္ဘာကျော် တယောထိုး ပညာရှင်ပါ။ သူထိုးနေတဲ့ တယောဟာ ဒေါ်လာ ၃.၅ သန်း တန်ပါတယ်။ သူ့ကို ဂျောရှုဝါဘဲလ်မှန်း ဘယ်သူမှ မသိကြဘူး။

နောက်နှစ်ရက် အကြာမှာ သူဟာ ပရိတ်သတ် ၄၀၀၀ ဆန့်တဲ့ ဘော်စတွန်မြို့က ပြဇာတ်ရုံကြီးမှာ တကိုယ်တော် တယောထိုး ဖြေဖျော်ပါတယ်။

လက်မှတ် အားလုံး ရောင်းကုန် သွားပါတယ်။ လက်မှတ် တစောင်ရဲ့ တန်ဖိုးဟာ ဒေါ်လာ ၁၀၀ ဖြစ်ပါတယ်။

ဒါဟာ တကယ့် အဖြစ်အပျက်ပါ။ Washington Post သတင်းစာကြီးက ကမကထ လုပ်ပြီး စီစဉ်လိုက်တာပါ။ လူတွေဟာ ခမ်းခမ်း နားနား ဇာတ်ရုံကြီးတွေမှာ ဖျော်ဖြေတာ မဟုတ်ရင် ခံစားတတ်ကြရဲ့လား ဆိုတာကို သိချင်လို့ စမ်းသပ်ကြည့် လိုက်တာပါ။

မခံစားတတ်ကြဘူး ဆိုတာကို သူတို့ လက်တွေ့ မြင်တွေ့လိုက်ရ ပါပြီ။

လူအများစုဟာ ပကာသန ဖုံးလွှမ်းနေတဲ့ ခမ်းခမ်းနားနား အလှအပတွေကိုပဲ ခံစားတတ်ကြပြီး ပကာသန မပါဘဲ ရိုးရှင်းတဲ့ အလှအပကို မခံစားတတ် ကြပါဘူး။ မမြင်တွေ့တတ် ကြပါဘူး။

Crd

Zawgyi

ခံစားတတ္မႈ

အေမရိကန္ႏိုင္ငံ၊ ဝါရွင္တန္ ၿမိဳ႕ေတာ္ရဲ႕ ေျမေအာက္ရထား ဘူတာ႐ုံ Metro Station မွာေပါ့။ လူတေယာက္ဟာ ရထားစီးမယ့္ လူေတြမ်ားလာတဲ့ အခ်ိန္မွာ မတ္တတ္ရပ္ၿပီး ကမာၻက်ာ္ ေတးဂီတပညာရွင္ Johann Christian Bach ေရးစပ္ တီးမႈတ္ခဲ့တဲ့ Bach Pieces ျမဴးဇစ္ကို ၄၅ မိနစ္ၾကာ တေယာထိုး ေျဖေဖ်ာ္ေနတယ္။

အနက္ေရာင္ ကက္ဦးထုပ္ကို ခပ္ငိုက္ငိုက္ ေဆာင္းထားၿပီး သူ႔ေရွ႕မွာ ပိုက္ဆံထည့္ဖို႔ ပလပ္စတစ္ခြက္ တလုံး ခ်ထားတယ္။ တေယာထိုးတာ ၄၅ မိနစ္ ၾကာသြားၿပီ။ ဒီအခ်ိန္ အတြင္းမွာ လူ ၆ ေယာက္ပဲ ခဏေလး ရပ္ၿပီး နားေထာင္ၾကတယ္။

လူ ၂၀ ေလာက္ ကေတာ့ ေငြအေႂကြေစ့ေလးေတြ ပစ္ထည့္သြား ၾကတယ္။ စုစုေပါင္း ၃၂ ေဒၚလာ နဲ႔ ၂၅ ဆင့္ ရတယ္။ လက္ခုပ္တီး အားေပးမဲ့သူ တေယာက္မွ မရွိပါဘူး။ သူဟာ အဲဒီ ေနရာက တိတ္တဆိတ္ ျပန္ထြက္သြားတယ္ ။

တေယာသမားရဲ႕ နာမည္က ေဂ်ာရႈဝါဘဲလ္ပါ။ ကမာၻေက်ာ္ တေယာထိုး ပညာရွင္ပါ။ သူထိုးေနတဲ့ တေယာဟာ ေဒၚလာ ၃.၅ သန္း တန္ပါတယ္။ သူ႔ကို ေဂ်ာရႈဝါဘဲလ္မွန္း ဘယ္သူမွ မသိၾကဘူး။

ေနာက္ႏွစ္ရက္ အၾကာမွာ သူဟာ ပရိတ္သတ္ ၄၀၀၀ ဆန႔္တဲ့ ေဘာ္စတြန္ၿမိဳ႕က ျပဇာတ္႐ုံႀကီးမွာ တကိုယ္ေတာ္ တေယာထိုး ေျဖေဖ်ာ္ပါတယ္။ လက္မွတ္ အားလုံး ေရာင္းကုန္ သြားပါတယ္။ လက္မွတ္တေစာင္ရဲ႕ တန္ဖိုးဟာ ေဒၚလာ ၁၀၀ ျဖစ္ပါတယ္။

ဒါဟာ တကယ့္ အျဖစ္အပ်က္ပါ။ Washington Post သတင္းစာႀကီးက ကမကထ လုပ္ၿပီး စီစဥ္လိုက္တာပါ။ လူေတြဟာ ခမ္းခမ္း နားနား ဇာတ္႐ုံႀကီးေတြမွာ ေဖ်ာ္ေျဖတာ မဟုတ္ရင္ ခံစားတတ္ၾကရဲ႕လား ဆိုတာကို သိခ်င္လို႔ စမ္းသပ္ၾကည့္ လိုက္တာပါ။

မခံစားတတ္ၾကဘူး ဆိုတာကို သူတို႔ လက္ေတြ႕ ျမင္ေတြ႕လိုက္ရ ပါၿပီ။ လူအမ်ားစုဟာ ပကာသန ဖုံးလႊမ္းေနတဲ့ ခမ္းခမ္းနားနား အလွအပေတြကိုပဲ ခံစားတတ္ၾကၿပီး ပကာသန မပါဘဲ ႐ိုးရွင္းတဲ့ အလွအပကို မခံစားတတ္ ၾကပါဘူး။ မျမင္ေတြ႕တတ္ ၾကပါဘူး။

Crd

Post a Comment

0 Comments