အရမ်းဝတုတ်နေလို့ ရေဆိုးမြောင်းဖုံးမှာ တစ်နေတဲ့ ကြွက်လေးကို ကယ်ဆယ်ပေးခဲ့တဲ့ မီးသတ်သမားများ (ရုပ်သံ)

ဂျာမနီနိုင်ငံမှာ ကြွက်လေးတစ်ကောင်က အရမ်းဝကစ်ပြီး ရေဆိုးမြောင်းဖုံးမှာ တစ်နေတဲ့သတင်းကို မီးသတ်သမားတွေ သိသွားတဲ့အခါ ကယ်ဆယ်ရေး တစ်ဖွဲ့လုံး ရောက်ရှိလာကြပါတယ်။

ကြွက်လေးက ရေဆိုးမြောင်းဖုံးဝမှာ တစ်နေခဲ့တာပါ။ လမ်းသွားလမ်းလာတွေက သူ့ကို ကယ်တင်ချင်ပေမယ့် ဘယ်လိုကယ်တင်ရမှန်း မသိကြပါဘူး။

ကယ်ဆယ်ရေး အသင်းတစ်ခုက ကြွက်လေးကို မကယ်နိုင်တာကြောင့် မီးသတ်ဌာနကို ဖုန်းလိုက်ဆက်လိုက်ကြပါတယ်။

အဲဒါကြောင့် မီးသတ်ဌာနက ကယ်ဆယ်ရေးသမားတွေက ကြွက်လေးတစ်ကောင်ကို ကယ်တင်ဖို့ ရောက်လာကြပါတယ်။

မီးသတ်ဌာနက ကယ်ဆယ်ရေးကွင်းနဲ့ ကြွက်လေးခန္ဓာကိုယ်ကို ပတ်ပြီးတော့ ရေဆိုးမြောင်းဖုံးကနေ ကယ်ထုတ်နိုင်ခဲ့ပါတယ်။

ကယ်ဆယ်ရေးအဖွဲ့က ကြွက်လေးကို ကယ်တင်နိုင်ခဲ့တာနဲ့ တစ်ပြိုင်နက် ဘေးအနီးအနားမှာ ရှိသူတွေက ကယ်ဆယ်ရေး သမားတွေကို ချီးကျူးဂုဏ်ပြု နိုင်ခဲ့ပါတယ်။

ကလေးတစ်ယောက်က ကယ်ဆယ်ရေးသမားတွေအတွက် အသည်းပုံလေးဆွဲပြီး ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့ပါတယ်။

ကြွက်လေးတစ်ကောင်ဆိုပြီး ပေါ့ပေါ့တန်တန် သဘောမထားဘဲ သနားစာနာစိတ်နဲ့ ကယ်တင်ပေးခဲ့တဲ့ စိတ်ဓါတ်ပိုင်ရှင်တွေကို လူအများက လေးစားနေကြပါတယ်။

ကြွက်လေးကို ကယ်ဆယ်တဲ့ ဗီဒီယိုကို ကြည့်ရှုနိုင်ပါတယ်။

Zombie (lovemedia)

for zawgyi









Zombie (lovemedia)

Post a Comment

0 Comments