Toxic family ကြောင့်ဖြစ်လာတဲ့ နောက်ဆက်တွဲ ဆိုးကျိုး (၈) ခု

ဝုန်းဒိုင်းကြဲခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ စိတ်ခံစားချက် အစစ်အမှန်တွေကို ဖုံးကွယ်ခြင်းနှင့် မိမိကိုယ်ကို အထင်ကြီး လေးစားခြင်းတို့ဟာ မိဘတွေက သားသမီးတွေကို လက်ဆင့်ကမ်းကြပါတယ်။ မိဘတွေက မသင်ပြပေးရင်တောင် သားသမီးတွေက လိုက်ပြီးအတုယူတတ်ကြပါတယ်။

အတ္တစိတ်တွေနှင့် သားသမီးတွေရဲ့ ခံစားချက်တွေအပေါ် လျစ်လျူရှုခြင်းဟာ ကလေးဘဝမှာ ကြီးမားတဲ့ အကျိုးသက်ရောက်မှုကို ဖြစ်စေပါတယ်။ ရလဒ်အနေနဲ့ ကလေးတွေဟာ သူတို့ကိုယ်သူတို့ ဝေဖန်လာတယ်၊ ကူကယ်ရာမဲ့လို့ ခံစားလာရပြီး သူတို့ရဲ့ လူမှုဘဝတွေမှာ ပြဿနာတွေ ရှိလာတတ်ကြပါတယ်။

၁။ ခြယ်လှယ်တာကို ကြောက်ခြင်း

Toxic ဆန်တဲ့မိဘတွေဟာ အခြား မိသားစုဝင်တွေကို ထိန်းချုပ်ဖို့ ခြယ်လှယ်တဲ့ နည်းလမ်းကို အသုံးပြုလေ့ ရှိပါတယ်။ နေ့စဉ်နေ့တိုင်း ပြုလုပ်နေမယ်ဆိုရင်တော့ ဒီအပြုအမူဟာ ပုံမှန်မဟုတ်တော့ဘဲ စိတ်ပိုင်းဆိုင်ရာ စော်ကားမှုအဖြစ်ကို ပြောင်းလဲသွားပါတယ်။ ဒီလိုဖြစ်ပါများလာရင် သင့်ပတ်ဝန်းကျင်မှာရှိတဲ့ အခြားသူတွေကို ယုံကြည်ကိုးစားမှု လျော့နည်းစေပြီး သင့်ကို ပေါင်းသင်းဆက်ဆံရေး ညံ့တယ်လို့ ခံစားရစေနိုင်ပါတယ်။ သင့်မိသားစုရဲ့ အဆက်မပြတ်ခြယ်လှယ်ခြင်းကို ခံစားရခြင်းက လူတွေကိုရှောင်ဖို့ အမူအကျင့်တွေ ဖြစ်ပေါ်စေပါတယ်။

၂။ လူတွေနဲ့ ပေါင်းသင်းရ ခက်ခြင်း

လူတစ်ယောက်ဟာ ခြယ်လှယ်မှုတွေနဲ့ အခြားစိတ်ပိုင်းဆိုင်ရာ စော်ကားမှုတွေမှာ ကြီးပြင်းလာတဲ့အခါ ဒီလူကို မှတ်ထားတတ်ကြပါတယ်။ အချို့သော မိဘတွေဟာ သူတို့ရဲ့ကလေးတွေကို လိုအပ်တဲ့ပံ့ပိုးမှုတွေနဲ့ ပံ့ပိုးမပေးနိုင်ကြပါဘူး။ ဒီအခြေအနေမှာ အမြဲရှိနေရမယ် ဆိုတဲ့ ခံစားချက်ကို နောက်ပိုင်းမှာ ယုံကြည်ဖို့ ခက်ခဲလာလိမ့်မယ်။ အဆုံးမှာတော့ သင်ဟာ အခြားသူတွေကို ယုံကြည်ကိုးစားပြီး  ရင်ဖွင့်ခြင်းတွေမှာ အခက်အခဲတွေ ရှိလာနိုင်ပါတယ်။

၃။ ရှုံးနိမ့်မှုတွေနဲ့  အခက်တွေ့နေရခြင်း

မကောင်းတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာတဲ့ ကလေးတွေဟာ အမြဲတမ်း ကိုယ့်ကိုယ်ကို မကောင်းဘူး ဒါမှမဟုတ် တန်ဖိုးမရှိဘူးလို့ အမြဲတစေ ခံစားနေရပါတယ်။ သူတို့ရဲ့မိဘတွေဟာ သူတို့အပေါ် အလွန်အကျွံ တောင်းဆိုတာတွေများပြီး မျှော်လင့်ထားသလိုတွေ မဖြစ်လာရင် သူတို့ကို အပြစ်တင်မှာ ကြောက်ကြပါတယ်။ နောက်ဆုံးမှာတော့ သူတို့ဟာ မိမိကိုယ်ကို လေးစားမှု နည်းပါးသွားပြီးတော့ မိမိကိုယ်ကို ဂရုစိုက်မှု ကင်းမဲ့လာကြပါတယ်။ ဒါ့ကြောင့် အသေးဆုံးအမှား ဒါမှမဟုတ် ကျရှုံးမှုလေးတစ်ခုဟာ သူတို့ကို လန့်သွားစေနိုင်ပြီး သောင်းကျန်းတတ်တဲ့ အကျင့်ဆီကို ဦးတည်သွားစေနိုင်ပါတယ်။

၄။ ကိုယ့်ကိုယ်ကို ယုံကြည်မှု အားနည်းလာခြင်း

စိတ်ကျန်းမာရေးအကြောင်း ပြောတဲ့အခါမှာ အရေးကြီးတဲ့ အရာကတော့ မိသားစု အချင်းချင်းလေးစားခြင်းပဲ ဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာနဲ့ ပိုင်ဆိုင်ခြင်းဆိုတဲ့ ခံစားချက်လိုပဲ အရေးကြီးပါတယ်။ ကလေးနှင့် သူတို့ရဲ့မိဘကြားက ဆက်ဆံရေးဟာ ရိုင်းစိုင်းနေရင် ကလေးဟာ စိတ်ထဲမှာ သိမ်ငယ်သွားပြီးတော့ အမှတ်သညာ ထားတတ်သွားပါတယ်။ ဒီလို အခြေအနေမှာ မိမိကိုယ်ကို လေးစားမှု လျော့နည်းသွားပါတယ်။ ဒါဟာ စိုးရိမ်ပူပန်မှုနှင့် စိတ်ဓာတ်ကျခြင်းလိုမျိုး ဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။

၅။ ကိုယ့်ကိုကိုယ် အများကြီးဝေဖန်ခြင်း

မိမိကိုယ်ကို လေးစားမှုနည်းခြင်းဟာ ကလေးတစ်ယောက်ကို မိုက်မဲခြင်း၊ မထိုက်တန်ခြင်းနှင့် ပိုကောင်းတဲ့ အရာတစ်ခုခုရယူဖို့ မထိုက်တန်ဘူးလို့ ခံစားရစေပါတယ်။ ဒီကလေးတွေ လုပ်သမျှမှာ သူတို့ကိုယ်သူတို့ ဝေဖန်တာ၊ တွန့်ဆုတ်တာ၊ ဒုတိယ အတွေးတွေ ရှိလာစေနိုင်ပါတယ်။ သူတို့ဟာ အခြားသူတွေထက် ပိုဆိုးတယ်လို့ လက်ခံထားကြပြီးတော့ သူတို့ဟာ လိုအပ်တဲ့ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေ မရရှိသောကြောင့် ဒီအခြေအနေကနေလည်း မရုန်းထွက်နိုင်ကြပါဘူး။

၆။ ခံစားချက်တွေကို အလေးမထားတော့ခြင်း

အမြဲတမ်း နှုတ်ဖြင့် ဒါမှမဟုတ် ရုပ်ပိုင်းဆိုင်ရာ ရိုက်နှက်တတ်တဲ့ မိဘတွေဟာ သူတို့သားသမီးတွေရဲ့ စိတ်ခံစားမှုကို လစ်လျူရှုထား တတ်ကြပါတယ်။ ဒါ့အပြင် ကလေးတွေက သူတို့ရဲ့ စိတ်ခံစားချက်တွေကို ထုတ်ဖော်ပြောဆိုဖို့ ကြိုးစားရင်လည်း လက်မခံပဲ ပိုမိုရိုက်နှက် တတ်ကြပါသေးတယ်။ ရလဒ်အနေနဲ့ ကလေးတွေဟာ သူတို့ရဲ့နာကျင်မှုတွေ၊ နာကြည်းမှုတွေ၊ ဒေါသတွေကို ဖုံးကွယ်ထားတတ် လာကြပါတယ်။ သူတို့ရဲ့ ဘဝခရီးလမ်းတစ်လျှောက်မှာလည်း  အခြားသူတွေရဲ့ စိတ်ခံစားချက်တွေကို မစဉ်းစားပေးကြတော့ပဲ သူတို့ဖြစ်ချင်တာကိုပဲ ဦးစားပေး လုပ်ဆောင်တတ်ကြပါတယ်။

၇။ သင်ဟာ အမြဲတမ်း အားကိုးရာမဲ့ ကလေးတစ်ယောက်လို ခံစားရခြင်း

တချို့မိဘတွေဟာ တစ်ခါတစ်ရံမှာ သူတို့ရဲ့ ကလေးတွေကို လူကြီးအဖြစ် အသိအမှတ်ပြုဖို့ ငြင်းဆန်တတ်ကြပါတယ်။ ဒီလိုမိဘတွေဟာ ကလေးရဲ့ အသက်က ဘယ်လောက်ပဲ ကြီးနေပါစေ အားကိုးရာမဲ့တဲ့ ကလေးငယ်တစ်ယောက်လိုပဲ ဆက်ဆံဖို့ အမြဲကြိုးစားနေမှာပါ။ ဘာလို့လဲဆိုတော့ သူတို့ဟာ ကလေးကို အမြဲတန်း ထိမ်းကွပ်ချင်ပြီးတော့ သူတို့ မကြိုက်တာလုပ်မိရင် ကလေးကို အပြစ်ရှိတယ်လို့ ခံစားရစေဖို့ပဲဖြစ်ပါတယ်။ ကလေးတစ်ဦးကို သူတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေချဖို့ ခွင့်မပြုတာက ကိုယ်ရေးကိုယ်တာကို လွှမ်းမိုးခံစေသလို ဖြစ်ပြီးတော့ လွတ်လပ်တဲ့လူတစ်ဦးလို မခံစားရစေပါဘူး။ ပြီးတော့ ကလေးရဲ့ စိတ်ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ စိုးရိမ်စိတ်တွေ ကြီးထွားလာပြီးတော့ အသစ်တစ်ခုခုကို စတင်ဖို့ ကြောက်ရွံ့စေတဲ့အပြင် လူ့အဖွဲ့အစည်းနှင့်လည်း အံဝင်ခွင်ကျ မဖြစ်နိုင်တော့ပါဘူး။

၈။ စိုးရိမ်စိတ်တွေ ခံစားရခြင်း

စကားခဏခဏ များတတ်တဲ့ မိသားစုက မွေးဖွားလာတဲ့ ကလေးတွေဟာ စိုးရိမ်သောကတွေလွန်ကဲလာတတ်ပါတယ်။ မိသားစု မတည်ငြိမ်မှု၊ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုနှင့် လုံခြုံမှုမရှိခြင်းတို့ကြောင့် ဒီလိုဖြစ်သွားတာပါ။ စိုးရိမ်ပူပန်မှုရှိတဲ့ ကလေးတွေဟာ အာရုံစူးစိုက်ဖို့ အခက်အခဲတွေ ကြုံတွေ့ရပြီး စိတ်တိုဒေါသထွက်ခြင်း၊ မငြိမ်မသက်ဖြစ်ခြင်း၊ စိုးရိမ်ပူပန်ခြင်းနှင့် တင်းမာမှုတို့ကို ခံစားရနိုင်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments