အတုနဲ့ အစစ်

တခါတုန်းက တိုင်းပြည်တပြည်မှာ အလွန်ချောမော လှပတဲ့ ဘုရင်မတဦး အုပ်ချုပ်တယ်။ တခြား တိုင်းပြည်တွေက ဘုရင်တွေက ဘုရင်မကို လိုချင်ကြတာပေါ့။ တချို့ဘုရင်တွေဆို ဘုရင်မရဲ့ တိုင်းပြည်ကို တိုက်ခိုက်ပြီးတော့ သိမ်းပိုက်ဖို့ ကြိုးစားကြတယ်။ အဲဒီတော့ ဘုရင်မဟာ အားလုံးကို မေးခွန်းတခု မေးပြီး တရားမျှမျှ တတ ယှဉ်ပြိုင်ခိုင်းမယ်။ နိုင်တဲ့ ဘုရင်ကို သူယူမယ်ပေါ့။

အဲ့လိုနဲ့ အခြားသော တိုင်းပြည် အသီးသီးက ဘုရင်တွေ လာကြတာပေါ့။ တချို့ကလည်း အသက် သုံးဆယ်ကျော်တွေ ရှိသလို တချို့တွေ ကလည်း အသက် ၆၀၊ ၇၀ ပေါ့။ တချို့ဘုရင်တွေ ကတော့ သားတော်တွေ စေလွှတ်လိုက် တာပေါ့။

အဲ့ဒီအချိန်မှာ ဘုရင်မက နန်းတော်ရှေ့က မြေ ၁ ဧက လောက်ကို ပန်းတွေ စိုက်စေတယ်။ ဒါပေမယ့် ပန်းတွေက အစစ်တွေ မဟုတ်ဘူး။ ပန်းအတုတွေ။ ပန်းအတုတွေကို အနံ့တွေ အရောင်အဆင်း တွေကအစ ပန်းအစစ်တွေနဲ့ တထပ်တည်း ဖြစ်အောင် ပြုလုပ်ထားတယ်။ ဘုရင်တွေလည်း စုံတော့ ပန်းခင်းကြီးက အရမ်းလှပနေတာပေါ့။

ဘုရင်မရဲ့ မေးခွန်းကတော့ ရှင်းရှင်းလေးပါ။ "ပန်းပွင့်အတုတွေ ထဲက ပန်းအစစ်ကို ရှာနိုင်သူကို ယူမယ်" ပေါ့။ ဒါပေမယ့် စည်းကမ်း တခုတော့ ရှိတယ်။ ပန်းခင်းထဲကို ဆင်းမရှာရဘူး။ အပြင်ကနေပဲ ရှာရမယ်ပေါ့။

ဘုရင်တွေလည်း ကြိုးစားပြီးတော့ ပန်းခင်းအစပ် ကနေ လှမ်းကြည့်ကြတယ်။ ဒါပေမယ့် ဝေးလွန်းတော့ မမြင်ရဘူး။ ပန်းအနံ့ကို ခံကြည့်ကြတယ်။ ပန်းအတုတွေ ဆိုတော့ အနံ့တွေလည်း အတူတူပေါ့။ တချို့ကတော့ လက်လျှော့ပြီး ပြန်ကုန်တယ်။ တချို့ကတော့ အရှုံးပေးတယ်။ ဒါပေမယ့် ဘယ်သူရမလဲ ဆိုတာကို စောင့်ကြည့်ဖို့ နေခဲ့ကြတယ်။

အဲဒီအချိန်မှာပဲ ဘုရင့်သားတော် တယောက် ရောက်လာတယ်။ ပြီးတော့ ဒီပန်းကို သူတွေ့အောင် ရှာမယ် ဆိုပြီးတော့ ပြောတယ်။ အားလုံးကလည်း စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြတယ်။

ဘုရင့်သားက လှေကားတခုကို ယူလာတယ်။ ပေ ၃၀ လောက် မြင့်တဲ့ လှေကားပေါ့။ ပြီးတော့ လက်ထဲမှာလည်း ပျားကောင်လေးတွေ ထည့်ထားတဲ့ ပျားအုံငယ်လေးတခုကို ကိုင်ထားတယ်။ အရင်ဆုံး သူက ပန်းခင်းအနားကို သွားပြီးတော့ ပျားကောင်လေးတွေကို လွှတ်လိုက်ပါတယ်။ ပျားကောင်လေးတွေဟာ ဟိုဟိုဒီဒီ ပျံဝဲနေကြတယ်။

ဘုရင့်သားက သူယူလာတဲ့ လှေကားကို ထောင်လိုက်ပြီး လှေကားပေါ်ကနေ တက်ပြီး ကြည့်နေတယ်။ အဲ့ဒီအချိန်မှာ ပျားလေးတကောင်ဟာ ပျံသန်းနေရင်းနဲ့ ပန်းပင် တပင်ပေါ်မှာ ဝဲပြီး နားလိုက်တယ်။ ပန်းပင်ရဲ့ ဝတ်ရည်ကို စုပ်ယူနေတယ်။ သိပ်မကြာဘူး တခြားပျားလေးတွေလည်း အများကြီး ရောက်လာကြတယ်။

ဘုရင့်သားဟာ ပျားကောင်လေးတွေ ဝတ်ရည် စုပ်ယူနေတာ ပန်းအစစ်ပါလို့ ပြောလိုက်ပါတယ်။ အဲ့ဒီတော့ ဘုရင်မလည်း အံ့သြသွားတော့တာပေါ့။ ဘုရင့်သားတော် ရွေးချယ်လိုက်တဲ့ ပန်းက ပန်းအစစ်ပါလို့ ပြောလိုက်ပါတော့တယ်။

အားလုံးကလည်း အံ့သြကြတယ်။ အဲဒါနဲ့ အတုနဲ့ အစစ်ကို ဘယ်လိုခွဲရကောင်းမှန်း သိတာလဲလို့ ဝိုင်းမေးကြတာပေါ့။ "လွယ်လွယ်လေးပါ အတုနဲ့ အစစ်ကို အနံ့နဲ့ မခွဲပါနဲ့ အရသာနဲ့ ခွဲခြားပါ။ အတုက အစစ်ဖြစ်အောင် ဘယ်လောက် အနံ့တွေနဲ့ ဖုံးဖိဖိ အရသာ ကတော့ ကွဲပြားပါတယ်"

နောက်ဆုံးတော့ ကတိအတိုင်း ဘုရင့်သားတော်လေးနဲ့ ဘုရင်မတို့ နှစ်ယောက်သား သက်ဆုံးတိုင် ပေါင်းဖက်ကြ ပါတော့တယ်။

ကျွန်တော်တို့ အပြင်လောကမှာလည်း အဲ့လိုပါပဲ။ လူတယောက်ဟာ အရည်အချင်း မရှိပါဘူး၊ အရည်အချင်း ရှိပါတယ်လို့ ဘယ်လောက်ပဲပြောပြော၊ ဘယ်လောက်ပဲ ဟန်ဆောင် နေစေကာမူ နောက်ဆုံးမှာတော့ တကယ့်အရည်အချင်း အစစ်အမှန်က နေရာမှန် ရောက်အောင် ဖော်ပြပေးသွားတာ ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုလည်း အထင်မသေးပါနဲ့။ လူတယောက်ကို လွယ်လွယ်နှင့် မယုံကြည်ပါနဲ့။ လူတယောက်ကို အပေါ်ယံ ဖြင့်လည်း မဆုံးဖြတ်ပါနဲ့။ နှလုံးသားဖြင့် ခံစားပြီးမှ ဦးနှောက်ဖြင့် ဆုံးဖြတ်ပါ။ မမြင်ရသေးဘဲ မယုံပါနဲ့။ မကြားရသေးဘဲ မယုံပါနဲ့။

Crd

Zawgyi

အတုနဲ့ အစစ္

တခါတုန္းက တိုင္းျပည္တျပည္မွာ အလြန္ေခ်ာေမာ လွပတဲ့ ဘုရင္မတဦး အုပ္ခ်ဳပ္တယ္။ တျခား တိုင္းျပည္ေတြက ဘုရင္ေတြက ဘုရင္မကို လိုခ်င္ၾကတာေပါ့။ တခ်ိဳ႕ဘုရင္ေတြဆို ဘုရင္မရဲ႕ တိုင္းျပည္ကို တိုက္ခိုက္ၿပီးေတာ့ သိမ္းပိုက္ဖို႔ ႀကိဳးစားၾကတယ္။ အဲဒီေတာ့ ဘုရင္မဟာ အားလုံးကို ေမးခြန္းတခု ေမးၿပီး တရားမွ်မွ် တတ ယွဥ္ၿပိဳင္ခိုင္းမယ္။ ႏိုင္တဲ့ ဘုရင္ကို သူယူမယ္ေပါ့။

အဲ့လိုနဲ႔ အျခားေသာ တိုင္းျပည္ အသီးသီးက ဘုရင္ေတြ လာၾကတာေပါ့။ တခ်ိဳ႕ကလည္း အသက္ သုံးဆယ္ေက်ာ္ေတြ ရွိသလို တခ်ိဳ႕ေတြ ကလည္း အသက္ ၆၀၊ ၇၀ ေပါ့။ တခ်ိဳ႕ဘုရင္ေတြ ကေတာ့ သားေတာ္ေတြ ေစလႊတ္လိုက္ တာေပါ့။

အဲ့ဒီအခ်ိန္မွာ ဘုရင္မက နန္းေတာ္ေရွ႕က ေျမ ၁ ဧက ေလာက္ကို ပန္းေတြ စိုက္ေစတယ္။ ဒါေပမယ့္ ပန္းေတြက အစစ္ေတြ မဟုတ္ဘူး။ ပန္းအတုေတြ။ ပန္းအတုေတြကို အနံ႔ေတြ အေရာင္အဆင္း ေတြကအစ ပန္းအစစ္ေတြနဲ႔ တထပ္တည္း ျဖစ္ေအာင္ ျပဳလုပ္ထားတယ္။ ဘုရင္ေတြလည္း စုံေတာ့ ပန္းခင္းႀကီးက အရမ္းလွပေနတာေပါ့။

ဘုရင္မရဲ႕ ေမးခြန္းကေတာ့ ရွင္းရွင္းေလးပါ။ "ပန္းပြင့္အတုေတြ ထဲက ပန္းအစစ္ကို ရွာႏိုင္သူကို ယူမယ္" ေပါ့။ ဒါေပမယ့္ စည္းကမ္း တခုေတာ့ ရွိတယ္။ ပန္းခင္းထဲကို ဆင္းမရွာရဘူး။ အျပင္ကေနပဲ ရွာရမယ္ေပါ့။

ဘုရင္ေတြလည္း ႀကိဳးစားၿပီးေတာ့ ပန္းခင္းအစပ္ ကေန လွမ္းၾကည့္ၾကတယ္။ ဒါေပမယ့္ ေဝးလြန္းေတာ့ မျမင္ရဘူး။ ပန္းအနံ႔ကို ခံၾကည့္ၾကတယ္။ ပန္းအတုေတြ ဆိုေတာ့ အနံ႔ေတြလည္း အတူတူေပါ့။ တခ်ိဳ႕ကေတာ့ လက္ေလွ်ာ့ၿပီး ျပန္ကုန္တယ္။ တခ်ိဳ႕ကေတာ့ အရႈံးေပးတယ္။ ဒါေပမယ့္ ဘယ္သူရမလဲ ဆိုတာကို ေစာင့္ၾကည့္ဖို႔ ေနခဲ့ၾကတယ္။

အဲဒီအခ်ိန္မွာပဲ ဘုရင့္သားေတာ္ တေယာက္ ေရာက္လာတယ္။ ၿပီးေတာ့ ဒီပန္းကို သူေတြ႕ေအာင္ ရွာမယ္ ဆိုၿပီးေတာ့ ေျပာတယ္။ အားလုံးကလည္း စိတ္ဝင္တစားနဲ႔ ေစာင့္ၾကည့္ေနၾကတယ္။

ဘုရင့္သားက ေလွကားတခုကို ယူလာတယ္။ ေပ ၃၀ ေလာက္ ျမင့္တဲ့ ေလွကားေပါ့။ ၿပီးေတာ့ လက္ထဲမွာလည္း ပ်ားေကာင္ေလးေတြ ထည့္ထားတဲ့ ပ်ားအုံငယ္ေလးတခုကို ကိုင္ထားတယ္။ အရင္ဆုံး သူက ပန္းခင္းအနားကို သြားၿပီးေတာ့ ပ်ားေကာင္ေလးေတြကို လႊတ္လိုက္ပါတယ္။ ပ်ားေကာင္ေလးေတြဟာ ဟိုဟိုဒီဒီ ပ်ံဝဲေနၾကတယ္။

ဘုရင့္သားက သူယူလာတဲ့ ေလွကားကို ေထာင္လိုက္ၿပီး ေလွကားေပၚကေန တက္ၿပီး ၾကည့္ေနတယ္။ အဲ့ဒီအခ်ိန္မွာ ပ်ားေလးတေကာင္ဟာ ပ်ံသန္းေနရင္းနဲ႔ ပန္းပင္ တပင္ေပၚမွာ ဝဲၿပီး နားလိုက္တယ္။ ပန္းပင္ရဲ႕ ဝတ္ရည္ကို စုပ္ယူေနတယ္။ သိပ္မၾကာဘူး တျခားပ်ားေလးေတြလည္း အမ်ားႀကီး ေရာက္လာၾကတယ္။

ဘုရင့္သားဟာ ပ်ားေကာင္ေလးေတြ ဝတ္ရည္ စုပ္ယူေနတာ ပန္းအစစ္ပါလို႔ ေျပာလိုက္ပါတယ္။ အဲ့ဒီေတာ့ ဘုရင္မလည္း အံ့ၾသသြားေတာ့တာေပါ့။ ဘုရင့္သားေတာ္ ေ႐ြးခ်ယ္လိုက္တဲ့ ပန္းက ပန္းအစစ္ပါလို႔ ေျပာလိုက္ပါေတာ့တယ္။

အားလုံးကလည္း အံ့ၾသၾကတယ္။ အဲဒါနဲ႔ အတုနဲ႔ အစစ္ကို ဘယ္လိုခြဲရေကာင္းမွန္း သိတာလဲလို႔ ဝိုင္းေမးၾကတာေပါ့။ "လြယ္လြယ္ေလးပါ အတုနဲ႔ အစစ္ကို အနံ႔နဲ႔ မခြဲပါနဲ႔ အရသာနဲ႔ ခြဲျခားပါ။ အတုက အစစ္ျဖစ္ေအာင္ ဘယ္ေလာက္ အနံ႔ေတြနဲ႔ ဖုံးဖိဖိ အရသာ ကေတာ့ ကြဲျပားပါတယ္"

ေနာက္ဆုံးေတာ့ ကတိအတိုင္း ဘုရင့္သားေတာ္ေလးနဲ႔ ဘုရင္မတို႔ ႏွစ္ေယာက္သား သက္ဆုံးတိုင္ ေပါင္းဖက္ၾက ပါေတာ့တယ္။

ကြၽန္ေတာ္တို႔ အျပင္ေလာကမွာလည္း အဲ့လိုပါပဲ။ လူတေယာက္ဟာ အရည္အခ်င္း မရွိပါဘူး၊ အရည္အခ်င္း ရွိပါတယ္လို႔ ဘယ္ေလာက္ပဲေျပာေျပာ၊ ဘယ္ေလာက္ပဲ ဟန္ေဆာင္ ေနေစကာမူ ေနာက္ဆုံးမွာေတာ့ တကယ့္အရည္အခ်င္း အစစ္အမွန္က ေနရာမွန္ ေရာက္ေအာင္ ေဖာ္ျပေပးသြားတာ ျဖစ္ပါတယ္။

ကိုယ့္ကိုယ္ကိုလည္း အထင္မေသးပါနဲ႔။ လူတေယာက္ကို လြယ္လြယ္ႏွင့္ မယုံၾကည္ပါနဲ႔။ လူတေယာက္ကို အေပၚယံ ျဖင့္လည္း မဆုံးျဖတ္ပါနဲ႔။ ႏွလုံးသားျဖင့္ ခံစားၿပီးမွ ဦးေႏွာက္ျဖင့္ ဆုံးျဖတ္ပါ။ မျမင္ရေသးဘဲ မယုံပါနဲ႔။ မၾကားရေသးဘဲ မယုံပါနဲ႔။

Crd

Post a Comment

0 Comments