Esports အထက်တန်းကျောင်းကို ၂၀၂၂ ခုနှစ်မှာ ဖွင့်လှစ်တော့မယ့် ဂျပန်နိုင်ငံ

Professional gamer ဖြစ်ချင်သူတွေအတွက် ဂျပန်နိုင်ငံမှာ Esports အထက်တန်းကျောင်းကို ၂၀၂၂ ခုနှစ် ဧပြီလအတွင်း ဖွင့်လှစ်သွားတော့မှာပါ။ Esports အထက်တန်းကျောင်းက တိုကျို၊ Shibuya မှာ တည်ရှိပါတယ်။

Esports အထက်တန်းကျောင်းကို ငွေကြေးပံ့ပိုးပေးတာက တယ်လီကွန်းကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ NTTရဲ့ esports အဖွဲ့က ဖြစ်ပါတယ်။

Esports အဖွဲ့ကို ဂျပန် professional ဘောလုံးအဖွဲ့ Tokyo Verdy က ပိုင်တာလည်း ဖြစ်ပါတယ်။ Esports အထက်တန်းကျောင်းကို Intel Core i7-1170 တစ်လုံးနဲ့အတူ 40 Galleria CA7C-R37 gaming PCတွေ၊ Nvidia GeForce RTC 3070 graphics cards တွေကို တပ်ဆင်ပေးသွားမှာပါ။

ကျောင်းရဲ့ website မှာ ကျောင်းသူကျောင်းသားတွေကို ဘာဂိမ်းတွေ သင်ပေးမယ် ဆိုတာ စာရင်း မဖော်ပြထားပေမယ့် FPS, Third-person shooter,RTS နဲ့ MOBA တွေနဲ့ ပတ်သက်ပြီး အတွေ့အကြုံ ရလိမ့်မယ်လို့ ကျောင်းသူကျောင်းသားတွေက မျှော်လင့်နေကြပါတယ်။

ကျောင်းမှာသင်ကြားမယ့် ဆရာတွေကိုတော့ gamer တွေ၊ တကယ့်ကျွမ်းကျင်သူတွေထဲကနေ ရွေးချယ်ထားပါတယ်။ ကျောင်းသူကျောင်းသားတွေက video games တွေသာမက ဂျပန်အထက်တန်းအဆင့် ကျောင်းသင်ရိုးကိုပါ သင်ကြားနိုင်မှာပါ။

Esports အထက်တန်းကျောင်းမှာ တက်တဲ့ကျောင်းသူကျောင်းသားတွေဟာ အလုပ်အကိုင် အခွင့်ပေါင်းများစွာကို ရရှိမှာပါ။ ရရှိနိုင်တဲ့ အလုပ်အကိုင်တွေကတော့ VR creator, game writer, 3DCG designer, game designer, special effect creator, programmer, streamer နဲ့ esports professional gamer တို့ဖြစ်ပါတယ်။

Zombie (lovemedia)

for zawgyi

Esports အထက္တန္းေက်ာင္းကို ၂၀၂၂ ခုႏွစ္မွာ ဖြင့္လွစ္ေတာ့မယ့္ ဂ်ပန္ႏိုင္ငံ

Professional gamer ျဖစ္ခ်င္သူေတြအတြက္ ဂ်ပန္ႏိုင္ငံမွာ Esports အထက္တန္းေက်ာင္းကို ၂၀၂၂ ခုႏွစ္ ဧၿပီလအတြင္း ဖြင့္လွစ္သြားေတာ့မွာပါ။ Esports အထက္တန္းေက်ာင္းက တိုက်ိဳ၊ Shibuya မွာ တည္ရွိပါတယ္။ Esports အထက္တန္းေက်ာင္းကို ေငြေၾကးပံ့ပိုးေပးတာက တယ္လီကြန္းကုမၸဏီႀကီးတစ္ခုျဖစ္တဲ့ NTTရဲ႕ esports အဖြဲ႕က ျဖစ္ပါတယ္။

Esports အဖြဲ႕ကို ဂ်ပန္ professional ေဘာလုံးအဖြဲ႕ Tokyo Verdy က ပိုင္တာလည္း ျဖစ္ပါတယ္။ Esports အထက္တန္းေက်ာင္းကို Intel Core i7-1170 တစ္လုံးနဲ႔အတူ 40 Galleria CA7C-R37 gaming PCေတြ၊ Nvidia GeForce RTC 3070 graphics cards ေတြကို တပ္ဆင္ေပးသြားမွာပါ။

ေက်ာင္းရဲ႕ website မွာ ေက်ာင္းသူေက်ာင္းသားေတြကို ဘာဂိမ္းေတြ သင္ေပးမယ္ ဆိုတာ စာရင္း မေဖာ္ျပထားေပမယ့္ FPS, Third-person shooter,RTS နဲ႔ MOBA ေတြနဲ႔ ပတ္သက္ၿပီး အေတြ႕အႀကဳံ ရလိမ့္မယ္လို႔ ေက်ာင္းသူေက်ာင္းသားေတြက ေမွ်ာ္လင့္ေနၾကပါတယ္။

ေက်ာင္းမွာသင္ၾကားမယ့္ ဆရာေတြကိုေတာ့ gamer ေတြ၊ တကယ့္ကြၽမ္းက်င္သူေတြထဲကေန ေ႐ြးခ်ယ္ထားပါတယ္။ ေက်ာင္းသူေက်ာင္းသားေတြက video games ေတြသာမက ဂ်ပန္အထက္တန္းအဆင့္ ေက်ာင္းသင္႐ိုးကိုပါ သင္ၾကားႏိုင္မွာပါ။

Esports အထက္တန္းေက်ာင္းမွာ တက္တဲ့ေက်ာင္းသူေက်ာင္းသားေတြဟာ အလုပ္အကိုင္ အခြင့္ေပါင္းမ်ားစြာကို ရရွိမွာပါ။ ရရွိႏိုင္တဲ့ အလုပ္အကိုင္ေတြကေတာ့ VR creator, game writer, 3DCG designer, game designer, special effect creator, programmer, streamer နဲ႔ esports professional gamer တို႔ျဖစ္ပါတယ္။

Zombie (lovemedia)

Post a Comment

0 Comments