တချိန်မှာ ပြီးသွားမှာပါ

တခါတုန်းက ဧကရာဇ်မင်းတပါးဟာ သူ့ထံမှာ ရှိရှိသမျှ ပညာရှိတို့ကို ခေါ်ယူပြီး မေးတယ်။ "ကိစ္စတိုင်း၊ အခြေအနေတိုင်း၊ နေရာတိုင်း၊ အချိန်တိုင်းမှာ ဖြစ်နိုင်တဲ့ ပျော်ရွှင်မှုတိုင်း၊ ဝမ်းနည်းမှုတိုင်း၊ ကျရှုံးမှုတိုင်း၊ အောင်မြင်မှုတိုင်း အတွက် အသင့်တော်ဆုံး တခွန်းထဲသော ဆုံးမစကား ရှိသလား"

ပညာရှိတွေ အားလုံး အကျပ်ရိုက် သွားစဉ်မှာ ပညာရှိတယောက်ရဲ့ အနားက ပညာတော်သင် လူငယ်တယောက်ဟာ စာတအိတ်ကို ဘုရင်ကြီးကို ထောင်ပြလို့ ပြောတယ်။ "ဒီအကြံပြုစာက ကျွန်တော့်အဖေ မသေခင် ပေးသွားခဲ့တဲ့ စာပါ။ ကိစ္စတိုင်း၊ အခြေအနေတိုင်း၊ နေရာတိုင်း၊ အချိန်တိုင်း မှာ တွေ့ကြုံလာတဲ့ အခက်အခဲတိုင်းမှာ ဒီစာဟာ လမ်းညွှန်မှု ပေးနိုင်ပါတယ်။

ဒါ့အပြင် အောင်မြင်မှုတိုင်း ကိုလည်း ဒီစာဟာ သုံးသပ်တတ် ပါတယ်။ ပြောရမယ် ဆိုရင် မင်းကြီးအတွက် အသင့်တော်ဆုံး အဖြေဟာ ဒီအထဲမှာ ရှိနေပါတယ် မင်းကြီး။ တခုတော့ ရှိပါတယ်။ မင်းကြီး အခက်ခဲဆုံး အချိန်ရောက်မှသာ ထုတ်ဖတ်ရပါမယ်။ အမော်ကြွားနိုင်ဆုံး အချိန်တွေမှာ သုံးသပ်ခိုင်း ရပါမယ်"

အဲဒါနဲ့ ဧကရာဇ်မင်းကြီးက ယူသိမ်း ထားလိုက်ပြီးတော့ မေ့မေ့ ပျောက်ပျောက် ထားလိုက်တယ်။ မကြာမီ ကာလ တခုမှာ အိမ်နီးချင်း နိုင်ငံတွေရဲ့ ကျူးကျော် တိုက်ခိုက်ခြင်းကို ခံရတယ်။ မင်းကြီးဟာ တိုင်းပြည်ကို စွန့်ပြေးလို့ ကျန်သလောက် စစ်အင်အားနဲ့ နီးစပ်ရာ တောကို ခိုဝင် ပုန်းနေရတဲ့ အထိပဲ။

တညမှာတော့ စိတ်ပျက် လက်ပျက်နဲ့ စမ်းချောင်းလေးဘေးမှာ ထိုင်နေတဲ့ ဧကရာဇ်မင်းကြီးဟာ လူငယ်လေး ပေးထားတဲ့ စာကို အမှတ်မထင် သတိရသွား ခဲ့ပါတယ်။ အဲဒါနဲ့ ထုတ်ဖတ်ကြည့်တဲ့ အခါမှာ ဘာရေးထားသလဲ ဆိုတော့

"သိပ်ကြီးကျယ် ခမ်းနားတဲ့ ကိစ္စ မဟုတ်ပါဘူး။ ဒါလည်း တချိန်မှာ ပြီးသွားမှာပါပဲ"

ဧကရာဇ်မင်းကြီးဟာ မရှင်းလို့ ထပ်ဖတ်ရင်း ထပ်ဖတ်ရင်းနဲ့ ရုတ်တရက် အသိတချက် လင်းကနဲ ဝင်လာခဲ့တယ်။ "ဟုတ်သားပဲ၊ ငါ ငယ်စဉ်တုန်းက ဖခင်ရဲ့ မြှားတံနဲ့ ယူဆော့ ကစားမိလို့ ကြိမ်းမောင်း ခံရမှာကို သေလောက်အောင် ကြောက်လန့် အားငယ် ခဲ့ဖူးတယ်။ တကယ်လည်း ဖခင် သိတဲ့အခါ ကြိမ်းမောင်း ခံခဲ့ရတယ်။ ကြိမ်းမောင်း ခံရပြီး သွားတဲ့အခါ ငါ့မှာ ဘာအပူအပင်မှ မရှိတော့ဘူး။

အခု ကိစ္စဟာလည်း ဒီလို အားငယ် ကြောက်လန့်နေချိန် လိုပါပဲ။ သိပ်ကြီးကျယ် ခမ်းနားတဲ့ ကိစ္စမဟုတ်။ တချိန်မှာ ပြီးသွားမှာ ပါပဲ"

အဲဒီလို စဉ်းစားမိလိုက်တဲ့ အခါမှာတော့ ဧကရာဇ်မင်းကြီးဆီမှာ ဘာအပူအပင်မှ မရှိတော့ဘူး။ မျက်နှာဟာ တည်ငြိမ်လာတယ်။ စမ်းချောင်းလေးဘေးမှာ ရုတ်တရက် ဝင်လာတဲ့ အားတွေနဲ့ သူ မတ်တပ် ထရပ်လိုက်တယ်။ ပြီးတာနဲ့ ရှိသမျှ သေနာပတိတွေကို ခေါ်တယ်။ အကောင်းဆုံး ဗျူဟာတွေကို ဝိုင်းဖွဲ့ ဆွေးနွေး ကြတယ်။

စိတ်ဓာတ်ကျနေသူတွေကို ဧကရာဇ်မင်းကြီး ကိုယ်တိုင် အားပေးစကား ဆိုတယ်။ တဖွဲ့လုံးဟာ စိတ်ဓာတ်တွေ ပြန်လည် တက်ကြွ လာခဲ့တယ်။ နောက်ဆုံးမှာ သေချာ အကွက်ချ စီမံလို့ တိုင်းပြည်ကို ပြန်လည် ထိုးဖောက် ဝင်ရောက်ပြီး ရန်သူတွေကို အနိုင် တိုက်ထုတ်လိုက် နိုင်ခဲ့တယ်။

ဧကရာဇ် မင်းကြီးဟာ စစ်ပွဲ အနိုင်ရတဲ့ ညမှာ တိုင်းသူ ပြည်သားတွေနဲ့ အတူ ပျော်ပွဲရွှင်ပွဲကြီး ခမ်းနားစွာ ကျင်းပတယ်။ ပန်းတွေ အဆင်အယင်တွေနဲ့ လှပပြီးတော့ စားပွဲသောက်ပွဲတွေနဲ့ တတိုင်းပြည်လုံး ပျော်ရွှင် မြူးတူးနေချိန် ဧကရာဇ် မင်းကြီးဟာ ပညာတော်သင် လူငယ်ရဲ့ စကားသံကို ပြန်လည် ကြားယောင်မိလာတယ်။

"အောင်မြင်မှုတိုင်း ကိုလည်း ဒီစာဟာ သုံးသပ်တတ်ပါတယ် မင်းကြီး"

အဲဒါနဲ့ပဲ အခုလို အောင်မြင်ရဆုံး အချိန်မှာ ဖတ်သင့်တဲ့စာ လို့ ယူဆပြီး စာကို နောက်တခါ ထုတ်ဖတ် ပြန်တယ်။ "သိပ်ကြီးကျယ် ခမ်းနားတဲ့ ကိစ္စမဟုတ်ပါဘူး။ ဒါလည်း တချိန်မှာ ပြီးသွားမှာပါပဲ" ဒုတိယအကြိမ် သူ့ခေါင်းထဲ အသိတချက် လင်းခနဲ လက်ခနဲ ထပ်ဝင်လာ ပြန်တယ်။

"အင်း ဟုတ်သားပဲ။ ရန်သူတွေ ဝင်ရောက်တိုက်ခိုက်ခြင်း မပြုမီတုန်းက ဒီလိုမျိုး ခမ်းနားမှုဟာ ငါ့ဆီမှာ ရှိနေခဲ့တာပဲ။ ဒါပေမယ့် ဝင်ရောက် တိုက်ခိုက်ခြင်း ခံရတဲ့ အခါမှာ ဘာကျန်တော့ လို့လဲ။ ဒီစာကြောင့် သာ မဟုတ်ရင် အခုလောက်ထိ တောထဲမှာ စိတ်ပျက်လက်ပျက် ဆက် ထိုင်နေမိမှာ မဟုတ်လား။ အောင်နိုင်ခြင်းတွေ စည်းစိမ်တွေ အားလုံးဟာလည်း တကယ်ကို သိပ်ကြီးကျယ် ခမ်းနားတဲ့ ကိစ္စ မဟုတ်ဘူး။ တချိန်မှာ ပြီးသွား မှာပါပဲ"

ဧကရာဇ်မင်းကြီးဟာ ရုတ်တရက် ပျော်ရွှင်နေရာက တိတ်ဆိတ် သွားပြန်တယ်။ စောစောလေးက တရိပ်ရိပ် တက်နေတဲ့ ငါကွ ဆိုတဲ့ မာန်လေးဟာလည်း ဘာမှ အစရှာမရအောင် ကျိုးကြေ ပျက်ဆီး သွားခဲ့တယ်။

ပုံပြင်လေးကတော့ ဒီလောက်ပါပဲ။ ဘဝဆိုတာ စကားလုံး၂ လုံးထဲနဲ့ ဖွဲ့ထားတဲ့ အတိုင်း တိုတောင်းလွန်း လှပါတယ်။ ပျော်ရွှင်မှုတွေ ဟာလည်း တချိန်မှာ ပြီးသွားမှာပါပဲ၊ ဝမ်းနည်းမှုတွေ ဟာလည်း တချိန်မှာ ပြီးသွားမှာပါပဲ။

ဆုံးရှုံးမှုတွေ ဟာလည်း တချိန်မှာ ပြီးသွားမှာ ဖြစ်သလို အောင်မြင်မှုတွေ သည်လည်း တချိန်မှာ ပြီးသွားမှာပါပဲ။ ဒါ့ကြောင့် ကိုယ်လုပ်စရာရှိတာ၊ ကိုယ်ဖြစ်ချင်တာကို အကောင်းဆုံး လုပ်သွားမှသာ တန်ဖိုးရှိသော ဘဝ အဖြစ် ကျွန်တော်တို့ နေထိုင် သွားနိုင်မှာ ဖြစ်ပါတယ်။

CRD

Zawgyi

တခ်ိန္မွာ ၿပီးသြားမွာပါ

တခါတုန္းက ဧကရာဇ္မင္းတပါးဟာ သူ႔ထံမွာ ရွိရွိသမွ် ပညာရွိတို႔ကို ေခၚယူၿပီး ေမးတယ္။ "ကိစၥတိုင္း၊ အေျခအေနတိုင္း၊ ေနရာတိုင္း၊ အခ်ိန္တိုင္းမွာ ျဖစ္ႏိုင္တဲ့ ေပ်ာ္႐ႊင္မႈတိုင္း၊ ဝမ္းနည္းမႈတိုင္း၊ က်ရႈံးမႈတိုင္း၊ ေအာင္ျမင္မႈတိုင္း အတြက္ အသင့္ေတာ္ဆုံး တခြန္းထဲေသာ ဆုံးမစကား ရွိသလား"

ပညာရွိေတြ အားလုံး အက်ပ္႐ိုက္ သြားစဥ္မွာ ပညာရွိတေယာက္ရဲ႕ အနားက ပညာေတာ္သင္ လူငယ္တေယာက္ဟာ စာတအိတ္ကို ဘုရင္ႀကီးကို ေထာင္ျပလို႔ ေျပာတယ္။ "ဒီအႀကံျပဳစာက ကြၽန္ေတာ့္အေဖ မေသခင္ ေပးသြားခဲ့တဲ့ စာပါ။ ကိစၥတိုင္း၊ အေျခအေနတိုင္း၊ ေနရာတိုင္း၊ အခ်ိန္တိုင္း မွာ ေတြ႕ႀကဳံလာတဲ့ အခက္အခဲတိုင္းမွာ ဒီစာဟာ လမ္းၫႊန္မႈ ေပးႏိုင္ပါတယ္။

ဒါ့အျပင္ ေအာင္ျမင္မႈတိုင္း ကိုလည္း ဒီစာဟာ သုံးသပ္တတ္ ပါတယ္။ ေျပာရမယ္ ဆိုရင္ မင္းႀကီးအတြက္ အသင့္ေတာ္ဆုံး အေျဖဟာ ဒီအထဲမွာ ရွိေနပါတယ္ မင္းႀကီး။ တခုေတာ့ ရွိပါတယ္။ မင္းႀကီး အခက္ခဲဆုံး အခ်ိန္ေရာက္မွသာ ထုတ္ဖတ္ရပါမယ္။ အေမာ္ႂကြားႏိုင္ဆုံး အခ်ိန္ေတြမွာ သုံးသပ္ခိုင္း ရပါမယ္"

အဲဒါနဲ႔ ဧကရာဇ္မင္းႀကီးက ယူသိမ္း ထားလိုက္ၿပီးေတာ့ ေမ့ေမ့ ေပ်ာက္ေပ်ာက္ ထားလိုက္တယ္။ မၾကာမီ ကာလ တခုမွာ အိမ္နီးခ်င္း ႏိုင္ငံေတြရဲ႕ က်ဴးေက်ာ္ တိုက္ခိုက္ျခင္းကို ခံရတယ္။ မင္းႀကီးဟာ တိုင္းျပည္ကို စြန႔္ေျပးလို႔ က်န္သေလာက္ စစ္အင္အားနဲ႔ နီးစပ္ရာ ေတာကို ခိုဝင္ ပုန္းေနရတဲ့ အထိပဲ။

တညမွာေတာ့ စိတ္ပ်က္ လက္ပ်က္နဲ႔ စမ္းေခ်ာင္းေလးေဘးမွာ ထိုင္ေနတဲ့ ဧကရာဇ္မင္းႀကီးဟာ လူငယ္ေလး ေပးထားတဲ့ စာကို အမွတ္မထင္ သတိရသြား ခဲ့ပါတယ္။ အဲဒါနဲ႔ ထုတ္ဖတ္ၾကည့္တဲ့ အခါမွာ ဘာေရးထားသလဲ ဆိုေတာ့

"သိပ္ႀကီးက်ယ္ ခမ္းနားတဲ့ ကိစၥ မဟုတ္ပါဘူး။ ဒါလည္း တခ်ိန္မွာ ၿပီးသြားမွာပါပဲ"

ဧကရာဇ္မင္းႀကီးဟာ မရွင္းလို႔ ထပ္ဖတ္ရင္း ထပ္ဖတ္ရင္းနဲ႔ ႐ုတ္တရက္ အသိတခ်က္ လင္းကနဲ ဝင္လာခဲ့တယ္။ "ဟုတ္သားပဲ၊ ငါ ငယ္စဥ္တုန္းက ဖခင္ရဲ႕ ျမႇားတံနဲ႔ ယူေဆာ့ ကစားမိလို႔ ႀကိမ္းေမာင္း ခံရမွာကို ေသေလာက္ေအာင္ ေၾကာက္လန႔္ အားငယ္ ခဲ့ဖူးတယ္။ တကယ္လည္း ဖခင္ သိတဲ့အခါ ႀကိမ္းေမာင္း ခံခဲ့ရတယ္။ ႀကိမ္းေမာင္း ခံရၿပီး သြားတဲ့အခါ ငါ့မွာ ဘာအပူအပင္မွ မရွိေတာ့ဘူး။

အခု ကိစၥဟာလည္း ဒီလို အားငယ္ ေၾကာက္လန႔္ေနခ်ိန္ လိုပါပဲ။ သိပ္ႀကီးက်ယ္ ခမ္းနားတဲ့ ကိစၥမဟုတ္။ တခ်ိန္မွာ ၿပီးသြားမွာ ပါပဲ"

အဲဒီလို စဥ္းစားမိလိုက္တဲ့ အခါမွာေတာ့ ဧကရာဇ္မင္းႀကီးဆီမွာ ဘာအပူအပင္မွ မရွိေတာ့ဘူး။ မ်က္ႏွာဟာ တည္ၿငိမ္လာတယ္။ စမ္းေခ်ာင္းေလးေဘးမွာ ႐ုတ္တရက္ ဝင္လာတဲ့ အားေတြနဲ႔ သူ မတ္တပ္ ထရပ္လိုက္တယ္။ ၿပီးတာနဲ႔ ရွိသမွ် ေသနာပတိေတြကို ေခၚတယ္။ အေကာင္းဆုံး ဗ်ဴဟာေတြကို ဝိုင္းဖြဲ႕ ေဆြးေႏြး ၾကတယ္။

စိတ္ဓာတ္က်ေနသူေတြကို ဧကရာဇ္မင္းႀကီး ကိုယ္တိုင္ အားေပးစကား ဆိုတယ္။ တဖြဲ႕လုံးဟာ စိတ္ဓာတ္ေတြ ျပန္လည္ တက္ႂကြ လာခဲ့တယ္။ ေနာက္ဆုံးမွာ ေသခ်ာ အကြက္ခ် စီမံလို႔ တိုင္းျပည္ကို ျပန္လည္ ထိုးေဖာက္ ဝင္ေရာက္ၿပီး ရန္သူေတြကို အႏိုင္ တိုက္ထုတ္လိုက္ ႏိုင္ခဲ့တယ္။

ဧကရာဇ္ မင္းႀကီးဟာ စစ္ပြဲ အႏိုင္ရတဲ့ ညမွာ တိုင္းသူ ျပည္သားေတြနဲ႔ အတူ ေပ်ာ္ပြဲ႐ႊင္ပြဲႀကီး ခမ္းနားစြာ က်င္းပတယ္။ ပန္းေတြ အဆင္အယင္ေတြနဲ႔ လွပၿပီးေတာ့ စားပြဲေသာက္ပြဲေတြနဲ႔ တတိုင္းျပည္လုံး ေပ်ာ္႐ႊင္ ျမဴးတူးေနခ်ိန္ ဧကရာဇ္ မင္းႀကီးဟာ ပညာေတာ္သင္ လူငယ္ရဲ႕ စကားသံကို ျပန္လည္ ၾကားေယာင္မိလာတယ္။

"ေအာင္ျမင္မႈတိုင္း ကိုလည္း ဒီစာဟာ သုံးသပ္တတ္ပါတယ္ မင္းႀကီး"

အဲဒါနဲ႔ပဲ အခုလို ေအာင္ျမင္ရဆုံး အခ်ိန္မွာ ဖတ္သင့္တဲ့စာ လို႔ ယူဆၿပီး စာကို ေနာက္တခါ ထုတ္ဖတ္ ျပန္တယ္။ "သိပ္ႀကီးက်ယ္ ခမ္းနားတဲ့ ကိစၥမဟုတ္ပါဘူး။ ဒါလည္း တခ်ိန္မွာ ၿပီးသြားမွာပါပဲ" ဒုတိယအႀကိမ္ သူ႔ေခါင္းထဲ အသိတခ်က္ လင္းခနဲ လက္ခနဲ ထပ္ဝင္လာ ျပန္တယ္။

"အင္း ဟုတ္သားပဲ။ ရန္သူေတြ ဝင္ေရာက္တိုက္ခိုက္ျခင္း မျပဳမီတုန္းက ဒီလိုမ်ိဳး ခမ္းနားမႈဟာ ငါ့ဆီမွာ ရွိေနခဲ့တာပဲ။ ဒါေပမယ့္ ဝင္ေရာက္ တိုက္ခိုက္ျခင္း ခံရတဲ့ အခါမွာ ဘာက်န္ေတာ့ လို႔လဲ။ ဒီစာေၾကာင့္ သာ မဟုတ္ရင္ အခုေလာက္ထိ ေတာထဲမွာ စိတ္ပ်က္လက္ပ်က္ ဆက္ ထိုင္ေနမိမွာ မဟုတ္လား။ ေအာင္ႏိုင္ျခင္းေတြ စည္းစိမ္ေတြ အားလုံးဟာလည္း တကယ္ကို သိပ္ႀကီးက်ယ္ ခမ္းနားတဲ့ ကိစၥ မဟုတ္ဘူး။ တခ်ိန္မွာ ၿပီးသြား မွာပါပဲ"

ဧကရာဇ္မင္းႀကီးဟာ ႐ုတ္တရက္ ေပ်ာ္႐ႊင္ေနရာက တိတ္ဆိတ္ သြားျပန္တယ္။ ေစာေစာေလးက တရိပ္ရိပ္ တက္ေနတဲ့ ငါကြ ဆိုတဲ့ မာန္ေလးဟာလည္း ဘာမွ အစရွာမရေအာင္ က်ိဳးေၾက ပ်က္ဆီး သြားခဲ့တယ္။

ပုံျပင္ေလးကေတာ့ ဒီေလာက္ပါပဲ။ ဘဝဆိုတာ စကားလုံး၂ လုံးထဲနဲ႔ ဖြဲ႕ထားတဲ့ အတိုင္း တိုေတာင္းလြန္း လွပါတယ္။ ေပ်ာ္႐ႊင္မႈေတြ ဟာလည္း တခ်ိန္မွာ ၿပီးသြားမွာပါပဲ၊ ဝမ္းနည္းမႈေတြ ဟာလည္း တခ်ိန္မွာ ၿပီးသြားမွာပါပဲ။

ဆုံးရႈံးမႈေတြ ဟာလည္း တခ်ိန္မွာ ၿပီးသြားမွာ ျဖစ္သလို ေအာင္ျမင္မႈေတြ သည္လည္း တခ်ိန္မွာ ၿပီးသြားမွာပါပဲ။ ဒါ့ေၾကာင့္ ကိုယ္လုပ္စရာရွိတာ၊ ကိုယ္ျဖစ္ခ်င္တာကို အေကာင္းဆုံး လုပ္သြားမွသာ တန္ဖိုးရွိေသာ ဘဝ အျဖစ္ ကြၽန္ေတာ္တို႔ ေနထိုင္ သြားႏိုင္မွာ ျဖစ္ပါတယ္။

CRD

Post a Comment

0 Comments