ဆိုင်ကယ်တိုက်ခံရလို့ သေမလိုဖြစ်သွားတဲ့ ဆင်လေးကို CPR နည်းနဲ့ ကယ်တင်ခဲ့တဲ့ အမျိုးသား (ရုပ်သံ)

ထိုင်းနိုင်ငံက Mana Srivate ဆိုတဲ့ လူတစ်ဦးဟာ ကယ်ဆယ်ရေး ဝန်ထမ်းအဖြစ် ၂၆ နှစ်တာကာလ ထမ်းဆောင်ခဲ့ပါတယ်။ သူဟာ လူဒါဇင်ပေါင်းများစွာကို ကယ်ဆယ်ခဲ့ဖူးပေမယ့်လည်း ဒီတစ်ကြိမ်မှာတော့ ထူးထူးခြားခြားအဖြစ် ဆင်လေးတစ်ကောင်ကို ကယ်တင်ခဲ့ပါတယ်။

တနင်္ဂနွေနေ့နှောင်းပိုင်း၊ လမ်းခရီးတစ်ခုမှာ Manaဟာ တာဝန်တစ်ခုနဲ့ အရှေ့ပိုင်းခရိုင် Chanthaburi ကို သွားခဲ့ရပါတယ်။ ဖြစ်ချင်တော့ လမ်းဖြတ်ကူးနေတဲ့ အချိန်မှာပဲ တောရိုင်းစုတစ်စုနှင့် တွေ့ခဲ့ပါတယ်။ ပြီးတော့လည်း ဆင်ကလေး တစ်ကောင်ကို ဆိုင်ကယ်နဲ့ တိုက်မိထားတာကို တွေ့ခဲ့ရပါတယ်။

လူတစ်ယောက်ဟာလည်း ဆင်လေးကို Mana ကယ်တင်ပေးနေတဲ့ ဗွီဒီယိုကို မှတ်တမ်းတင်ခဲ့ပါတယ်။ ဗွီဒီယိုထဲမှာလည်း ဆိုင်ကယ်တိုက်မိတဲ့ ဒဏ်ရာတွေနဲ့ လဲနေတဲ့ ဆင်လေးကို လူတွေဝိုင်းဝန်းပြီး ကုသပေးနေတာကို မြင်တွေ့နိုင်ပါတယ်။

" အင်တာနက်ပေါ်က ဗီဒီယိုကလစ်တစ်ခုကို ကြည့်မိပြီးတော့ ဆင်ရဲ့နှလုံးဟာ ဘယ်ဘက်မှာ ရှိမယ်လို့ ယူဆခဲ့ပါတယ်။ အသက်ကို ကယ်ဖို့က ကျွန်တော့်ရဲ့ တာဝန်ပါပဲ။ ပြီးတော့ အမေဖြစ်သူ ဆင်မကြီးနဲ့ တခြားဆင်တွေကလည်း ဒီဆင်ကလေးကို တစ်ချိန်လုံး စိတ်ပူနေခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်"

" ဆင်ကလေးက ပြန်ပြီးလှုပ်လာတော့ ကျွန်တော် ငိုလုမတတ်တောင် ဖြစ်ခဲ့ရပါတယ်" လို့ Mana က ပြောပါတယ်။ ဆင်ကလေးဟာ ၁၀ မိနစ်ခန့် အကြာမှာပဲ မတ်တတ်ထရပ်ပါတယ်။ ပြီးတော့ ဆေးကုသမှုခံယူဖို့ တခြားနေရာကို ခေါ်ဆောင်သွားခဲ့ပါတယ်။

ကုသမှု ပြီးစီးတဲ့အခါမှာ မိခင်ဖြစ်သူနှင့် ပြန်လည်ဆုံတွေ့နိုင်မယ်လို့ မျှော်လင့်မိတာကြောင့် မတော်တဆမှု ဖြစ်ပွားတဲ့ နေရာကို ပြန်လည်ခေါ်ဆောင် ခဲ့ပါတယ်။ မိခင်က သူ့ကလေး အော်သံကြားလို့ ဆင်တွေ အုပ်လိုက်ကြီး ပြန်ရောက်လာတယ်လို့ Mana က ပြောပါတယ်။

လူတွေ ထိခိုက်မိတဲ့ ယာဉ်မတော်တဆမှုတွေ ဒါဇင်ပေါင်းများစွာ ကြုံဖူးပေမယ့်လည်း ဒီဆင်လေးဟာ (CPR) လုပ်ဆောင်ချက်နဲ့ ပြန်လည်ရှင်သန် နိုင်ခဲ့တဲ့ တစ်ကောင်တည်းသော ဆင်ဖြစ်ပါတယ်လို့ Mana က ပြောကြားခဲ့ပါတယ်။

သတ္တဝါတွေ ရှင်သန်နေထိုင်ကြတဲ့ လောကကြီးဟာ ဖြစ်ရပ်ဆန်းတွေနဲ့ အမြဲတမ်း ပြည့်နှက်နေပါတယ်။ ဘယ်အချိန်မဆို အမြဲတမ်း သတိကပ်နေတာက အကောင်းဆုံးပါ။

ရုပ်သံ

Zombie (lovemedia)

for zawgyi

ဆိုင္ကယ္တိုက္ခံရလို႔ ေသမလိုျဖစ္သြားတဲ့ ဆင္ေလးကို CPR နည္းနဲ႔ ကယ္တင္ခဲ့တဲ့ အမ်ိဳးသား

ထိုင္းႏိုင္ငံက Mana Srivate ဆိုတဲ့ လူတစ္ဦးဟာ ကယ္ဆယ္ေရး ဝန္ထမ္းအျဖစ္ ၂၆ ႏွစ္တာကာလ ထမ္းေဆာင္ခဲ့ပါတယ္။ သူဟာ လူဒါဇင္ေပါင္းမ်ားစြာကို ကယ္ဆယ္ခဲ့ဖူးေပမယ့္လည္း ဒီတစ္ႀကိမ္မွာေတာ့ ထူးထူးျခားျခားအျဖစ္ ဆင္ေလးတစ္ေကာင္ကို ကယ္တင္ခဲ့ပါတယ္။

တနဂၤေႏြေန႔ေႏွာင္းပိုင္း၊ လမ္းခရီးတစ္ခုမွာ Manaဟာ တာဝန္တစ္ခုနဲ႔ အေရွ႕ပိုင္းခ႐ိုင္ Chanthaburi ကို သြားခဲ့ရပါတယ္။ ျဖစ္ခ်င္ေတာ့ လမ္းျဖတ္ကူးေနတဲ့ အခ်ိန္မွာပဲ ေတာ႐ိုင္းစုတစ္စုႏွင့္ ေတြ႕ခဲ့ပါတယ္။ ၿပီးေတာ့လည္း ဆင္ကေလး တစ္ေကာင္ကို ဆိုင္ကယ္နဲ႔ တိုက္မိထားတာကို ေတြ႕ခဲ့ရပါတယ္။

လူတစ္ေယာက္ဟာလည္း ဆင္ေလးကို Mana ကယ္တင္ေပးေနတဲ့ ဗြီဒီယိုကို မွတ္တမ္းတင္ခဲ့ပါတယ္။ ဗြီဒီယိုထဲမွာလည္း ဆိုင္ကယ္တိုက္မိတဲ့ ဒဏ္ရာေတြနဲ႔ လဲေနတဲ့ ဆင္ေလးကို လူေတြဝိုင္းဝန္းၿပီး ကုသေပးေနတာကို ျမင္ေတြ႕ႏိုင္ပါတယ္။

" အင္တာနက္ေပၚက ဗီဒီယိုကလစ္တစ္ခုကို ၾကည့္မိၿပီးေတာ့ ဆင္ရဲ႕ႏွလုံးဟာ ဘယ္ဘက္မွာ ရွိမယ္လို႔ ယူဆခဲ့ပါတယ္။ အသက္ကို ကယ္ဖို႔က ကြၽန္ေတာ့္ရဲ႕ တာဝန္ပါပဲ။ ၿပီးေတာ့ အေမျဖစ္သူ ဆင္မႀကီးနဲ႔ တျခားဆင္ေတြကလည္း ဒီဆင္ကေလးကို တစ္ခ်ိန္လုံး စိတ္ပူေနခဲ့တာကိုလည္း ျမင္ေတြ႕ခဲ့ရပါတယ္"

" ဆင္ကေလးက ျပန္ၿပီးလႈပ္လာေတာ့ ကြၽန္ေတာ္ ငိုလုမတတ္ေတာင္ ျဖစ္ခဲ့ရပါတယ္" လို႔ Mana က ေျပာပါတယ္။

ဆင္ကေလးဟာ ၁၀ မိနစ္ခန႔္ အၾကာမွာပဲ မတ္တတ္ထရပ္ပါတယ္။ ၿပီးေတာ့ ေဆးကုသမႈခံယူဖို႔ တျခားေနရာကို ေခၚေဆာင္သြားခဲ့ပါတယ္။ ကုသမႈ ၿပီးစီးတဲ့အခါမွာ မိခင္ျဖစ္သူႏွင့္ ျပန္လည္ဆုံေတြ႕ႏိုင္မယ္လို႔ ေမွ်ာ္လင့္မိတာေၾကာင့္ မေတာ္တဆမႈ ျဖစ္ပြားတဲ့ ေနရာကို ျပန္လည္ေခၚေဆာင္ ခဲ့ပါတယ္။ မိခင္က သူ႔ကေလး ေအာ္သံၾကားလို႔ ဆင္ေတြ အုပ္လိုက္ႀကီး ျပန္ေရာက္လာတယ္လို႔ Mana က ေျပာပါတယ္။

လူေတြ ထိခိုက္မိတဲ့ ယာဥ္မေတာ္တဆမႈေတြ ဒါဇင္ေပါင္းမ်ားစြာ ႀကဳံဖူးေပမယ့္လည္း ဒီဆင္ေလးဟာ (CPR) လုပ္ေဆာင္ခ်က္နဲ႔ ျပန္လည္ရွင္သန္ ႏိုင္ခဲ့တဲ့ တစ္ေကာင္တည္းေသာ ဆင္ျဖစ္ပါတယ္လို႔ Mana က ေျပာၾကားခဲ့ပါတယ္။

သတၱဝါေတြ ရွင္သန္ေနထိုင္ၾကတဲ့ ေလာကႀကီးဟာ ျဖစ္ရပ္ဆန္းေတြနဲ႔ အၿမဲတမ္း ျပည့္ႏွက္ေနပါတယ္။ ဘယ္အခ်ိန္မဆို အၿမဲတမ္း သတိကပ္ေနတာက အေကာင္းဆုံးပါ။

Zombie (lovemedia)

Post a Comment

0 Comments