တိုးတက်လာတဲ့ ခေတ်ကြီးကို လိုက်မီနိုင်ဖို့ အမြဲတမ်း ကြိုးစားနေရတာကြောင့် မိသားစုကို ပေးမယ့်အချိန်တွေက နည်းနည်းလာပါတယ်။ အဲဒီအခါ ကလေးတွေက မိဘတွေနဲ့အတူ ထမင်းမစားဖြစ်တော့ဘဲ တစ်ယောက်တည်း စားရတဲ့အချိန်တွေ များလာပါတော့တယ်။

အဲဒါကြောင့် ကလေးအတွက် အချိန်ပေးဖို့က အရေးပါတဲ့ အရာပါပဲ။ ကလေးနဲ့ မိဘ ထမင်းအတူတူ စားခြင်းကနေ ကလေးအတွက် အကျိုးကျေးဇူးပေါင်းများစွာ ရစေပါတယ်။

၁။ ယဉ်ကျေးတဲ့အမူအရာတွေကို သင်ယူနိုင်ခြင်း

ထမင်းအတူစားတဲ့အခါ မိဘရဲ့အမူအရာတွေကို ကလေးတွေက လိုက်ပြီး အတုယူပါတယ်။ ထမင်းအတူစားနေတုန်း ကလေးကို စားပွဲဝိုင်းယဉ်ကျေးမှုတွေကို လက်တွေ့သင်ပေး နိုင်ပါတယ်။ ဒါ့အပြင် လူမှုရေး၊ လူအများနဲ့ ပေါင်းသင်းဆက်ဆံရေးတို့ကိုပါ ထမင်းအတူစားရင်း သင်ပေးပြီးသား ဖြစ်စေပါတယ်။

၂။ ကျောင်းစာမှာ ပိုမိုတိုးတက်လာခြင်း

မိသားစုနဲ့ ထမင်းအတူစားတဲ့ ကလေးက ကျောင်းစာကို ပိုလိုက်နိုင်ကြောင်း တွေ့ရပါတယ်။ ထမင်းစားရင်းနဲ့ ကျောင်းမှာတွေ့ရတဲ့ ပြဿနာတွေ၊ အခက်အခဲတွေကို မိသားစုကို တိုင်ပင်ဆွေးနွေး နိုင်လို့ပါ။

၃။ အာဟာရ ပြည့်ဝတဲ့ အစားအစာများကို စားဖြစ်သွားခြင်း

ကလေးတစ်ယောက်တည်း ထမင်းစားရင် ထမင်းကို ကုန်အောင် စားချင်မှ စားမှာပါ။ အာဟာရ မပြည့်ဝတဲ့ အစားအစာတွေလည်း စားမိနိုင်ပါတယ်။ မိသားစုနဲ့ ထမင်းအတူစားရင် ကလေးတွေအတွက် ဗီတာမင်တွေ၊ သတ္တုဓါတ်တွေကို စားဖြစ်သွားပါတယ်။ အဲဒီအခါ ဆယ်ကျော်သက်အရွယ်မှာ အဝလွန်တာကိုလည်း ကာကွယ်ပြီးသား ဖြစ်စေပါတယ်။

၄။ ပေါင်းသင်းဆက်ဆံရေး ဝင်ဆံ့လာခြင်း

ဆယ်ကျော်သက်အရွယ်မှာ ကလေးတွေ တွေ့ရတတ်တဲ့ ပြဿနာတွေကို နွေးထွေး၊ လွတ်လပ်တဲ့ အတွေးအခေါ်တွေ လမ်းဖွင့်ပေးထားတဲ့ မိဘတွေက သေသေချာချာ အကြံပေးနိုင်ပါတယ်။ ထမင်းစားရင်း လူကြီးမိဘတွေ ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကို ပြန်ပြောပြနိုင်သလို မိသားစုဝင်အချင်းချင်း ပိုမိုချစ်ခင်စည်းလုံး စေပါတယ်။

၅။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးတက်စေခြင်း

မိသားစုနဲ့အတူတူ ထမင်းစားတာက နွေးထွေးမှုကို ခံစားရစေပါတယ်။ အဲဒီခံစားချက်က ကလေးတွေအတွက် လိုအပ်တဲ့ ရင့်ကျက်မှု၊ စိတ်လုံခြုံမှုကို ဖြည့်ပေးပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ ဖြစ်တတ်တဲ့ စိတ်ဓါတ်ကျတာကို မိသားစုထမင်းဝိုင်းက ကုစားပေးနိုင်တာကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးစေပါတယ်။

၆။ ကိုယ့်ကိုယ်ကိုယ် အားကိုးတတ်ခြင်း

မိသားစုနဲ့အတူ ထမင်းစားရုံမက ဈေးလည်း အတူတူ ဝယ်သင့်ပါတယ်။ ထမင်းဟင်းတွေလည်း အတူတူချက်ဖို့ တိုက်တွန်းတာကလည်း အရေးကြီးပါတယ်။ အဲဒီအခါ ကိုယ့်ကိုယ်ကိုယ် အားကိုးတတ်သွားပြီး မိသားစုကိုလည်း ပိုမိုနားလည် သွားစေပါတယ်။

Zombie (lovemedia)

for zawgyi

ကေလးအ႐ြယ္မွာ မိသားစုနဲ႔အတူ ထမင္းစားျခင္းကေန ရလာမယ့္ အက်ိဳးေက်းဇူး (၆) ခု

တိုးတက္လာတဲ့ ေခတ္ႀကီးကို လိုက္မီႏိုင္ဖို႔ အၿမဲတမ္း ႀကိဳးစားေနရတာေၾကာင့္ မိသားစုကို ေပးမယ့္အခ်ိန္ေတြက နည္းနည္းလာပါတယ္။ အဲဒီအခါ ကေလးေတြက မိဘေတြနဲ႔အတူ ထမင္းမစားျဖစ္ေတာ့ဘဲ တစ္ေယာက္တည္း စားရတဲ့အခ်ိန္ေတြ မ်ားလာပါေတာ့တယ္။ အဲဒါေၾကာင့္ ကေလးအတြက္ အခ်ိန္ေပးဖို႔က အေရးပါတဲ့ အရာပါပဲ။ ကေလးနဲ႔ မိဘ ထမင္းအတူတူ စားျခင္းကေန ကေလးအတြက္ အက်ိဳးေက်းဇူးေပါင္းမ်ားစြာ ရေစပါတယ္။

၁။ ယဥ္ေက်းတဲ့အမူအရာေတြကို သင္ယူႏိုင္ျခင္း

ထမင္းအတူစားတဲ့အခါ မိဘရဲ႕အမူအရာေတြကို ကေလးေတြက လိုက္ၿပီး အတုယူပါတယ္။ ထမင္းအတူစားေနတုန္း ကေလးကို စားပြဲဝိုင္းယဥ္ေက်းမႈေတြကို လက္ေတြ႕သင္ေပး ႏိုင္ပါတယ္။ ဒါ့အျပင္ လူမႈေရး၊ လူအမ်ားနဲ႔ ေပါင္းသင္းဆက္ဆံေရးတို႔ကိုပါ ထမင္းအတူစားရင္း သင္ေပးၿပီးသား ျဖစ္ေစပါတယ္။

၂။ ေက်ာင္းစာမွာ ပိုမိုတိုးတက္လာျခင္း

မိသားစုနဲ႔ ထမင္းအတူစားတဲ့ ကေလးက ေက်ာင္းစာကို ပိုလိုက္ႏိုင္ေၾကာင္း ေတြ႕ရပါတယ္။ ထမင္းစားရင္းနဲ႔ ေက်ာင္းမွာေတြ႕ရတဲ့ ျပႆနာေတြ၊ အခက္အခဲေတြကို မိသားစုကို တိုင္ပင္ေဆြးေႏြး ႏိုင္လို႔ပါ။

၃။ အာဟာရ ျပည့္ဝတဲ့ အစားအစာမ်ားကို စားျဖစ္သြားျခင္း

ကေလးတစ္ေယာက္တည္း ထမင္းစားရင္ ထမင္းကို ကုန္ေအာင္ စားခ်င္မွ စားမွာပါ။ အာဟာရ မျပည့္ဝတဲ့ အစားအစာေတြလည္း စားမိႏိုင္ပါတယ္။ မိသားစုနဲ႔ ထမင္းအတူစားရင္ ကေလးေတြအတြက္ ဗီတာမင္ေတြ၊ သတၱဳဓါတ္ေတြကို စားျဖစ္သြားပါတယ္။ အဲဒီအခါ ဆယ္ေက်ာ္သက္အ႐ြယ္မွာ အဝလြန္တာကိုလည္း ကာကြယ္ၿပီးသား ျဖစ္ေစပါတယ္။

၄။ ေပါင္းသင္းဆက္ဆံေရး ဝင္ဆံ့လာျခင္း

ဆယ္ေက်ာ္သက္အ႐ြယ္မွာ ကေလးေတြ ေတြ႕ရတတ္တဲ့ ျပႆနာေတြကို ေႏြးေထြး၊ လြတ္လပ္တဲ့ အေတြးအေခၚေတြ လမ္းဖြင့္ေပးထားတဲ့ မိဘေတြက ေသေသခ်ာခ်ာ အႀကံေပးႏိုင္ပါတယ္။ ထမင္းစားရင္း လူႀကီးမိဘေတြ ႀကဳံခဲ့ရတဲ့ အေတြ႕အႀကဳံေတြကို ျပန္ေျပာျပႏိုင္သလို မိသားစုဝင္အခ်င္းခ်င္း ပိုမိုခ်စ္ခင္စည္းလုံး ေစပါတယ္။

၅။ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈ တိုးတက္ေစျခင္း

မိသားစုနဲ႔အတူတူ ထမင္းစားတာက ေႏြးေထြးမႈကို ခံစားရေစပါတယ္။ အဲဒီခံစားခ်က္က ကေလးေတြအတြက္ လိုအပ္တဲ့ ရင့္က်က္မႈ၊ စိတ္လုံၿခဳံမႈကို ျဖည့္ေပးပါတယ္။ ဆယ္ေက်ာ္သက္အ႐ြယ္မွာ ျဖစ္တတ္တဲ့ စိတ္ဓါတ္က်တာကို မိသားစုထမင္းဝိုင္းက ကုစားေပးႏိုင္တာေၾကာင့္ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈ တိုးေစပါတယ္။

၆။ ကိုယ့္ကိုယ္ကိုယ္ အားကိုးတတ္ျခင္း

မိသားစုနဲ႔အတူ ထမင္းစား႐ုံမက ေဈးလည္း အတူတူ ဝယ္သင့္ပါတယ္။ ထမင္းဟင္းေတြလည္း အတူတူခ်က္ဖို႔ တိုက္တြန္းတာကလည္း အေရးႀကီးပါတယ္။ အဲဒီအခါ ကိုယ့္ကိုယ္ကိုယ္ အားကိုးတတ္သြားၿပီး မိသားစုကိုလည္း ပိုမိုနားလည္ သြားေစပါတယ္။

Zombie (lovemedia)