ကြက်နှင့်ဘဲ

တိန်ညင်ကြက်တွေဟာ သူတို့ဥကို သူတို့ တယုတယ စောင့်ရှောက်ကြတယ်။ တာဝန်အပြည့်အ၀ ယူကြတယ်။ သူတို့တွေရဲ့ ဥတွေ အကောင် မပေါက်မခြင်း ဘယ်တော့မှ စွန့်လွှတ်လေ့ မရှိဘူး။ တိန်ညင်ကြက်မ တကောင်ဟာ သူတို့ရဲ့ဥကို အသက်လောက် တန်ဖိုးထား ကြသူတွေပဲ ဖြစ်တယ်။

ဘဲတွေကတော့ အပေါ်က ပြောတဲ့ ကြက်တွေနဲ့ ဆန့်ကျင်ဘက်ပဲ ဖြစ်တယ်။ ဘဲမ တကောင်ဟာ ဥဥတုန်း ခဏလေးပဲ သူ့ဥကို စိတ်ဝင်စားတယ်။ အဲဒီ တခဏ လွန်မြောက်သွားတဲ့ အခါမှာတော့ ဘဲမက နဂိုအတိုင်း တောင်သွား၊ မြောက်သွား ပြန်ဖြစ်လာတယ်။

အကောင်ပေါက်လာမှ သားပေါက် ဘဲကလေးတွေက သူ့အမေ နောက်ကို တကောက်ကောက် တန်းစီပြီး လိုက်ကြတယ်။

အဲဒီလို တာဝန်ကျေလွန်းတဲ့ တိန်ညင်ကြက်မကြီးရဲ့ ဥတွေကို ခိုးယူပြီး ဘဲဥတွေ ထည့်ထားလိုက်ရင် ဘယ်လိုတွေဖြစ်မလဲ။ ဘဲပေါက်လေးတွေက တိန်ညင်ကြက်မရဲ့ သားသမီးတွေ အဖြစ် အကောင် ပေါက်လာကြတယ်။ ဘဲပေါက်လေးတွေဟာ ဥကနေ ပေါက်ပေါက်ခြင်းပဲ စပြီး ဒုက္ခ တွေ့တယ်။

ဘဲတွေရဲ့ သဘာဝအရ မိခင်သွားရာနောက်ကို အတန်းလိုက် တသွေမတိမ်း တဖြောင့်တည်း လျှောက်တတ် ကြတယ်။ ဘဲကလေးတွေ အမေလို့ သတ်မှတ်ထားတဲ့ တိန်ညင်ကြက်မက ဘဲတွေလို ဖြောင့်ဖြောင့်တန်းတန်း ဘယ်တော့မှ မသွားဘူး။ ဇစ်ဇက်သွားတယ်။

ဦးတည်ရာ အရပ်ကို ချက်ချင်းပြောင်းတယ်။ တနေရာမှာ အင်းဆက်နဲ့ စားစရာ တွေ့ရင်လည်း လှည့်ပတ် ရှာနေသေးတယ်။ အဲဒီအတွက် နောက်က လိုက်ရတဲ့ ဘဲပေါက်လေးတွေဟာ ရှုပ်ထွေးလာကြတယ်၊ ဦးနှောက် ခြောက်လာကြတယ်။

ဘဲပေါက်လေး တသိုက်ဟာ အမေ ကြက်မနောက်ကို လိုက်ဖို့ ကြိုးစားရင်း ဂွတီးဂွကျတွေ ဖြစ်ကြရှာတယ်။ ဖရိုဖရဲတွေ ဖြစ်ကြတယ်။ သူတို့အတွက်တော့ အမူးသမားနဲ့ ဘယ်ညာ ညီအောင် ညှိပြီး လမ်းလျှောက် နေရတာနဲ့ တူနေတယ်။ တောင်ရောက် မြောက်ရောက်၊ ဂွတီး ဂွကျတွေ ဖြစ်ကြတယ်။

အဲဒီလိုနဲ့ သူတို့ ရေအိုင်ကို ရေသောက် သွားကြတယ်။ တိန်ညင်ကြက်မက သူတို့ သားသမီးတွေကို ရေအိုင်ကို ဦးဆောင် ခေါ်သွားတယ်။ ငါ့သားသမီးတွေ အစားအသောက် စားပြီး ရေလေးတိုက်ဦးမှ လို့ ကြက်မက စဉ်းစားတယ်။ သူ့သားသမီး ဘဲကလေးတွေကို ရေအိုင်မှာ ရေသောက်ဖို့ ခေါ်သွားကြတယ်။

ကြက်တွေ သဘာဝအရ အင်းဆက်ပိုးမွှားတွေ ရှာဖွေစားသောက် ပြီးတဲ့အခါ ရေသောက်ဖို့ပဲ ဖြစ်တယ်။ ဒါပေမယ့်လည်း ရေအိုင်ကို ရောက်တဲ့အခါ ဘဲပေါက်လေးတွေက ရေသောက်ရမယ့် အစား ရေထဲကို အားပါးတရ ဆင်းကြတယ်။ လှည့်ပတ် ကူးခတ်ကြတယ်။ အဲဒီတကြိမ်တော့ ဒုက္ခရောက်တဲ့ သူဟာ ကြက်မပဲဖြစ်တယ်။

ရေမကူးတတ်တဲ့ ကြက်မဟာ သူ့သားသမီးတွေ ရေနစ်နေပြီ အထင်နဲ့ ရေအိုင်ကို ပတ်ပြီး ဆောက်တည်ရာမရ ပြေးလွှားတယ်။ တကွတ်ကွတ် အော်တယ်။ ကတော်သံ ပေးတယ်။ ဟဲ့ ကလေးတွေ အပေါ် တက်ခဲ့ကြစမ်း၊ အကုန် ရေနစ် သေကုန်မယ် လို့ ပြောပုံရတယ်။ ကြက်ပဋာမြေလူး ဖြစ်တယ်။

အဲဒီအချိန်မှာ ရေအိုင်ထဲမှာ ကူးနေတဲ့ ဘဲလေးတွေက နားလည်ရ ခက်တယ်။ ငါတို့အမေ ဘာလို့ ဆပ်ဆလူးခါ နေတာလဲ လို့ သူတို့ စဉ်းစားနေကြတယ်။

တကယ်တော့ ကြက်ကကြက်၊ ဘဲကဘဲ။ အတွေးအခေါ် အယူအဆ မတူရင်၊Type မတူရင် တလမ်းထဲ သွားလို့ မရဘူး။ follow လုပ်ဖို့ အဆင်မပြေဘူး။ ကိုယ်ပျော်ရွှင်နေရင် သူတို့က “ရေတိမ်နစ်နေတယ်” ထင်ချင် ထင်နေကြသလို၊ သူတို့ စိုးရိမ်နေရင်လည်း ကိုယ်က “ဆပ်ဆလူးခါတယ်” ထင်နေတတ် တာပဲ။

အပေးအယူ မျှဖို့ဆိုတာ အနည်းဆုံးတော့ အခြေခံ အတွေးအမြင်နဲ့ သဘာဝ တူဖို့လိုပါတယ်။

Crd Phyo Thuta

Zawgyi

ၾကက္ႏွင့္ဘဲ

တိန္ညင္ၾကက္ေတြဟာ သူတို႔ဥကို သူတို႔ တယုတယ ေစာင့္ေရွာက္ၾကတယ္။ တာဝန္အျပည့္အ၀ ယူၾကတယ္။ သူတို႔ေတြရဲ႕ ဥေတြ အေကာင္ မေပါက္မျခင္း ဘယ္ေတာ့မွ စြန႔္လႊတ္ေလ့ မရွိဘူး။ တိန္ညင္ၾကက္မ တေကာင္ဟာ သူတို႔ရဲ႕ဥကို အသက္ေလာက္ တန္ဖိုးထား ၾကသူေတြပဲ ျဖစ္တယ္။

ဘဲေတြကေတာ့ အေပၚက ေျပာတဲ့ ၾကက္ေတြနဲ႔ ဆန႔္က်င္ဘက္ပဲ ျဖစ္တယ္။ ဘဲမ တေကာင္ဟာ ဥဥတုန္း ခဏေလးပဲ သူ႔ဥကို စိတ္ဝင္စားတယ္။ အဲဒီ တခဏ လြန္ေျမာက္သြားတဲ့ အခါမွာေတာ့ ဘဲမက နဂိုအတိုင္း ေတာင္သြား၊ ေျမာက္သြား ျပန္ျဖစ္လာတယ္။

အေကာင္ေပါက္လာမွ သားေပါက္ ဘဲကေလးေတြက သူ႔အေမ ေနာက္ကို တေကာက္ေကာက္ တန္းစီၿပီး လိုက္ၾကတယ္။

အဲဒီလို တာဝန္ေက်လြန္းတဲ့ တိန္ညင္ၾကက္မႀကီးရဲ႕ ဥေတြကို ခိုးယူၿပီး ဘဲဥေတြ ထည့္ထားလိုက္ရင္ ဘယ္လိုေတြျဖစ္မလဲ။ ဘဲေပါက္ေလးေတြက တိန္ညင္ၾကက္မရဲ႕ သားသမီးေတြ အျဖစ္ အေကာင္ ေပါက္လာၾကတယ္။ ဘဲေပါက္ေလးေတြဟာ ဥကေန ေပါက္ေပါက္ျခင္းပဲ စၿပီး ဒုကၡ ေတြ႕တယ္။

ဘဲေတြရဲ႕ သဘာဝအရ မိခင္သြားရာေနာက္ကို အတန္းလိုက္ တေသြမတိမ္း တေျဖာင့္တည္း ေလွ်ာက္တတ္ ၾကတယ္။ ဘဲကေလးေတြ အေမလို႔ သတ္မွတ္ထားတဲ့ တိန္ညင္ၾကက္မက ဘဲေတြလို ေျဖာင့္ေျဖာင့္တန္းတန္း ဘယ္ေတာ့မွ မသြားဘူး။ ဇစ္ဇက္သြားတယ္။

ဦးတည္ရာ အရပ္ကို ခ်က္ခ်င္းေျပာင္းတယ္။ တေနရာမွာ အင္းဆက္နဲ႔ စားစရာ ေတြ႕ရင္လည္း လွည့္ပတ္ ရွာေနေသးတယ္။ အဲဒီအတြက္ ေနာက္က လိုက္ရတဲ့ ဘဲေပါက္ေလးေတြဟာ ရႈပ္ေထြးလာၾကတယ္၊ ဦးေႏွာက္ ေျခာက္လာၾကတယ္။

ဘဲေပါက္ေလး တသိုက္ဟာ အေမ ၾကက္မေနာက္ကို လိုက္ဖို႔ ႀကိဳးစားရင္း ဂြတီးဂြက်ေတြ ျဖစ္ၾကရွာတယ္။ ဖ႐ိုဖရဲေတြ ျဖစ္ၾကတယ္။ သူတို႔အတြက္ေတာ့ အမူးသမားနဲ႔ ဘယ္ညာ ညီေအာင္ ညႇိၿပီး လမ္းေလွ်ာက္ ေနရတာနဲ႔ တူေနတယ္။ ေတာင္ေရာက္ ေျမာက္ေရာက္၊ ဂြတီး ဂြက်ေတြ ျဖစ္ၾကတယ္။

အဲဒီလိုနဲ႔ သူတို႔ ေရအိုင္ကို ေရေသာက္ သြားၾကတယ္။ တိန္ညင္ၾကက္မက သူတို႔ သားသမီးေတြကို ေရအိုင္ကို ဦးေဆာင္ ေခၚသြားတယ္။ ငါ့သားသမီးေတြ အစားအေသာက္ စားၿပီး ေရေလးတိုက္ဦးမွ လို႔ ၾကက္မက စဥ္းစားတယ္။ သူ႔သားသမီး ဘဲကေလးေတြကို ေရအိုင္မွာ ေရေသာက္ဖို႔ ေခၚသြားၾကတယ္။

ၾကက္ေတြ သဘာဝအရ အင္းဆက္ပိုးမႊားေတြ ရွာေဖြစားေသာက္ ၿပီးတဲ့အခါ ေရေသာက္ဖို႔ပဲ ျဖစ္တယ္။ ဒါေပမယ့္လည္း ေရအိုင္ကို ေရာက္တဲ့အခါ ဘဲေပါက္ေလးေတြက ေရေသာက္ရမယ့္ အစား ေရထဲကို အားပါးတရ ဆင္းၾကတယ္။ လွည့္ပတ္ ကူးခတ္ၾကတယ္။ အဲဒီတႀကိမ္ေတာ့ ဒုကၡေရာက္တဲ့ သူဟာ ၾကက္မပဲျဖစ္တယ္။

ေရမကူးတတ္တဲ့ ၾကက္မဟာ သူ႔သားသမီးေတြ ေရနစ္ေနၿပီ အထင္နဲ႔ ေရအိုင္ကို ပတ္ၿပီး ေဆာက္တည္ရာမရ ေျပးလႊားတယ္။ တကြတ္ကြတ္ ေအာ္တယ္။ ကေတာ္သံ ေပးတယ္။ ဟဲ့ ကေလးေတြ အေပၚ တက္ခဲ့ၾကစမ္း၊ အကုန္ ေရနစ္ ေသကုန္မယ္ လို႔ ေျပာပုံရတယ္။ ၾကက္ပဋာေျမလူး ျဖစ္တယ္။

အဲဒီအခ်ိန္မွာ ေရအိုင္ထဲမွာ ကူးေနတဲ့ ဘဲေလးေတြက နားလည္ရ ခက္တယ္။ ငါတို႔အေမ ဘာလို႔ ဆပ္ဆလူးခါ ေနတာလဲ လို႔ သူတို႔ စဥ္းစားေနၾကတယ္။

တကယ္ေတာ့ ၾကက္ကၾကက္၊ ဘဲကဘဲ။ အေတြးအေခၚ အယူအဆ မတူရင္၊Type မတူရင္ တလမ္းထဲ သြားလို႔ မရဘူး။ follow လုပ္ဖို႔ အဆင္မေျပဘူး။ ကိုယ္ေပ်ာ္႐ႊင္ေနရင္ သူတို႔က “ေရတိမ္နစ္ေနတယ္” ထင္ခ်င္ ထင္ေနၾကသလို၊ သူတို႔ စိုးရိမ္ေနရင္လည္း ကိုယ္က “ဆပ္ဆလူးခါတယ္” ထင္ေနတတ္ တာပဲ။

အေပးအယူ မွ်ဖို႔ဆိုတာ အနည္းဆုံးေတာ့ အေျခခံ အေတြးအျမင္နဲ႔ သဘာဝ တူဖို႔လိုပါတယ္။

Crd Phyo Thuta

Post a Comment

0 Comments