အိမ်မက် ဖျက်စီးသူများ

အမေရိကန်နိုင်ငံက တောရွာလေး တခုမှာပါ။ အဲဒီရွာက ကျောင်းလေး တကျောင်းရဲ့ ဆရာမက သူမရဲ့အတန်းထဲက ကလေးတွေကို သူတို့ကြီးလာရင် ဘာဖြစ်ချင်သလဲ ဆိုတဲ့ အိပ်မက်လေးတွေကို စာရွက်ပေါ်မှာ ရေးပြီး သူမဆီကို အတန်းချိန် မပြီးခင် တင်ခိုင်းလိုက် ပါတယ်။

ကလေးအားလုံးလည်း ဆရာမပြောတဲ့အတိုင်း စာရွက်မှာ ရေးပြီး တင်လိုက်ကြတယ်။ နောက်တနေ့ကျတော့ ဆရာမက ကောင်လေးတယောက်ကို သူ့အမေကို လာတွေ့ဖို့ ပြောခိုင်းလိုက်တယ်။ အဲဒီ ညနေပိုင်းမှာ ကောင်လေးရဲ့ အမေဟာ စိုးရိမ်တကြီးနဲ့ ကျောင်းကို ရောက်လာပါတယ်။

ဆရာမက သူ့သား ရေးလိုက်တဲ့ အိမ်မက်အကြောင်းကို မကြိုက်လို့ ပြန်ရေးခိုင်းလိုက် ပါတယ်။ ညပိုင်းရောက်တော့ အိမ်ပြန် ရောက်လာတဲ့ကောင်လေး အဖေကို အမေလုပ်သူက အဲဒီအကြောင်း ပြန်ပြောလိုက်တယ်။

အဖေက သူ့သားက စာရွက်ပေါ်မှာ ဘာများ ရေးထားလို့လဲ လို့ မေးတယ်။ အမေက စာရွက်ကို ထုတ်ပြ လိုက်တယ်။ စာရွက်မှာ ရေးထားတာက "ကျွန်တော် ကြီးလာရင် ပြိုင်မြင်းတွေ အများကြီး မွေးထားတဲ့ ဧက ၁၀၀ ကျယ်တဲ့ ခြံကြီးတခု ပိုင်ဆိုင်ချင်တယ်" တဲ့။

အဖေက "အဲဒါ ဘာဖြစ်လို့လဲ" လို့ မေးလိုက်တယ်။

အမေ "ဆရာမက ပြောတယ်။ ကျွန်မတို့လို ဆင်းရဲတဲ့ မိသားစုက ပေါက်ဖွားလာတဲ့ ကလေးတယောက်ရဲ့ ဖြစ်ချင်တဲ့ အိပ်မက်ဟာ ဖြစ်မှ မဖြစ်နိုင်တာပဲတဲ့"

"ဆရာမက ဘယ်လို ရေးစေချင်တာလဲ"

"ဆရာမ ရေးစေချင်တာက ကြီးလာရင် ဆရာဝန် ဖြစ်ချင်တယ်။ အင်ဂျင်နီယာ ဖြစ်ချင်တယ်။ ရုပ်ရှင်မင်းသား ဖြစ်ချင်တယ် အဲလို ဖြစ်နိုင်တာကိုပဲ ရေးစေချင်တယ်တဲ့"

အဖေက သူ့သားကို အနားလာဖို့ လှမ်းခေါ်လိုက်ပြီး "သားလေး မင်းအမေ အခုပြောသွားတဲ့ အထဲက တခုခု ဖြစ်ချင်တယ် လို့ ရေးပြီး မနက်ဖြန်ကျရင် ဆရာမကို တင်ပေးလိုက်ကွာ" လို့ ပြောလိုက်တယ်။

ကောင်လေးက "ကျွန်တော် အဲဒါတွေ ဖြစ်ချင်တာမှ မဟုတ်တာ။ ကျွန်တော် ဖြစ်ချင်တာက စာရွက်ပေါ်မှာ ရေးထားတဲ့ အတိုင်းပဲ"

အဖေက "ဟုတ်ပါတယ်။ အခု ရေးခိုင်းတာက မင်းအိမ်မက် မဟုတ်ဘူး။ ဆရာမရဲ့အိမ်မက်ကွ။ ဒါကြောင့် သူ့အိမ်မက်ကို ရေးပြီး မနက်ဖြန်ကျရင် သူ့ဆီ တင်ပေးလိုက်။ မင်းရေးထားတဲ့ မင်းတကယ် ဖြစ်ချင်တဲ့ အိပ်မက်စာရွက်ကို မင်းရဲ့ စာကြည့်စားပွဲက အံဆွဲထဲမှာ သိမ်းထားလိုက်။ ပြီးရင် ညတိုင်း ထုတ်ပြီး ဖတ်ကွာ။

ပြီးတော့ မင်းရဲ့အိပ်မက်ကို ဖြစ်အောင် အကောင်အထည် ဖေါ်ပါ။ ဖြစ်ကို ဖြစ်လာလိမ့်မယ်လို့ ငါ လုံးဝ ယုံကြည်တယ်" လို့ ပြောလိုက်တယ်။

နှစ်ပေါင်း ၄ဝ ကြာတော့ အဲဒီကောင်လေးဟာ အလွန်ဈေးကြီးတဲ့ ပြိုင်မြင်း အကောင်တရာ မွေးထားတဲ့ ဧက (၁၀၀) ကျယ်တဲ့ ခြံဝန်းကျယ်ကြီး ပိုင်ဆိုင်သူ သူဋ္ဌေးကြီး တယောက် ဖြစ်လာခဲ့ပါတယ်။

သင့်ဘဝမှာလည်း သင့်အိပ်မက်ကို မဖြစ်နိုင်ဘူးလို့ ပြောပြီး သင့်အိပ်မက်ကို ဖျက်ဆီးသူတွေ ရှိနိုင်ပါတယ်။ ဘေးစကားတွေကို နားမယောင်ပဲ မိမိအိပ်မက်ကို ယုံယုံကြည်ကြည် ဇွဲရှိရှိနဲ့ အကောင်အထည် ဖေါ်သူတွေသာ ဘဝမှာ ဖြစ်ချင်တာကို ဖြစ်အောင်လုပ်ပြီး အောင်မြင်မှု ရကြပါတယ်။

Crd

phoomyatchal

Zawgyi

အိမ္မက္ ဖ်က္စီးသူမ်ား

အေမရိကန္ႏိုင္ငံက ေတာ႐ြာေလး တခုမွာပါ။ အဲဒီ႐ြာက ေက်ာင္းေလး တေက်ာင္းရဲ႕ ဆရာမက သူမရဲ႕အတန္းထဲက ကေလးေတြကို သူတို႔ႀကီးလာရင္ ဘာျဖစ္ခ်င္သလဲ ဆိုတဲ့ အိပ္မက္ေလးေတြကို စာ႐ြက္ေပၚမွာ ေရးၿပီး သူမဆီကို အတန္းခ်ိန္ မၿပီးခင္ တင္ခိုင္းလိုက္ ပါတယ္။

ကေလးအားလုံးလည္း ဆရာမေျပာတဲ့အတိုင္း စာ႐ြက္မွာ ေရးၿပီး တင္လိုက္ၾကတယ္။ ေနာက္တေန႔က်ေတာ့ ဆရာမက ေကာင္ေလးတေယာက္ကို သူ႔အေမကို လာေတြ႕ဖို႔ ေျပာခိုင္းလိုက္တယ္။ အဲဒီ ညေနပိုင္းမွာ ေကာင္ေလးရဲ႕ အေမဟာ စိုးရိမ္တႀကီးနဲ႔ ေက်ာင္းကို ေရာက္လာပါတယ္။

ဆရာမက သူ႔သား ေရးလိုက္တဲ့ အိမ္မက္အေၾကာင္းကို မႀကိဳက္လို႔ ျပန္ေရးခိုင္းလိုက္ ပါတယ္။ ညပိုင္းေရာက္ေတာ့ အိမ္ျပန္ ေရာက္လာတဲ့ေကာင္ေလး အေဖကို အေမလုပ္သူက အဲဒီအေၾကာင္း ျပန္ေျပာလိုက္တယ္။

အေဖက သူ႔သားက စာ႐ြက္ေပၚမွာ ဘာမ်ား ေရးထားလို႔လဲ လို႔ ေမးတယ္။ အေမက စာ႐ြက္ကို ထုတ္ျပ လိုက္တယ္။ စာ႐ြက္မွာ ေရးထားတာက "ကြၽန္ေတာ္ ႀကီးလာရင္ ၿပိဳင္ျမင္းေတြ အမ်ားႀကီး ေမြးထားတဲ့ ဧက ၁၀၀ က်ယ္တဲ့ ၿခံႀကီးတခု ပိုင္ဆိုင္ခ်င္တယ္" တဲ့။

အေဖက "အဲဒါ ဘာျဖစ္လို႔လဲ" လို႔ ေမးလိုက္တယ္။

အေမ "ဆရာမက ေျပာတယ္။ ကြၽန္မတို႔လို ဆင္းရဲတဲ့ မိသားစုက ေပါက္ဖြားလာတဲ့ ကေလးတေယာက္ရဲ႕ ျဖစ္ခ်င္တဲ့ အိပ္မက္ဟာ ျဖစ္မွ မျဖစ္ႏိုင္တာပဲတဲ့"

"ဆရာမက ဘယ္လို ေရးေစခ်င္တာလဲ"

"ဆရာမ ေရးေစခ်င္တာက ႀကီးလာရင္ ဆရာဝန္ ျဖစ္ခ်င္တယ္။ အင္ဂ်င္နီယာ ျဖစ္ခ်င္တယ္။ ႐ုပ္ရွင္မင္းသား ျဖစ္ခ်င္တယ္ အဲလို ျဖစ္ႏိုင္တာကိုပဲ ေရးေစခ်င္တယ္တဲ့"

အေဖက သူ႔သားကို အနားလာဖို႔ လွမ္းေခၚလိုက္ၿပီး "သားေလး မင္းအေမ အခုေျပာသြားတဲ့ အထဲက တခုခု ျဖစ္ခ်င္တယ္ လို႔ ေရးၿပီး မနက္ျဖန္က်ရင္ ဆရာမကို တင္ေပးလိုက္ကြာ" လို႔ ေျပာလိုက္တယ္။

ေကာင္ေလးက "ကြၽန္ေတာ္ အဲဒါေတြ ျဖစ္ခ်င္တာမွ မဟုတ္တာ။ ကြၽန္ေတာ္ ျဖစ္ခ်င္တာက စာ႐ြက္ေပၚမွာ ေရးထားတဲ့ အတိုင္းပဲ"

အေဖက "ဟုတ္ပါတယ္။ အခု ေရးခိုင္းတာက မင္းအိမ္မက္ မဟုတ္ဘူး။ ဆရာမရဲ႕အိမ္မက္ကြ။ ဒါေၾကာင့္ သူ႔အိမ္မက္ကို ေရးၿပီး မနက္ျဖန္က်ရင္ သူ႔ဆီ တင္ေပးလိုက္။ မင္းေရးထားတဲ့ မင္းတကယ္ ျဖစ္ခ်င္တဲ့ အိပ္မက္စာ႐ြက္ကို မင္းရဲ႕ စာၾကည့္စားပြဲက အံဆြဲထဲမွာ သိမ္းထားလိုက္။ ၿပီးရင္ ညတိုင္း ထုတ္ၿပီး ဖတ္ကြာ။

ၿပီးေတာ့ မင္းရဲ႕အိပ္မက္ကို ျဖစ္ေအာင္ အေကာင္အထည္ ေဖၚပါ။ ျဖစ္ကို ျဖစ္လာလိမ့္မယ္လို႔ ငါ လုံးဝ ယုံၾကည္တယ္" လို႔ ေျပာလိုက္တယ္။

ႏွစ္ေပါင္း ၄ဝ ၾကာေတာ့ အဲဒီေကာင္ေလးဟာ အလြန္ေဈးႀကီးတဲ့ ၿပိဳင္ျမင္း အေကာင္တရာ ေမြးထားတဲ့ ဧက (၁၀၀) က်ယ္တဲ့ ၿခံဝန္းက်ယ္ႀကီး ပိုင္ဆိုင္သူ သူေ႒းႀကီး တေယာက္ ျဖစ္လာခဲ့ပါတယ္။

သင့္ဘဝမွာလည္း သင့္အိပ္မက္ကို မျဖစ္ႏိုင္ဘူးလို႔ ေျပာၿပီး သင့္အိပ္မက္ကို ဖ်က္ဆီးသူေတြ ရွိႏိုင္ပါတယ္။ ေဘးစကားေတြကို နားမေယာင္ပဲ မိမိအိပ္မက္ကို ယုံယုံၾကည္ၾကည္ ဇြဲရွိရွိနဲ႔ အေကာင္အထည္ ေဖၚသူေတြသာ ဘဝမွာ ျဖစ္ခ်င္တာကို ျဖစ္ေအာင္လုပ္ၿပီး ေအာင္ျမင္မႈ ရၾကပါတယ္။

Crd

phoomyatchal

Post a Comment

0 Comments