လက်မလျှော့လိုက်ပါနဲ့

တခါတုန်းက လယ်သမားတယောက်ရဲ့ မြည်းဟာ ရေတွင်း အဟောင်းအပျက်ထဲကို ပြုတ်ကျ သွားပါတယ်။ လယ်သမားဟာ မြည်းကို အပေါ်ရောင်အောင် ပြန်တင်ဖို့ ကြိုးစားပေမယ့်လည်း မရဘူး ဖြစ်နေပါတယ်။

မြည်းဟာလည်း ဘယ်လိုမှ ကြိုးစားပြီး ရေတွင်းပေါ် ရောက်အောင် အားမဘဲ အော်ဟစ် ငိုကြွေးနေ ပါတော့တယ်။ မြည်းကို ကယ်တင်ဖို့ရာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အဆုံး လယ်သမားဟာ ဆုံးဖြတ်ချက်တခုကို ချလိုက်ပါတယ်။

အဲဒီ့ ဆုံးဖြတ်ချက် ကတော့ မြည်းဟာလည်း အိုနေပါပြီ။ အဲဒီ့တော့ နောက်ထပ် တိရိစ္ဆာန်တွေ ရေတွင်းထဲ မကျရအောင် ဒီရေးတွင်းကိုသာ ဖို့လိုက်တာ ကောင်းပါတယ် ဆိုတဲ့ ဆုံးဖြတ်ချက်ပါပဲ။

အဲဒီလိုနဲ့ လယ်သမားဟာ အိမ်နီးနားချင်း တွေကို ခေါ် ပြီး ရေတွင်းကို မြေဖို့ ပါတော့တယ်။ လွတ်မြောက်ဖို့ရာ ဘာမှ အားမထုတ်တဲ့ မြည်းဟာ သူ့ကိုယ်ပေါ်ကို မြေကြီးတွေ ကျလာတဲ့ အခါမှသာ သူ့သခင် ဘာလုပ်နေတာပါလိမ့် လို့ တွေးပါတယ်။

အဲဒီ့အခါကျမှ သူ့ကို မကယ်တော့ဘဲ တခါတည်း မြေဖို့လိုက်မယ် ဆိုတာကို တွေးမိသွားပြီး သေမှာစိုးတဲ့ စိတ်ကြောင့် ရေတွင်းနံရံကို အတင်းကုတ်တွယ်တက် ပါတော့တယ်။

ရေတွင်း အပြင်ဘက်မှ လယ်သမားတွေက မြေကို ကြိုးစားဖို့လေ၊ ရေတွင်းထဲက မြည်းဟာ သေမှာကြောက်လို့ သူ့ ကိုယ်ပေါ် ကျလာတဲ့မြေကြီးတွေကို ခါထုတ်လိုက်၊ အတင်း အပေါ်ရောက်အောင် တက်လိုက်နဲ့

နောက်ဆုံးမှာတော့ မြေပုံတွေကနေ တဆင့် မြည်းဟာ ရေတွင်းနှုတ်ခမ်းပေါ် ရောက်အောင် ခုန်တက်လိုက် နိုင်ပြီး အသက်ချမ်းသာရာ ရသွားပါတယ်။

ပုံပြင်လေးရဲ့အနှစ်ချုပ် ကတော့ ကျွန်တော်တို့ရဲ့ ဘဝမှာလည်း ထိုနည်းလည်းကောင်း ပါပဲ။ စိတ်ညစ်စရာတွေနဲ့ နာကျင်စရာတွေက ကျွန်တော်တို့ကို အသေတိုက်ဖို့ တနည်းမဟုတ် တနည်းနဲ့ ကျွန်တော်တို့ ကျောပေါကို ကျလာတတ်ပါတယ်။

အဲဒီ့လို ဘေးကြပ်နံကြပ်အခြေအနေမျိုးနဲ့ ကြုံရတဲ့ အခါမှာတော့ ကျောပေါ်ကျလာတဲ့ စိတ်ညစ်စရာမှန်သမျှကို ခါထုတ်လိုက် လွတ်မြောက်ဖို့ ကြိုးစားလိုက်နဲ့ နောက်ဆုံး ကိုယ်အသက် မသေဖို့ရာ ရုန်းကန်နေရတာ ပါပဲ ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။

လွတ်မြောက်သွားတဲ့ မြည်းကို နမူနာယူပြီး ကျွန်တော်တို့လည်း လွတ်မြောက်အောင် ကြိုးစားကြရမှာပါ။

Crd

Zawgyi

လက္မေလွ်ာ့လိုက္ပါနဲ႔

တခါတုန္းက လယ္သမားတေယာက္ရဲ႕ ျမည္းဟာ ေရတြင္း အေဟာင္းအပ်က္ထဲကို ျပဳတ္က် သြားပါတယ္။ လယ္သမားဟာ ျမည္းကို အေပၚေရာင္ေအာင္ ျပန္တင္ဖို႔ ႀကိဳးစားေပမယ့္လည္း မရဘူး ျဖစ္ေနပါတယ္။

ျမည္းဟာလည္း ဘယ္လိုမွ ႀကိဳးစားၿပီး ေရတြင္းေပၚ ေရာက္ေအာင္ အားမဘဲ ေအာ္ဟစ္ ငိုေႂကြးေန ပါေတာ့တယ္။ ျမည္းကို ကယ္တင္ဖို႔ရာ ဘယ္လိုမွ မျဖစ္ႏိုင္တဲ့ အဆုံး လယ္သမားဟာ ဆုံးျဖတ္ခ်က္တခုကို ခ်လိုက္ပါတယ္။

အဲဒီ့ ဆုံးျဖတ္ခ်က္ ကေတာ့ ျမည္းဟာလည္း အိုေနပါၿပီ။ အဲဒီ့ေတာ့ ေနာက္ထပ္ တိရိစာၦန္ေတြ ေရတြင္းထဲ မက်ရေအာင္ ဒီေရးတြင္းကိုသာ ဖို႔လိုက္တာ ေကာင္းပါတယ္ ဆိုတဲ့ ဆုံးျဖတ္ခ်က္ပါပဲ။

အဲဒီလိုနဲ႔ လယ္သမားဟာ အိမ္နီးနားခ်င္း ေတြကို ေခၚ ၿပီး ေရတြင္းကို ေျမဖို႔ ပါေတာ့တယ္။ လြတ္ေျမာက္ဖို႔ရာ ဘာမွ အားမထုတ္တဲ့ ျမည္းဟာ သူ႔ကိုယ္ေပၚကို ေျမႀကီးေတြ က်လာတဲ့ အခါမွသာ သူ႔သခင္ ဘာလုပ္ေနတာပါလိမ့္ လို႔ ေတြးပါတယ္။

အဲဒီ့အခါက်မွ သူ႔ကို မကယ္ေတာ့ဘဲ တခါတည္း ေျမဖို႔လိုက္မယ္ ဆိုတာကို ေတြးမိသြားၿပီး ေသမွာစိုးတဲ့ စိတ္ေၾကာင့္ ေရတြင္းနံရံကို အတင္းကုတ္တြယ္တက္ ပါေတာ့တယ္။

ေရတြင္း အျပင္ဘက္မွ လယ္သမားေတြက ေျမကို ႀကိဳးစားဖို႔ေလ၊ ေရတြင္းထဲက ျမည္းဟာ ေသမွာေၾကာက္လို႔ သူ႔ ကိုယ္ေပၚ က်လာတဲ့ေျမႀကီးေတြကို ခါထုတ္လိုက္၊ အတင္း အေပၚေရာက္ေအာင္ တက္လိုက္နဲ႔ ေနာက္ဆုံးမွာေတာ့ ေျမပုံေတြကေန တဆင့္ ျမည္းဟာ ေရတြင္းႏႈတ္ခမ္းေပၚ ေရာက္ေအာင္ ခုန္တက္လိုက္ ႏိုင္ၿပီး အသက္ခ်မ္းသာရာ ရသြားပါတယ္။

ပုံျပင္ေလးရဲ႕အႏွစ္ခ်ဳပ္ ကေတာ့ ကြၽန္ေတာ္တို႔ရဲ႕ ဘဝမွာလည္း ထိုနည္းလည္းေကာင္း ပါပဲ။ စိတ္ညစ္စရာေတြနဲ႔ နာက်င္စရာေတြက ကြၽန္ေတာ္တို႔ကို အေသတိုက္ဖို႔ တနည္းမဟုတ္ တနည္းနဲ႔ ကြၽန္ေတာ္တို႔ ေက်ာေပါကို က်လာတတ္ပါတယ္။

အဲဒီ့လို ေဘးၾကပ္နံၾကပ္အေျခအေနမ်ိဳးနဲ႔ ႀကဳံရတဲ့ အခါမွာေတာ့ ေက်ာေပၚက်လာတဲ့ စိတ္ညစ္စရာမွန္သမွ်ကို ခါထုတ္လိုက္ လြတ္ေျမာက္ဖို႔ ႀကိဳးစားလိုက္နဲ႔ ေနာက္ဆုံး ကိုယ္အသက္ မေသဖို႔ရာ ႐ုန္းကန္ေနရတာ ပါပဲ ဆိုတဲ့ အဓိပၸါယ္ပါပဲ။

လြတ္ေျမာက္သြားတဲ့ ျမည္းကို နမူနာယူၿပီး ကြၽန္ေတာ္တို႔လည္း လြတ္ေျမာက္ေအာင္ ႀကိဳးစားၾကရမွာပါ။

Crd

Post a Comment

0 Comments