အသက်ဝင်သော ပန်းပုရုပ်

တခါက ရွာတရွာမှာ ပန်းပုဆရာ တယာက် ရှိတယ်။ သူဟာ ဘယ်လို သစ်သားမျိုးနဲ့ မဆို ပန်းပုရုပ် ကို ပီပြင်အောင် ထုပေးနိုင်တယ်။

သူထွင်းထုလိုက်တဲ့ လက်ရာတွေက အသက်ဝင် လွန်းတော့ အနီးနားက ရွာတွေ အထိပါ သူ့သတင်းက ကျော်ကြားတယ်။

ဒီတော့ တပည့်လက်သား အဖြစ်နဲ့ ပညာသင်ချင်တဲ့ သူတွေ ကလည်း များတယ်။ ဒါပေမယ့် လာသမျှ တပည့်တွေ ကလည်း ဆရာ့လက်ရာ ကို မမှီနိုင်ဘူး။

ဒါနဲ့ တနေ့ကျတော့ ဆရာ့ကို လူတယောက်က မေးတယ်။ ဆရာထုတဲ့ အရုပ်နဲ့ တခြားလူတွေရဲ့ အရုပ်က ဘာကြောင့် ကွာခြားရတာလဲ။ ဆရာ့လက်ရာတွေက ဘာကြောင့် ပိုပြီးတော့ ပီပြင်ရတာလဲ လို့ မေးတယ်။

ဒီတော့ ပန်းပုဆရာက "ကျုပ်တို့မှာ အခြေခံ အနေနဲ့ ကတော့ သုံးရတာချင်း အတူတူပဲ။ ဒါပေမယ့် မြင်အောင် ကြည့်တတ်တဲ့ အမြင်နေရာမှာတော့ ကွာသွားပြီ။

ဥပမာဗျာ ဆင်ရုပ်ထွင်းမယ် ဆိုပါတော့။ ဒီသစ်ပိုင်း ထဲကနေ ဘယ်နေရာက ဆင်ရဲ့ အစိတ် အပိုင်း ဖြစ်သင့်တယ်၊ ဘယ်နေရာ ကိုတော့ မဖြစ်ထိုက်လို့ ဖယ်ထုတ် သင့်တယ် ဆိုတာကို သေသေချာချာ သိနေဖို့ပဲ။

မလိုတဲ့ အပိုင်းကို ဖယ်ထုတ်လိုက် နိုင်တော့ ထွင်းတဲ့ လက်ရာ ပီပြင်တာပေါ့ဗျာ။ ဆင်ဆိုရင်လည်း ဆင်ရုပ်၊ မြင်းဆိုလည်း မြင်းရုပ်၊ အကုန် ပီပြင်တယ်ဗျာ။ အရေးကြီးတာက ဘယ်အပိုင်းကို ဖယ်ထုတ်ရမလဲ ဆိုတာပဲ" တဲ့။

ပုံပြင်လေးကတော့ ဒါပါပဲ။ ကျနော်တို့တွေဟာလည်း ပထမဆုံး ကိုယ်ဖြစ်ချင်တာကို သိအောင် လုပ်ရပါမယ်။ ဖြစ်ချင်တာတွေ ပီပြင်ဖို့ အတွက် မလိုအပ်တဲ့ အရာတွေကို ပြတ်ပြတ်သားသား ဖယ်ထုတ်ပစ် ရပါမယ်။

ဖယ်ထုတ်ပစ်ရမယ့် အထဲမှာ အားနာစိတ်တွေ၊ ပျင်းရိခြင်းတွေ၊ တွေဝေခြင်းတွေ အပြင် သံယောဇဉ်တွေ ပါကောင်း ပါနေပါလိမ့်မယ်။

ဒါကြောင့်ပဲ ဖယ်ထုတ်သင့်တာ သိနေလျှက်နဲ့ မဖယ်ထုတ် နိုင်ရင်တော့ ပန်းပုရုပ်တွေဟာ အသက်ဝင် ပီပြင်နေမှာ မဟုတ်ပါဘူး။

Crd

Zawgyi

အသက္ဝင္ေသာ ပန္းပုရုပ္

တခါက ႐ြာတ႐ြာမွာ ပန္းပုဆရာ တယာက္ ရွိတယ္။ သူဟာ ဘယ္လို သစ္သားမ်ိဳးနဲ႔ မဆို ပန္းပု႐ုပ္ ကို ပီျပင္ေအာင္ ထုေပးႏိုင္တယ္။ သူထြင္းထုလိုက္တဲ့ လက္ရာေတြက အသက္ဝင္ လြန္းေတာ့ အနီးနားက ႐ြာေတြ အထိပါ သူ႔သတင္းက ေက်ာ္ၾကားတယ္။

ဒီေတာ့ တပည့္လက္သား အျဖစ္နဲ႔ ပညာသင္ခ်င္တဲ့ သူေတြ ကလည္း မ်ားတယ္။ ဒါေပမယ့္ လာသမွ် တပည့္ေတြ ကလည္း ဆရာ့လက္ရာ ကို မမွီႏိုင္ဘူး။

ဒါနဲ႔ တေန႔က်ေတာ့ ဆရာ့ကို လူတေယာက္က ေမးတယ္။ ဆရာထုတဲ့ အ႐ုပ္နဲ႔ တျခားလူေတြရဲ႕ အ႐ုပ္က ဘာေၾကာင့္ ကြာျခားရတာလဲ။ ဆရာ့လက္ရာေတြက ဘာေၾကာင့္ ပိုၿပီးေတာ့ ပီျပင္ရတာလဲ လို႔ ေမးတယ္။

ဒီေတာ့ ပန္းပုဆရာက "က်ဳပ္တို႔မွာ အေျခခံ အေနနဲ႔ ကေတာ့ သုံးရတာခ်င္း အတူတူပဲ။ ဒါေပမယ့္ ျမင္ေအာင္ ၾကည့္တတ္တဲ့ အျမင္ေနရာမွာေတာ့ ကြာသြားၿပီ။

ဥပမာဗ်ာ ဆင္႐ုပ္ထြင္းမယ္ ဆိုပါေတာ့။ ဒီသစ္ပိုင္း ထဲကေန ဘယ္ေနရာက ဆင္ရဲ႕ အစိတ္ အပိုင္း ျဖစ္သင့္တယ္၊ ဘယ္ေနရာ ကိုေတာ့ မျဖစ္ထိုက္လို႔ ဖယ္ထုတ္ သင့္တယ္ ဆိုတာကို ေသေသခ်ာခ်ာ သိေနဖို႔ပဲ။

မလိုတဲ့ အပိုင္းကို ဖယ္ထုတ္လိုက္ ႏိုင္ေတာ့ ထြင္းတဲ့ လက္ရာ ပီျပင္တာေပါ့ဗ်ာ။ ဆင္ဆိုရင္လည္း ဆင္႐ုပ္၊ ျမင္းဆိုလည္း ျမင္း႐ုပ္၊ အကုန္ ပီျပင္တယ္ဗ်ာ။ အေရးႀကီးတာက ဘယ္အပိုင္းကို ဖယ္ထုတ္ရမလဲ ဆိုတာပဲ" တဲ့။

ပုံျပင္ေလးကေတာ့ ဒါပါပဲ။ က်ေနာ္တို႔ေတြဟာလည္း ပထမဆုံး ကိုယ္ျဖစ္ခ်င္တာကို သိေအာင္ လုပ္ရပါမယ္။ ျဖစ္ခ်င္တာေတြ ပီျပင္ဖို႔ အတြက္ မလိုအပ္တဲ့ အရာေတြကို ျပတ္ျပတ္သားသား ဖယ္ထုတ္ပစ္ ရပါမယ္။

ဖယ္ထုတ္ပစ္ရမယ့္ အထဲမွာ အားနာစိတ္ေတြ၊ ပ်င္းရိျခင္းေတြ၊ ေတြေဝျခင္းေတြ အျပင္ သံေယာဇဥ္ေတြ ပါေကာင္း ပါေနပါလိမ့္မယ္။ ဒါေၾကာင့္ပဲ ဖယ္ထုတ္သင့္တာ သိေနလွ်က္နဲ႔ မဖယ္ထုတ္ ႏိုင္ရင္ေတာ့ ပန္းပု႐ုပ္ေတြဟာ အသက္ဝင္ ပီျပင္ေနမွာ မဟုတ္ပါဘူး။

Crd

Post a Comment

0 Comments