ခွေးတွေရဲ့ အနံ့ခံနိုင်စွမ်းအားက လူသားတွေထက် အဆ ၁၀၀၀၀ ပိုများပါတယ်။ အဲဒါကြောင့် ခွေးလေးတွေကို တချို့နယ်ပယ်တွေမှာ အသုံးပြုဖို့ သေချာလေ့ကျင့်ပေးကြပါတယ်။ ဒီနေ့မှာတော့ သင်မထင်ထားမိလောက်တဲ့ ခွေးလေးတွေ အနံ့ခံနိုင်တဲ့ အရာ (၇) မျိုးကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ သွေးတွင်းမှာရှိတဲ့ ဂလူးကို့စ် level ပြောင်းလဲမှု

ခွေးလေးတွေက သွေးထဲမှာ ဂလူးကို့စ် နည်းနည်းလေး ပြောင်းသွားရင်တောင် သူတို့က အနံ့ခံနိုင်ကြပါတယ်။ လူသားတွေရဲ့ချွေးထဲက အနံ့ပြောင်းလဲတာကို ခွေးလေးတွေက ခွဲခြားနိုင်ကြပါတယ်။ ဒါ့အပြင် သခင်ရဲ့အမူအရာတွေ ပြောင်းလဲနေတာကိုလည်း ခွေးလေးတွေက သတိပြုမိ နိုင်ပါသေးတယ်။

၂။ ကင်ဆာ

ကင်ဆာက အကျိတ်တွေ ကြီးလာဖို့အတွက် ဆဲလ်တွေ ပုံမှန် မဖြစ်တော့အောင် လုပ်ပါတယ်။ မကောင်းတော့တဲ့ ဆဲလ်တွေကနေ ထွက်တဲ့ ပရိုတိန်းတစ်မျိုးကို ခွေးတွေက အနံ့ခံနိုင်ကြပါတယ်။ သုတေသနတွေအရ လူသားတွေမှာ ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာ၊ ဆီးအိမ်ကင်ဆာဖြစ်ရင် ခွေးလေးတွေက အနံ့ခံနိုင်ပါတယ်။

၃။ မှတ်မိလွယ်ခြင်း

ခွေးတွေရဲ့ နှာခေါင်းထဲမှာ လူတစ်ယောက်နဲ့ တစ်ယောက်ရဲ့ ကိုယ်နံ့က ထပ်တူမကျပါဘူး။ အဲဒါကြောင့် ခွေးလေးတွေနဲ့ သခင်တွေက နှစ်တွေ အများကြီးကြာပြီးမှ ပြန်တွေ့ရင်တောင် သခင်ရဲ့ကိုယ်နံ့နဲ့ အမှတ်အသားတွေကြောင့် ခွေးလေးတွေက မှတ်မိပါတယ်။

၄။ ဝက်ရူးပြန်ရောဂါ

လူသားတွေ ဝက်ရူးပြန်ရောဂါ မဖြစ်ခင် ၄၅ မိနစ်အလိုမှာ ခွေးလေးတွေက ကြိုတင်သိရှိ နေကြပါပြီ။ ဝက်ရူးပြန်ရောဂါ မဖြစ်ခင်မှာ ထွက်လာတဲ့ အနံ့ကို ခွေးတွေက အနံ့ခံနိုင်တာပါ။ ဝက်ရူးပြန်ရောဂါ ဖြစ်တော့မှာကို သိရင် ခွေးလေးတွေက သင့်ကို ထိုးဟောင်ပါလိမ့်မယ်။

၅။ သင်ဆီက ရလာတဲ့ အခြားခွေးအနံ့

ခွေးအချင်းချင်း ဆီး၊ အသားအရေ၊ အမွှေး၊ မစင်တွေကနေတစ်ဆင့် ဆက်သွယ်မှုတွေ လုပ်လို့ရပါတယ်။ သင်က ခွေးရှိတဲ့ သူငယ်ချင်းအိမ်ကို သွားလည်ပြီး ပြန်လာရင် သင် ဘယ်လိုခွေးနဲ့ ထိတွေ့ခဲ့လဲ ဆိုတာကို သင့်ခွေးက အနံ့ခံပြီးသိနေပါပြီ။ တခြားခွေးတွေနဲ့ ထိတွေ့ပြီး ပြန်လာရင် ခွေးတွေက စိတ်ကောက်တတ်ပါတယ်။

၆။ ကိုယ်ဝန်ဆောင်

သင့်ရဲ့ကိုယ်နံ့နည်းနည်းလေး ပြောင်းရင်တောင် ခွေးက အနံ့ခံ နိုင်ပါတယ်။ သင့်မှာ ကိုယ်ဝန်ရှိရင် ဟော်မုန်းတစ်မျိုးက ပြောင်းသွားပြီး ကိုယ်နံ့ပါပြောင်းပါတယ်။ အဲဒီအနံ့နဲ့ သင့်အမူအရာတွေ ကနေတစ်ဆင့် လူသားတွေ ကိုယ်ဝန်ဆောင်တာကို ခွေးလေးတွေ သိပါတယ်။ အဲဒီအခါ တချို့ခွေးလေးတွေရဲ့ အမူအရာတွေက ပြောင်းသွားတတ်ပါတယ်။

၇။ မုန်တိုင်း

တိရစ္ဆာန်တွေက သဘာဝနဲ့ ပိုပြီး နီးစပ်ပါတယ်။ လေထုထဲမှာ အနံ့အနည်းငယ် ပြောင်းလဲတာ၊ မုန်တိုင်းလာနေတာ၊ ရာသီဥတု ပြောင်းနေတာကို ခွေးတွေက အနံ့ခံပြီး သိနိုင်ကြပါတယ်။

Bonus

ခွေးလေးတွေက လူသားတွေအတွက် အကောင်းဆုံး သူငယ်ချင်းပါပဲ။ သူတို့က သင့်ကိုသာမက သင့်ရဲ့ကလေးတွေကို ချစ်ပြီး စောင့်ရှောက်ပေး နိုင်ပါတယ်။ ခွေးတစ်ကောင် မွေးထားတာက သင့်ကို အဖော်ရစေရုံမက ပျော်ရွှင်စေမှာပါ။

Zombie (lovemedia)

for zawgyi

သင္မထင္ထားမိေလာက္တဲ့ ေခြးေလးေတြ အနံ႔ခံႏိုင္တဲ့အရာ (၇) ခု

ေခြးေတြရဲ႕ အနံ႔ခံႏိုင္စြမ္းအားက လူသားေတြထက္ အဆ ၁၀၀၀၀ ပိုမ်ားပါတယ္။ အဲဒါေၾကာင့္ ေခြးေလးေတြကို တခ်ိဳ႕နယ္ပယ္ေတြမွာ အသုံးျပဳဖို႔ ေသခ်ာေလ့က်င့္ေပးၾကပါတယ္။ ဒီေန႔မွာေတာ့ သင္မထင္ထားမိေလာက္တဲ့ ေခြးေလးေတြ အနံ႔ခံႏိုင္တဲ့ အရာ (၇) မ်ိဳးကို love media ကေန ေဖာ္ျပေပးပါမယ္ေနာ္။

၁။ ေသြးတြင္းမွာရွိတဲ့ ဂလူးကို႔စ္ level ေျပာင္းလဲမႈ

ေခြးေလးေတြက ေသြးထဲမွာ ဂလူးကို႔စ္ နည္းနည္းေလး ေျပာင္းသြားရင္ေတာင္ သူတို႔က အနံ႔ခံႏိုင္ၾကပါတယ္။ လူသားေတြရဲ႕ေခြၽးထဲက အနံ႔ေျပာင္းလဲတာကို ေခြးေလးေတြက ခြဲျခားႏိုင္ၾကပါတယ္။ ဒါ့အျပင္ သခင္ရဲ႕အမူအရာေတြ ေျပာင္းလဲေနတာကိုလည္း ေခြးေလးေတြက သတိျပဳမိ ႏိုင္ပါေသးတယ္။

၂။ ကင္ဆာ

ကင္ဆာက အက်ိတ္ေတြ ႀကီးလာဖို႔အတြက္ ဆဲလ္ေတြ ပုံမွန္ မျဖစ္ေတာ့ေအာင္ လုပ္ပါတယ္။ မေကာင္းေတာ့တဲ့ ဆဲလ္ေတြကေန ထြက္တဲ့ ပ႐ိုတိန္းတစ္မ်ိဳးကို ေခြးေတြက အနံ႔ခံႏိုင္ၾကပါတယ္။ သုေတသနေတြအရ လူသားေတြမွာ ရင္သားကင္ဆာ၊ အဆုတ္ကင္ဆာ၊ ဆီးအိမ္ကင္ဆာျဖစ္ရင္ ေခြးေလးေတြက အနံ႔ခံႏိုင္ပါတယ္။

၃။ မွတ္မိလြယ္ျခင္း

ေခြးေတြရဲ႕ ႏွာေခါင္းထဲမွာ လူတစ္ေယာက္နဲ႔ တစ္ေယာက္ရဲ႕ ကိုယ္နံ႔က ထပ္တူမက်ပါဘူး။ အဲဒါေၾကာင့္ ေခြးေလးေတြနဲ႔ သခင္ေတြက ႏွစ္ေတြ အမ်ားႀကီးၾကာၿပီးမွ ျပန္ေတြ႕ရင္ေတာင္ သခင္ရဲ႕ကိုယ္နံ႔နဲ႔ အမွတ္အသားေတြေၾကာင့္ ေခြးေလးေတြက မွတ္မိပါတယ္။

၄။ ဝက္႐ူးျပန္ေရာဂါ

လူသားေတြ ဝက္႐ူးျပန္ေရာဂါ မျဖစ္ခင္ ၄၅ မိနစ္အလိုမွာ ေခြးေလးေတြက ႀကိဳတင္သိရွိ ေနၾကပါၿပီ။ ဝက္႐ူးျပန္ေရာဂါ မျဖစ္ခင္မွာ ထြက္လာတဲ့ အနံ႔ကို ေခြးေတြက အနံ႔ခံႏိုင္တာပါ။ ဝက္႐ူးျပန္ေရာဂါ ျဖစ္ေတာ့မွာကို သိရင္ ေခြးေလးေတြက သင့္ကို ထိုးေဟာင္ပါလိမ့္မယ္။

၅။ သင္ဆီက ရလာတဲ့ အျခားေခြးအနံ႔

ေခြးအခ်င္းခ်င္း ဆီး၊ အသားအေရ၊ အေမႊး၊ မစင္ေတြကေနတစ္ဆင့္ ဆက္သြယ္မႈေတြ လုပ္လို႔ရပါတယ္။ သင္က ေခြးရွိတဲ့ သူငယ္ခ်င္းအိမ္ကို သြားလည္ၿပီး ျပန္လာရင္ သင္ ဘယ္လိုေခြးနဲ႔ ထိေတြ႕ခဲ့လဲ ဆိုတာကို သင့္ေခြးက အနံ႔ခံၿပီးသိေနပါၿပီ။ တျခားေခြးေတြနဲ႔ ထိေတြ႕ၿပီး ျပန္လာရင္ ေခြးေတြက စိတ္ေကာက္တတ္ပါတယ္။

၆။ ကိုယ္ဝန္ေဆာင္

သင့္ရဲ႕ကိုယ္နံ႔နည္းနည္းေလး ေျပာင္းရင္ေတာင္ ေခြးက အနံ႔ခံ ႏိုင္ပါတယ္။ သင့္မွာ ကိုယ္ဝန္ရွိရင္ ေဟာ္မုန္းတစ္မ်ိဳးက ေျပာင္းသြားၿပီး ကိုယ္နံ႔ပါေျပာင္းပါတယ္။ အဲဒီအနံ႔နဲ႔ သင့္အမူအရာေတြ ကေနတစ္ဆင့္ လူသားေတြ ကိုယ္ဝန္ေဆာင္တာကို ေခြးေလးေတြ သိပါတယ္။ အဲဒီအခါ တခ်ိဳ႕ေခြးေလးေတြရဲ႕ အမူအရာေတြက ေျပာင္းသြားတတ္ပါတယ္။

၇။ မုန္တိုင္း

တိရစာၦန္ေတြက သဘာဝနဲ႔ ပိုၿပီး နီးစပ္ပါတယ္။ ေလထုထဲမွာ အနံ႔အနည္းငယ္ ေျပာင္းလဲတာ၊ မုန္တိုင္းလာေနတာ၊ ရာသီဥတု ေျပာင္းေနတာကို ေခြးေတြက အနံ႔ခံၿပီး သိႏိုင္ၾကပါတယ္။

Bonus

ေခြးေလးေတြက လူသားေတြအတြက္ အေကာင္းဆုံး သူငယ္ခ်င္းပါပဲ။ သူတို႔က သင့္ကိုသာမက သင့္ရဲ႕ကေလးေတြကို ခ်စ္ၿပီး ေစာင့္ေရွာက္ေပး ႏိုင္ပါတယ္။ ေခြးတစ္ေကာင္ ေမြးထားတာက သင့္ကို အေဖာ္ရေစ႐ုံမက ေပ်ာ္႐ႊင္ေစမွာပါ။

Zombie (lovemedia)