ခွေးလေးတွေ အိပ်တဲ့ပုံစံကနေ (၆) ခုကနေ သိနိုင်မယ့် သူတို့အကြောင်း

ခွေးလေးတွေက သစ္စာရှိတဲ့ လူတွေရဲ့ မိတ်ဆွေပါ။ သူတို့ရဲ့ အပြုအမူလေးတွေက တစ်ခါတလေ ချစ်စရာ ကောင်းပြီး ရယ်ရသလို တစ်ခါတလေတော့လည်း စိတ်တိုစရာ ကောင်းပါတယ်။

ဒီတစ်ခါတော့ သူတို့အကြိုက်ဆုံး အိပ်ပုံအိပ်နည်းကနေ သိနိုင်မယ့် သူတို့ရဲ့အကျင့်လေးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။

သင့်ခွေးလေးက ဘေးစောင်း အိပ်တတ်ရင် သူက သင့်ဆီမှာ အရမ်းအဆင်ပြေပြီး ပျော်နေတာပါ။ သခင်အပေါ်မှာလည်း သစ္စာရှိပါတယ်။ အဆော့မက်တဲ့ခွေးလေးတွေက ဘေးစောင်းအိပ်လေ့ ရှိကြပါတယ်။

၂။

ခွေးလေးတွေအများစုက ကွေးပြီး အိပ်တတ်ကြပါတယ်။ သူတို့ရဲ့ကိုယ်အနွေးဓါတ်ကို ထိန်းထားဖို့ ကွေးပြီးအိပ်ကြတာပါ။ သင့်ရဲ့ခွေးလေးက ဒီလိုပုံစံအိပ်ရင်တော့ သူက ချစ်စရာကောင်းပြီး သခင်အပေါ် သိတတ်ပါတယ်။

၃။

ခြေတွေ လက်တွေကို ဆန့်ကားပြီး မှောက်အိပ်တတ်တဲ့ ခွေးလေးတွေက သူတို့မှာ အားအင်တွေ ပြည့်နေကြောင်းဖော်ပြတာပါ။ ပျော်ပျော်နေတတ်ပြီး သခင်ကို စနောက်တတ်ပါတယ်။ အရွယ်ရောက်ပြီးသား ခွေးလေးတွေလည်း မှောက်ပြီး အိပ်တတ်ကြပါတယ်။

၄။

သင့်ခွေးလေးက အမြဲတမ်း ပက်လက်အိပ်တတ်ရင် သင့်ဆီမှာ နေရတာ လုံခြုံပြီး အရမ်းပျော်ရွှင်နေလို့ပါ။ ဆော့ရတာ အရမ်းမောပြီး စိတ်လွတ်လက်လွတ် အိပ်တဲ့အခါ ပက်လက် ဖြစ်သွားပါတော့တယ်။

၅။

ခွေးလေးတွေက အရမ်း ပင်ပန်းပြီးမှ အိပ်ရရင် မှောက်ပြီးမှ အိပ်တတ်ကြပါတယ်။ အိပ်ရေးဝဝ အိပ်ချင်တဲ့အခါ ဒီလိုမှောက်ပြီး အိပ်တတ်ကြပါတယ်။ သူတို့က နည်းနည်းလေး ရှက်တတ်ပေမယ့် သခင်ကိုတော့ ပျော်အောင် စနောက်တတ်ကြပါတယ်။

၆။

သင့်ခွေးလေးက ခြေထောက်ကို အပေါ်ထောင်အိပ်လို့ လန့်မသွားပါနဲ့နော်။ သူတို့ အရမ်းပူတဲ့အခါ ခြေထောက်ထောင်ပြီး အိပ်တတ်ကြပါတယ်။ သင့်ခွေးလေးက ဒီလို အိပ်လေ့ရှိရင် ဘယ်နေရာရောက်ရောက် လိုက်လျောညီထွေ နေတတ်ပါတယ်။

Zombie (lovemedia)

for zawgyi

ေခြးေလးေတြ အိပ္တဲ့ပုံစံကေန (၆) ခုကေန သိႏိုင္မယ့္ သူတို႔အေၾကာင္း

ေခြးေလးေတြက သစၥာရွိတဲ့ လူေတြရဲ႕ မိတ္ေဆြပါ။ သူတို႔ရဲ႕အျပဳအမူေလးေတြက တစ္ခါတေလ ခ်စ္စရာ ေကာင္းၿပီး ရယ္ရသလို တစ္ခါတေလေတာ့လည္း စိတ္တိုစရာ ေကာင္းပါတယ္။ ဒီတစ္ခါေတာ့ သူတို႔အႀကိဳက္ဆုံး အိပ္ပုံအိပ္နည္းကေန သိႏိုင္မယ့္ သူတို႔ရဲ႕အက်င့္ေလးေတြကို love media ကေန ေဖာ္ျပေပးပါမယ္ေနာ္။

၁။ သင့္ေခြးေလးက ေဘးေစာင္း အိပ္တတ္ရင္ သူက သင့္ဆီမွာ အရမ္းအဆင္ေျပၿပီး ေပ်ာ္ေနတာပါ။ သခင္အေပၚမွာလည္း သစၥာရွိပါတယ္။ အေဆာ့မက္တဲ့ေခြးေလးေတြက ေဘးေစာင္းအိပ္ေလ့ ရွိၾကပါတယ္။

၂။ ေခြးေလးေတြအမ်ားစုက ေကြးၿပီး အိပ္တတ္ၾကပါတယ္။ သူတို႔ရဲ႕ကိုယ္အေႏြးဓါတ္ကို ထိန္းထားဖို႔ ေကြးၿပီးအိပ္ၾကတာပါ။ သင့္ရဲ႕ေခြးေလးက ဒီလိုပုံစံအိပ္ရင္ေတာ့ သူက ခ်စ္စရာေကာင္းၿပီး သခင္အေပၚ သိတတ္ပါတယ္။

၃။ ေျခေတြ လက္ေတြကို ဆန႔္ကားၿပီး ေမွာက္အိပ္တတ္တဲ့ ေခြးေလးေတြက သူတို႔မွာ အားအင္ေတြ ျပည့္ေနေၾကာင္းေဖာ္ျပတာပါ။ ေပ်ာ္ေပ်ာ္ေနတတ္ၿပီး သခင္ကို စေနာက္တတ္ပါတယ္။ အ႐ြယ္ေရာက္ၿပီးသား ေခြးေလးေတြလည္း ေမွာက္ၿပီး အိပ္တတ္ၾကပါတယ္။

၄။ သင့္ေခြးေလးက အၿမဲတမ္း ပက္လက္အိပ္တတ္ရင္ သင့္ဆီမွာ ေနရတာ လုံၿခဳံၿပီး အရမ္းေပ်ာ္႐ႊင္ေနလို႔ပါ။ ေဆာ့ရတာ အရမ္းေမာၿပီး စိတ္လြတ္လက္လြတ္အိပ္တဲ့အခါ ပက္လက္ ျဖစ္သြားပါေတာ့တယ္။

၅။ ေခြးေလးေတြက အရမ္း ပင္ပန္းၿပီးမွ အိပ္ရရင္ ေမွာက္ၿပီးမွ အိပ္တတ္ၾကပါတယ္။ အိပ္ေရးဝဝ အိပ္ခ်င္တဲ့အခါ ဒီလိုေမွာက္ၿပီး အိပ္တတ္ၾကပါတယ္။ သူတို႔က နည္းနည္းေလး ရွက္တတ္ေပမယ့္ သခင္ကိုေတာ့ ေပ်ာ္ေအာင္ စေနာက္တတ္ၾကပါတယ္။

၆။ သင့္ေခြးေလးက ေျခေထာက္ကို အေပၚေထာင္အိပ္လို႔ လန႔္မသြားပါနဲ႔ေနာ္။ သူတို႔ အရမ္းပူတဲ့အခါ ေျခေထာက္ေထာင္ၿပီး အိပ္တတ္ၾကပါတယ္။ သင့္ေခြးေလးက ဒီလို အိပ္ေလ့ရွိရင္ ဘယ္ေနရာေရာက္ေရာက္ လိုက္ေလ်ာညီေထြ ေနတတ္ပါတယ္။

Zombie (lovemedia)

Post a Comment

0 Comments