သင့်ခွေးလေးက သူ့လက်လေးကို သင့်ကို လှမ်းလှမ်းပေးတာကို မကြာခဏ ကြုံဖူးမှာပါ။ သူ့လက်လေးကို သင့်ကို လှမ်းလှမ်းပေးတာရဲ့နောက်ကွယ်မှာ အဓိပ္ပါယ်တွေ အများကြီး ရှိပါတယ်။ လူအများစုက ခွေးလေးတွေရဲ့ ကိုယ်ဟန်အမူအရာကို နားမလည်ကြပါဘူး။

တကယ်တော့ သူတို့က ကိုယ်ဟန်အမူအရာကို အသုံးပြုပြီး သင့်ကို ဆက်သွယ်ဖို့ ကြိုးစားနေတာပါ။ ခွေးလေးတွေရဲ့ ကိုယ်ဟန်အမူအရာ ကနေတစ်ဆင့် သူတို့ရဲ့ခံစားချက်ကို သိလာနိုင်ပါတယ်။ အဲဒါကြောင့် ခွေးလေးတွေ သင့်ကို လက်လှမ်းပေးတဲ့ အကြောင်းအရင်းတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ ချစ်ခြင်းမေတ္တာ

ခွေးလေးတွေက သူတို့ရဲ့လက်ကို သင့်ရဲ့ခြေထောက်ပေါ် သို့မဟုတ် သင့်ရဲ့ခန္ဓာကိုယ် တစ်နေရာရာပေါ်ကို တင်ဖူးမှာပါ။ အဲဒီအချိန်ကျရင် သူတို့ရဲ့ နားရွက်တွေက အောက်ကို ငိုက်ကျနေတတ်ပါတယ်။ အဲဒီလို အနေအထားဆိုရင် ခွေးလေးက သင့်ကို အရမ်းချစ်ကြောင်း ဖော်ပြတာပါ။ သူလက်လေး ပေးလာရင် သင်ကလည်း ပြန်ချစ်ကြောင်း ဖော်ပြပေးဖို့ လိုအပ်ပါတယ်။

၂။ အသနားခံခြင်း

ခွေးလေးတွေ အချင်းချင်း လက်လေးတွေ တင်ထားတာကိုလည်း မြင်ဖူးမှာပါ။ သူတို့သဘောကျတဲ့ ခွေးလေးတွေ ရှေ့ရောက်ရင်လည်း လက်လေးတွေ လှမ်းတတ်ကြပါသေးတယ်။

၃။ ကစားဖို့ လာခေါ်ခြင်း

ခွေးလေးတွေက သူတို့ချစ်တဲ့သခင်နဲ့ အရမ်းဆော့ချင်ကြပါတယ်။ အဲဒီအခါ သခင်ဆီလာပြီး လက်လေးတွေနဲ့ လာတို့တတ်ကြပါတယ်။ ခွေးလေးတွေက ဆော့နေရင်းနဲ့ ဟောင်တတ်ပါတယ်။ အဲဒါကို လူသားတွေက ခွေးတွေ ဒေါသထွက်တယ်လို့ အထင်မှားတတ်ကြပါတယ်။ တကယ်တော့ သူတို့ ပျော်ရွှင်နေလို့ပါ။

၄။ကြောက်ရွံ့ခြင်း

ခွေးလေးတွေလည်း ကြောက်လန့် တတ်ကြပါတယ်။ အဲဒီအခါ သူတို့ ကြောက်နေတာကို သခင် သိစေချင်လို့ လက်လေး လာပေးတတ်ပါတယ်။ အဲဒီအခါ သူတို့ မျက်လုံးတွေမှာ အားငယ်မှုတွေ ပါနေတတ်ပါတယ်။

၅။ အလေးပေးမှုကို ခံယူလိုခြင်း

ဟူးမန်းတွေက တစ်ခါတလေမှာ အရမ်းကို အလုပ်ရှုပ် တတ်တာကြောင့် သူတို့ကို အချိန်မပေးနိုင်ကြပါဘူး။ အဲဒီအခါ သူတို့က မပျော်ရွှင်ကြတော့ပါဘူး။ သူတို့ကို မေ့သွားပြီထင်ပြီး သင့်ရဲ့အလေးထားမှုကို ရအောင် လုပ်တတ်ကြပါတယ်။ သင့်ပေါင်ပေါ်ကို လက်လာတင်တာ၊ ဟောင်တာ၊ အရုပ်ရှာပြီး သင့်ကိုလာပေးတာမျိုးပါ။ နောက်ပြီး သူတို့ နေမကောင်းဖြစ်တာကို ပြချင်ရင်လည်း လက်လာပေးတတ် ကြပါတယ်။

၆။ ဗိုက်ဆာခြင်း

ခွေးလေးတွေက သူတို့ ဗိုက်ဆာတာကို မပြောပြတတ်တာကြောင့် လက်လာပေးပြီး အသိပေးတတ် ကြပါတယ်။ ပုံမှန်အားဖြင့် ခွေးလေးတွေ အစာစားရမယ့်အချိန်ကို သိကြပါတယ်။ ဗိုက်အရမ်း ဆာလာရင် သင် သတိပြုမိအောင်လို့ ညည်းပြတတ်သလို လက်လည်း လာပေးတတ်ကြပါတယ်။

Zombie (lovemedia)

for zawgyi

ေခြးေလးေတြက သူတို႔လက္ေလးေတြကို သင့္ဆီ လာလာေပးတဲ့အေၾကာင္းအရင္း (၆) ခု

သင့္ေခြးေလးက သူ႔လက္ေလးကို သင့္ကို လွမ္းလွမ္းေပးတာကို မၾကာခဏ ႀကဳံဖူးမွာပါ။ သူ႔လက္ေလးကို သင့္ကို လွမ္းလွမ္းေပးတာရဲ႕ေနာက္ကြယ္မွာ အဓိပၸါယ္ေတြ အမ်ားႀကီး ရွိပါတယ္။

လူအမ်ားစုက ေခြးေလးေတြရဲ႕ ကိုယ္ဟန္အမူအရာကို နားမလည္ၾကပါဘူး။ တကယ္ေတာ့ သူတို႔က ကိုယ္ဟန္အမူအရာကို အသုံးျပဳၿပီး သင့္ကို ဆက္သြယ္ဖို႔ ႀကိဳးစားေနတာပါ။ ေခြးေလးေတြရဲ႕ ကိုယ္ဟန္အမူအရာ ကေနတစ္ဆင့္ သူတို႔ရဲ႕ခံစားခ်က္ကို သိလာႏိုင္ပါတယ္။ အဲဒါေၾကာင့္ ေခြးေလးေတြ သင့္ကို လက္လွမ္းေပးတဲ့ အေၾကာင္းအရင္းေတြကို love media ကေန ေဖာ္ျပေပးပါမယ္ေနာ္။

၁။ ခ်စ္ျခင္းေမတၱာ

ေခြးေလးေတြက သူတို႔ရဲ႕လက္ကို သင့္ရဲ႕ေျခေထာက္ေပၚ သို႔မဟုတ္ သင့္ရဲ႕ခႏၶာကိုယ္ တစ္ေနရာရာေပၚကို တင္ဖူးမွာပါ။ အဲဒီအခ်ိန္က်ရင္ သူတို႔ရဲ႕ နား႐ြက္ေတြက ေအာက္ကို ငိုက္က်ေနတတ္ပါတယ္။ အဲဒီလို အေနအထားဆိုရင္ ေခြးေလးက သင့္ကို အရမ္းခ်စ္ေၾကာင္း ေဖာ္ျပတာပါ။ သူလက္ေလး ေပးလာရင္ သင္ကလည္း ျပန္ခ်စ္ေၾကာင္း ေဖာ္ျပေပးဖို႔ လိုအပ္ပါတယ္။

၂။ အသနားခံျခင္း

ေခြးေလးေတြ အခ်င္းခ်င္း လက္ေလးေတြ တင္ထားတာကိုလည္း ျမင္ဖူးမွာပါ။ သူတို႔သေဘာက်တဲ့ ေခြးေလးေတြ ေရွ႕ေရာက္ရင္လည္း လက္ေလးေတြ လွမ္းတတ္ၾကပါေသးတယ္။

၃။ ကစားဖို႔ လာေခၚျခင္း

ေခြးေလးေတြက သူတို႔ခ်စ္တဲ့သခင္နဲ႔ အရမ္းေဆာ့ခ်င္ၾကပါတယ္။ အဲဒီအခါ သခင္ဆီလာၿပီး လက္ေလးေတြနဲ႔ လာတို႔တတ္ၾကပါတယ္။ ေခြးေလးေတြက ေဆာ့ေနရင္းနဲ႔ ေဟာင္တတ္ပါတယ္။ အဲဒါကို လူသားေတြက ေခြးေတြ ေဒါသထြက္တယ္လို႔ အထင္မွားတတ္ၾကပါတယ္။ တကယ္ေတာ့ သူတို႔ ေပ်ာ္႐ႊင္ေနလို႔ပါ။

၄။ေၾကာက္႐ြံ႕ျခင္း

ေခြးေလးေတြလည္း ေၾကာက္လန႔္ တတ္ၾကပါတယ္။ အဲဒီအခါ သူတို႔ ေၾကာက္ေနတာကို သခင္ သိေစခ်င္လို႔ လက္ေလး လာေပးတတ္ပါတယ္။ အဲဒီအခါ သူတို႔ မ်က္လုံးေတြမွာ အားငယ္မႈေတြ ပါေနတတ္ပါတယ္။

၅။ အေလးေပးမႈကို ခံယူလိုျခင္း

ဟူးမန္းေတြက တစ္ခါတေလမွာ အရမ္းကို အလုပ္ရႈပ္ တတ္တာေၾကာင့္ သူတို႔ကို အခ်ိန္မေပးႏိုင္ၾကပါဘူး။ အဲဒီအခါ သူတို႔က မေပ်ာ္႐ႊင္ၾကေတာ့ပါဘူး။ သူတို႔ကို ေမ့သြားၿပီထင္ၿပီး သင့္ရဲ႕အေလးထားမႈကို ရေအာင္ လုပ္တတ္ၾကပါတယ္။ သင့္ေပါင္ေပၚကို လက္လာတင္တာ၊ ေဟာင္တာ၊ အ႐ုပ္ရွာၿပီး သင့္ကိုလာေပးတာမ်ိဳးပါ။ ေနာက္ၿပီး သူတို႔ ေနမေကာင္းျဖစ္တာကို ျပခ်င္ရင္လည္း လက္လာေပးတတ္ ၾကပါတယ္။

၆။ ဗိုက္ဆာျခင္း

ေခြးေလးေတြက သူတို႔ ဗိုက္ဆာတာကို မေျပာျပတတ္တာေၾကာင့္ လက္လာေပးၿပီး အသိေပးတတ္ ၾကပါတယ္။ ပုံမွန္အားျဖင့္ ေခြးေလးေတြ အစာစားရမယ့္အခ်ိန္ကို သိၾကပါတယ္။ ဗိုက္အရမ္း ဆာလာရင္ သင္ သတိျပဳမိေအာင္လို႔ ညည္းျပတတ္သလို လက္လည္း လာေပးတတ္ၾကပါတယ္။

Zombie (lovemedia)