ကွာခြားမှု

တခါတုန်းက မျက်မမြင်ကောင်လေး တယောက်ဟာ လမ်းဘေးမှာ တောင်းရမ်းနေတယ်။ သူ့ရှေ့မှာလည်း ဆိုင်းဘုတ်တခုကို ချထားတယ်။ ဆိုင်းဘုတ်မှာ ရေးထားတာက "ကျွန်တော်ဟာ မျက်မမြင် တယောက်ပါ။ ပေးကမ်း စွန့်ကြဲ ကြပါ"

သူတောင်းနေပေမယ့်လည်း သူ့ရဲ့ အရှေ့က ခွက်ကလေးထဲမှာ ပိုက်ဆံ အနည်းငယ်သာ ရပါတယ်။

ထိုအချိန်မှာ လူတယောက် လမ်းလျှောက်လာတယ်။ သူဟာ ကောင်လေးကို ကြည့်ပြီးတော့ ကောင်လေးရဲ့ ခွက်ထဲကို ပိုက်ဆံ ထည့်လိုက်တယ်။

ပြီးတော့ ဆိုင်းဘုတ်ကို တချက် ကြည့်လိုက်တယ်။ ဆိုင်းဘုတ်ကို ပြောင်းပြန် လှန်ပြီးတော့ စာတချို့ကို ရေးလိုက်တယ်။ ပြီးတော့မှ ဆိုင်းဘုတ်ကို သူရေးထားတဲ့ ဘက်နဲ့ ပြန် ထောင်ထားခဲ့ပြီး ထွက်သွားတယ်။

မကြာပါဘူး။ လမ်းသွား လမ်းလာတွေ ဝိုင်းထည့်ကြတာ ကောင်လေးရဲ့ ပိုက်ဆံခွက်လေး ပြည့်သွားတယ်။ ကောင်လေးက ပိုက်ဆံတွေ ယူပြီး ခွက် ပြန်ချတယ်။

လူတွေက ဆိုင်းဘုတ်ကို ကြည့်လိုက် ကောင်လေးကို ကြည့်လိုက် ပြီးတော့ ပိုက်ဆံအိတ်ကို နှိုက်ပြီးတော့ ပိုက်ဆံတွေ လှူကြပါတယ်။ ပိုက်ဆံ ခွက်ကလေးလည်း ပြည့် သွားတာပေါ့။

ညနေရောက်တော့ မနက်ကလူ ပြန်ရောက်လာတယ်။ ကောင်လေးကလည်း ထိုလူရဲ့ အနံ့ ကို မှတ်မိတယ်။ ဒါနဲ့ မေးတယ်။ ခင်ဗျား ကျွန်တော့်ဆိုင်းဘုတ်မှာ ဘာတွေရေးခဲ့လို့ ကျွန်တော် ပိုရတာလဲလို့ပေါ့။

ထိုလူက "ဒီနေ့သည် သာယာသောနေ့ တနေ့ဖြစ်မည်။ ငှက်ကလေးတွေ ပျံနေကြသည်။ ပန်းပွင့်လေးတွေလည်း ပွင့်နေကြပြီး နေမင်းကလည်း အလင်းရောင် ဖြန့်ကျက်နေသည်။

သို့ပေမယ့် ထိုအရာများကို ကျွန်ုပ် မမြင်ရပါ။ ကျွန်ုပ်မှာ လူကြိးမင်းတို့ ပေးမှ ကမ်းမှ စားရမည့် မျက်မမြင် တယောက်ဖြစ်ပါသည်" လို့ ရေးထားတာလို့ ပြန်ဖြေလိုက် ပါတော့တယ်။

ဒီပုံပြင်လေးကတော့ ဆိုလိုချင်တဲ့ အကြောင်းအရာခြင်း တူညီပေမယ့် ပြောပုံ ဆိုပုံ ကွာခြားမှုဟာ အရေးကြီးကြောင်းကို ပြောပြနေပါတယ်။ စကား အပြောအဆိုများ သတိမူနိုင်ကြပါစေ။

Crd

Pink

Zawgyi

ကြာျခားမႈ

တခါတုန္းက မ်က္မျမင္ေကာင္ေလး တေယာက္ဟာ လမ္းေဘးမွာ ေတာင္းရမ္းေနတယ္။ သူ႔ေရွ႕မွာလည္း ဆိုင္းဘုတ္တခုကို ခ်ထားတယ္။ ဆိုင္းဘုတ္မွာ ေရးထားတာက "ကြၽန္ေတာ္ဟာ မ်က္မျမင္ တေယာက္ပါ။ ေပးကမ္း စြန႔္ႀကဲ ၾကပါ"

သူေတာင္းေနေပမယ့္လည္း သူ႔ရဲ႕ အေရွ႕က ခြက္ကေလးထဲမွာ ပိုက္ဆံ အနည္းငယ္သာ ရပါတယ္။ ထိုအခ်ိန္မွာ လူတေယာက္ လမ္းေလွ်ာက္လာတယ္။ သူဟာ ေကာင္ေလးကို ၾကည့္ၿပီးေတာ့ ေကာင္ေလးရဲ႕ ခြက္ထဲကို ပိုက္ဆံ ထည့္လိုက္တယ္။

ၿပီးေတာ့ ဆိုင္းဘုတ္ကို တခ်က္ ၾကည့္လိုက္တယ္။ ဆိုင္းဘုတ္ကို ေျပာင္းျပန္ လွန္ၿပီးေတာ့ စာတခ်ိဳ႕ကို ေရးလိုက္တယ္။ ၿပီးေတာ့မွ ဆိုင္းဘုတ္ကို သူေရးထားတဲ့ ဘက္နဲ႔ ျပန္ ေထာင္ထားခဲ့ၿပီး ထြက္သြားတယ္။

မၾကာပါဘူး။ လမ္းသြား လမ္းလာေတြ ဝိုင္းထည့္ၾကတာ ေကာင္ေလးရဲ႕ ပိုက္ဆံခြက္ေလး ျပည့္သြားတယ္။ ေကာင္ေလးက ပိုက္ဆံေတြ ယူၿပီး ခြက္ ျပန္ခ်တယ္။ လူေတြက ဆိုင္းဘုတ္ကို ၾကည့္လိုက္ ေကာင္ေလးကို ၾကည့္လိုက္ ၿပီးေတာ့ ပိုက္ဆံအိတ္ကို ႏႈိက္ၿပီးေတာ့ ပိုက္ဆံေတြ လႉၾကပါတယ္။ ပိုက္ဆံ ခြက္ကေလးလည္း ျပည့္ သြားတာေပါ့။

ညေနေရာက္ေတာ့ မနက္ကလူ ျပန္ေရာက္လာတယ္။ ေကာင္ေလးကလည္း ထိုလူရဲ႕ အနံ႔ ကို မွတ္မိတယ္။ ဒါနဲ႔ ေမးတယ္။ ခင္ဗ်ား ကြၽန္ေတာ့္ဆိုင္းဘုတ္မွာ ဘာေတြေရးခဲ့လို႔ ကြၽန္ေတာ္ ပိုရတာလဲလို႔ေပါ့။

ထိုလူက "ဒီေန႔သည္ သာယာေသာေန႔ တေန႔ျဖစ္မည္။ ငွက္ကေလးေတြ ပ်ံေနၾကသည္။ ပန္းပြင့္ေလးေတြလည္း ပြင့္ေနၾကၿပီး ေနမင္းကလည္း အလင္းေရာင္ ျဖန႔္က်က္ေနသည္။ သို႔ေပမယ့္ ထိုအရာမ်ားကို ကြၽႏ္ုပ္ မျမင္ရပါ။ ကြၽႏ္ုပ္မွာ လူႀကိးမင္းတို႔ ေပးမွ ကမ္းမွ စားရမည့္ မ်က္မျမင္ တေယာက္ျဖစ္ပါသည္" လို႔ ေရးထားတာလို႔ ျပန္ေျဖလိုက္ ပါေတာ့တယ္။

ဒီပုံျပင္ေလးကေတာ့ ဆိုလိုခ်င္တဲ့ အေၾကာင္းအရာျခင္း တူညီေပမယ့္ ေျပာပုံ ဆိုပုံ ကြာျခားမႈဟာ အေရးႀကီးေၾကာင္းကို ေျပာျပေနပါတယ္။ စကား အေျပာအဆိုမ်ား သတိမူႏိုင္ၾကပါေစ။

Crd

Pink

Post a Comment

0 Comments