နာမည်ကြီး ပြိုင်ကားမောင်း ဂိမ်းတစ်ခုဖြစ်တဲ့ Forza Horizon 5 မှာ ကစားသမား ( Gamer တစ်ယောက် ) ဟာ ပျင်းပျင်း နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန် ပုံ နဲ့ KFC ဒီဇိုင်းကို အနုပညာ လက်ရာမြောက်စွာနဲ့ ရေးဆွဲခဲ့ပါတယ်။

FH5 မှာ ကားတွေအတွက် ကိုယ်တိုင် ဒီဇိုင်းရေးဆွဲနိုင်တယ် ဆိုတော့ ဆရာသမားရဲ့ လက်စွမ်းပြခဲ့တဲ့ ဒီဇိုင်းကို ကားတွေ မှာ အောက်ပါ ပုံမှာ ပါတဲ့ အတိုင်းတွေ့နိုင်ပါတယ်။

သူ့ရဲ့ လက်ရာပြောင်မြောက်မှုကိုတော့ Community ထဲကသူတွေက ဟာသအနုပညာအနေနဲ့ လက်ခံနိုင်ပေမဲ့ Forza Horizon 5 ရဲ့ Enforcement အဖွဲ့က သူတွေကတော့ သဘောမတွေ့ခဲ့ ကြပါဘူး။ အဲဒီအတွက် ကစားသမားရဲ့ အကောင့်ကို နှစ် ၈၀၀၀ အထိ ဘန်းခဲ့ပါတယ်။

သူဆွဲခဲ့တဲ့ထဲမှာ hashtag နဲ့ send nukes ဆိုပြီး နောက်ပြောင် ပြီးရေးထားတဲ့ စာသား အပြင် Nike ဒီဇိုင်းနဲ့ တူတဲ့ nuke balance လို့ ယူဆလို့ ရတဲ့ logo design တွေလည်း ပါဝင်နေပါတယ်။

အခုဆိုရင် သူဘန်းခံ ရတဲ့ ကိစ္စ နဲ့ ပက်သက်ပြီး ယခုလို လွတ်လပ်စွာ ဖန်တီးခြင်းကို အကန့်အသတ်တွေနဲ့ ပိတ်ပင်သင့်၊ မပိတ်ပင်သင့် ကို community တိုင်းမှာ အငြင်းပွား ကုန်ပြီပဲ ဖြစ်ပါတယ်။ ဒီတားမြစ်ချက်ကို Turn 10 Studios မှာရှိတဲ့ Enforcement Team က ထုတ်ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။

တချို့ကလည်း ဒါဟာ ဂိမ်းသက်သက်ပဲ ဖြစ်တာကြောင့် ဒီလို တားမြစ်ချက်တွေ မလုပ်သင့်ကြောင်း ပြောဆိုနေကြပါတယ်။

Zombie (lovemedia)

for zawgyi

ကင္ဂ်ဳံအန္ပုံႏွင့္ KFC ဒီဇိုင္း ဆြဲတဲ့ Gamer တစ္ေယာက္ ႏွစ္ ၈၀၀၀ ဘန္းခံရ

နာမည္ႀကီး ၿပိဳင္ကားေမာင္း ဂိမ္းတစ္ခုျဖစ္တဲ့ Forza Horizon 5 မွာ ကစားသမား ( Gamer တစ္ေယာက္ ) ဟာ ပ်င္းပ်င္း နဲ႔ ေျမာက္ကိုရီးယား ေခါင္းေဆာင္ ကင္ဂ်ဳံအန္ ပုံ နဲ႔ KFC ဒီဇိုင္းကို အႏုပညာ လက္ရာေျမာက္စြာနဲ႔ ေရးဆြဲခဲ့ပါတယ္။

FH5 မွာ ကားေတြအတြက္ ကိုယ္တိုင္ ဒီဇိုင္းေရးဆြဲႏိုင္တယ္ ဆိုေတာ့ ဆရာသမားရဲ႕ လက္စြမ္းျပခဲ့တဲ့ ဒီဇိုင္းကို ကားေတြ မွာ ေအာက္ပါ ပုံမွာ ပါတဲ့ အတိုင္းေတြ႕ႏိုင္ပါတယ္။

သူ႔ရဲ႕ လက္ရာေျပာင္ေျမာက္မႈကိုေတာ့ Community ထဲကသူေတြက ဟာသအႏုပညာအေနနဲ႔ လက္ခံႏိုင္ေပမဲ့ Forza Horizon 5 ရဲ႕ Enforcement အဖြဲ႕က သူေတြကေတာ့ သေဘာမေတြ႕ခဲ့ ၾကပါဘူး။ အဲဒီအတြက္ ကစားသမားရဲ႕ အေကာင့္ကို ႏွစ္ ၈၀၀၀ အထိ ဘန္းခဲ့ပါတယ္။

သူဆြဲခဲ့တဲ့ထဲမွာ hashtag နဲ႔ send nukes ဆိုၿပီး ေနာက္ေျပာင္ ၿပီးေရးထားတဲ့ စာသား အျပင္ Nike ဒီဇိုင္းနဲ႔ တူတဲ့ nuke balance လို႔ ယူဆလို႔ ရတဲ့ logo design ေတြလည္း ပါဝင္ေနပါတယ္။

အခုဆိုရင္ သူဘန္းခံ ရတဲ့ ကိစၥ နဲ႔ ပက္သက္ၿပီး ယခုလို လြတ္လပ္စြာ ဖန္တီးျခင္းကို အကန႔္အသတ္ေတြနဲ႔ ပိတ္ပင္သင့္၊ မပိတ္ပင္သင့္ ကို community တိုင္းမွာ အျငင္းပြား ကုန္ၿပီပဲ ျဖစ္ပါတယ္။ ဒီတားျမစ္ခ်က္ကို Turn 10 Studios မွာရွိတဲ့ Enforcement Team က ထုတ္ျပန္ခဲ့တာပဲ ျဖစ္ပါတယ္။

တခ်ိဳ႕ကလည္း ဒါဟာ ဂိမ္းသက္သက္ပဲ ျဖစ္တာေၾကာင့္ ဒီလို တားျမစ္ခ်က္ေတြ မလုပ္သင့္ေၾကာင္း ေျပာဆိုေနၾကပါတယ္။

Zombie (lovemedia)