ဉာဏ်ကောင်းတဲ့ ရွှေသမင်မ

ဟိုးရှေးရှေးတုန်းက သမင်တွေနေတဲ့ တောအုပ်လေး တခုမှာ အုပ်ချုပ်တဲ့ ရွှေသမင်ကြီး တကောင်ရှိတယ်။ သမင်မတွေနဲ့ သမင်ကလေးတွေကို လာဖမ်းဆီး သတ်ဖြတ် စားသောက်နေတဲ့ မြေခွေး တကောင်နဲ့ ကျားကြီးလည်း ရှိတယ်။

သမင်မတွေက ကိုယ်ဝန် လွယ်နေတဲ့ အချိန်မှာ မြေခွေးက တနေ့ တကောင်နှုန်းနဲ့ လာလာ သတ်စားတယ်။ သမင်ထီးတွေ ကတော့ ပြေးအား အရမ်းသန်တဲ့ အတွက် မြေခွေးက မလိုက်နိုင်ဘူး။ ကျားကတော့ တပါတ်မှ တခါ၊ တခါတလေ ဆယ်ရက်မှ တခါ လာစားတယ်။

မြေခွေးက နေ့တိုင်း လာသတ်စား နေတော့ ကြာလာတဲ့ အခါ သမင်မတွေနဲ့ သမင်လေးတွေ ကုန်သလောက် ရှိလောက်ပြီပေါ့။ အဲဒါနဲ့ ကျန်တဲ့ သမင်မတွေက ဒီတောအုပ်မှာ မနေရဲကြတော့ဘူး။ သမင် သားပေါက်လာရင် မြေခွေးကြီးရဲ့ လက်ချက် နဲ့ အသတ်ခံရမယ်။ ကျားကြီးကလည်း ရှိတော့ တခြားတောကို ပြောင်းချင်ကြတယ်။

အဲ့ဒီလိုနဲ့ ရွှေသမင်ကြီးကို လာပြောကြတယ်။ ရွှေသမင်ကြီးလည်း အခက်ခဲကို ဖြေရှင်းပေးမယ်လို့ ကတိပေးလိုက်ပြီး ပြန်ခိုင်းလိုက်ပါတယ်။ သမင်တွေကို အုပ်ချုပ်နေတဲ့ ရွှေသမင်မင်းလည်း မြေခွေးရန်က ဘယ်လိုလွတ်အောင် လုပ်မလဲ ဆိုတာ စဉ်းစားရ ခက်နေတယ်။

အဲဒီအချိန် ရွှေသမင်ကြီးရဲ့ မိဘုရား ရွှေသမင်မက "စိတ်မပူပါနဲ့ ကျွန်မ ကြံပေးပါ့မယ်" လို့ ဆိုတယ်။

ဒီလိုနဲ့ တရက် မှာတော့ ရွှေသမင်မက ကျားနား သွားပြီး "အသင်ကျား ကျွန်တော်မျိုးမတို့ကို ကယ်ပါ။ အသင်ကျားပဲ ကယ်နိုင်ပါတယ်" လို့ ပြောတယ်။

ကျားက ဘာအတွက်ပါလဲ လို့ ပြန်မေးတယ်။ ရွှေသမင်မက "ကျွန်တော်မျိုးမမှာ ကိုယ်ဝန် လွယ်ထား ရပါတယ်။ မြေခွေးက တရက် တကောင်ကျ လာသတ်စား နေပါတယ်။ အဲဒီအတွက် သမင်မျိုး သုန်းတော့မှာမို့ သမင်တွေ မရှိရင် သင့်အတွက် ဆယ်ရက်ကို တကောင် ဘယ်မှာ ရပါ့တော့မလဲ"

အဲဒီအခါ ကျားကလည်း "ဟုတ်သားပဲ။ မြေခွေးယုတ်ကို ကျွန်တော် ရှင်းပေးမယ်။ ဒါပေမဲ့ ရွှေသမင်မက ကတိတခု ပေးရမယ်။ ဆယ်ရက်ကို မဟုတ်ဘူး၊ တလ တခါ သမင်တကောင် ပို့ပေးရမယ်"

ရွှေသမင်မလည်း တလတကောင် ဆိုရင် မဆိုးပါဘူး လို့ တွေးပြီး တလတကောင် လာပို့ ပေးပါ့မယ်လို့ ကတိပေးလိုက်တယ်။

ကျားကလည်း မြေခွေးကို သတ်စားလိုက်တယ်။ မြေခွေး အသားက အရမ်း ချိုနေတာကို သိသွားတော့ မြေခွေးမနဲ့ သူ့ကလေးတွေ ကိုပါ သတ်စားလိုက်တယ်။ အဲ့ဒါနဲ့ အဲဒီတောထဲမှာ မြေခွေးမျိုးဆက် ပြုတ်သွားပါတော့တယ်။

ဒီလိုနဲ့ တလပြည်တဲ့အခါ ရွှေသမင်မက သူ့ခင်ပွန်းကို ကြည့်ပြီး မျက်ရည်ကျလာတယ်။ ရွှေသမင်မင်းလည်း ဘာအတွက် မျက်ရည်ကျသလဲ လို့ မေးတဲ့အခါ "အသင့်ကို ချစ်လွန်းလို့ မျက်ရည် ကျရပါတယ်" လို့ ပြန်ဖြေတယ်။ ပြီးတော့ သစ္စာဆိုတယ် "ကျွန်မ သည် ရွှေသမင်မင်း ပေါ် သစ္စာ မဖောက်ပြန်ခဲ့ပါ။ ဤစကားသည် မှန်ကန်ပါသည်။ ဤသစ္စာ စကား ကြောင့် ကျွန်တော်မျိုးမရဲ့ ခင်ပွန်းသည် ဘေးရန်ကင်းပါစေ"

သစ္စာ ဆိုပြီးတော့ ရွှေသမင်မင်းကို နှုတ်ဆက်ပြီး ကျားအစား သွားခံတယ်။ အသင်ကျား ကျွန်တော်မျိုးမ ကိုသာ စားပါလို့ သွားပြီး ပြောတယ်။ အဲဒီအခါ ကျားကြီးက ကတိတည်တဲ့ ရွှေသမင်မကို ကြည့်ပြီး သဘောကျသွားတယ်။ ကတိတည်တဲ့ ရွှေသမင်မကို မသတ်စား ရက်ဘူး။ အဲဒီတော့ ကျားက သင်ကိုယ်ဝန်နဲ့ မဟုတ်လား၊ ဘာ့ကြောင့် လာအစားခံတာလဲ လို့ မေးတယ်။

ရွှေသမင်မကလည်း "ဟုတ်ပါတယ် ကျွန်တော်မျိုးမမှာ ကိုယ်ဝန်နဲ့ပါ။ ကျွန်တော်မျိုးမ ကတော့ တကောင်ထဲ ပါပဲ။ ကိုယ်ဝန်ကောပါမှ နှစ်ကောင်ပေါ့။ ခင်ပွန်းဖြစ်သူ ရွှေသမင်မင်းက တခြား သမင်မတွေနဲ့ မျိုးဆက်ကို ပျံ့ပွားအောင် လုပ်ဆောင်နိုင်ခြေ များတဲ့အတွက် ကျွန်တော်မျိုးမက သူ့ကို ဘာမှမပြောပဲ လာအစားခံတာပါ"

အဲဒီလို ပြောလိုက်တဲ့အခါ ကျားကြီးက သမင်မရဲ့ စွန့်လွှတ် အနစ်နာခံတဲ့ စိတ်ကို ချီးကျူးပြီး သမင်မကို ပိုပြီး မစားရက် တော့ဘူး။ အဲဒါနဲ့ "ဒီနေ့က စပြီး သမင်သားကို လုံးဝ မစားတော့ပါဘူး" လို့ ကတိပေး လိုက်ပါတယ်။ ရွှေသမင်မကိုလည်း ပြန်လွတ် ပေးလိုက်ပါတယ်။

ရွှေသမင်မလည်း ခင်ပွန်းဖြစ်သူ ရွှေသမင်မင်းထံ ပျော်ရွှင်စွာ ပြန်သွားပြီး သမင်မတွေ အားလုံးကို ခေါ်ပြီး သမင်ကလေးတွေကို ဘယ်လို ပြုစုရမယ်၊ ဘယ်လို စိတ်ဓါတ်တွေ သင်ကြားရမယ် ဆိုတာ သင်ပြပေးရင်း မွေးလာမဲ့ ရွှေသမင်လေးကို စောင့်မျှော်လို့ ပျော်ရွှင်စွာ နေထိုင်သွားကြ ပါတော့တယ်။

Nanchitsuwin

Zawgyi

ဥာဏ္ေကာင္းတဲ့ ေရႊသမင္မ

ဟိုးေရွးေရွးတုန္းက သမင္ေတြေနတဲ့ ေတာအုပ္ေလး တခုမွာ အုပ္ခ်ဳပ္တဲ့ ေ႐ႊသမင္ႀကီး တေကာင္ရွိတယ္။ သမင္မေတြနဲ႔ သမင္ကေလးေတြကို လာဖမ္းဆီး သတ္ျဖတ္ စားေသာက္ေနတဲ့ ေျမေခြး တေကာင္နဲ႔ က်ားႀကီးလည္း ရွိတယ္။

သမင္မေတြက ကိုယ္ဝန္ လြယ္ေနတဲ့ အခ်ိန္မွာ ေျမေခြးက တေန႔ တေကာင္ႏႈန္းနဲ႔ လာလာ သတ္စားတယ္။ သမင္ထီးေတြ ကေတာ့ ေျပးအား အရမ္းသန္တဲ့ အတြက္ ေျမေခြးက မလိုက္ႏိုင္ဘူး။ က်ားကေတာ့ တပါတ္မွ တခါ၊ တခါတေလ ဆယ္ရက္မွ တခါ လာစားတယ္။

ေျမေခြးက ေန႔တိုင္း လာသတ္စား ေနေတာ့ ၾကာလာတဲ့ အခါ သမင္မေတြနဲ႔ သမင္ေလးေတြ ကုန္သေလာက္ ရွိေလာက္ၿပီေပါ့။ အဲဒါနဲ႔ က်န္တဲ့ သမင္မေတြက ဒီေတာအုပ္မွာ မေနရဲၾကေတာ့ဘူး။ သမင္ သားေပါက္လာရင္ ေျမေခြးႀကီးရဲ႕ လက္ခ်က္ နဲ႔ အသတ္ခံရမယ္။ က်ားႀကီးကလည္း ရွိေတာ့ တျခားေတာကို ေျပာင္းခ်င္ၾကတယ္။

အဲ့ဒီလိုနဲ႔ ေ႐ႊသမင္ႀကီးကို လာေျပာၾကတယ္။ ေ႐ႊသမင္ႀကီးလည္း အခက္ခဲကို ေျဖရွင္းေပးမယ္လို႔ ကတိေပးလိုက္ၿပီး ျပန္ခိုင္းလိုက္ပါတယ္။ သမင္ေတြကို အုပ္ခ်ဳပ္ေနတဲ့ ေ႐ႊသမင္မင္းလည္း ေျမေခြးရန္က ဘယ္လိုလြတ္ေအာင္ လုပ္မလဲ ဆိုတာ စဥ္းစားရ ခက္ေနတယ္။

အဲဒီအခ်ိန္ ေ႐ႊသမင္ႀကီးရဲ႕ မိဘုရား ေ႐ႊသမင္မက "စိတ္မပူပါနဲ႔ ကြၽန္မ ႀကံေပးပါ့မယ္" လို႔ ဆိုတယ္။

ဒီလိုနဲ႔ တရက္ မွာေတာ့ ေ႐ႊသမင္မက က်ားနား သြားၿပီး "အသင္က်ား ကြၽန္ေတာ္မ်ိဳးမတို႔ကို ကယ္ပါ။ အသင္က်ားပဲ ကယ္ႏိုင္ပါတယ္" လို႔ ေျပာတယ္။

က်ားက ဘာအတြက္ပါလဲ လို႔ ျပန္ေမးတယ္။ ေ႐ႊသမင္မက "ကြၽန္ေတာ္မ်ိဳးမမွာ ကိုယ္ဝန္ လြယ္ထား ရပါတယ္။ ေျမေခြးက တရက္ တေကာင္က် လာသတ္စား ေနပါတယ္။ အဲဒီအတြက္ သမင္မ်ိဳး သုန္းေတာ့မွာမို႔ သမင္ေတြ မရွိရင္ သင့္အတြက္ ဆယ္ရက္ကို တေကာင္ ဘယ္မွာ ရပါ့ေတာ့မလဲ"

အဲဒီအခါ က်ားကလည္း "ဟုတ္သားပဲ။ ေျမေခြးယုတ္ကို ကြၽန္ေတာ္ ရွင္းေပးမယ္။ ဒါေပမဲ့ ေ႐ႊသမင္မက ကတိတခု ေပးရမယ္။ ဆယ္ရက္ကို မဟုတ္ဘူး၊ တလ တခါ သမင္တေကာင္ ပို႔ေပးရမယ္"

ေ႐ႊသမင္မလည္း တလတေကာင္ ဆိုရင္ မဆိုးပါဘူး လို႔ ေတြးၿပီး တလတေကာင္ လာပို႔ ေပးပါ့မယ္လို႔ ကတိေပးလိုက္တယ္။

က်ားကလည္း ေျမေခြးကို သတ္စားလိုက္တယ္။ ေျမေခြး အသားက အရမ္း ခ်ိဳေနတာကို သိသြားေတာ့ ေျမေခြးမနဲ႔ သူ႔ကေလးေတြ ကိုပါ သတ္စားလိုက္တယ္။ အဲ့ဒါနဲ႔ အဲဒီေတာထဲမွာ ေျမေခြးမ်ိဳးဆက္ ျပဳတ္သြားပါေတာ့တယ္။

ဒီလိုနဲ႔ တလျပည္တဲ့အခါ ေ႐ႊသမင္မက သူ႔ခင္ပြန္းကို ၾကည့္ၿပီး မ်က္ရည္က်လာတယ္။ ေ႐ႊသမင္မင္းလည္း ဘာအတြက္ မ်က္ရည္က်သလဲ လို႔ ေမးတဲ့အခါ "အသင့္ကို ခ်စ္လြန္းလို႔ မ်က္ရည္ က်ရပါတယ္" လို႔ ျပန္ေျဖတယ္။ ၿပီးေတာ့ သစၥာဆိုတယ္ "ကြၽန္မ သည္ ေ႐ႊသမင္မင္း ေပၚ သစၥာ မေဖာက္ျပန္ခဲ့ပါ။ ဤစကားသည္ မွန္ကန္ပါသည္။ ဤသစၥာ စကား ေၾကာင့္ ကြၽန္ေတာ္မ်ိဳးမရဲ႕ ခင္ပြန္းသည္ ေဘးရန္ကင္းပါေစ"

သစၥာ ဆိုၿပီးေတာ့ ေ႐ႊသမင္မင္းကို ႏႈတ္ဆက္ၿပီး က်ားအစား သြားခံတယ္။ အသင္က်ား ကြၽန္ေတာ္မ်ိဳးမ ကိုသာ စားပါလို႔ သြားၿပီး ေျပာတယ္။ အဲဒီအခါ က်ားႀကီးက ကတိတည္တဲ့ ေ႐ႊသမင္မကို ၾကည့္ၿပီး သေဘာက်သြားတယ္။ ကတိတည္တဲ့ ေ႐ႊသမင္မကို မသတ္စား ရက္ဘူး။ အဲဒီေတာ့ က်ားက သင္ကိုယ္ဝန္နဲ႔ မဟုတ္လား၊ ဘာ့ေၾကာင့္ လာအစားခံတာလဲ လို႔ ေမးတယ္။

ေ႐ႊသမင္မကလည္း "ဟုတ္ပါတယ္ ကြၽန္ေတာ္မ်ိဳးမမွာ ကိုယ္ဝန္နဲ႔ပါ။ ကြၽန္ေတာ္မ်ိဳးမ ကေတာ့ တေကာင္ထဲ ပါပဲ။ ကိုယ္ဝန္ေကာပါမွ ႏွစ္ေကာင္ေပါ့။ ခင္ပြန္းျဖစ္သူ ေ႐ႊသမင္မင္းက တျခား သမင္မေတြနဲ႔ မ်ိဳးဆက္ကို ပ်ံ႕ပြားေအာင္ လုပ္ေဆာင္ႏိုင္ေျခ မ်ားတဲ့အတြက္ ကြၽန္ေတာ္မ်ိဳးမက သူ႔ကို ဘာမွမေျပာပဲ လာအစားခံတာပါ"

အဲဒီလို ေျပာလိုက္တဲ့အခါ က်ားႀကီးက သမင္မရဲ႕ စြန႔္လႊတ္ အနစ္နာခံတဲ့ စိတ္ကို ခ်ီးက်ဴးၿပီး သမင္မကို ပိုၿပီး မစားရက္ ေတာ့ဘူး။ အဲဒါနဲ႔ "ဒီေန႔က စၿပီး သမင္သားကို လုံးဝ မစားေတာ့ပါဘူး" လို႔ ကတိေပး လိုက္ပါတယ္။ ေ႐ႊသမင္မကိုလည္း ျပန္လြတ္ ေပးလိုက္ပါတယ္။

ေ႐ႊသမင္မလည္း ခင္ပြန္းျဖစ္သူ ေ႐ႊသမင္မင္းထံ ေပ်ာ္႐ႊင္စြာ ျပန္သြားၿပီး သမင္မေတြ အားလုံးကို ေခၚၿပီး သမင္ကေလးေတြကို ဘယ္လို ျပဳစုရမယ္၊ ဘယ္လို စိတ္ဓါတ္ေတြ သင္ၾကားရမယ္ ဆိုတာ သင္ျပေပးရင္း ေမြးလာမဲ့ ေ႐ႊသမင္ေလးကို ေစာင့္ေမွ်ာ္လို႔ ေပ်ာ္႐ႊင္စြာ ေနထိုင္သြားၾက ပါေတာ့တယ္။

Nanchitsuwin

Post a Comment

0 Comments