သမင်နှင့်ကျား

သမင်ရဲ့ပြေးနိုင်တဲ့ အမြန်နှုန်းက ၁ နာရီမှာ ၉၀ ကီလိုမီတာ ရှိတယ်။

ကျားရဲ့ ပြေးနိုင်တဲ့ အမြန်နှုန်းက ၁ နာရီမှာ ၅၉ ကီလိုမီတာပဲ ရှိတယ်။

ဒါပေမယ့် များသောအားဖြင့် ကျားက သမင်ကို လိုက်ရင် သမင်လေးခမျာ ကျားရဲ့ အာခံတွင်းထဲ ရောက်ရောက်သွားရတယ်။

ဘာကြောင့်လဲ။ စဉ်းစားဖူးသလား။

အဖြေကတော့ သမင်က ကျားလိုက်လို့ ပြေးရပြီ ဆိုရင် စိတ်အားငယ် သွားလေ့ ရှိတယ်။

ကျားက အင်အား ကြီးတယ်၊ ငါ လွှတ်မှာ မဟုတ်ဘူး ဆိုပြီး ပြေးရင်းနဲ့ သူနဲ့ ငါနဲ့ အကွာအဝေး ဘယ်လောက်ပဲ ကျန်တော့တယ် ဆိုတာ တွေးတော စဉ်းစားလေ့ ရှိတယ် ဆိုပါတယ်။

ကျားကတော့ ဒီကောင် ငါ့အရှေ့ ဘာမို့လဲ ရကို ရနိုင်ရမယ် ဆိုတဲ့ စိတ်ဓါတ်နဲ့ လိုက်တော့ များသောအားဖြင့် ရသွားလေ့ ရှိတယ်။

သူတို့ရဲ့ စိတ်ဓါတ်ဟာ သူတို့ရဲ့ ပြေးနှုန်းကို လျှော့စေ၊ မြန်စေ လိုက်တယ်။

ပေးချင်တဲ့ မက်ဆေ့လေး ကတော့ ဘဝရဲ့ ခြေလှမ်းတိုင်းမှာ အဓိက က စိတ်ဓါတ်ပါပဲ။ အင်အား တခုတည်းနဲ့ မဖြစ်ထွန်းပါဘူး။

သမင်လို စိတ်အား မငယ်ဖို့၊ ကျားလို စိတ်ဓာတ် ကြံ့ခိုင်ဖို့ အရေးကြီးပါတယ်။

Crd

Zawgyi

သမင်နှင့်ကျား



ဘာကြောင့်လဲ။ စဉ်းစားဖူးသလား။







Crd

Post a Comment

0 Comments