ခွေးရူး

ဟိုးရှေးရှေးတုန်းက အလွန် ခွေးချစ်တတ်တဲ့ ရွာကြီးတရွာ ရှိခဲ့ဘူးတယ်။ အဲ့ရွာက ဘယ်လောက်အထိ ခွေးချစ်ကြလဲ ဆိုရင် ခွေးတွေက ရွာလူဦးရေရဲ့ ၂ ဆလောက်ကို ရှိကြတယ်။

တနေ့မှာတော့ ရွာသူကြီးအိမ်က ခွေးကြီးဟာ ရွာသူကြီး မရှိတုန်း အိမ်ပေါ်တက်ပြီး မီးဖိုချောင်ထဲက ဟင်းတွေကို ဝင်စားတော့တာပေါ့။ အဲ့ဒီမှာတင် ခွေးကြီးက အရင်လို အရိုးစားရတာ မဟုတ်ဘဲ စားဦးစားဖျား အသားတွေ စားရတာ ဆိုတော့ ဘဝင်လေဟက် တော့တာပေါ့။

အသိဉာဏ်နည်းတဲ့ ခွေးဟာ အသားဟင်းတွေတင် မကပဲ ဟင်းအခါးတွေ ကိုပါ စားဖို့ ကြံသတဲ့။ "လူတွေတောင် စားသေးတာ ငါလည်း ဘာလို့ စားလို့မရ ရမှာလဲ" ဆိုပြီး ခွေးနဲ့ မတည့်တဲ့ အခါးဟင်းတွေကိုပါ ကျိတ်မှတ်ပြီး စားတယ်။

သဘာဝတရားရဲ့ ကန့်သက်ချက်နဲ့ မတည့်စာတွေကြောင့် ခွေးကြီးဟာ ပူပြင်းတဲ့ နေရောင်အောက် ပြန်အထွက်မှာတင် ရူးတော့တာပေါ့။ ခွေးရူးတို့ ထုံးစံအတိုင်း မြင်မြင်သမျှ ကိုက်ဖို့ ဟန်ပြင်ပြီး သရည်တမျှမျှနဲ့ ခွေးရူးဟာ ကလေးငယ်တွေနဲ့ အားနွဲ့တဲ့ အမျိုးသမီးတွေကို စတင် ကိုက်တော့တာပေါ့။

သူကြီးအိမ်က ခွေးကြီး ရူးနေပြီ ဆိုတာကို လူတွေ မကြာခင်ဘဲ သတိထားမိတော့ တာပေါ့။ ဒါကြောင့် လူတွေစုပြီး သူကြီးအိမ်ကို ခွေးသတ်ဖို့ဆိုပြီး လူအများ စုဝေးကုန်ကြရော။ သူကြီးလည်း လန့်တာပေါ့။ ဒါကြောင့် အကျိုးအကြောင်း မေးကြည့်တဲ့အခါမှာ သူကြီးအိမ်က ခွေးရူးအကြောင်းကို သိရတော့တာပေါ့။

သူကြီးလည်း သူခွေးရူးတာကို သိသွားပေမယ့် လူအများကြီး သူ့အိမ်လာတာတော့ မကြိုက်ဘူးတဲ့။ ဒါကြောင့် "ကဲ ဒီခွေးကို သတ်မယ်ဆိုရင်လည်း သတ်ကြပါ။ ဒါပေမယ့် မင်းတို့လူတွေက များလွန်းအားကြီးတယ်ကွာ ငါ့ခွေးကို သတ်ဖို့ ၃ ယောက်ပဲ ခွင့်ပြုမယ်" လို့ ဆိုတယ်။

ရွာသားတွေကလည်း ကျွန်တော်တို့ လူ ၃၀၀ လောက် ရှိတာဗျာ ၃ ယောက်ပဲ ခွေးကို သတ်ရမယ် ဆိုလည်း ရပါတယ် ။ ဘေးနားကတော့ ဝိုင်းကြည့်ပါရစေ လို့ ပြောဆိုကြပါတယ်။ သူကြီးလည်း ခွင့်ပြုပေးရတော့ တာပေါ့။ "တခုတော့ ရှိတယ် ငါ့အပင်တွေတော့ မနင်းမိစေနဲ့နော်လို့တော့ သတိပေးရှာတယ်။

အဲ့ဒါနဲ့ အားကောင်းမောင်းသန် လူ ၃ ယောက်က ခွေးကိုသတ်ဖို့ ခြံထဲမှာ လိုက်ရှာတော့ပေါ့။ အပြင်က ရွာသူရွာသားတွေကလည်း လွတ်ပြီးပြေးလာရင်တော့ ဝိုင်းဖမ်းပေးမယ် ဆိုပြီး စောင့်နေကြတာပေါ့။ ခွေးရူးကြီးကလည်း သိတယ်။ သူကိုသတ်ဖို့ လာပြီဆိုတော့ ပုန်းနေတာပေါ့။

ခွေးရူးကြီးဟာ ပုန်းနေရင်းနဲ့ သူစဉ်းစားမိတယ်။ ငါ ရူးပြီး ကိုက်လိုက်တာလဲ သုံး လေး ယောက်ပဲ ရှိပါတယ်။ အခုလာတာက လူတွေ အများကြီးပဲ။ ငါကိုက်လိုက်တဲ့ လူတွေက ဒီလူအုပ်ထဲ ပါတောင် မပါဘူး။ ဒါတယောက်ယောက်က ငါ့ကို သတ်ဖို့ နောက်ကွယ်က သတ်ခိုင်းတာပဲ ဖြစ်ရမယ်" လို့ တွေးသတဲ့။ ခွေးဆိုတော့လည်း လူတွေလို အကြောင်းအရင်းအမှန်ကို မသုံးသပ်တတ်ဘူးလေ။

အဲ့အချိန်မှာ ခွေးရူးကြီးကို လိုက်ရှာတဲ့ လူသုံးယောက် ကလည်း ရှာမတွေ့တာနဲ့ ပြန်ကြမယ် ဆိုပြီး ခွေးရူးကြီးပုန်းနေတဲ့ နေရာနားက ဖြတ်ပြီးပြန်ကြတာပေါ့။ ခွေးရူးကြီးလည်း စိတ်မထိန်းနိုင်တာနဲ့ ပုန်းနေရာက အပြင်ကိုထွက်လို့ "ဟေ့ လူတွေ၊ ခင်ဗျားတို့ကို ဘယ်သူခိုင်းတာလဲဗျ" လို့ထွက်မေးသတဲ့။

အဲ့အခါမှာ လူသုံးယောက်လည်း ဝိုင်းပြီး ရိုက်သတ်လိုက်တော့တာ ပေါ့ကွယ်။ တကယ်တော့ ခွေးချစ်တဲ့ ရွာမှာ လူတွေကလည်း မသတ်ချင်ကြပါဘူး။ ဒါပေမယ့် ရူးနေတဲ့ ခွေးကို မသတ်လိုက်ရင် သူကိုက်လို့ တခြားသော ခွေးတွေ အပြင် ကိုယ်ဝင်ဆောင်တွေ ကလေးငယ်တွေ ရောဂါရပြီး အနာဂတ်အရေး ကြိုတွေးမိကြလို့ သတ်လိုက်ရတယ် ဆိုတာတော့ အဲ့ခွေးရူးကြီး မသိလိုက်ရှာသွားပါဘူး။

သေးငယ်တဲ့ ဉာဏ်လေးနဲ့ သူတွေးသွားတာတော့ နောက်ကွယ်က တစုံတရာပေါ့။ အသက်အရွယ် ကြီးလာလို့ လူ့လောကကြီးထဲ ရပ်တည်တဲ့ အခါမှာ ခွေးရူးကြီးလို ဉာဏ်နည်းပြီး ပါးစပ်စည်းကမ်း မရှိတဲ့ လူတွေနဲ့ ကြုံတွေ့ခဲ့ရင် ဝေးဝေးက ရှောင်ကြရပါမယ်။ အဲ့ဒီလို မဖြစ်အောင်လည်း သင်ခန်းစာ ယူရမယ်။

Crd

NwayMinThit Pink

Zawgyi

ေခြး႐ူး

ဟိုးေရွးေရွးတုန္းက အလြန္ ေခြးခ်စ္တတ္တဲ့ ႐ြာႀကီးတ႐ြာ ရွိခဲ့ဘူးတယ္။ အဲ့႐ြာက ဘယ္ေလာက္အထိ ေခြးခ်စ္ၾကလဲ ဆိုရင္ ေခြးေတြက ႐ြာလူဦးေရရဲ႕ ၂ ဆေလာက္ကို ရွိၾကတယ္။

တေန႔မွာေတာ့ ႐ြာသူႀကီးအိမ္က ေခြးႀကီးဟာ ႐ြာသူႀကီး မရွိတုန္း အိမ္ေပၚတက္ၿပီး မီးဖိုေခ်ာင္ထဲက ဟင္းေတြကို ဝင္စားေတာ့တာေပါ့။ အဲ့ဒီမွာတင္ ေခြးႀကီးက အရင္လို အ႐ိုးစားရတာ မဟုတ္ဘဲ စားဦးစားဖ်ား အသားေတြ စားရတာ ဆိုေတာ့ ဘဝင္ေလဟက္ ေတာ့တာေပါ့။

အသိဉာဏ္နည္းတဲ့ ေခြးဟာ အသားဟင္းေတြတင္ မကပဲ ဟင္းအခါးေတြ ကိုပါ စားဖို႔ ႀကံသတဲ့။ "လူေတြေတာင္ စားေသးတာ ငါလည္း ဘာလို႔ စားလို႔မရ ရမွာလဲ" ဆိုၿပီး ေခြးနဲ႔ မတည့္တဲ့ အခါးဟင္းေတြကိုပါ က်ိတ္မွတ္ၿပီး စားတယ္။

သဘာဝတရားရဲ႕ ကန႔္သက္ခ်က္နဲ႔ မတည့္စာေတြေၾကာင့္ ေခြးႀကီးဟာ ပူျပင္းတဲ့ ေနေရာင္ေအာက္ ျပန္အထြက္မွာတင္ ႐ူးေတာ့တာေပါ့။ ေခြး႐ူးတို႔ ထုံးစံအတိုင္း ျမင္ျမင္သမွ် ကိုက္ဖို႔ ဟန္ျပင္ၿပီး သရည္တမွ်မွ်နဲ႔ ေခြး႐ူးဟာ ကေလးငယ္ေတြနဲ႔ အားႏြဲ႕တဲ့ အမ်ိဳးသမီးေတြကို စတင္ ကိုက္ေတာ့တာေပါ့။

သူႀကီးအိမ္က ေခြးႀကီး ႐ူးေနၿပီ ဆိုတာကို လူေတြ မၾကာခင္ဘဲ သတိထားမိေတာ့ တာေပါ့။ ဒါေၾကာင့္ လူေတြစုၿပီး သူႀကီးအိမ္ကို ေခြးသတ္ဖို႔ဆိုၿပီး လူအမ်ား စုေဝးကုန္ၾကေရာ။ သူႀကီးလည္း လန႔္တာေပါ့။ ဒါေၾကာင့္ အက်ိဳးအေၾကာင္း ေမးၾကည့္တဲ့အခါမွာ သူႀကီးအိမ္က ေခြး႐ူးအေၾကာင္းကို သိရေတာ့တာေပါ့။

သူႀကီးလည္း သူေခြး႐ူးတာကို သိသြားေပမယ့္ လူအမ်ားႀကီး သူ႔အိမ္လာတာေတာ့ မႀကိဳက္ဘူးတဲ့။ ဒါေၾကာင့္ "ကဲ ဒီေခြးကို သတ္မယ္ဆိုရင္လည္း သတ္ၾကပါ။ ဒါေပမယ့္ မင္းတို႔လူေတြက မ်ားလြန္းအားႀကီးတယ္ကြာ ငါ့ေခြးကို သတ္ဖို႔ ၃ ေယာက္ပဲ ခြင့္ျပဳမယ္" လို႔ ဆိုတယ္။

႐ြာသားေတြကလည္း ကြၽန္ေတာ္တို႔ လူ ၃၀၀ ေလာက္ ရွိတာဗ်ာ ၃ ေယာက္ပဲ ေခြးကို သတ္ရမယ္ ဆိုလည္း ရပါတယ္ ။ ေဘးနားကေတာ့ ဝိုင္းၾကည့္ပါရေစ လို႔ ေျပာဆိုၾကပါတယ္။ သူႀကီးလည္း ခြင့္ျပဳေပးရေတာ့ တာေပါ့။ "တခုေတာ့ ရွိတယ္ ငါ့အပင္ေတြေတာ့ မနင္းမိေစနဲ႔ေနာ္လို႔ေတာ့ သတိေပးရွာတယ္။

အဲ့ဒါနဲ႔ အားေကာင္းေမာင္းသန္ လူ ၃ ေယာက္က ေခြးကိုသတ္ဖို႔ ၿခံထဲမွာ လိုက္ရွာေတာ့ေပါ့။ အျပင္က ႐ြာသူ႐ြာသားေတြကလည္း လြတ္ၿပီးေျပးလာရင္ေတာ့ ဝိုင္းဖမ္းေပးမယ္ ဆိုၿပီး ေစာင့္ေနၾကတာေပါ့။ ေခြး႐ူးႀကီးကလည္း သိတယ္။ သူကိုသတ္ဖို႔ လာၿပီဆိုေတာ့ ပုန္းေနတာေပါ့။

ေခြး႐ူးႀကီးဟာ ပုန္းေနရင္းနဲ႔ သူစဥ္းစားမိတယ္။ ငါ ႐ူးၿပီး ကိုက္လိုက္တာလဲ သုံး ေလး ေယာက္ပဲ ရွိပါတယ္။ အခုလာတာက လူေတြ အမ်ားႀကီးပဲ။ ငါကိုက္လိုက္တဲ့ လူေတြက ဒီလူအုပ္ထဲ ပါေတာင္ မပါဘူး။ ဒါတေယာက္ေယာက္က ငါ့ကို သတ္ဖို႔ ေနာက္ကြယ္က သတ္ခိုင္းတာပဲ ျဖစ္ရမယ္" လို႔ ေတြးသတဲ့။ ေခြးဆိုေတာ့လည္း လူေတြလို အေၾကာင္းအရင္းအမွန္ကို မသုံးသပ္တတ္ဘူးေလ။

အဲ့အခ်ိန္မွာ ေခြး႐ူးႀကီးကို လိုက္ရွာတဲ့ လူသုံးေယာက္ ကလည္း ရွာမေတြ႕တာနဲ႔ ျပန္ၾကမယ္ ဆိုၿပီး ေခြး႐ူးႀကီးပုန္းေနတဲ့ ေနရာနားက ျဖတ္ၿပီးျပန္ၾကတာေပါ့။ ေခြး႐ူးႀကီးလည္း စိတ္မထိန္းႏိုင္တာနဲ႔ ပုန္းေနရာက အျပင္ကိုထြက္လို႔ "ေဟ့ လူေတြ၊ ခင္ဗ်ားတို႔ကို ဘယ္သူခိုင္းတာလဲဗ်" လို႔ထြက္ေမးသတဲ့။

အဲ့အခါမွာ လူသုံးေယာက္လည္း ဝိုင္းၿပီး ႐ိုက္သတ္လိုက္ေတာ့တာ ေပါ့ကြယ္။ တကယ္ေတာ့ ေခြးခ်စ္တဲ့ ႐ြာမွာ လူေတြကလည္း မသတ္ခ်င္ၾကပါဘူး။ ဒါေပမယ့္ ႐ူးေနတဲ့ ေခြးကို မသတ္လိုက္ရင္ သူကိုက္လို႔ တျခားေသာ ေခြးေတြ အျပင္ ကိုယ္ဝင္ေဆာင္ေတြ ကေလးငယ္ေတြ ေရာဂါရၿပီး အနာဂတ္အေရး ႀကိဳေတြးမိၾကလို႔ သတ္လိုက္ရတယ္ ဆိုတာေတာ့ အဲ့ေခြး႐ူးႀကီး မသိလိုက္ရွာသြားပါဘူး။

ေသးငယ္တဲ့ ဉာဏ္ေလးနဲ႔ သူေတြးသြားတာေတာ့ ေနာက္ကြယ္က တစုံတရာေပါ့။ အသက္အ႐ြယ္ ႀကီးလာလို႔ လူ႔ေလာကႀကီးထဲ ရပ္တည္တဲ့ အခါမွာ ေခြး႐ူးႀကီးလို ဉာဏ္နည္းၿပီး ပါးစပ္စည္းကမ္း မရွိတဲ့ လူေတြနဲ႔ ႀကဳံေတြ႕ခဲ့ရင္ ေဝးေဝးက ေရွာင္ၾကရပါမယ္။ အဲ့ဒီလို မျဖစ္ေအာင္လည္း သင္ခန္းစာ ယူရမယ္။

Crd

NwayMinThit Pink

Post a Comment

0 Comments