နွားနှင့် မြည်း

ဟိုးရှေးရှေးတုန်းက လယ်မြေဧကများစွာ ပိုင်ဆိုင်တဲ့ လယ်သမာကြီးတဦး ရှိပါတယ်။ သူဟာ တိရိစ္ဆာန်တွေရဲ့ ဘာသာစကားကိုလည်း နားလည်ပါတယ်။ သူ့မှာ နွားတကောင်နဲ့ မြည်းတကောင် ရှိပါတယ်။

တရက်မှာ လယ်သမားကြီးဟာ လမ်းလျှောက်လာရင်း မြည်းနဲ့နွား စကားပြောနေတာကို ကြားမိပါတယ်။ သစ်ပင်အကွယ်က နေပြီး သူတို့နှစ်ယောက် ဘာတွေပြောနေတာလဲ ဆိုတာကို နားထောင်ကြည့်ပါတယ်။ နွားက မြည်းကို ပြောပါတယ်။

"မင်းကတော့ ကံကောင်းပါတယ်ကွာ။ ငါ့လို ပင်ပင်ပန်းပန်း အလုပ် လုပ်စရာ မလိုဘူး။ ငါ့မှာတော့ တနေကုန် တနေခန်း ထယ်ထိုးရတယ်၊ နေဘယ်လောက်ပူပူ ငါ့ခြေလက်တွေ ဘယ်လိုပဲ ညောင်းညာ ကိုက်ခဲနေပေမယ့် နားရတယ် မရှိဘူး။ ငါ့ဘဝကတော့ တကယ့်ကို စိတ်ပျက်စရာ အပြည့်ပါပဲ။

ဒါပေမယ့် မင်းကတော့ တကယ့်ကို သက်သက်သာသာနဲ့ ဘဝမျိုးကို ရထားတယ်။ သခင်က တနေရာရာ သွားချင်တယ် ဆိုရင် မင်းကိုယ်ပေါ်ကို အရောင်စုံ အဝတ်လေး လွှမ်းပြီး ဟိုဟိုဒီဒီ ပို့ပေးရတယ်။ ဒါ့အပြင် ဘာမှ လုပ်စရာ မရှိဘူး။ အားနေရင် မြက်စိမ်းလေး စားပြီး အေးအေးသက်သာ နေရုံပဲ"

ဒီစကားတွေကို ကြားတော့ မြည်းက သူ့မိတ်ဆွေ ဖြစ်တဲ့ နွားကို သနားသွားပါတယ်။ ဒါနဲ့ အကြံပေးပါတယ်။

"အေး သူငယ်ချင်းရာ မနက်ဖြန်ကြရင် ငါပြောတဲ့ အတိုင်းလုပ်။ မင်း သက်သက်သာသာ နေရလိမ့်မယ်။ မနက်ဖြန်မနက် မင်းကို လယ်ထွန်ဖို့လာခေါ်ပြီဆိုရင် မြေကြီးပေါ်လှဲပြီး ညည်းတွားနေလိုက်။ ဒါဆို မင်းနေမကောင်း ဖြစ်နေတယ် ဆိုပြီး မင်းကို အနားပေးလိမ့်မယ်"

ဒီစကားတွေကို ကြားတော့ သခင်လုပ်သူက စဉ်းစားပါတယ်။ "အင်း ဒီ မြည်းတော့ သင်ခန်းစာ ကောင်းကောင်းပေးဖို့ လိုနေပြီပဲ"

ဒါနဲ့ နောက်တနေ့ နံနက်မှာ အစေခံ တယောက်က နွားကို လာထုတ်သွားပြီး လယ်ထွန်ဖို့ ခေါ်ပါတယ်။ လယ်ထဲအရောက်မှာ နွားက လှဲချလိုက်ပြီး နေမကောင်းချင်ယောင် ဆောင်ပါတယ်။ ဒီတော့ အစေခံက သခင်ဆီ သွားပြီး အကြောင်းစုံ ပြောပြပါတယ်။

ဒါတွေကို သိပြီးသား ဖြစ်တဲ့ သခင်ဖြစ်သူက "အေး ဒါဆို နွားကို အနားပေးပြီး မြည်းနဲ့ လယ်ထွန်လိုက်" လို့ ခိုင်းပါတယ်။ အစေခံလည်း သခင်ခိုင်းတဲ့ အတိုင်း နွားနေရာမှာ မြည်းကို အစားထိုးလို့ တနေ့လုံး လယ်ထွန်ပါတယ်။ သူ့မိတ်ဆွေကို ကူညီချင်တဲ့ မြည်းဟာ နွားလုပ်ရမယ့် အလုပ်တွေကို လုပ်ရပါတော့တယ်။

ညနေရောက်တော့ မြည်းဟာ ပြန်လာပါတယ်။ သူ့စိတ်တွေက နောက်ကျိနေပြီး သူ့ခြေထောက်တွေဟာ ခွေယိုင်နေပါပြီ။ ပခုံးကလည်း ထမ်းပိုးကို ထမ်းရတာကြောင့် နာကျင်ကိုက်ခဲ နေပါပြီ။ နွားကို အကြံပေးမိတဲ့ အတွက် သူဟာ ကိုယ့်ကိုယ်ကို ဒေါသတွေထွက် နောင်တတွေလည်း ရနေပါပြီ။

အဲဒီအချိန်မှာ သခင်လုပ်သူက ခြံထဲကို လာပြီး တိတ်တိတ်လေး နားထောင်ပြန်ပါတယ်။ မြည်းကို မြင်တော့ နွားက အားရဝမ်းသာနဲ့ ပြောပါသတဲ့။ "မင်းကတော့ တကယ့် မိတ်ဆွေကောင်းပါကွာ။ မင်းအကြံပေးလို့ ဒီနေ့ ငါနားနားနေနေ နေရတယ်။ ကျေးဇူးတင် လိုက်တာကွာ။ မနက်ဖြန်လည်း ငါဒီလို ထပ်လုပ်အုံးမယ်"

ဒါနဲ့ မြည်းက ပြောပါတယ်။ "ငါက အခြားသူတွေလို စိတ်သဘောထား ကောင်းကောင်းမွန်မွန်နဲ့ မိတ်ဆွေ သူငယ်ချင်းကို အကူအညီ ပေးချင်တဲ့ သူပါ။ ဒါပေမယ့်လည်း နောက်ဆုံးတော့ မင်းလုပ်ရမယ့် အလုပ်တွေက ငါ့အပေါ်ပုံကျလာတယ်။ မနက်ဖြန်တော့ မင်း လုပ်နေကျအတိုင်း လယ်ဆက်ထွန်ဖို့ လိုလိမ့်မယ်။

သခင်က အစေခံကို ပြောနေတာ ငါကြားရတယ်။ မင်းထပ်ပြီး နေမကောင်း ဖြစ်နေအုံးမယ် ဆိုရင်တော့ သားသတ်ရုံကို ပို့ရလိမ့်မယ်လို့ ပြောတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မင်းက ငပျင်းတကောင် ဖြစ်နေလို့ပဲ တဲ့"

အဲဒီနောက်တော့ မိတ်ဆွေ နှစ်ဦးဟာ တဦးကို တဦး စကားမပြော ကြတော့ပါဘူး။ တသက်လုံးလည်း မိတ်ဆွေ ပြန်မဖြစ်တော့ပါဘူး။

တကယ်လို့ သင်ဟာ တယောက်ယောက်ကို ကူညီချင်တယ် ဆိုရင်တောင် အဲဒီဝန်ထုပ်ဝန်ပိုးဟာ ကိုယ့်အပေါ်ကို ကျမလာပါစေနဲ့။

Crd

Zawgyi

ႏြားႏွင့္ ျမည္း

ဟိုးေရွးေရွးတုန္းက လယ္ေျမဧကမ်ားစြာ ပိုင္ဆိုင္တဲ့ လယ္သမာႀကီးတဦး ရွိပါတယ္။ သူဟာ တိရိစာၦန္ေတြရဲ႕ ဘာသာစကားကိုလည္း နားလည္ပါတယ္။ သူ႔မွာ ႏြားတေကာင္နဲ႔ ျမည္းတေကာင္ ရွိပါတယ္။

တရက္မွာ လယ္သမားႀကီးဟာ လမ္းေလွ်ာက္လာရင္း ျမည္းနဲ႔ႏြား စကားေျပာေနတာကို ၾကားမိပါတယ္။ သစ္ပင္အကြယ္က ေနၿပီး သူတို႔ႏွစ္ေယာက္ ဘာေတြေျပာေနတာလဲ ဆိုတာကို နားေထာင္ၾကည့္ပါတယ္။ ႏြားက ျမည္းကို ေျပာပါတယ္။

"မင္းကေတာ့ ကံေကာင္းပါတယ္ကြာ။ ငါ့လို ပင္ပင္ပန္းပန္း အလုပ္ လုပ္စရာ မလိုဘူး။ ငါ့မွာေတာ့ တေနကုန္ တေနခန္း ထယ္ထိုးရတယ္၊ ေနဘယ္ေလာက္ပူပူ ငါ့ေျခလက္ေတြ ဘယ္လိုပဲ ေညာင္းညာ ကိုက္ခဲေနေပမယ့္ နားရတယ္ မရွိဘူး။ ငါ့ဘဝကေတာ့ တကယ့္ကို စိတ္ပ်က္စရာ အျပည့္ပါပဲ။

ဒါေပမယ့္ မင္းကေတာ့ တကယ့္ကို သက္သက္သာသာနဲ႔ ဘဝမ်ိဳးကို ရထားတယ္။ သခင္က တေနရာရာ သြားခ်င္တယ္ ဆိုရင္ မင္းကိုယ္ေပၚကို အေရာင္စုံ အဝတ္ေလး လႊမ္းၿပီး ဟိုဟိုဒီဒီ ပို႔ေပးရတယ္။ ဒါ့အျပင္ ဘာမွ လုပ္စရာ မရွိဘူး။ အားေနရင္ ျမက္စိမ္းေလး စားၿပီး ေအးေအးသက္သာ ေန႐ုံပဲ"

ဒီစကားေတြကို ၾကားေတာ့ ျမည္းက သူ႔မိတ္ေဆြ ျဖစ္တဲ့ ႏြားကို သနားသြားပါတယ္။ ဒါနဲ႔ အႀကံေပးပါတယ္။

"ေအး သူငယ္ခ်င္းရာ မနက္ျဖန္ၾကရင္ ငါေျပာတဲ့ အတိုင္းလုပ္။ မင္း သက္သက္သာသာ ေနရလိမ့္မယ္။ မနက္ျဖန္မနက္ မင္းကို လယ္ထြန္ဖို႔လာေခၚၿပီဆိုရင္ ေျမႀကီးေပၚလွဲၿပီး ညည္းတြားေနလိုက္။ ဒါဆို မင္းေနမေကာင္း ျဖစ္ေနတယ္ ဆိုၿပီး မင္းကို အနားေပးလိမ့္မယ္"

ဒီစကားေတြကို ၾကားေတာ့ သခင္လုပ္သူက စဥ္းစားပါတယ္။ "အင္း ဒီ ျမည္းေတာ့ သင္ခန္းစာ ေကာင္းေကာင္းေပးဖို႔ လိုေနၿပီပဲ"

ဒါနဲ႔ ေနာက္တေန႔ နံနက္မွာ အေစခံ တေယာက္က ႏြားကို လာထုတ္သြားၿပီး လယ္ထြန္ဖို႔ ေခၚပါတယ္။ လယ္ထဲအေရာက္မွာ ႏြားက လွဲခ်လိုက္ၿပီး ေနမေကာင္းခ်င္ေယာင္ ေဆာင္ပါတယ္။ ဒီေတာ့ အေစခံက သခင္ဆီ သြားၿပီး အေၾကာင္းစုံ ေျပာျပပါတယ္။

ဒါေတြကို သိၿပီးသား ျဖစ္တဲ့ သခင္ျဖစ္သူက "ေအး ဒါဆို ႏြားကို အနားေပးၿပီး ျမည္းနဲ႔ လယ္ထြန္လိုက္" လို႔ ခိုင္းပါတယ္။ အေစခံလည္း သခင္ခိုင္းတဲ့ အတိုင္း ႏြားေနရာမွာ ျမည္းကို အစားထိုးလို႔ တေန႔လုံး လယ္ထြန္ပါတယ္။ သူ႔မိတ္ေဆြကို ကူညီခ်င္တဲ့ ျမည္းဟာ ႏြားလုပ္ရမယ့္ အလုပ္ေတြကို လုပ္ရပါေတာ့တယ္။

ညေနေရာက္ေတာ့ ျမည္းဟာ ျပန္လာပါတယ္။ သူ႔စိတ္ေတြက ေနာက္က်ိေနၿပီး သူ႔ေျခေထာက္ေတြဟာ ေခြယိုင္ေနပါၿပီ။ ပခုံးကလည္း ထမ္းပိုးကို ထမ္းရတာေၾကာင့္ နာက်င္ကိုက္ခဲ ေနပါၿပီ။ ႏြားကို အႀကံေပးမိတဲ့ အတြက္ သူဟာ ကိုယ့္ကိုယ္ကို ေဒါသေတြထြက္ ေနာင္တေတြလည္း ရေနပါၿပီ။

အဲဒီအခ်ိန္မွာ သခင္လုပ္သူက ၿခံထဲကို လာၿပီး တိတ္တိတ္ေလး နားေထာင္ျပန္ပါတယ္။ ျမည္းကို ျမင္ေတာ့ ႏြားက အားရဝမ္းသာနဲ႔ ေျပာပါသတဲ့။ "မင္းကေတာ့ တကယ့္ မိတ္ေဆြေကာင္းပါကြာ။ မင္းအႀကံေပးလို႔ ဒီေန႔ ငါနားနားေနေန ေနရတယ္။ ေက်းဇူးတင္ လိုက္တာကြာ။ မနက္ျဖန္လည္း ငါဒီလို ထပ္လုပ္အုံးမယ္"

ဒါနဲ႔ ျမည္းက ေျပာပါတယ္။ "ငါက အျခားသူေတြလို စိတ္သေဘာထား ေကာင္းေကာင္းမြန္မြန္နဲ႔ မိတ္ေဆြ သူငယ္ခ်င္းကို အကူအညီ ေပးခ်င္တဲ့ သူပါ။ ဒါေပမယ့္လည္း ေနာက္ဆုံးေတာ့ မင္းလုပ္ရမယ့္ အလုပ္ေတြက ငါ့အေပၚပုံက်လာတယ္။ မနက္ျဖန္ေတာ့ မင္း လုပ္ေနက်အတိုင္း လယ္ဆက္ထြန္ဖို႔ လိုလိမ့္မယ္။

သခင္က အေစခံကို ေျပာေနတာ ငါၾကားရတယ္။ မင္းထပ္ၿပီး ေနမေကာင္း ျဖစ္ေနအုံးမယ္ ဆိုရင္ေတာ့ သားသတ္႐ုံကို ပို႔ရလိမ့္မယ္လို႔ ေျပာတယ္။ ဘာျဖစ္လို႔လဲ ဆိုေတာ့ မင္းက ငပ်င္းတေကာင္ ျဖစ္ေနလို႔ပဲ တဲ့"

အဲဒီေနာက္ေတာ့ မိတ္ေဆြ ႏွစ္ဦးဟာ တဦးကို တဦး စကားမေျပာ ၾကေတာ့ပါဘူး။ တသက္လုံးလည္း မိတ္ေဆြ ျပန္မျဖစ္ေတာ့ပါဘူး။

တကယ္လို႔ သင္ဟာ တေယာက္ေယာက္ကို ကူညီခ်င္တယ္ ဆိုရင္ေတာင္ အဲဒီဝန္ထုပ္ဝန္ပိုးဟာ ကိုယ့္အေပၚကို က်မလာပါေစနဲ႔။

Crd

Post a Comment

0 Comments