ချူစွဲထားကြသူများ

တခါတုန်းက တောရွာလေး ရွာတရွာမှာ လူတွေကို မြင်လိုက်တာနဲ့ လိုက်ကိုက် တတ်တဲ့ ခွေးဆိုးတကောင် ရှိပါတယ်။ လူတွေကို ကိုက်တာများလာတော့ အဲဒီခွေးဆိုး လာရင် လူတွေ သိအောင် ဆိုပြီး ခွေးပိုင်ရှင်က ခွေးဆိုးရဲ့ လည်းပင်းမှာ ချူကြီးတလုံး ဆွဲထားပေးလိုက် ပါတယ်။

အဲဒီတော့မှ လမ်းသွားလမ်းလာ တွေဟာ ချူသံကို ကြာလိုက်တာနဲ့ ခွေးဆိုးကြီး လာနေပြီ ဆိုတာ သိပြီး သတိထားကာ သွားလာကြတဲ့အတွက် ခွေးအကိုက် မခံကြရတော့ ပါဘူး။

ခွေးဆိုးကြီး ကတော့ သူ့လည်ပင်းက ချူသံကို နားထောင်ပြီး အင်မတန် သဘောကျနေ ပါတယ်။ တခြားခွေးတွေ ရှေ့မှာ ခြူသံလေး တချွင်ချွင်နဲ့ ဟန်ရေးပြပြီး မြောက်ကြွ မြောက်ကြွ လုပ်ပြကာ သူ့ကိုယ်သူ သိပ်ကို ဂုဏ်ယူနေ ပါတယ်။

အဲဒါကို မြင်တော့ ခွေးဆိုးရဲ့ အဖေဖြစ်သူ ခွေးအိုကြီးက မြောက်ကြွ မြောက်ကြွ လုပ်နေတဲ့ သူ့ရဲ့သားကို "ငါ့သား မင်းရဲ့လည်ပင်းမှာ ချူစွဲပေးတာ ခံရလို့ မင်းကသာ ဂုဏ်ယူနေတာပါ။

အမှန်တကယ်တော့ အဲဒီချူက မင်းရဲ့ ဆိုးမိုက်ခြင်း သင်္ကေတ ဖြစ်လို့ ဘာမှ ဂုဏ်ယူစရာ မရှိပါဘူး။ မင်းလည်ပင်းက ထွက်ပေါ်လာတဲ့ ချူသံက မင်းကို အားလုံးနဲ့ ဝေးရာကို ပို့ဆောင်ပေး လိမ့်မယ်။

အဲဒါကြောင့် အားလုံးနဲ့ မဝေးချင်ရင် ငြိမ်ငြိမ်ကလေး နေပြီး လိမ္မာစမ်းပါ" လို့ ပြောဆိုကာ ဆုံးမလိုက် ပါတော့တယ်။

ပုံပြင်လေးကတော့ ဒီလောက်ပါပဲ။ ဒီပုံပြင်လေးကို ဖတ်လိုက်ရတော့ ကျွန်တော်တို့ တတွေဟာလည်း လည်ပင်းမှာ ချူစွဲပြီး တယောက်ကို တယောက် ချူသံပေးကာ အမိုက် ပြိုင်နေကြတာတွေ၊ မာန ပြိုင်နေကြတာတွေ၊ အမုန်း ပြိုင်နေကြတာတွေ၊ အတင်အဖျင်း ပြိုင်နေကြတာတွေ၊

မနာလိုဝန်တို ပြိုင်နေကြတာတွေ စသည်ဖြင့် ဂုဏ် မဟုတ်တာကို ဂုဏ်ထင်ပြီး တခြားသူတွေ ရှေ့မှာ ခြူသံလေး တချွင်ချွင်နဲ့ မြောက်ကြွမြောက်ကြွ လုပ်ကာ ကိုယ့်ကိုယ်ကို ဂုဏ်ယူနေကြတာကို သတိထားမိ လာပါတယ်။

ဒါတွေဟာ ကျွန်တော်တို့ရဲ့ မကောင်းတဲ့ အကျင့်ဆိုးတွေ ကနေ ထင်ဟပ်လာတဲ့ ဆိုးမိုက်ခြင်း သင်္ကေတတွေပဲ ဖြစ်ပါတယ်။

အဲဒီ မကောင်းတဲ့အကျင့်ဆိုးတွေကို ချူတလုံးလို လည်ပင်းမှာ စွဲထားမိမယ် ဆိုရင် ကျွန်တော်တို့ အနားမှာ ရှိနေသူတွေကို တဖြေးဖြေးနဲ့ ကျွန်တော်တို့နဲ့ ဝေးရာကို ရောက်သွားအောင် နှင်ထုတ်သလို ဖြစ်နေပါလိမ့်မယ်။

Crd

Zawgyi

ခ်ဴစြဲထားၾကသူမ်ား

တခါတုန္းက ေတာ႐ြာေလး ႐ြာတ႐ြာမွာ လူေတြကို ျမင္လိုက္တာနဲ႔ လိုက္ကိုက္ တတ္တဲ့ ေခြးဆိုးတေကာင္ ရွိပါတယ္။ လူေတြကို ကိုက္တာမ်ားလာေတာ့ အဲဒီေခြးဆိုး လာရင္ လူေတြ သိေအာင္ ဆိုၿပီး ေခြးပိုင္ရွင္က ေခြးဆိုးရဲ႕ လည္းပင္းမွာ ခ်ဴႀကီးတလုံး ဆြဲထားေပးလိုက္ ပါတယ္။

အဲဒီေတာ့မွ လမ္းသြားလမ္းလာ ေတြဟာ ခ်ဴသံကို ၾကာလိုက္တာနဲ႔ ေခြးဆိုးႀကီး လာေနၿပီ ဆိုတာ သိၿပီး သတိထားကာ သြားလာၾကတဲ့အတြက္ ေခြးအကိုက္ မခံၾကရေတာ့ ပါဘူး။

ေခြးဆိုးႀကီး ကေတာ့ သူ႔လည္ပင္းက ခ်ဴသံကို နားေထာင္ၿပီး အင္မတန္ သေဘာက်ေန ပါတယ္။ တျခားေခြးေတြ ေရွ႕မွာ ျခဴသံေလး တခြၽင္ခြၽင္နဲ႔ ဟန္ေရးျပၿပီး ေျမာက္ႂကြ ေျမာက္ႂကြ လုပ္ျပကာ သူ႔ကိုယ္သူ သိပ္ကို ဂုဏ္ယူေန ပါတယ္။

အဲဒါကို ျမင္ေတာ့ ေခြးဆိုးရဲ႕ အေဖျဖစ္သူ ေခြးအိုႀကီးက ေျမာက္ႂကြ ေျမာက္ႂကြ လုပ္ေနတဲ့ သူ႔ရဲ႕သားကို "ငါ့သား မင္းရဲ႕လည္ပင္းမွာ ခ်ဴစြဲေပးတာ ခံရလို႔ မင္းကသာ ဂုဏ္ယူေနတာပါ။ အမွန္တကယ္ေတာ့ အဲဒီခ်ဴက မင္းရဲ႕ ဆိုးမိုက္ျခင္း သေကၤတ ျဖစ္လို႔ ဘာမွ ဂုဏ္ယူစရာ မရွိပါဘူး။

မင္းလည္ပင္းက ထြက္ေပၚလာတဲ့ ခ်ဴသံက မင္းကို အားလုံးနဲ႔ ေဝးရာကို ပို႔ေဆာင္ေပး လိမ့္မယ္။ အဲဒါေၾကာင့္ အားလုံးနဲ႔ မေဝးခ်င္ရင္ ၿငိမ္ၿငိမ္ကေလး ေနၿပီး လိမၼာစမ္းပါ" လို႔ ေျပာဆိုကာ ဆုံးမလိုက္ ပါေတာ့တယ္။

ပုံျပင္ေလးကေတာ့ ဒီေလာက္ပါပဲ။ ဒီပုံျပင္ေလးကို ဖတ္လိုက္ရေတာ့ ကြၽန္ေတာ္တို႔ တေတြဟာလည္း လည္ပင္းမွာ ခ်ဴစြဲၿပီး တေယာက္ကို တေယာက္ ခ်ဴသံေပးကာ အမိုက္ ၿပိဳင္ေနၾကတာေတြ၊ မာန ၿပိဳင္ေနၾကတာေတြ၊ အမုန္း ၿပိဳင္ေနၾကတာေတြ၊ အတင္အဖ်င္း ၿပိဳင္ေနၾကတာေတြ၊

မနာလိုဝန္တို ၿပိဳင္ေနၾကတာေတြ စသည္ျဖင့္ ဂုဏ္မဟုတ္တာကို ဂုဏ္ထင္ၿပီး တျခားသူေတြ ေရွ႕မွာ ျခဴသံေလး တခြၽင္ခြၽင္နဲ႔ ေျမာက္ႂကြေျမာက္ႂကြ လုပ္ကာ ကိုယ့္ကိုယ္ကို ဂုဏ္ယူေနၾကတာကို သတိထားမိ လာပါတယ္။

ဒါေတြဟာ ကြၽန္ေတာ္တို႔ရဲ႕ မေကာင္းတဲ့ အက်င့္ဆိုးေတြ ကေန ထင္ဟပ္လာတဲ့ ဆိုးမိုက္ျခင္း သေကၤတေတြပဲ ျဖစ္ပါတယ္။ အဲဒီ မေကာင္းတဲ့အက်င့္ဆိုးေတြကို ခ်ဴတလုံးလို လည္ပင္းမွာ စြဲထားမိမယ္ ဆိုရင္ ကြၽန္ေတာ္တို႔ အနားမွာ ရွိေနသူေတြကို တေျဖးေျဖးနဲ႔ ကြၽန္ေတာ္တို႔နဲ႔ ေဝးရာကို ေရာက္သြားေအာင္ ႏွင္ထုတ္သလို ျဖစ္ေနပါလိမ့္မယ္။

Crd

Post a Comment

0 Comments