ကြောင်လေးတွေကို လက်သည်းညှပ်ပေးရင် ရလာမယ့် ဆိုးကျိုး (၆) ခု
ကြောင်ပိုင်ရှင် တချို့က ကြောင်လေးတွေရဲ့ လက်သည်းတွေကို ညှပ်ပေးတတ် ကြပါတယ်။ ကြောင်လေးတွေရဲ့လက်သည်းကို ညှပ်ပေးတာက သူတို့ရဲ့ကျန်းမာရေးကို ထိခိုက်စေတာကြောင့် နိုင်ငံတချို့မှာ ဒါကို ရက်စက်ကြမ်းကြုတ်မှုလို့ သတ်မှတ်ပြီး တားမြစ်ထားပါတယ်။ အဲဒါကြောင့် ကြောင်လေးတွေကို ဘာလို့ လက်သည်း မညှပ်ပေးသင့်လဲ ဆိုတာကို love media ကနေ ဖော်ပြပေးပါမယ်နော်။
၁။ ကြောင်လေးတွေကို လက်သည်း ညှပ်တာက သူတို့ရဲ့လက်ဆစ်တွေကို ညှပ်လိုက်သလိုပါပဲ။
ကြောင်လက်သည်းက လူသားလက်သည်းနဲ့ မတူပါဘူး။ ကြောင်လက်သည်းက သူတို့လက်ချောင်းလေးတွေရဲ့ နောက်ဆုံးအရိုး အစိတ်အပိုင်းပါ။ ကြောင်လေးတွေရဲ့ လက်သည်းကို ညှပ်လိုက်ရင် သူတို့ရဲ့ အရွတ်လေးတွေ ပါပါသွားပါတယ်။ လူသားတွေလက်နဲ့ နှိုင်းယှဉ်ပြီးပြောရရင် လက်ချောင်းရဲ့ နောက်ဆုံးလက်ဆစ်ကို ဖြတ်လိုက်သလိုပါပဲ။
၂။ လက်သည်းညှပ်လိုက်ရင် ကြောင်လေးတွေ အရမ်း နာကျင်ပါတယ်။
သူတို့ရဲ့လက်သည်းတွေကို ညှပ်လိုက်ရင် နာကျင်တာ၊ သွေးထွက်တာနဲ့ ပြည်တည်နာတွေက ဖြစ်စေနိုင်ပါတယ်။ ပြီးတော့ အမြဲတမ်းလိုလို အဆစ်နာကျင်တာကို ခံစားရနိုင်ပြီး ပြေးတဲ့အခါ ကြွက်သားတွေကိုလည်း ထိခိုက်စေပါတယ်။
၃။ စိတ်ဖီးစီးမှုတွေ ဖြစ်စေပါတယ်။
ကြောင်လေးတွေက ကုတ်ခြစ်တာကို အသက် ၈ လအရွယ်မှာ စတင်လုပ်ပါတယ်။ ကုတ်ခြစ်တာကို သူတို့ရဲ့ ပိုက်နက်ကို အမှတ်အသား လုပ်တာပါ။ ကြောင်လေးကို လက်သည်း ညှပ်ပေးလိုက်ရင် ကုတ်ခြစ်လို့ မရတော့လို့ စိတ်ဖိစီးမှုတွေ ဖြစ်လာပြီး ဒေါသတွေ ကြီးလာပါတယ်။ တခြား ကြောင်တွေကိုလည်း ရန်မူလာတတ်ပါတယ်။
၄။ သူတို့ရဲ့ကြွက်သားတွေကိုလည်း အားနည်းလာစေပါတယ်။
လက်သည်းတွေ ညှပ်ပေးရင် ပုခုံး၊ ကျော၊ ခြေထောက်မှာရှိတဲ့ ကြွက်သားတွေ မသန်မာတော့ပါဘူး။ ပြီးတော့ ပြေးတဲ့အခါ၊ လမ်းလျှောက်တဲ့အခါ အဆင်မပြေတော့ပါဘူး။
၅။ ခန္ဓာကိုယ်ဟန်ချက်လည်း မညီတော့ပါဘူး။
ကြွက်သားတွေကို ထိန်းချုပ်ဖို့၊ လမ်းလျှောက်တဲ့အခါ၊ ခုန်တဲ့အခါ ခန္ဓာကိုယ် အနေအထားငြိမ်ဖို့ သူတို့လက်သည်းကို သုံးပါတယ်။ ဒါပေမယ့် သူတို့လက်သည်းကို ညှပ်ပေးလိုက်ရင်တော့ ပြုတ်ကျတဲ့အခါ၊ ခုန်တဲ့အခါ ဟန်ချက်မမှန်ဘဲ ဒဏ်ရာတွေ ရစေမှာပါ။
၆။ သူ့ကိုယ်သူလည်း မကာကွယ် နိုင်တော့ပါဘူး။
လက်သည်း မရှိရင် အမြင့်ကို မတက်နိုင်တော့လို့ အန္တရာယ်နဲ့ ကြုံလာတဲ့အခါ သူ့ကိုယ်သူ မကာကွယ်နိုင်တော့ပါဘူး။ ကြောင်လေးတွေကို လက်သည်းညှပ်ပေးထားရင် ကြောင်လေး အိမ်ကနေ ထွက်လည်တဲ့ အချိန်မျိုးမှာ ဂရုပြုပေးသင့်ပါတယ်။
Zombie (lovemedia)
for zawgyi
Zombie (lovemedia)
Post a Comment
0 Comments