ပိုးမွှားတွေ သင့်အိမ်ထဲမှာ ရောက်နေပြီဆိုတာကို သိနိုင်မယ့်နည်းလမ်း (၈) ခု

အိမ်မှာ ပိုးမွှားကင်းစင်တယ်လို့ ထင်နေကြပေမယ့် တကယ်တော့ မရှိပဲမနေပါဘူး။ လေ့လာမှု တစ်ခုအရ မတူညီတဲ့ ပိုးကောင်အမျိုးပေါင်း 100 ကျော်ဟာ အိမ်တစ်အိမ်မှာ အမြဲရှိနေတာကို တွေ့ရှိခဲ့ပါတယ်။ အများစုဟာ အန္တရာယ်ကင်းပြီး သေးသေးလေးတွေမို့ သူတို့အဲဒီမှာ ရှိနေမှန်း သိဖို့ မလွယ်ပါဘူး။ တခြားတစ်ဖက်မှာလည်း ဖျက်ဆီးခြင်း ဒါမှမဟုတ် ရောဂါကို သယ်ဆောင်တဲ့ အင်းဆက်ပိုးတွေကိုလည်း တွေ့ရှိနိုင်ပါသေးတယ်။

၁။ ကြုံသလို အကိုက်ခံရတယ်။

ဂျပိုး အကိုက်ခံရတာဟာ နွေရာသီမှာ အတော်လေး အဖြစ်များပါတယ်။ သင်အိပ်နေတဲ့အချိန်မှာ လာလာကိုက်တာမျိုး ဖြစ်ဖူးမှာပါ။ ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းကတော့ သင့်အိပ်ယာနဲ့ အခန်းထဲမှာရှိတဲ့ ပစ္စည်းတွေကို သေချာလေး ရှင်းလင်းသင့်ပါတယ်။

၂။ အနံ့ဆိုးတွေ နံမယ်။

ပိုးမွှားတွေ ဝင်ရောက်နေထိုင်နေပြီဆိုတဲ့ ထင်ရှားတဲ့ လက္ခဏာတစ်ခုကတော့ အနံ့ဆိုးတွေကို သင်ရနေပါမယ်။ ပိုးဟပ်တွေ နေထိုင်တဲ့ နေရာတွေမှာ အဆီပြန်ပြီး အနံ့ဆိုးတွေ ရှိတတ်ပါတယ်။ သူတို့သွားခဲ့တဲ့ လမ်းတစ်လျှောက်မှာလည်း နီညိုရောင် အစင်းကြောင်းတွေကိုလည်း ချန်ထားခဲ့တတ်ပါသေးတယ်။

ဒီလို အင်းဆက်ပိုးမွှားတွေကို မောင်းထုတ်နိုင်တဲ့ အိမ်တွင်းနည်းလမ်တွေကတော့ မုန့်ဖုတ်ဆိုဒါ၊ ဘောရစ်အက်ဆစ်၊ ငရုတ်ကောင်းမှုန့် ဒါမှ မဟုတ် စပါးလင်၊ essential oil တို့ပဲဖြစ်ပါတယ်။

၃။ ထူးဆန်းတဲ့အသံတွေ ကြားရမယ်။

ညဘက်မှာ နံရံတွေ ဒါမှမဟုတ် ကြမ်းပြင်တွေကနေ ထူးထူးခြားခြား ဆူညံသံတွေကို သင်ကြားဖူးမှာပါ။ ဒါဟာ တစ္ဆေ၊ သရဲခြောက်လှန့်တာ မဟုတ်ပါဘူး။ ခြတွေ ကိုက်စားနေကြတာပါ။ ခြကောင် ဝင်ရောက်ခြင်းရဲ့ နောက်ထပ် လက္ခဏာကတော့ သစ်သားမျက်နှာပြင်ကို ခေါက်လိုက်တဲ့အခါမှာ ဖြစ်ပေါ်လာတတ်တဲ့ အခေါင်းပေါက်အသံမျိုးပဲ ဖြစ်ပါတယ်။ သင့်အိမ်မှာ ခြနဲ့ပတ်သက်ပြီး ပြဿနာရှိနေရင် ချက်ချင်း ရှင်းလင်းသင့်ပါတယ်။ သူတို့တွေဟာ တွေ့သမျှကို ကိုက်စားတတ်ပြီး သင့်အိမ်ကို အန္တရာယ် ဖြစ်စေနိုင်ပါတယ်။

၄။ ဆေးသုတ်ထားတာတွေ ကွာကျလာမယ်။

ဒါက ပိုးမွှားဝင်ရောက်ခြင်းရဲ့ နောက်ထပ် လက္ခဏာတစ်ခုပါ။ ဒီပိုးမွှားတွေဟာ သစ်သားမျက်နှာပြင်အောက်တွေမှာသာ နေထိုင်ကြတာကြောင့် ပါးပါးသုတ်ထားတဲ့ သုတ်ဆေးတွေဆိုရင် ကွာကျလာတတ်ပါတယ်။ ပိုးမွှားတွေဟာ လျှောက်စားတတ်တာကြောင့်လည်း သစ်သားတွေကို ပျက်စီးစေပါတယ်။

၅။ အဝတ်အစားတွေကို ပျက်စီးစေတယ်။

သင့်အဝတ်အစားတွေမှာ အပေါက်တွေတွေ့ရင် ဒါဟာ ပိုးဖလံကြောင့်ပါ။ သဘာဝအမျှင်တွေ (သိုးမွှေး၊ ပိုးစတဲ့) ဟာ သူတို့ရဲ့ အစာအရင်းအမြစ် ဖြစ်တာကြောင့် ဗီရိုတွေမှာ နေထိုင်ပြီး စားသောက်တတ်ကြပါတယ်။ သူတို့ကို ဖယ်ရှားဖို့ နည်းလမ်းကတော့ သင့်အဝတ်အစားတွေ အားလုံးကို သေချာလျှော်ဖွပ်ပြီး ကော်ဇောတွေကိုလည်း သန့်ရှင်းရေး လုပ်သင့်ပါတယ်။ ရှာလကာရည်ကို အသုံးပြုပြီး ရေနွေးငွေ့ သန့်စင်ခြင်းနှင့် ဖုန်စုပ်ခြင်းနည်းလမ်းတို့နဲ့လည်း ဖြေရှင်းနိုင်ပါတယ်။

၆။ အပင်တွေကိုလည်း လျှောက်စားပစ်တယ်။

သင်သာ အိမ်ထဲမှာ အပင်တွေကို စိုက်ထားတတ်တဲ့သူ ဆိုရင်တော့ ပိုးမွှားအန္တရာယ်ကို တော်တော်လေး သတိထားသင့်ပါတယ်။ ပိုးမွှားတွေဟာ လေထဲကနေလည်း ပါလာတတ်သလို သင့်အိမ်မွေး တိရစ္ဆာန်လေးတွေကနေလည်း ကပ်ပါတတ်ပါသေးတယ်။ ဒါကြောင့် အပင်တွေကို သန့်ရှင်းရေးလုပ်ရင် ပိုးသတ်ဆေးနဲ့ သေချာဖြန်းသင့်ပါတယ်။

၇။ သင့်အိမ်မှာ လိပ်ပြာနဲ့ ပင့်ကူတွေ အများကြီး တွေ့တယ်။

တချို့တိရစ္ဆာန်တွေဟာ သင်မခေါ်ပဲ အိမ်ထဲ ရောက်ရောက်လာတတ်ကြတာကို သင်တွေ့ဖူးမှာပါ။ ဒီလိုရောက်လာတာဟာ ပိုးမွှားသေးသေးလေးတွေကို စားချင်လို့ ဝင်လာကြတာပဲဖြစ်ပါတယ်။ သူတို့မှာ သာမန်လူနဲ့မတူတဲ့ မျက်စိတွေ ရှိကြတာကြောင့် အကောင်သေးသေးလေးတွေကိုလည်း မြင်နိုင်ပါတယ်။ သူတို့တွေ ဒီလိုစားသောက်ပေးတာကြောင့်လည်း တချို့ပိုးမွှားတွေ သင့်အိမ်ထဲမှာ မနေနိုင်ကြတော့ပါဘူး။

၈။ စက္ကူပေါ်မှာ အဝါရောင်အစွန်းအထင်းတွေ တွေ့နေရတယ်။

အင်းဆက်ငယ်တွေဟာ သကြားနှင့် စက္ကူပေါ်တွေမှာ ကျက်စားတတ်တာကြောင့် စာအုပ်တွေ၊ စာရွက်စာတမ်းတွေ၊ ဓာတ်ပုံတွေနှင့် တခြားအရာတွေမှာလည်း အဝါရောင် အစွန်းအထင်းတွေ ကျန်ရစ်ခဲ့တာကို သင်သတိထားမိမှာပါ။ ဓာတုဗေဒနည်းတွေအပြင် အာရဇ်မုတ်ဆိတ်ရိတ်ဆေး၊ အာရဇ်ဆီ၊ ရေနှင့် သစ်ကြံပိုးခေါက်လိုမျိုး သဘာဝနည်းလမ်းတွေကို သုံးပြီးတော့ ရှင်းထုတ်နိုင်ပါတယ်။

Zombie (lovemedia)

for zawgyi

ပိုးမႊားေတြ သင့္အိမ္ထဲမွာ ေရာက္ေနၿပီဆိုတာကို သိႏိုင္မယ့္နည္းလမ္း (၈) ခု

အိမ္မွာ ပိုးမႊားကင္းစင္တယ္လို႔ ထင္ေနၾကေပမယ့္ တကယ္ေတာ့ မရွိပဲမေနပါဘူး။ ေလ့လာမႈ တစ္ခုအရ မတူညီတဲ့ ပိုးေကာင္အမ်ိဳးေပါင္း 100 ေက်ာ္ဟာ အိမ္တစ္အိမ္မွာ အၿမဲရွိေနတာကို ေတြ႕ရွိခဲ့ပါတယ္။ အမ်ားစုဟာ အႏၲရာယ္ကင္းၿပီး ေသးေသးေလးေတြမို႔ သူတို႔အဲဒီမွာ ရွိေနမွန္း သိဖို႔ မလြယ္ပါဘူး။ တျခားတစ္ဖက္မွာလည္း ဖ်က္ဆီးျခင္း ဒါမွမဟုတ္ ေရာဂါကို သယ္ေဆာင္တဲ့ အင္းဆက္ပိုးေတြကိုလည္း ေတြ႕ရွိႏိုင္ပါေသးတယ္။

၁။ ႀကဳံသလို အကိုက္ခံရတယ္။

ဂ်ပိုး အကိုက္ခံရတာဟာ ေႏြရာသီမွာ အေတာ္ေလး အျဖစ္မ်ားပါတယ္။ သင္အိပ္ေနတဲ့အခ်ိန္မွာ လာလာကိုက္တာမ်ိဳး ျဖစ္ဖူးမွာပါ။ ဒီျပႆနာကို ေျဖရွင္းဖို႔ နည္းလမ္းကေတာ့ သင့္အိပ္ယာနဲ႔ အခန္းထဲမွာရွိတဲ့ ပစၥည္းေတြကို ေသခ်ာေလး ရွင္းလင္းသင့္ပါတယ္။

၂။ အနံ႔ဆိုးေတြ နံမယ္။

ပိုးမႊားေတြ ဝင္ေရာက္ေနထိုင္ေနၿပီဆိုတဲ့ ထင္ရွားတဲ့ လကၡဏာတစ္ခုကေတာ့ အနံ႔ဆိုးေတြကို သင္ရေနပါမယ္။ ပိုးဟပ္ေတြ ေနထိုင္တဲ့ ေနရာေတြမွာ အဆီျပန္ၿပီး အနံ႔ဆိုးေတြ ရွိတတ္ပါတယ္။ သူတို႔သြားခဲ့တဲ့ လမ္းတစ္ေလွ်ာက္မွာလည္း နီညိဳေရာင္ အစင္းေၾကာင္းေတြကိုလည္း ခ်န္ထားခဲ့တတ္ပါေသးတယ္။

ဒီလို အင္းဆက္ပိုးမႊားေတြကို ေမာင္းထုတ္ႏိုင္တဲ့ အိမ္တြင္းနည္းလမ္ေတြကေတာ့ မုန႔္ဖုတ္ဆိုဒါ၊ ေဘာရစ္အက္ဆစ္၊ င႐ုတ္ေကာင္းမႈန႔္ ဒါမွ မဟုတ္ စပါးလင္၊ essential oil တို႔ပဲျဖစ္ပါတယ္။

၃။ ထူးဆန္းတဲ့အသံေတြ ၾကားရမယ္။

ညဘက္မွာ နံရံေတြ ဒါမွမဟုတ္ ၾကမ္းျပင္ေတြကေန ထူးထူးျခားျခား ဆူညံသံေတြကို သင္ၾကားဖူးမွာပါ။ ဒါဟာ တေစၦ၊ သရဲေျခာက္လွန႔္တာ မဟုတ္ပါဘူး။ ျခေတြ ကိုက္စားေနၾကတာပါ။ ျခေကာင္ ဝင္ေရာက္ျခင္းရဲ႕ ေနာက္ထပ္ လကၡဏာကေတာ့ သစ္သားမ်က္ႏွာျပင္ကို ေခါက္လိုက္တဲ့အခါမွာ ျဖစ္ေပၚလာတတ္တဲ့ အေခါင္းေပါက္အသံမ်ိဳးပဲ ျဖစ္ပါတယ္။ သင့္အိမ္မွာ ျခနဲ႔ပတ္သက္ၿပီး ျပႆနာရွိေနရင္ ခ်က္ခ်င္း ရွင္းလင္းသင့္ပါတယ္။ သူတို႔ေတြဟာ ေတြ႕သမွ်ကို ကိုက္စားတတ္ၿပီး သင့္အိမ္ကို အႏၲရာယ္ ျဖစ္ေစႏိုင္ပါတယ္။

၄။ ေဆးသုတ္ထားတာေတြ ကြာက်လာမယ္။

ဒါက ပိုးမႊားဝင္ေရာက္ျခင္းရဲ႕ ေနာက္ထပ္ လကၡဏာတစ္ခုပါ။ ဒီပိုးမႊားေတြဟာ သစ္သားမ်က္ႏွာျပင္ေအာက္ေတြမွာသာ ေနထိုင္ၾကတာေၾကာင့္ ပါးပါးသုတ္ထားတဲ့ သုတ္ေဆးေတြဆိုရင္ ကြာက်လာတတ္ပါတယ္။ ပိုးမႊားေတြဟာ ေလွ်ာက္စားတတ္တာေၾကာင့္လည္း သစ္သားေတြကို ပ်က္စီးေစပါတယ္။

၅။ အဝတ္အစားေတြကို ပ်က္စီးေစတယ္။

သင့္အဝတ္အစားေတြမွာ အေပါက္ေတြေတြ႕ရင္ ဒါဟာ ပိုးဖလံေၾကာင့္ပါ။ သဘာဝအမွ်င္ေတြ (သိုးေမႊး၊ ပိုးစတဲ့) ဟာ သူတို႔ရဲ႕ အစာအရင္းအျမစ္ ျဖစ္တာေၾကာင့္ ဗီ႐ိုေတြမွာ ေနထိုင္ၿပီး စားေသာက္တတ္ၾကပါတယ္။ သူတို႔ကို ဖယ္ရွားဖို႔ နည္းလမ္းကေတာ့ သင့္အဝတ္အစားေတြ အားလုံးကို ေသခ်ာေလွ်ာ္ဖြပ္ၿပီး ေကာ္ေဇာေတြကိုလည္း သန႔္ရွင္းေရး လုပ္သင့္ပါတယ္။ ရွာလကာရည္ကို အသုံးျပဳၿပီး ေရေႏြးေငြ႕ သန႔္စင္ျခင္းႏွင့္ ဖုန္စုပ္ျခင္းနည္းလမ္းတို႔နဲ႔လည္း ေျဖရွင္းႏိုင္ပါတယ္။

၆။ အပင္ေတြကိုလည္း ေလွ်ာက္စားပစ္တယ္။

သင္သာ အိမ္ထဲမွာ အပင္ေတြကို စိုက္ထားတတ္တဲ့သူ ဆိုရင္ေတာ့ ပိုးမႊားအႏၲရာယ္ကို ေတာ္ေတာ္ေလး သတိထားသင့္ပါတယ္။ ပိုးမႊားေတြဟာ ေလထဲကေနလည္း ပါလာတတ္သလို သင့္အိမ္ေမြး တိရစာၦန္ေလးေတြကေနလည္း ကပ္ပါတတ္ပါေသးတယ္။ ဒါေၾကာင့္ အပင္ေတြကို သန႔္ရွင္းေရးလုပ္ရင္ ပိုးသတ္ေဆးနဲ႔ ေသခ်ာျဖန္းသင့္ပါတယ္။

၇။ သင့္အိမ္မွာ လိပ္ျပာနဲ႔ ပင့္ကူေတြ အမ်ားႀကီး ေတြ႕တယ္။

တခ်ိဳ႕တိရစာၦန္ေတြဟာ သင္မေခၚပဲ အိမ္ထဲ ေရာက္ေရာက္လာတတ္ၾကတာကို သင္ေတြ႕ဖူးမွာပါ။ ဒီလိုေရာက္လာတာဟာ ပိုးမႊားေသးေသးေလးေတြကို စားခ်င္လို႔ ဝင္လာၾကတာပဲျဖစ္ပါတယ္။ သူတို႔မွာ သာမန္လူနဲ႔မတူတဲ့ မ်က္စိေတြ ရွိၾကတာေၾကာင့္ အေကာင္ေသးေသးေလးေတြကိုလည္း ျမင္ႏိုင္ပါတယ္။ သူတို႔ေတြ ဒီလိုစားေသာက္ေပးတာေၾကာင့္လည္း တခ်ိဳ႕ပိုးမႊားေတြ သင့္အိမ္ထဲမွာ မေနႏိုင္ၾကေတာ့ပါဘူး။

၈။ စကၠဴေပၚမွာ အဝါေရာင္အစြန္းအထင္းေတြ ေတြ႕ေနရတယ္။

အင္းဆက္ငယ္ေတြဟာ သၾကားႏွင့္ စကၠဴေပၚေတြမွာ က်က္စားတတ္တာေၾကာင့္ စာအုပ္ေတြ၊ စာ႐ြက္စာတမ္းေတြ၊ ဓာတ္ပုံေတြႏွင့္ တျခားအရာေတြမွာလည္း အဝါေရာင္ အစြန္းအထင္းေတြ က်န္ရစ္ခဲ့တာကို သင္သတိထားမိမွာပါ။ ဓာတုေဗဒနည္းေတြအျပင္ အာရဇ္မုတ္ဆိတ္ရိတ္ေဆး၊ အာရဇ္ဆီ၊ ေရႏွင့္ သစ္ႀကံပိုးေခါက္လိုမ်ိဳး သဘာဝနည္းလမ္းေတြကို သုံးၿပီးေတာ့ ရွင္းထုတ္ႏိုင္ပါတယ္။

Zombie (lovemedia)

Post a Comment

0 Comments