ပုံပန်းမကျတဲ့ bra တွေကြောင့် ခန္ဓာကိုယ်ကို ထိခိုက်စေတဲ့အချက် (၄) ချက်

အမျိုးသမီးတွေရဲ့ကျန်းမာရေးအတွက် bra ရွေးချယ်မှုက အရေးပါပါတယ်။ Size မတော်တဲ့ bra ကို ရွေးချယ်မိရင် ဘယ်လို ဆိုးကျိုးတွေ ရလာမလဲ ဆိုတာကို ဖော်ပြပေးပါမယ်နော်။

၁။ နောက်ကျော၊ လည်ပင်းနဲ့ ရင်သားနာကျင်ခြင်း

Size မမှန်တဲ့ bra တွေကြောင့် နောက်ကျော တင်းကျပ်ကျပ်နဲ့ နာတာ၊ လည်ပင်းနာတာတွေ ကြုံတွေ့ရနိုင်ပါတယ်။ အရမ်းချောင်နေရင်လည်း နေရတာ မကောင်းသလို အရမ်း ကျပ်နေရင်လည်း အသက်ရှူကြပ်ပါတယ်။

၂။ ခေါင်းကိုက်ခြင်း

Bra က ကိုယ်နဲ့ ကွက်တိမဖြစ်ဘဲ ကြိုးက အရမ်းတင်းနေရင် ပုခုံးမှာဖိအားဖြစ်ပြီး လည်ပင်းနဲ့ ပုခုံး နာလာပါတယ်။ ပုံမှာပြထားသလို ပုံစံမကျတဲ့ bra ကြောင့် ခေါင်းကိုက်စေမှာပါ။

၃။ ပုခုံးပုံပန်း မကျခြင်း

အထက်မှာ ဖော်ပြထားတဲ့အတိုင်း Bra က ပုံစံမကျဘဲ အရမ်းသေးနေရင် ပုခုံးပေါ်မှာ ဖိအားတွေ ပိလာပါတယ်။ ပုံမကျတဲ့braကို အချိန်ကြာကြာ ဝတ်ထားရင် ပုခုံးပေါ်က နူးညံ့တဲ့ တစ်ရှူးတွေကို နာကျင်စေပြီး ပုခုံးပုံမကျ ပန်းမကျနဲ့ မလှမပ ဖြစ်သွားစေမှာပါ။

၄။ အသားအရေကို ထိခိုက်စေခြင်း

Bra က အရမ်းကြီးနေပြီး ကွက်တိမကျ ဖြစ်နေရင်လည်း အဆင်မပြေပါဘူး။ အရမ်းသေးနေရင်လည်း အချိန်ကြာကြာ ဝတ်တဲ့အခါ ချွေးနဲ့ရောပြီး ယားလာတာ၊ ပွန်းလာတာတွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်စေမှာပါ။

ကွက်တိကျတဲ့ bra ကို ဘယ်လိုရွေးချယ်မလဲ

ကွက်တိကျတဲ့ bra ကို ရဖို့ band size နဲ့ cup sizeကို သေချာသိဖို့ လိုပါတယ်။

- Band size ကို ရှာဖို့ ရင်သားရဲ့အောက်ဘက် နံရိုးပေါ်ကနေ ပတ်ပြီးတိုင်းပါ။

- Cup size ကို သိဖို့ အရင်ဆုံး ရင်သားရဲ့အပြည့်ဆုံး နေရာကနေ ပတ်ပြီး လျော့လျော့လေးတိုင်းပါ။ ပြီးတော့ band size ကနေ breast size ကို နှုတ်ပါ။ ရလာတဲ့ လက်မတွေကနေတစ်ဆင့် ဥပမာ တစ်လက်မဆို A cup, နှစ်လက်မဆို B cup စသဖြင့် cup size တွေက အမျိုးမျိုး ကွဲပြားသွားပါတယ်။

Zombie (lovemedia)

for zawgyi

ပုံပန္းမက်တဲ့ bra ေတြေၾကာင့္ ခႏၶာကိုယ္ကို ထိခိုက္ေစတဲ့အခ်က္ (၄) ခ်က္

အမ်ိဳးသမီးေတြရဲ႕က်န္းမာေရးအတြက္ bra ေ႐ြးခ်ယ္မႈက အေရးပါပါတယ္။ Size မေတာ္တဲ့ bra ကို ေ႐ြးခ်ယ္မိရင္ ဘယ္လို ဆိုးက်ိဳးေတြ ရလာမလဲ ဆိုတာကို ေဖာ္ျပေပးပါမယ္ေနာ္။

၁။ ေနာက္ေက်ာ၊ လည္ပင္းနဲ႔ ရင္သားနာက်င္ျခင္း

Size မမွန္တဲ့ bra ေတြေၾကာင့္ ေနာက္ေက်ာ တင္းက်ပ္က်ပ္နဲ႔ နာတာ၊ လည္ပင္းနာတာေတြ ႀကဳံေတြ႕ရႏိုင္ပါတယ္။ အရမ္းေခ်ာင္ေနရင္လည္း ေနရတာ မေကာင္းသလို အရမ္း က်ပ္ေနရင္လည္း အသက္ရႉၾကပ္ပါတယ္။

၂။ ေခါင္းကိုက္ျခင္း

Bra က ကိုယ္နဲ႔ ကြက္တိမျဖစ္ဘဲ ႀကိဳးက အရမ္းတင္းေနရင္ ပုခုံးမွာဖိအားျဖစ္ၿပီး လည္ပင္းနဲ႔ ပုခုံး နာလာပါတယ္။ ပုံမွာျပထားသလို ပုံစံမက်တဲ့ bra ေၾကာင့္ ေခါင္းကိုက္ေစမွာပါ။

၃။ ပုခုံးပုံပန္း မက်ျခင္း

အထက္မွာ ေဖာ္ျပထားတဲ့အတိုင္း Bra က ပုံစံမက်ဘဲ အရမ္းေသးေနရင္ ပုခုံးေပၚမွာ ဖိအားေတြ ပိလာပါတယ္။ ပုံမက်တဲ့braကို အခ်ိန္ၾကာၾကာ ဝတ္ထားရင္ ပုခုံးေပၚက ႏူးညံ့တဲ့ တစ္ရႉးေတြကို နာက်င္ေစၿပီး ပုခုံးပုံမက် ပန္းမက်နဲ႔ မလွမပ ျဖစ္သြားေစမွာပါ။

၄။ အသားအေရကို ထိခိုက္ေစျခင္း

Bra က အရမ္းႀကီးေနၿပီး ကြက္တိမက် ျဖစ္ေနရင္လည္း အဆင္မေျပပါဘူး။ အရမ္းေသးေနရင္လည္း အခ်ိန္ၾကာၾကာ ဝတ္တဲ့အခါ ေခြၽးနဲ႔ေရာၿပီး ယားလာတာ၊ ပြန္းလာတာေတြေၾကာင့္ စိတ္အေႏွာင့္အယွက္ ျဖစ္ေစမွာပါ။

ကြက္တိက်တဲ့ bra ကို ဘယ္လိုေ႐ြးခ်ယ္မလဲ

ကြက္တိက်တဲ့ bra ကို ရဖို႔ band size နဲ႔ cup sizeကို ေသခ်ာသိဖို႔ လိုပါတယ္။

- Band size ကို ရွာဖို႔ ရင္သားရဲ႕ေအာက္ဘက္ နံ႐ိုးေပၚကေန ပတ္ၿပီးတိုင္းပါ။

- Cup size ကို သိဖို႔ အရင္ဆုံး ရင္သားရဲ႕အျပည့္ဆုံး ေနရာကေန ပတ္ၿပီး ေလ်ာ့ေလ်ာ့ေလးတိုင္းပါ။ ၿပီးေတာ့ band size ကေန breast size ကို ႏႈတ္ပါ။ ရလာတဲ့ လက္မေတြကေနတစ္ဆင့္ ဥပမာ တစ္လက္မဆို A cup, ႏွစ္လက္မဆို B cup စသျဖင့္ cup size ေတြက အမ်ိဳးမ်ိဳး ကြဲျပားသြားပါတယ္။

Zombie (lovemedia)

Post a Comment

0 Comments