သစ်သားပုံးနဲ့ လူဘဝ

တခါတုန်းက သစ်ခုတ်သမား ၄ ယောက်ဟာ သစ်ပင်တပင်စီကို ခုတ်လှဲပြီး သစ်သားပုံး တခုဆီ လုပ်နေကြတယ်။

ပထမ သစ်ခုတ်သမားက ဝက်မစင် ထည့်တဲ့ပုံး လုပ်လိုက်တဲ့အတွက် မစင်ပုံးလို့ ခေါ်တယ်။ လူတွေရဲ့ နောက်မှာ အမြဲတမ်း ပုန်းနေရတယ်။

ဒုတိယ သစ်ခုတ်သမားက ရေထည့်ပုံး လုပ်လိုက်တဲ့ အတွက် ရေပုံးလို့ ခေါ်တယ်။ လူတွေ အသုံးပြုကြတယ်။

တတိယ သစ်ခုတ်သမားက အရက်ထည့်ပုံး လုပ်လိုက်တဲ့ အတွက် အရက်ပုံးလို့ ခေါ်တယ်။ လူတွေ နှစ်သက်ကြတယ်။

စတုတ္ထ သစ်ခုတ်သမားက ရွှေတုံးတွေထည့်ပြီး အသုံးပြုလိုက်တဲ့ အတွက် ရွှေပုံးလို့ ခေါ်တယ်။ လူတွေ တန်ဖိုးထားကြတယ်။

ပုံးအားလုံးက အတူတူပါပဲ။ ထည့်တဲ့ပစ္စည်း မတူတာနဲ့ အခေါ်အဝေါ် တန်ဖိုးထားတာခြင်း မတူကြတော့ဘူး။

လူတိုင်းကတော့ အတူတူပဲ။ ဒါပေမယ့် ကိုယ့်ဦးဏှောက်မှာ ဘာတွေးလဲ၊ ကိုယ့်စိတ်ကို ဘယ်လိုထားမလဲ ဆိုတဲ့အပေါ် မူတည်ပြီး ကိုယ့်ပတ်ဝန်းကျင်ရှိ လူတွေက ကိုယ့်ကို ဘယ်လို ခေါ်ဝေါ်မလဲ၊ ကိုယ့်သူငယ်ချင်းတွေက ကိုယ့်ကို ဘယ်လို တန်ဖိုးထားမလဲ ဒီလိုပဲ ကွဲပြားသွား ကြတယ်။

အောင်မြင်မှု လမ်းကြောင်းပေါ် ရောက်ဖို့ဆိုတာ တပါးသူရဲ့ အကူအညီ၊ ဆရာကောင်းရဲ့ ညွှန်ကြားမှု၊ မိတ်ဆွေရဲ့ နားလည်မှု၊ မိသားစုရဲ့ အားပေးမှု၊ မသမာတဲ့ လူတွေရဲ့ ထိုးနှက်မှု အဲဒါတွေ မပါဘဲ ဘယ်တော့မှ မရောက်နိုင်ပါဘူး။

လူ့ဘဝဟာ ရခဲသလို လုပ်ရခဲတယ်။ မှန်မှန်ကန်ကန် လျှောက်လှမ်းရင်း အလှမ်းတိုင်း အလှမ်းတိုင်းကို ချစ်တတ်၊ မြတ်နိုးတတ်ဖို့ လိုပါတယ်။

Thi Ha🇲🇲

Zawgyi

သစ္သားပုံးနဲ႔ လူဘဝ

တခါတုန္းက သစ္ခုတ္သမား ၄ ေယာက္ဟာ သစ္ပင္တပင္စီကို ခုတ္လွဲၿပီး သစ္သားပုံး တခုဆီ လုပ္ေနၾကတယ္။

ပထမ သစ္ခုတ္သမားက ဝက္မစင္ ထည့္တဲ့ပုံး လုပ္လိုက္တဲ့အတြက္ မစင္ပုံးလို႔ ေခၚတယ္။ လူေတြရဲ႕ ေနာက္မွာ အၿမဲတမ္း ပုန္းေနရတယ္။

ဒုတိယ သစ္ခုတ္သမားက ေရထည့္ပုံး လုပ္လိုက္တဲ့ အတြက္ ေရပုံးလို႔ ေခၚတယ္။ လူေတြ အသုံးျပဳၾကတယ္။

တတိယ သစ္ခုတ္သမားက အရက္ထည့္ပုံး လုပ္လိုက္တဲ့ အတြက္ အရက္ပုံးလို႔ ေခၚတယ္။ လူေတြ ႏွစ္သက္ၾကတယ္။

စတုတၳ သစ္ခုတ္သမားက ေ႐ႊတုံးေတြထည့္ၿပီး အသုံးျပဳလိုက္တဲ့ အတြက္ ေ႐ႊပုံးလို႔ ေခၚတယ္။ လူေတြ တန္ဖိုးထားၾကတယ္။

ပုံးအားလုံးက အတူတူပါပဲ။ ထည့္တဲ့ပစၥည္း မတူတာနဲ႔ အေခၚအေဝၚ တန္ဖိုးထားတာျခင္း မတူၾကေတာ့ဘူး။

လူတိုင္းကေတာ့ အတူတူပဲ။ ဒါေပမယ့္ ကိုယ့္ဦးေဏွာက္မွာ ဘာေတြးလဲ၊ ကိုယ့္စိတ္ကို ဘယ္လိုထားမလဲ ဆိုတဲ့အေပၚ မူတည္ၿပီး ကိုယ့္ပတ္ဝန္းက်င္ရွိ လူေတြက ကိုယ့္ကို ဘယ္လို ေခၚေဝၚမလဲ၊ ကိုယ့္သူငယ္ခ်င္းေတြက ကိုယ့္ကို ဘယ္လို တန္ဖိုးထားမလဲ ဒီလိုပဲ ကြဲျပားသြား ၾကတယ္။

ေအာင္ျမင္မႈ လမ္းေၾကာင္းေပၚ ေရာက္ဖို႔ဆိုတာ တပါးသူရဲ႕ အကူအညီ၊ ဆရာေကာင္းရဲ႕ ၫႊန္ၾကားမႈ၊ မိတ္ေဆြရဲ႕ နားလည္မႈ၊ မိသားစုရဲ႕ အားေပးမႈ၊ မသမာတဲ့ လူေတြရဲ႕ ထိုးႏွက္မႈ အဲဒါေတြ မပါဘဲ ဘယ္ေတာ့မွ မေရာက္ႏိုင္ပါဘူး။

လူ႔ဘဝဟာ ရခဲသလို လုပ္ရခဲတယ္။ မွန္မွန္ကန္ကန္ ေလွ်ာက္လွမ္းရင္း အလွမ္းတိုင္း အလွမ္းတိုင္းကို ခ်စ္တတ္၊ ျမတ္ႏိုးတတ္ဖို႔ လိုပါတယ္။

Thi Ha🇲🇲

Post a Comment

0 Comments