အသိဉာဏ်မဲ့သော သဌေးသား

ဟိုးရှေးရှေးတုန်းက အလွန် ကြွယ်ဝ ချမ်းသာသော သူဋ္ဌေးကြီး ဇနီးမောင်နှံ ရှိသည်။ ထိုသူဋ္ဌေးကြီး ဇနီးမောင်နှံတွင် လွန်စွာ ချောမော လှပသော သားတယောက် ရှိသည်။

သူဋ္ဌေးကြီး ဇနီးမောင်နှံသည် သားငယ်အတွက် လိုလေသေးမရှိ အလို လိုက်ကြသည်။ သူဋ္ဌေးသားငယ် အရွယ် ရောက်လာသော အခါ သူဋ္ဌေးကြီး ဇနီးမောင်နှံသည် သားငယ်ကို ချမ်းသာသည့် မိသားစုမှ အမျိုးသမီးတဦးနှင့် လက်ထပ်ပေးသည်။

ထိုသို့ အိမ်ထောင်ပြုပြီးနောက် သူဋ္ဌေးသား၏ ဇနီးမှ သားတယောက် ဖွားမြင်သည်။ ထိုသားငယ် မွေးဖွားပြီး ၂ နှစ်ခန့် တွင် သူဋ္ဌေးကြီး ဇနီးမောင်နှံ ရှေ့ဆင့် နောက်ဆက့် ကွယ်လွန် သွားကြသည်။

ဆွေမျိုးများက သူဋ္ဌေးသားသည် ဥစ္စာ ရှိသော်လည်း ပညာ မရှိလျှင် ကဲ့ရဲ့ဖွယ် ဖြစ်နိုင်သည်။ ဥစ္စာပစ္စည်းများ ဆုံးရှုံးနိုင်သည်။ ထို့ကြောင့် ပညာ သင်ယူလျှင် ကောင်းမည် ဟု အကြံပြု ကြသည်။

သူဋ္ဌေးသားသည် ဆွေမျိုးများ၏ အကြံပေးမှုကို လက်ခံလိုက်ပြီး တက္ကသိုလ် တခုသို့ သွားရောက်၍ ပညာ သင်ယူသည်။ တက္ကသိုလ်၌ ၁၀ နှစ်ခန့် ကြာပြီးနောက် အိမ်သို့ ပြန်လာခဲ့ရာ ညဉ့်နက် လူခြေတိတ်ချိန်မှ ရောက်လာသည်။

သို့သော် သူဋ္ဌေးသားသည် လျှို့ဝှက် တံခါးများကို သိသဖြင့် အိမ်တော်တွင်းသို့ အလွယ်တကူပင် ရောက်ရှိသွားသည်။

သူဋ္ဌေးသားသည် ဇနီးသည်၏ အိပ်ခန်းသို့ ဝင်လာသောအခါ ဇနီးဖြစ်သူကို ခြင်ထောင်အတွင်း၌ ယောကျ်ားတဦးနှင့် နှစ်ခြိုက်စွာ အိပ်ပျော်နေသည်ကို တွေ့လိုက်ရသည်။

သူဋ္ဌေးသားသည် ကြာရှည်စွာ စဉ်းစား မနေတော့ဘဲ ဇနီးသည်နှင့် ထိုသူကို ဓားဖြင့် ခုတ်ပိုင်း သတ်လိုက် လေတော့သည်။ နံနက်လင်း၍ အစေခံများ နိုးလာသောအခါ ကျမှ မိမိ သတ်လိုက်သူများမှာ ဇနီးနှင့်သား ဖြစ်ကြောင်း သိလိုက်ရသည်။

မိခင် ဖက်အိပ်နေသည့် သားငယ်ကို သူဋ္ဌေးသားက လင်ငယ်ဟု ထင်မှတ်မိခြင်းသာ ဖြစ်သည်။ သူဋ္ဌေးသားသည် ပညာ သင်ယူခဲ့သော်လည်း အသိဉာဏ် မဲ့သောကြောင့် ဇနီးနှင့် သားငယ်ကို သတ်မိခြင်း ပင်တည်း။

ပညာတတ်ပြီး အသိဉာဏ် မရှိရင် တတ်သမျှ ပညာဟာ အလကားပါပဲ။

phoomyatchal

Zawgyi

အသိဉာဏ္မဲ့ေသာ သေဌးသား

ဟိုးေရွးေရွးတုန္းက အလြန္ ႂကြယ္ဝ ခ်မ္းသာေသာ သူေ႒းႀကီး ဇနီးေမာင္ႏွံ ရွိသည္။ ထိုသူေ႒းႀကီး ဇနီးေမာင္ႏွံတြင္ လြန္စြာ ေခ်ာေမာ လွပေသာ သားတေယာက္ ရွိသည္။

သူေ႒းႀကီး ဇနီးေမာင္ႏွံသည္ သားငယ္အတြက္ လိုေလေသးမရွိ အလို လိုက္ၾကသည္။ သူေ႒းသားငယ္ အ႐ြယ္ ေရာက္လာေသာ အခါ သူေ႒းႀကီး ဇနီးေမာင္ႏွံသည္ သားငယ္ကို ခ်မ္းသာသည့္ မိသားစုမွ အမ်ိဳးသမီးတဦးႏွင့္ လက္ထပ္ေပးသည္။

ထိုသို႔ အိမ္ေထာင္ျပဳၿပီးေနာက္ သူေ႒းသား၏ ဇနီးမွ သားတေယာက္ ဖြားျမင္သည္။ ထိုသားငယ္ ေမြးဖြားၿပီး ၂ ႏွစ္ခန႔္ တြင္ သူေ႒းႀကီး ဇနီးေမာင္ႏွံ ေရွ႕ဆင့္ ေနာက္ဆက့္ ကြယ္လြန္ သြားၾကသည္။

ေဆြမ်ိဳးမ်ားက သူေ႒းသားသည္ ဥစၥာ ရွိေသာ္လည္း ပညာ မရွိလွ်င္ ကဲ့ရဲ႕ဖြယ္ ျဖစ္ႏိုင္သည္။ ဥစၥာပစၥည္းမ်ား ဆုံးရႈံးႏိုင္သည္။ ထို႔ေၾကာင့္ ပညာ သင္ယူလွ်င္ ေကာင္းမည္ ဟု အႀကံျပဳ ၾကသည္။

သူေ႒းသားသည္ ေဆြမ်ိဳးမ်ား၏ အႀကံေပးမႈကို လက္ခံလိုက္ၿပီး တကၠသိုလ္ တခုသို႔ သြားေရာက္၍ ပညာ သင္ယူသည္။ တကၠသိုလ္၌ ၁၀ ႏွစ္ခန႔္ ၾကာၿပီးေနာက္ အိမ္သို႔ ျပန္လာခဲ့ရာ ညဥ့္နက္ လူေျခတိတ္ခ်ိန္မွ ေရာက္လာသည္။

သို႔ေသာ္ သူေ႒းသားသည္ လွ်ိဳ႕ဝွက္ တံခါးမ်ားကို သိသျဖင့္ အိမ္ေတာ္တြင္းသို႔ အလြယ္တကူပင္ ေရာက္ရွိသြားသည္။ သူေ႒းသားသည္ ဇနီးသည္၏ အိပ္ခန္းသို႔ ဝင္လာေသာအခါ ဇနီးျဖစ္သူကို ျခင္ေထာင္အတြင္း၌ ေယာက်္ားတဦးႏွင့္ ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ေနသည္ကို ေတြ႕လိုက္ရသည္။

သူေ႒းသားသည္ ၾကာရွည္စြာ စဥ္းစား မေနေတာ့ဘဲ ဇနီးသည္ႏွင့္ ထိုသူကို ဓားျဖင့္ ခုတ္ပိုင္း သတ္လိုက္ ေလေတာ့သည္။ နံနက္လင္း၍ အေစခံမ်ား ႏိုးလာေသာအခါ က်မွ မိမိ သတ္လိုက္သူမ်ားမွာ ဇနီးႏွင့္သား ျဖစ္ေၾကာင္း သိလိုက္ရသည္။

မိခင္ ဖက္အိပ္ေနသည့္ သားငယ္ကို သူေ႒းသားက လင္ငယ္ဟု ထင္မွတ္မိျခင္းသာ ျဖစ္သည္။ သူေ႒းသားသည္ ပညာ သင္ယူခဲ့ေသာ္လည္း အသိဉာဏ္ မဲ့ေသာေၾကာင့္ ဇနီးႏွင့္ သားငယ္ကို သတ္မိျခင္း ပင္တည္း။

ပညာတတ္ၿပီး အသိဉာဏ္ မရွိရင္ တတ္သမွ် ပညာဟာ အလကားပါပဲ။

phoomyatchal

Post a Comment

0 Comments