သူဌေးဟာ ဆင်းရဲသားကို မုန်းတယ်

ဆင်းရဲသားတွေ ဂိမ်းဆော့နေချိန်မှာ သူဌေးတွေ အလုပ် လုပ်ခဲ့ရတယ်။ ဆင်းရဲသားတွေ ဖုန်းသုံးနေချိန်မှာ သူဌေးတွေ အလုပ် လုပ်ခဲ့ရတယ်။ဆင်းရဲသားတွေ အိပ်နေချိန်မှာ သူဌေးတွေ အလုပ် လုပ်ခဲ့ရတယ်။

ဆင်းရဲသားတွေ ချစ်သူနဲ့ ပျော်ရွှင်နေချိန်မှာ သူဌေးတွေ အချိန်မပေးနိုင် ခဲ့ကြဘူး။ ဆင်းရဲသားတွေ မဖြစ်နိုင်ဘူးလို့ ငြီးငြူနေတဲ့ အရာတွေကို သူဌေးတွေက မဖြစ် ဖြစ်တဲ့နည်း ရှာကြံပြီး ကြိုးစားခဲ့ရတယ်။

ဆင်းရဲသားတွေ တရက်စာ၊ တလစာအတွက်ပဲ ပူတဲ့အချိန်မှာ သူဌေးတွေဟာ ၅ နှစ်စာ ကနေ နှစ် ၁၀၀ စာလောက်ထိ ပူခဲ့ရတယ်။ ဒ့ါကြောင့် သူဌေးတွေဟာ ဘာမှမလုပ်ပဲ ဇိမ်ကျနေတဲ့ ဆင်းရဲသားတွေကို မုန်းကြတာ ဖြစ်တယ်။

ဒီလိုနဲ့ အချိန်တခု ရောက်တဲ့အချိန်မှာ သူဌေးတွေကို ဆင်းရဲသားတွေက ပြန်မုန်းလာကြတယ်။

ဆင်းရဲသားတွေက ထင်တယ်၊ သူဌေးတွေဆိုတာ အချိန်ပြည့် ဇိမ်နဲ့ နေရတယ်။ ဆင်းရဲသားက ထင်တယ်၊ သူဌေးဆိုတာ ရေကန်အသင့် ကြာအသင့် ချမ်းသာလာတာ ဖြစ်တယ်။ ဆင်းရဲသားက ထင်တယ်၊ သူဌေးတွေဟာ ဆင်းရဲတဲ့ ဘဝအကြောင်း နားမလည်ကြဘူး။

ဆင်းရဲသားက ထင်တယ်၊ သူဌေးတွေ ချမ်းသာခြင်းဟာ အထောက်ပံ့ကောင်းတွေ ရှိလို့ပါ။ ဆင်းရဲသားက ထင်တယ်၊ သူဌေးတွေဟာ ခေါင်းပုံဖြတ်ကြတယ်။ ဆင်းရဲသားက ထင်တယ်၊ သူတို့ဘယ်လောက် ကြိုးစားကြိုးစား သူဌေးတွေလို မချမ်းသာနိုင်ဘူး။

ဆင်းရဲသားတွေက ထင်တယ်။ သူဌေးဆိုတာ မဟုတ်တာတွေ လုပ်လို့ ချမ်းသာလာတာ။ ဆင်းရဲသားတွေက ထင်တယ်၊ ရောင့်ရဲတင်းတိမ်ခြင်းဟာ ဘဝကို အေးချမ်းစေတယ်။ ဆင်းရဲသားတွေက ထင်တယ်၊ ချမ်းသာခြင်းဆိုတာ ဖန်ဆင်းရှင် တယောက်ယောက်ဆီက လာတယ်။

ဆင်းရဲသားတွေက ထင်တယ်၊ အခွင့်ရေးဆိုတာ သူ့အလိုလို ရောက်လာတတ်တယ်။ ဆင်းရဲသားက ထင်တယ်၊ ဆင်းရဲသား ဘဝကနေ ချမ်းသာသွားသူတွေဟာ ကံကောင်းလိုသာ ဖြစ်တယ်။ ဆင်းရဲသားက ထင်တယ်၊ သူဌေးတွေဟာ ဆင်းရဲသားတွေဆို မကူညီချင်ဘူး။

ဒ့ါကြောင့် ဆင်းရဲသားတွေဟာ သူဌေးတွေကို မုန်းလာကြတာ ဖြစ်တယ်။

တကယ်တော့ ကိုယ်တိုင် ရိုးသားကြိုးစားပြီး တိုးတက်အောင်မြင်လာတဲ့ သူဌေးတွေဟာ ဘဝကို ဖြစ်သလို နေတတ်တဲ့ ကံကိုပဲ ပုံချတတ်တဲ့ ဆင်းရဲသားတွေကို ကူညီလေ့ မရှိဘူး။ သူတို့လို ရိုးသားကြိုးစားလာတဲ့ ဆင်းရဲသား ကိုတော့ လက်တွဲ ကူညီတတ်ကြတယ်။

ကိုယ်တိုင် နေ့မအိပ် ညမအိပ် အားထုတ် ကြိုးစားခဲ့လို့ ရလာတဲ့ စည်းစိမ်ချမ်းသာတွေနဲ့ ဂိမ်းဆော့လိုက် ရည်းစားထားလိုက် အိပ်လိုက်နဲ့အချိန်ကုန်တတ်တဲ့ ဆင်းရဲသားတွေကို ဘယ်တော့မှ ကူညီမှာ မဟုတ်ပါဘူး။

လူငယ်တယောက် မဆုတ်မနစ် ကြိုးစားနေပြီ ဆိုရင် သူဌေးလို့ ခေါ်နိုင်ပါတယ်။ လူငယ်တယောက် ဖြစ်သလို နေနေပြီဆိုရင် မိဘကချမ်းသာလည်း ဆင်းရဲသားလို့ ခေါ်ပါတယ်။ ချမ်းသာဖို့ အောင်မြင်ဖို့ ဆန္ဒပြင်းပြ လွန်းတဲ့ လူငယ်အတွက် မဖြစ်နိုင်ဘူးဆိုတဲ့ အခက်ခဲ့ဟာ အခွင့်ရေးအဖြစ် ပြောင်းသွားပါတယ်။

ဒါ့ကြောင့် ဂိမ်းဆော့ရင်း ဖုန်းကိုင်ရင်း ရည်းစားလေးနဲ့ အချိန်ကုန်ရင်း ကပ်ကြီးသုံးပါးကို ထိုင်အပြစ်ပြောရင်း အချိန်ကုန်နေသ၍ ဆင်းရဲနေဦးမှာပါပဲ။

MMT

Zawgyi

သူေဌးဟာ ဆင္းရဲသားကို မုန္းတယ္

ဆင္းရဲသားေတြ ဂိမ္းေဆာ့ေနခ်ိန္မွာ သူေဌးေတြ အလုပ္ လုပ္ခဲ့ရတယ္။ ဆင္းရဲသားေတြ ဖုန္းသုံးေနခ်ိန္မွာ သူေဌးေတြ အလုပ္ လုပ္ခဲ့ရတယ္။ဆင္းရဲသားေတြ အိပ္ေနခ်ိန္မွာ သူေဌးေတြ အလုပ္ လုပ္ခဲ့ရတယ္။

ဆင္းရဲသားေတြ ခ်စ္သူနဲ႔ ေပ်ာ္႐ႊင္ေနခ်ိန္မွာ သူေဌးေတြ အခ်ိန္မေပးႏိုင္ ခဲ့ၾကဘူး။ ဆင္းရဲသားေတြ မျဖစ္ႏိုင္ဘူးလို႔ ၿငီးျငဴေနတဲ့ အရာေတြကို သူေဌးေတြက မျဖစ္ ျဖစ္တဲ့နည္း ရွာႀကံၿပီး ႀကိဳးစားခဲ့ရတယ္။

ဆင္းရဲသားေတြ တရက္စာ၊ တလစာအတြက္ပဲ ပူတဲ့အခ်ိန္မွာ သူေဌးေတြဟာ ၅ ႏွစ္စာ ကေန ႏွစ္ ၁၀၀ စာေလာက္ထိ ပူခဲ့ရတယ္။ ဒ့ါေၾကာင့္ သူေဌးေတြဟာ ဘာမွမလုပ္ပဲ ဇိမ္က်ေနတဲ့ ဆင္းရဲသားေတြကို မုန္းၾကတာ ျဖစ္တယ္။

ဒီလိုနဲ႔ အခ်ိန္တခု ေရာက္တဲ့အခ်ိန္မွာ သူေဌးေတြကို ဆင္းရဲသားေတြက ျပန္မုန္းလာၾကတယ္။

ဆင္းရဲသားေတြက ထင္တယ္၊ သူေဌးေတြဆိုတာ အခ်ိန္ျပည့္ ဇိမ္နဲ႔ ေနရတယ္။ ဆင္းရဲသားက ထင္တယ္၊ သူေဌးဆိုတာ ေရကန္အသင့္ ၾကာအသင့္ ခ်မ္းသာလာတာ ျဖစ္တယ္။ ဆင္းရဲသားက ထင္တယ္၊ သူေဌးေတြဟာ ဆင္းရဲတဲ့ ဘဝအေၾကာင္း နားမလည္ၾကဘူး။

ဆင္းရဲသားက ထင္တယ္၊ သူေဌးေတြ ခ်မ္းသာျခင္းဟာ အေထာက္ပံ့ေကာင္းေတြ ရွိလို႔ပါ။ ဆင္းရဲသားက ထင္တယ္၊ သူေဌးေတြဟာ ေခါင္းပုံျဖတ္ၾကတယ္။ ဆင္းရဲသားက ထင္တယ္၊ သူတို႔ဘယ္ေလာက္ ႀကိဳးစားႀကိဳးစား သူေဌးေတြလို မခ်မ္းသာႏိုင္ဘူး။

ဆင္းရဲသားေတြက ထင္တယ္။ သူေဌးဆိုတာ မဟုတ္တာေတြ လုပ္လို႔ ခ်မ္းသာလာတာ။ ဆင္းရဲသားေတြက ထင္တယ္၊ ေရာင့္ရဲတင္းတိမ္ျခင္းဟာ ဘဝကို ေအးခ်မ္းေစတယ္။ ဆင္းရဲသားေတြက ထင္တယ္၊ ခ်မ္းသာျခင္းဆိုတာ ဖန္ဆင္းရွင္ တေယာက္ေယာက္ဆီက လာတယ္။

ဆင္းရဲသားေတြက ထင္တယ္၊ အခြင့္ေရးဆိုတာ သူ႔အလိုလို ေရာက္လာတတ္တယ္။ ဆင္းရဲသားက ထင္တယ္၊ ဆင္းရဲသား ဘဝကေန ခ်မ္းသာသြားသူေတြဟာ ကံေကာင္းလိုသာ ျဖစ္တယ္။ ဆင္းရဲသားက ထင္တယ္၊ သူေဌးေတြဟာ ဆင္းရဲသားေတြဆို မကူညီခ်င္ဘူး။

ဒ့ါေၾကာင့္ ဆင္းရဲသားေတြဟာ သူေဌးေတြကို မုန္းလာၾကတာ ျဖစ္တယ္။

တကယ္ေတာ့ ကိုယ္တိုင္ ႐ိုးသားႀကိဳးစားၿပီး တိုးတက္ေအာင္ျမင္လာတဲ့ သူေဌးေတြဟာ ဘဝကို ျဖစ္သလို ေနတတ္တဲ့ ကံကိုပဲ ပုံခ်တတ္တဲ့ ဆင္းရဲသားေတြကို ကူညီေလ့ မရွိဘူး။ သူတို႔လို ႐ိုးသားႀကိဳးစားလာတဲ့ ဆင္းရဲသား ကိုေတာ့ လက္တြဲ ကူညီတတ္ၾကတယ္။

ကိုယ္တိုင္ ေန႔မအိပ္ ညမအိပ္ အားထုတ္ ႀကိဳးစားခဲ့လို႔ ရလာတဲ့ စည္းစိမ္ခ်မ္းသာေတြနဲ႔ ဂိမ္းေဆာ့လိုက္ ရည္းစားထားလိုက္ အိပ္လိုက္နဲ႔အခ်ိန္ကုန္တတ္တဲ့ ဆင္းရဲသားေတြကို ဘယ္ေတာ့မွ ကူညီမွာ မဟုတ္ပါဘူး။

လူငယ္တေယာက္ မဆုတ္မနစ္ ႀကိဳးစားေနၿပီ ဆိုရင္ သူေဌးလို႔ ေခၚႏိုင္ပါတယ္။ လူငယ္တေယာက္ ျဖစ္သလို ေနေနၿပီဆိုရင္ မိဘကခ်မ္းသာလည္း ဆင္းရဲသားလို႔ ေခၚပါတယ္။ ခ်မ္းသာဖို႔ ေအာင္ျမင္ဖို႔ ဆႏၵျပင္းျပ လြန္းတဲ့ လူငယ္အတြက္ မျဖစ္ႏိုင္ဘူးဆိုတဲ့ အခက္ခဲ့ဟာ အခြင့္ေရးအျဖစ္ ေျပာင္းသြားပါတယ္။

ဒါ့ေၾကာင့္ ဂိမ္းေဆာ့ရင္း ဖုန္းကိုင္ရင္း ရည္းစားေလးနဲ႔ အခ်ိန္ကုန္ရင္း ကပ္ႀကီးသုံးပါးကို ထိုင္အျပစ္ေျပာရင္း အခ်ိန္ကုန္ေနသ၍ ဆင္းရဲေနဦးမွာပါပဲ။

MMT

Post a Comment

0 Comments