ကောက်ရိုးသူဌေး

တခါတုန်းက ကြင်နာသနား တတ်ပြီး အလုပ်ကြိုးစားတဲ့ လူဆင်းရဲလေး တယောက်ရှိတယ်။ သူဟာ အဆင်ပြေ ချမ်းသာချင်လို့ နေ့တိုင်း ဘုရားကျောင်းမှာ သွားဆုတောင်း တတ်တယ်။

တနေ့ကျတော့ ဆုတောင်းနေရင်း မင်းဒီက ထွက်သွားသွားချင်း ကိုင်မိတဲ့ ပစ္စည်းကို သေချာ ဂရုစိုက် ဆိုပြီး တယောက်ယောက်က ပြောသံကို နားထဲမှာ ကြားလိုက်မိတယ်။

သူလည်း ထူးခြားပြီကွ ဆိုပြီး အရမ်း ပျော်သွားတာနဲ့ အပြေးလေး ပြန်သွားမိတာ ခလုတ်တိုက် လဲပါလေရော။ သူထလိုက်တော့ လက်ထဲမှာ ကောက်ရိုးတခု ကိုင်မိလျက်သား ဖြစ်နေတာနဲ့ ခုနက ကြားခဲ့ရတဲ့ စကားသံအတိုင်း ကိုင်ခဲ့တာပေါ့။

လမ်းမှာ ပိတုန်းလေး တကောင်က ကောက်ရိုးမှာ တဝဲဝဲ ဖြစ်နေတာနဲ့ ကောက်ရိုးမှာ ချည်လာခဲ့တယ်။ လမ်းမှာ ကလေးတယောက်က တွေ့တော့ အဲဒါလေး လိုချင်တယ် ပူစာတာနဲ့ သူပေးခဲ့ လိုက်တယ်။ ကလေးရဲ့ အမေက သူ့ကို ကျေးဇူးတင်ပြီး လိမ်မော်သီး ၃ လုံး ပေးလိုက်တယ်။

လမ်းတနေရာမှာတော့ အမျိုးသမီးတယောက် မောမောပန်းပန်း ထိုင်နေပြီး သူ့ကို ရေသောက်ဖို့ရာ ဘယ်မှာရှာရမလဲ မေးတယ်။ သူကရေတော့ မပါဘူး လိမ်မော်သီး ၃ လုံး အမောပြေ စားပါဗျာ ဆိုပြီး ပေးလိုက်တယ်။ အမျိုးသမီးက ကျေးဇူးတင်တဲ့ အနေနဲ့ ပိုးပုဝါလေး လက်ဆောင် ပြန်ပေးတယ်။

ဒီလိုနဲ့ပဲ လမ်းမှာ ဆာမူရိုင်း သူရဲကောင်းကြီးနဲ့ သူ့အဖွဲ့က လဲကျနေတဲ့ မြင်းအနား ဝိုင်းအုံးနေကြတာ တွေ့လိုက်တယ်။ ဆာမူရိုင်းက ခရီးဆက်စရာ ရှိတာမို့ သူ့တပည့်ကို မြင်းအစောင့် ထားပြီး ဆက်သွားသတဲ့။

သူ့တပည့်က ဒီမြင်းက တန်ဖိုးကြီးတဲ့ မြင်းကောင်းပဲ၊ ခုလိုကြီး လဲနေတော့ အသုံးမကျတော့ဘူး ဆိုပြီး ညည်းနေတာပေါ့။ လူဆင်းရဲလေးက ကျွန်တော်ရဲ့ ပိုးပုဝါစ ခင်ဗျားကို ပေးမယ်ဗျာ။ ဒီမြင်း ကျွန်တော့ကို ပေးပါလား ပြောတော့ ဆာမူရိုင်းရဲ့ တပည့်က ဝမ်းသာအားရ လဲပေးတာပေါ့။

လူဆင်းရဲလေးလည်း မြင်းကို တတ်သမျှ မှတ်သမျှလေး ပြုစုပေးတော့ မြင်းကြီးလည်း ပြန်ထလာပြီး လမ်းလျှောက်နိုင် လာတာပေါ့။ အဲဒါနဲ့ လူဆင်းရဲလေးလည်း မြင်းစီးပြီး လာတော့ လမ်းက အိမ်တအိမ်မှာ လူတွေပြောင်းဖို့ ရွှေ့ဖို့ ပစ္စည်းတွေ ထုပ်ပိုးနေကြတာ တွေ့ပြန်တယ်။

အိမ်ရှင်က မြင်းကို တွေ့တော့ လှလိုက်တဲ့ မြင်းကြီးကွာ၊ ငါလည်း နယ်အဝေးကို ပြောင်းမှာမို့ မြင်းလိုနေတာ။ မင်းငါ့ကို ဒီမြင်းပေးရင် မင်းကို အိမ်နဲ့ ယာခင်းတွေ အပိုင်ပေးခဲ့မယ် ပြောသတဲ့။

ကောက်ရိုးက စ အိမ်နဲ့ယာတွေ ရပြီကွ ဆိုပြီး သူဆင်းရဲလေးက ပျော်ပျော်ရွှင်ရွှင် လဲပေးလိုက်တာပေါ့။ အဲ့ဒီလိုနဲ့ ဆင်းရဲသားလေဟာ အလုပ်တွေ ကြိုးစားလုပ်ကိုင်လို့ တဖြည်းဖြည်းနဲ့ ချမ်းသာသွားပါတယ်။ သူ့ကို လူတွေက ကောက်ရိုး သူဌေးကြီးလို့ ခေါ်ကြပါတော့တယ်။

crd

Zawgyi

ေကာက္႐ိုးသူေဌး

တခါတုန္းက ၾကင္နာသနား တတ္ၿပီး အလုပ္ႀကိဳးစားတဲ့ လူဆင္းရဲေလး တေယာက္ရွိတယ္။ သူဟာ အဆင္ေျပ ခ်မ္းသာခ်င္လို႔ ေန႔တိုင္း ဘုရားေက်ာင္းမွာ သြားဆုေတာင္း တတ္တယ္။

တေန႔က်ေတာ့ ဆုေတာင္းေနရင္း မင္းဒီက ထြက္သြားသြားခ်င္း ကိုင္မိတဲ့ ပစၥည္းကို ေသခ်ာ ဂ႐ုစိုက္ ဆိုၿပီး တေယာက္ေယာက္က ေျပာသံကို နားထဲမွာ ၾကားလိုက္မိတယ္။

သူလည္း ထူးျခားၿပီကြ ဆိုၿပီး အရမ္း ေပ်ာ္သြားတာနဲ႔ အေျပးေလး ျပန္သြားမိတာ ခလုတ္တိုက္ လဲပါေလေရာ။ သူထလိုက္ေတာ့ လက္ထဲမွာ ေကာက္႐ိုးတခု ကိုင္မိလ်က္သား ျဖစ္ေနတာနဲ႔ ခုနက ၾကားခဲ့ရတဲ့ စကားသံအတိုင္း ကိုင္ခဲ့တာေပါ့။

လမ္းမွာ ပိတုန္းေလး တေကာင္က ေကာက္႐ိုးမွာ တဝဲဝဲ ျဖစ္ေနတာနဲ႔ ေကာက္႐ိုးမွာ ခ်ည္လာခဲ့တယ္။ လမ္းမွာ ကေလးတေယာက္က ေတြ႕ေတာ့ အဲဒါေလး လိုခ်င္တယ္ ပူစာတာနဲ႔ သူေပးခဲ့ လိုက္တယ္။ ကေလးရဲ႕ အေမက သူ႔ကို ေက်းဇူးတင္ၿပီး လိမ္ေမာ္သီး ၃ လုံး ေပးလိုက္တယ္။

လမ္းတေနရာမွာေတာ့ အမ်ိဳးသမီးတေယာက္ ေမာေမာပန္းပန္း ထိုင္ေနၿပီး သူ႔ကို ေရေသာက္ဖို႔ရာ ဘယ္မွာရွာရမလဲ ေမးတယ္။ သူကေရေတာ့ မပါဘူး လိမ္ေမာ္သီး ၃ လုံး အေမာေျပ စားပါဗ်ာ ဆိုၿပီး ေပးလိုက္တယ္။ အမ်ိဳးသမီးက ေက်းဇူးတင္တဲ့ အေနနဲ႔ ပိုးပုဝါေလး လက္ေဆာင္ ျပန္ေပးတယ္။

ဒီလိုနဲ႔ပဲ လမ္းမွာ ဆာမူ႐ိုင္း သူရဲေကာင္းႀကီးနဲ႔ သူ႔အဖြဲ႕က လဲက်ေနတဲ့ ျမင္းအနား ဝိုင္းအုံးေနၾကတာ ေတြ႕လိုက္တယ္။ ဆာမူ႐ိုင္းက ခရီးဆက္စရာ ရွိတာမို႔ သူ႔တပည့္ကို ျမင္းအေစာင့္ ထားၿပီး ဆက္သြားသတဲ့။

သူ႔တပည့္က ဒီျမင္းက တန္ဖိုးႀကီးတဲ့ ျမင္းေကာင္းပဲ၊ ခုလိုႀကီး လဲေနေတာ့ အသုံးမက်ေတာ့ဘူး ဆိုၿပီး ညည္းေနတာေပါ့။ လူဆင္းရဲေလးက ကြၽန္ေတာ္ရဲ႕ ပိုးပုဝါစ ခင္ဗ်ားကို ေပးမယ္ဗ်ာ။ ဒီျမင္း ကြၽန္ေတာ့ကို ေပးပါလား ေျပာေတာ့ ဆာမူ႐ိုင္းရဲ႕ တပည့္က ဝမ္းသာအားရ လဲေပးတာေပါ့။

လူဆင္းရဲေလးလည္း ျမင္းကို တတ္သမွ် မွတ္သမွ်ေလး ျပဳစုေပးေတာ့ ျမင္းႀကီးလည္း ျပန္ထလာၿပီး လမ္းေလွ်ာက္ႏိုင္ လာတာေပါ့။ အဲဒါနဲ႔ လူဆင္းရဲေလးလည္း ျမင္းစီးၿပီး လာေတာ့ လမ္းက အိမ္တအိမ္မွာ လူေတြေျပာင္းဖို႔ ေ႐ႊ႕ဖို႔ ပစၥည္းေတြ ထုပ္ပိုးေနၾကတာ ေတြ႕ျပန္တယ္။

အိမ္ရွင္က ျမင္းကို ေတြ႕ေတာ့ လွလိုက္တဲ့ ျမင္းႀကီးကြာ၊ ငါလည္း နယ္အေဝးကို ေျပာင္းမွာမို႔ ျမင္းလိုေနတာ။ မင္းငါ့ကို ဒီျမင္းေပးရင္ မင္းကို အိမ္နဲ႔ ယာခင္းေတြ အပိုင္ေပးခဲ့မယ္ ေျပာသတဲ့။

ေကာက္႐ိုးက စ အိမ္နဲ႔ယာေတြ ရၿပီကြ ဆိုၿပီး သူဆင္းရဲေလးက ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ လဲေပးလိုက္တာေပါ့။ အဲ့ဒီလိုနဲ႔ ဆင္းရဲသားေလဟာ အလုပ္ေတြ ႀကိဳးစားလုပ္ကိုင္လို႔ တျဖည္းျဖည္းနဲ႔ ခ်မ္းသာသြားပါတယ္။ သူ႔ကို လူေတြက ေကာက္႐ိုး သူေဌးႀကီးလို႔ ေခၚၾကပါေတာ့တယ္။

crd

Post a Comment

0 Comments