ရောဂါသည်နှင့် မျက်မမြင်

တခါတုန်းက လူတယောက်ဟာ လှပလွန်းတဲ့ မိန်းကလေး တယောက်နဲ့ လက်ထပ်လိုက်တယ်။ မိန်းကလေးဟာ ရုပ်လှတဲ့ အပြင် စိတ်ထားကလည်း အရမ်းကောင်းတော့ အမျိုးသားက အရမ်းချစ်ရှာတယ်။

တနေ့မှာတော့ အမျိုးသမီးဟာ အရေပြားရောဂါ စတင် ခံစားလာရတယ်။ အကြောင်း တိုက်ဆိုင်တော့ တရက်မှာ အမျိုးသားကလည်း အလုပ်ကိစ္စနဲ့ ခရီးထွက်ရတယ်။ ခရီးကနေ အိမ်ပြန်လမ်းမှာ car accident ဖြစ်ပြီး မျက်စိ နှစ်လုံးစလုံး ကွယ်သွားခဲ့တယ်။

ဒီနေရာမှာ ခဏလောက် ရပ်ပြီး စဉ်းစားကြည့်ရအောင်။ အရေပြားရောဂါသည်နဲ့ မျက်မမြင် တယောက် ရဲ့ အိမ်ထောင်ရေးဟာ ဘယ်သို့ ဘယ်ပုံ ခရီးဆက်ကျမလဲ၊ ဘာတွေ ဆက်ဖြစ်မယ်လို့ ထင်ပါသလဲ။ တကယ်တော့ သူတို့ ဇနီးမောင်နှံ ကြားမှာ ဘာပြောင်းလဲမှုမှ မရှိခဲ့ပါဘူး။ အရင်လို ပျော်စရာကောင်း ပြီး ချစ်ချစ်ခင်ခင် နေတုန်းပဲ။

အချိန်တွေ ကုန်လာတာနဲ့ အမျှ အမျိုးသမီးရဲ့ အရေပြားရောဂါဟာလည်း တစ တစ နဲ့ ပိုဆိုးလာတယ်။ မျက်မမြင် ယောက်ျားက သူမိန်းမ အရေပြား ရောဂါကြောင့် ရုပ်ပြတ် ဆင်းပြတ် ခံစားနေရတာကို မသိရှာဘူး ထင်ပါရဲ့။

သူတို့ နှစ် ယောက်ရဲ့ အိမ်ထောင်ရေးဟာ ဟိုးအရင်ကထက်တောင် တိုးပြီး ပိုလို့ ချစ်မြဲ ချစ်ဆဲ ကြင်နာဆဲပဲ။ နောက်ဆုံးမှာတော့ အမျိုးသမီးဟာ အရေပြားရောဂါနဲ့ ဆုံးသွားရှာတယ်။ သူ့အတွက်တော့ ကြီးကျယ်တဲ့ ဆုံးရှုံးမှုကြီး တခုပဲလို့ ခံစားရတယ်။

မိရိုးဖလာအတိုင်း ဇနီးရဲ့ အလောင်းကို မြေချပြီး နောက်တနေ့ မှာ အမျိုးသားဟာ ဇနီးသည် ခေါင်းချခဲ့တဲ့ မြို့ ကနေ အပြီးအပိုင် ထွက်သွားဖို့ ဆုံးဖြတ်လိုက်တယ်။

အဲ့ဒီအချိန်မှာ အိမ်နီးနားချင်း လူတယောက်က စကားလှမ်းပြောတယ် "ခင်ဗျား မျက်စိ မမြင်တဲ့ ကာလတလျှောက်လုံး ခင်ဗျားရဲ့ ဝေယာဝစ္စတွေ အကုန်လုံးကို ခင်ဗျားအမျိုးသမီးက မငြီးမငြူ လုပ်ပေးခဲ့တာ အခု ခင်ဗျားတယောက်ထဲ ဘယ်လို လုပ်မလဲ။ ခင်ဗျားတော့ ဒုက္ခ လှလှကြီးတွေ့တော့မယ်"

အမျိုးသားက ပြန်ပြောတယ်။ "ဒီမှာ မိတ်ဆွေ၊ အမှန်က ကျွန်တော် မျက်စိ မကန်းပါဘူး။ မမြင်ချင်ယောင် ဆောင်နေခြင်းသာ ဖြစ်ပါတယ်။ ကျွန်တော့ အမျိုးသမီးဟာ သူမရဲ့ ရုပ်ဆိုး အကြည်းတန်နေတဲ့ မျက်နှာကို နေ့တိုင်း ကျွန်တော် မြင်နေရတယ်လို့ သူသိရင် အဲ့ခံစားမှုဟာ သူရောဂါဝေဒနာ ခံစားမှုထက် ပိုပြီး နာကျင်လိမ့်မယ်။ ဒါကို ကျွန်တော်မမြင်ချင်ဘူး။

ရုပ်ပိုင်းဆိုင်ရာ မလှတော့ပေမဲ့ သူမ ရဲ့ စိတ်ပိုင်းဆိုင်ရာမှာ အမြဲလှနေသူ တယောက်ပါ။ စိတ်ထားဖြူစင်သူ တယောက်မို့ ကျွန်တော်အတွက် ဇနီးကောင်း တယောက်ပါ။ ကျွန်တော်က သူအမြဲတမ်း ပျော်ရွှင်ပြီး စိတ်ချမ်းသာနေတာ ကိုပဲ မြင်ချင်တဲ့ လူတယောက် မို့ အခုလို ဟန်ဆောင်ရခြင်း ဖြစ်ပါတယ်။

ဆောင်းပါးလေးက ဒါပါပဲ။ လောကကြီးမှာ နှစ်ဦး နှစ်ဖက် ပြေလည် ကောင်းစားဖို့ အတွက် တချို့သော အရာတွေကို မမြင်ချင်ယောင် ဆောင်ပေးရပါတယ်။ အားနည်းချက် ချွတ်ယွင်းချက် ဆိုတာလူတိုင်းမှာ ရှိစမြဲပါ။ ဒါကြောင့် no one is perfect လို့ ဆိုကြတာကိုး။

လူတယောက်ရဲ့ အားနည်းချက် ချွတ်ယွင်းချက်ကို ထောက်ပြီး အနိုင်ယူတာ လူညံ့လူပျော့ တွေရဲ့ လုပ်ရက်ပါ။ အဲ့ထဲမှာ ကိုယ် မပါမိ ပါစေနဲ့။ တယောက်ရဲ့ လိုအပ်ချက်ကို တယောက်က အပြန်အလှန် ဖြည့်ဆည်းပေးရင်း ရင်ထဲက စစ်မှန်တဲ့ မေတ္တာ တရားနဲ့သာ ပေါင်းသင်းဆက်ဆံကြမယ် ဆိုရင် ပျော်ရွှင်စရာကောင်းတဲ့ ပတ်ဝန်းကျင်တခု၊ အဖွဲ့အစည်းတခု ဖြစ်လာမှာ သေချာပါတယ်။

crd

Zawgyi

ေရာဂါသည္ႏွင့္ မ်က္မျမင္

တခါတုန္းက လူတေယာက္ဟာ လွပလြန္းတဲ့ မိန္းကေလး တေယာက္နဲ႔ လက္ထပ္လိုက္တယ္။ မိန္းကေလးဟာ ႐ုပ္လွတဲ့ အျပင္ စိတ္ထားကလည္း အရမ္းေကာင္းေတာ့ အမ်ိဳးသားက အရမ္းခ်စ္ရွာတယ္။

တေန႔မွာေတာ့ အမ်ိဳးသမီးဟာ အေရျပားေရာဂါ စတင္ ခံစားလာရတယ္။ အေၾကာင္း တိုက္ဆိုင္ေတာ့ တရက္မွာ အမ်ိဳးသားကလည္း အလုပ္ကိစၥနဲ႔ ခရီးထြက္ရတယ္။ ခရီးကေန အိမ္ျပန္လမ္းမွာ car accident ျဖစ္ၿပီး မ်က္စိ ႏွစ္လုံးစလုံး ကြယ္သြားခဲ့တယ္။

ဒီေနရာမွာ ခဏေလာက္ ရပ္ၿပီး စဥ္းစားၾကည့္ရေအာင္။ အေရျပားေရာဂါသည္နဲ႔ မ်က္မျမင္ တေယာက္ ရဲ႕ အိမ္ေထာင္ေရးဟာ ဘယ္သို႔ ဘယ္ပုံ ခရီးဆက္က်မလဲ၊ ဘာေတြ ဆက္ျဖစ္မယ္လို႔ ထင္ပါသလဲ။ တကယ္ေတာ့ သူတို႔ ဇနီးေမာင္ႏွံ ၾကားမွာ ဘာေျပာင္းလဲမႈမွ မရွိခဲ့ပါဘူး။ အရင္လို ေပ်ာ္စရာေကာင္း ၿပီး ခ်စ္ခ်စ္ခင္ခင္ ေနတုန္းပဲ။

အခ်ိန္ေတြ ကုန္လာတာနဲ႔ အမွ် အမ်ိဳးသမီးရဲ႕ အေရျပားေရာဂါဟာလည္း တစ တစ နဲ႔ ပိုဆိုးလာတယ္။ မ်က္မျမင္ ေယာက္်ားက သူမိန္းမ အေရျပား ေရာဂါေၾကာင့္ ႐ုပ္ျပတ္ ဆင္းျပတ္ ခံစားေနရတာကို မသိရွာဘူး ထင္ပါရဲ႕။ သူတို႔ ႏွစ္ ေယာက္ရဲ႕ အိမ္ေထာင္ေရးဟာ ဟိုးအရင္ကထက္ေတာင္ တိုးၿပီး ပိုလို႔ ခ်စ္ၿမဲ ခ်စ္ဆဲ ၾကင္နာဆဲပဲ။

ေနာက္ဆုံးမွာေတာ့ အမ်ိဳးသမီးဟာ အေရျပားေရာဂါနဲ႔ ဆုံးသြားရွာတယ္။ သူ႔အတြက္ေတာ့ ႀကီးက်ယ္တဲ့ ဆုံးရႈံးမႈႀကီး တခုပဲလို႔ ခံစားရတယ္။မိ႐ိုးဖလာအတိုင္း ဇနီးရဲ႕ အေလာင္းကို ေျမခ်ၿပီး ေနာက္တေန႔ မွာ အမ်ိဳးသားဟာ ဇနီးသည္ ေခါင္းခ်ခဲ့တဲ့ ၿမိဳ႕ ကေန အၿပီးအပိုင္ ထြက္သြားဖို႔ ဆုံးျဖတ္လိုက္တယ္။

အဲ့ဒီအခ်ိန္မွာ အိမ္နီးနားခ်င္း လူတေယာက္က စကားလွမ္းေျပာတယ္ "ခင္ဗ်ား မ်က္စိ မျမင္တဲ့ ကာလတေလွ်ာက္လုံး ခင္ဗ်ားရဲ႕ ေဝယာဝစၥေတြ အကုန္လုံးကို ခင္ဗ်ားအမ်ိဳးသမီးက မၿငီးမျငဴ လုပ္ေပးခဲ့တာ အခု ခင္ဗ်ားတေယာက္ထဲ ဘယ္လို လုပ္မလဲ။ ခင္ဗ်ားေတာ့ ဒုကၡ လွလွႀကီးေတြ႕ေတာ့မယ္"

အမ်ိဳးသားက ျပန္ေျပာတယ္။ "ဒီမွာ မိတ္ေဆြ၊ အမွန္က ကြၽန္ေတာ္ မ်က္စိ မကန္းပါဘူး။ မျမင္ခ်င္ေယာင္ ေဆာင္ေနျခင္းသာ ျဖစ္ပါတယ္။ ကြၽန္ေတာ့ အမ်ိဳးသမီးဟာ သူမရဲ႕ ႐ုပ္ဆိုး အၾကည္းတန္ေနတဲ့ မ်က္ႏွာကို ေန႔တိုင္း ကြၽန္ေတာ္ ျမင္ေနရတယ္လို႔ သူသိရင္ အဲ့ခံစားမႈဟာ သူေရာဂါေဝဒနာ ခံစားမႈထက္ ပိုၿပီး နာက်င္လိမ့္မယ္။ ဒါကို ကြၽန္ေတာ္မျမင္ခ်င္ဘူး။

႐ုပ္ပိုင္းဆိုင္ရာ မလွေတာ့ေပမဲ့ သူမ ရဲ႕ စိတ္ပိုင္းဆိုင္ရာမွာ အၿမဲလွေနသူ တေယာက္ပါ။ စိတ္ထားျဖဴစင္သူ တေယာက္မို႔ ကြၽန္ေတာ္အတြက္ ဇနီးေကာင္း တေယာက္ပါ။ ကြၽန္ေတာ္က သူအၿမဲတမ္း ေပ်ာ္႐ႊင္ၿပီး စိတ္ခ်မ္းသာေနတာ ကိုပဲ ျမင္ခ်င္တဲ့ လူတေယာက္ မို႔ အခုလို ဟန္ေဆာင္ရျခင္း ျဖစ္ပါတယ္။

ေဆာင္းပါးေလးက ဒါပါပဲ။ ေလာကႀကီးမွာ ႏွစ္ဦး ႏွစ္ဖက္ ေျပလည္ ေကာင္းစားဖို႔ အတြက္ တခ်ိဳ႕ေသာ အရာေတြကို မျမင္ခ်င္ေယာင္ ေဆာင္ေပးရပါတယ္။ အားနည္းခ်က္ ခြၽတ္ယြင္းခ်က္ ဆိုတာလူတိုင္းမွာ ရွိစၿမဲပါ။ ဒါေၾကာင့္ no one is perfect လို႔ ဆိုၾကတာကိုး။

လူတေယာက္ရဲ႕ အားနည္းခ်က္ ခြၽတ္ယြင္းခ်က္ကို ေထာက္ၿပီး အႏိုင္ယူတာ လူညံ့လူေပ်ာ့ ေတြရဲ႕ လုပ္ရက္ပါ။ အဲ့ထဲမွာ ကိုယ္ မပါမိ ပါေစနဲ႔။ တေယာက္ရဲ႕ လိုအပ္ခ်က္ကို တေယာက္က အျပန္အလွန္ ျဖည့္ဆည္းေပးရင္း ရင္ထဲက စစ္မွန္တဲ့ ေမတၱာ တရားနဲ႔သာ ေပါင္းသင္းဆက္ဆံၾကမယ္ ဆိုရင္ ေပ်ာ္႐ႊင္စရာေကာင္းတဲ့ ပတ္ဝန္းက်င္တခု၊ အဖြဲ႕အစည္းတခု ျဖစ္လာမွာ ေသခ်ာပါတယ္။

crd

Post a Comment

0 Comments