ဘီလုံးငှက်၏ အလွယ်လမ်း

တခါတုန်းက ဘီလုံးငှက်တကောင်ဟာ တောစပ်တခုရဲ့ သစ်ပင်တပင်မှာ နေထိုင်ပါတယ်။ ဘီလုံးငှက်ဟာ နေ့စဉ်နေ့တိုင်း အပင်ခြေရင်းကို ဆင်းပြီး တီကောင်၊ ပိုးကောင် စတာတွေကို ရှာဖွေ စားသောက်တယ်။ တီကောင်တွေဟာ ဘီလုံးငှက်အတွက် အဓိက စားနပ်ရိက္ခာတွေပဲ ဖြစ်တယ်။

ဒါပေမဲ့လည်း ဘီလုံးငှက်က်ဟာ သူ့ရဲ့ နေ့စဉ်လုပ်နေကျ အစာရှာ ဖွေခြင်းအလုပ်ကို ပုံမှန်မလုပ်ချင်ပဲ ပျင်းရိနေပါတယ်။ တီကောင်တွေဟာ ရှာဖွေစရာမလိုပဲ အလိုလျောက် ငါ့ရှေ့ ရောက်လာရင် သိပ်ကောင်းမှာပဲ လို့ ဘီလုံးငှက်ဟာ တကိုယ်တည်း ပြောဆိုခဲ့တယ်။

တနေ့တော့ ဘီလုံးငှက်ဟာ အစာရှာဖွေ စားသောက်ပြီးလို့ သစ်ပင်ထပ်မှာ နားနေခဲ့တယ်။ အဲ့ဒီလို ဘီလုံးငှက် နားနေခိုက်မှာ လူတယောက်ဟာ ရေပုံးတပုံးကို ဆွဲလို့ ဘီလုံးငှက်နားနေတဲ့ သစ်ပင်နားက ဖြတ်သွားပါတယ်။ အဲ့ဒီလို ရေပုံးဆွဲပြီး ဖြတ်သွားတဲ့ လူကို မြင်တဲ့အခါ ဘီလုံးငှက်က ဒီလိုပြောတယ်။ "ဗျိူ့မိတ်ဆွေကြီး ရေပုံးကြီး ဆွဲလို့ ဘယ်သွားမလို့ တုန်းဗျ"

အဲ့ဒီလို ဘီလုံးငှက်ရဲ့ နှုတ်ခွန်းဆက်စကားကို ကြားတဲ့ လူက "အို ဘီလုံးငှက်လေး ပါလား၊ ငါ့ရေပုံးထဲမှာ တီကောင်တွေ ပါတယ်လေ။ မြို့ကဈေးထဲမှာ တီကောင်နဲ့ ငှက်မွေးနဲ့ လဲလှယ်ပြီး၊ ငှက်မွှေးကို အဝတ်အထည်၊ ခေါင်းအုံး ကြက်မွှေးတွေ လုပ်တဲ့နေရာမှာ သုံးဖို့ မြို့ကို သွားမလို့ပါ"

ဒီတော့ ဘီလုံးငှက်က "ဟာ ဒါဆိုအတော်ပဲ၊ ခင်ဗျားက ငှက်မွှေးလိုချင်တယ် ကျူပ်က တီကောင် လိုချင်တယ် ဒါအဆင်ပြေတာပဲ။ ခင်ဗျား မြို့ထဲ မသွားနဲ့တော့ ကျူပ်ကို တီကောင်တွေပေး ကျနော်က ခင်ဗျားကို အမွှေးတွေ နှုတ်ပေးလိုက်မယ်"

ဒီလိုနဲ့ အဲဒီလူနဲ့ ဘီလုံးငှက်ဟာ အပြန်အလှန် သဘောတူညီမှု ရကြပြီး တီကောင်ပုံးကို ဘီလုံးငှက်က ရခဲ့ပါတယ်။ ဘီလုံးငှက်ကလည်း သူ့ခန္ဓာကိုယ်မှာ ပေါက်နေတဲ့ အမွှေး တော်တော်များများကို နှုတ်ပြီး လူကို ပေးလိုက်ပါတယ်။ နောင်လည်း ငှက်မွေးလိုချင်ရင် လာခဲ့နော်လို့ ဘီလုံးငှက်က မှာကြားလိုက်သေးတယ်။

ဒီလိုနဲ့ နောက်နေ့တွေမှာလည်း အဲ့ဒီလူဟာ ဘီလုံးငှက်ဆီ ရောက်လာပြီး တီကောင်နဲ့ ငှက်မွှေး အလဲအလှယ် လုပ်ခဲ့ပြန်ပါတယ်။ အဲ့ဒီလိုနဲ့ နေ့အတော်များများ ကုန်ဆုံးလာနဲ့အခါ ဘီလုံးငှက်မှာ အမွှေးအတောင်ရယ်လို့ တစုံတရာမှ မကျန်တဲ့ အဖြစ်ကို ရောက်လာပါတော့တယ်။

လူရောက်လာတဲ့ အခါ "ခင်ဗျားက အမွှေးမှ မရှိတော့တာ၊ ဒီတော့ ကျူပ်လည်း တီကောင် မပေးနိုင်ဘူး" ဆိုပြီး ထွက်ခွာသွား ပြန်တယ်။ နောက်ဆုံးမှာတော့ ဘီလုံးငှက်ဟာ အမွေးအတောင် မရှိတဲ့အတွက် ပျံသန်းခြင်း၊ အစာရှာဖွေခြင်း တွေကို မပြုလုပ်နိုင်တော့ဘဲ ငတ်မွတ်လာပါတော့တယ်။ တဖြည်းဖြည်း အားနည်း လာခဲ့တဲ့ နောက်မှာတာ့ ဘီလုံးငှက်ဟာ အပင်အောက်ကို ပြုတ်ကျပြီး သေပွဲ ဝင်ခဲ့ရတော့တယ်။

တကယ်တော့ ကျွန်ုပ်တို့တွေ ဟာလည်း ဘီလုံးငှက်ရဲ့ နေ့စဉ် အစာရှာဖွေခြင်းနဲ့ တူတဲ့ ကိုယ့်ရဲ့ နေ့စဉ် လုပ်ငန်းဆောင်တာတွေကို ငြီးငွေ့နေ တတ်ကြပါတယ်။ ဘဝရဲ့ ပင်ပန်းခြင်းမှာ လုံးချာလည် လိုက်လာပြီး ဘီလုံးငှက်လို အားစိုက်ခြင်း တစုံတရာ မပါဝင်တဲ့ ပွပေါက်တွေ အချောင်ကွက်တွေကို စောင့်မျှော်နေတတ် ကြပါတယ်။

အလွယ်လမ်း လိုက်ခဲ့တဲ့ ဘီလုံးငှက်ကလေး အသက်ဆုံးရှုံးသလို ငွေကြေးစီးပွားရေး အလွယ်လမ်းဖြစ်တဲ့ လောင်းကစားလမ်း လိုက်မိရင်လည်း တချိန်မှာ စီးပွားပျက်နိုင်ပါတယ်။

Success is not easy and it is certainly not for the lazy. အောင်မြင်ခြင်းဟာ မလွယ်ကူပါဘူး၊ ပျင်းရိသူတွေ အတွက်လည်း အောင်မြင်မှု ဖြစ်မလာပါဘူး။ တကယ်တော့ ဘဝရဲ့ ငွေကြေး ဥစ္စာပြည့်စုံခြင်းဟာ တစုံတရာသော အားစိုက်ထုတ်မှု မရှိပဲ အလိုအလျောက် ဖြစ်မလာဘူးလို့ ဆိုလိုတာပဲ ဖြစ်ပါတယ်။

crd

Zawgyi

ဘီလံုးငွက္၏ အလြယ္လမ္း

တခါတုန္းက ဘီလုံးငွက္တေကာင္ဟာ ေတာစပ္တခုရဲ႕ သစ္ပင္တပင္မွာ ေနထိုင္ပါတယ္။ ဘီလုံးငွက္ဟာ ေန႔စဥ္ေန႔တိုင္း အပင္ေျခရင္းကို ဆင္းၿပီး တီေကာင္၊ ပိုးေကာင္ စတာေတြကို ရွာေဖြ စားေသာက္တယ္။ တီေကာင္ေတြဟာ ဘီလုံးငွက္အတြက္ အဓိက စားနပ္ရိကၡာေတြပဲ ျဖစ္တယ္။

ဒါေပမဲ့လည္း ဘီလုံးငွက္က္ဟာ သူ႔ရဲ႕ ေန႔စဥ္လုပ္ေနက် အစာရွာ ေဖြျခင္းအလုပ္ကို ပုံမွန္မလုပ္ခ်င္ပဲ ပ်င္းရိေနပါတယ္။ တီေကာင္ေတြဟာ ရွာေဖြစရာမလိုပဲ အလိုေလ်ာက္ ငါ့ေရွ႕ ေရာက္လာရင္ သိပ္ေကာင္းမွာပဲ လို႔ ဘီလုံးငွက္ဟာ တကိုယ္တည္း ေျပာဆိုခဲ့တယ္။

တေန႔ေတာ့ ဘီလုံးငွက္ဟာ အစာရွာေဖြ စားေသာက္ၿပီးလို႔ သစ္ပင္ထပ္မွာ နားေနခဲ့တယ္။ အဲ့ဒီလို ဘီလုံးငွက္ နားေနခိုက္မွာ လူတေယာက္ဟာ ေရပုံးတပုံးကို ဆြဲလို႔ ဘီလုံးငွက္နားေနတဲ့ သစ္ပင္နားက ျဖတ္သြားပါတယ္။ အဲ့ဒီလို ေရပုံးဆြဲၿပီး ျဖတ္သြားတဲ့ လူကို ျမင္တဲ့အခါ ဘီလုံးငွက္က ဒီလိုေျပာတယ္။ "ဗ်ိဴ႕မိတ္ေဆြႀကီး ေရပုံးႀကီး ဆြဲလို႔ ဘယ္သြားမလို႔ တုန္းဗ်"

အဲ့ဒီလို ဘီလုံးငွက္ရဲ႕ ႏႈတ္ခြန္းဆက္စကားကို ၾကားတဲ့ လူက "အို ဘီလုံးငွက္ေလး ပါလား၊ ငါ့ေရပုံးထဲမွာ တီေကာင္ေတြ ပါတယ္ေလ။ ၿမိဳ႕ကေဈးထဲမွာ တီေကာင္နဲ႔ ငွက္ေမြးနဲ႔ လဲလွယ္ၿပီး၊ ငွက္ေမႊးကို အဝတ္အထည္၊ ေခါင္းအုံး ၾကက္ေမႊးေတြ လုပ္တဲ့ေနရာမွာ သုံးဖို႔ ၿမိဳ႕ကို သြားမလို႔ပါ"

ဒီေတာ့ ဘီလုံးငွက္က "ဟာ ဒါဆိုအေတာ္ပဲ၊ ခင္ဗ်ားက ငွက္ေမႊးလိုခ်င္တယ္ က်ဴပ္က တီေကာင္ လိုခ်င္တယ္ ဒါအဆင္ေျပတာပဲ။ ခင္ဗ်ား ၿမိဳ႕ထဲ မသြားနဲ႔ေတာ့ က်ဴပ္ကို တီေကာင္ေတြေပး က်ေနာ္က ခင္ဗ်ားကို အေမႊးေတြ ႏႈတ္ေပးလိုက္မယ္"

ဒီလိုနဲ႔ အဲဒီလူနဲ႔ ဘီလုံးငွက္ဟာ အျပန္အလွန္ သေဘာတူညီမႈ ရၾကၿပီး တီေကာင္ပုံးကို ဘီလုံးငွက္က ရခဲ့ပါတယ္။ ဘီလုံးငွက္ကလည္း သူ႔ခႏၶာကိုယ္မွာ ေပါက္ေနတဲ့ အေမႊး ေတာ္ေတာ္မ်ားမ်ားကို ႏႈတ္ၿပီး လူကို ေပးလိုက္ပါတယ္။ ေနာင္လည္း ငွက္ေမြးလိုခ်င္ရင္ လာခဲ့ေနာ္လို႔ ဘီလုံးငွက္က မွာၾကားလိုက္ေသးတယ္။

ဒီလိုနဲ႔ ေနာက္ေန႔ေတြမွာလည္း အဲ့ဒီလူဟာ ဘီလုံးငွက္ဆီ ေရာက္လာၿပီး တီေကာင္နဲ႔ ငွက္ေမႊး အလဲအလွယ္ လုပ္ခဲ့ျပန္ပါတယ္။ အဲ့ဒီလိုနဲ႔ ေန႔အေတာ္မ်ားမ်ား ကုန္ဆုံးလာနဲ႔အခါ ဘီလုံးငွက္မွာ အေမႊးအေတာင္ရယ္လို႔ တစုံတရာမွ မက်န္တဲ့ အျဖစ္ကို ေရာက္လာပါေတာ့တယ္။

လူေရာက္လာတဲ့ အခါ "ခင္ဗ်ားက အေမႊးမွ မရွိေတာ့တာ၊ ဒီေတာ့ က်ဴပ္လည္း တီေကာင္ မေပးႏိုင္ဘူး" ဆိုၿပီး ထြက္ခြာသြား ျပန္တယ္။ ေနာက္ဆုံးမွာေတာ့ ဘီလုံးငွက္ဟာ အေမြးအေတာင္ မရွိတဲ့အတြက္ ပ်ံသန္းျခင္း၊ အစာရွာေဖြျခင္း ေတြကို မျပဳလုပ္ႏိုင္ေတာ့ဘဲ ငတ္မြတ္လာပါေတာ့တယ္။ တျဖည္းျဖည္း အားနည္း လာခဲ့တဲ့ ေနာက္မွာတာ့ ဘီလုံးငွက္ဟာ အပင္ေအာက္ကို ျပဳတ္က်ၿပီး ေသပြဲ ဝင္ခဲ့ရေတာ့တယ္။

တကယ္ေတာ့ ကြၽႏ္ုပ္တို႔ေတြ ဟာလည္း ဘီလုံးငွက္ရဲ႕ ေန႔စဥ္ အစာရွာေဖြျခင္းနဲ႔ တူတဲ့ ကိုယ့္ရဲ႕ ေန႔စဥ္ လုပ္ငန္းေဆာင္တာေတြကို ၿငီးေငြ႕ေန တတ္ၾကပါတယ္။ ဘဝရဲ႕ ပင္ပန္းျခင္းမွာ လုံးခ်ာလည္ လိုက္လာၿပီး ဘီလုံးငွက္လို အားစိုက္ျခင္း တစုံတရာ မပါဝင္တဲ့ ပြေပါက္ေတြ အေခ်ာင္ကြက္ေတြကို ေစာင့္ေမွ်ာ္ေနတတ္ ၾကပါတယ္။

အလြယ္လမ္း လိုက္ခဲ့တဲ့ ဘီလုံးငွက္ကေလး အသက္ဆုံးရႈံးသလို ေငြေၾကးစီးပြားေရး အလြယ္လမ္းျဖစ္တဲ့ ေလာင္းကစားလမ္း လိုက္မိရင္လည္း တခ်ိန္မွာ စီးပြားပ်က္ႏိုင္ပါတယ္။

Success is not easy and it is certainly not for the lazy. ေအာင္ျမင္ျခင္းဟာ မလြယ္ကူပါဘူး၊ ပ်င္းရိသူေတြ အတြက္လည္း ေအာင္ျမင္မႈ ျဖစ္မလာပါဘူး။ တကယ္ေတာ့ ဘဝရဲ႕ ေငြေၾကး ဥစၥာျပည့္စုံျခင္းဟာ တစုံတရာေသာ အားစိုက္ထုတ္မႈ မရွိပဲ အလိုအေလ်ာက္ ျဖစ္မလာဘူးလို႔ ဆိုလိုတာပဲ ျဖစ္ပါတယ္။

crd

Post a Comment

0 Comments