သစ်ခုတ်သမားနှင့် ရွှေရောင်ငှက်ကလေး

တခါက ရွာလေးတရွာမှာ သစ်ခုတ်သမားတဦး ရှိပါတယ် ။ သူဟာ နေ့တိုင်း တောထဲကို သွားပြီး ထင်းတွေခုတ်လို့ အသက်မွေးဝမ်းကျောင်းပြုတယ်။

တနေ့တော့ သစ်ခုတ်သမားဟာ တောထဲ ဝင်လာရင်း မျက်စိလည် လမ်းမှားလို့ အတွင်းပိုင်းကို ရောက်သွားခဲ့တယ်။ အဲဒီရောက်သွားရင်း သစ်ပင်တပင် အောက်မှာ ဒါဏ်ရာရပြီး ပြုတ်ကျနေတဲ့ ငှက်တကောင်ကို တွေ့ခဲ့တယ်။

ငှက်ကလေးဟာ တကိုယ်လုံး ငွေမှင်ရောင် ဖြစ်နေတဲ့အပြင် တဖိတ်ဖိတ် တောက်ပနေတယ်။ ထင်းခုတ်သမားက "တသက်နဲ့တကိုယ် ဒီလိုလှပတဲ့ ငှက်မျိုးမတွေ့ဖူးဘူး။ အိမ်ကို ဆေးကုဖို့ သယ်ပြီးမွေးထားရမယ်" လို့ တွေးပြီး ငှက်ကလေးကို အိမ်ကို ယူဆောင်လာခဲ့တယ်။

အိမ်ရောက်လို့ ငွေရောင်ငှက်ကလေးကို ဆေးကုသပေးနေတဲ့ အချိန်မှာ ငှက်ကလေးက နေ့စဉ် သစ်ခုတ်သမားကို သီချင်းဆိုပြပါတယ် ။ သာယာနာပျော်ဖွယ် ကောင်းလွန်းလှတာကြောင့် သစ်ခုတ်သမားဟာ ပျော်ရွှင်ကြည်နူး နေခဲ့ရတယ်။

တနေ့တော့ သစ်ခုတ်သမားရဲ့ အိမ်နီးနားချင်းက ငွေရောင်ငှက်ကလေးကို မြင်တော့ ပြောတယ်။ "ဒီငွေရောင်ငှက်ထက် လှတဲ့ ရွှေရောင်ငှက်ကလေးကို တောနက်တနေရာမှာ တွေ့ဖူးပါတယ်။ အသံကလည်း ပိုချိုပြီး သာယာနာပျော်ဖွယ် ပိုကောင်းပါတယ်"

သစ်ခုတ်သမားဟာ အိမ်နီးနားချင်းရဲ့ ပြောတာကို ကြားပြီး ရွှေရောင်ငှက် ဆိုတာလည်း ရှိပါသေးလားလို့ တွေးမိလိုက်တယ်။ ဒီတော့ အဲဒီရွှေရောင်ငှက်ကလေးကို မြင်ချင်စိတ် ပြင်းပြလာခဲ့တယ်။ ငွေရောင်ငှက်ကလေး ဆိုပြတဲ့ သီချင်းသံတွေကိုလည်း အရင်လို နားမထောင်ဖြစ်တော့ပဲ ရွှေရောင်ငှက်ကလေးကို တမ်းတရင်းပဲ အချိန်ကုန်နေ ခဲ့ရတယ်။ နေ့တိုင်းလည်း မျက်နှာ မသာမယာနဲ့ မပျော်ရွှင်တော့ပါဘူး။

တနေ့တော့ ညနေခင်း အချိန်မို့ နေဝင်ဆည်းဆာအချိန်က လှပနေခဲ့တယ်။ သစ်ခုတ်သမားက အင်း ရွှေရောင်ငှက်ကလေးသာဆို ဒီလို နေဝင်ချိန် နေရောင်အောက်မှာ အရမ်းလှမှာပဲ လို့ တွေးနေမိတယ်။ ဒါဏ်ရာပျောက်ကင်းစ ပြုနေပြီဖြစ်တဲ့ ငွေရောင်ငှက်ကလေးက အိမ်ကနေထွက်ခွာဖို့ အတွက် သစ်ခုတ်သမားဆီ သွားပြီး နောက်ဆုံးအကြိမ် အဖြစ် သီချင်းဆိုပြခဲ့တယ်။

သီချင်းသံ ပြီးဆုံးသွားတဲ့အခါမှာ သစ်ခုတ်သမားက "ငွေရောင်ငှက်ကလေးရဲ့ အသံက ကောင်းပေမယ့် ရွှေရောင်ငှက်ကိုတော့ မှီမှာမဟုတ်ပါဘူး။ အမွှေးအတောင်တွေက လှပေမယ့် ရွှေရောင်ငှက် လောက်တော့ လှမှာမဟုတ်ပါဘူး" လို့ ပြောလိုက်တယ်။ ငှက်ကလေးက ကျေးဇူးတင်တဲ့ အနေနဲ့ သစ်ခုတ်သမားကို ၃ ကြိမ် လှည့်ပတ် ပျံသန်းပြီး နေဝင်တဲ့ အနောက်အရပ်ဆီ ပျံသန်းသွားပါတယ်။

ငွေရောင်ငှက်ကလေး ပျံသန်းတာကို ကြည့်နေရင်း သစ်ခုတ်သမားဟာ ရုတ်တရတ် သူ တသသ ဖြစ်နေရတဲ့ အိပ်မက်ထဲက ရွှေရောင်ငှက်ကလေး ဖြစ်နေတာကို အံ့သြစွာ တွေ့လိုက်ရတယ်။ သူအမြဲ တောင့်တနေရတဲ့ ရွှေရောင်ငှက်ကလေးဟာ သူ့ဘေးမှာ အစဉ်အမြဲ ရှိနေခဲ့တာကို သူမသိခဲ့ဘူး။ ငှက်ကလေးကတော့ အနောက်အရပ်ဆီ ပျံသန်း ပျောက်ကွယ်သွားပါပြီ။

တကယ်တော့ ငွေရောင်ငှက်ကလေးဟာ ဒါဏ်ရာ အနာတရ ဖြစ်နေချိန်မှာ အရောင်ဖျော့ပြီး ငွေရောင် ပြောင်းနေခြင်း ဖြစ်ပြီး နေပြန်ကောင်းလာတဲ့အခါ နေရောင်အောက် ထွက်လိုက်တဲ့အခါ မူလ ရွှေရောင်ငှက်ကလေး အဖြစ် ပြန်ပြောင်းသွားတာ ဖြစ်ပါတယ်။

ကိုယ်ပိုင်ဆိုင်ထားတဲ့ အရာက တန်ဖိုးမရှိဘူး ထင်နေတာလား၊ ကိုယ်ရရှိထားတဲ့ ဘဝက အဖိုးမတန်ဘူး ထင်နေတာလား၊ ကိုယ့်အနားမှာ ရှိတဲ့ အဖိုးတန်တဲ့ အရာတွေဟာ တန်ဖိုးမရှိဘူးလို့ ထင်နေတာလား။ ဒါဆိုရင်တော့ သင်ဟာ သစ်ခုတ်သမားလို အတွေးမျိုး ဝင်နေတဲ့သူပါပဲ။

ကိုယ့်အနားမှာ ရှိနေတဲ့ အရာတခု အဝေးရောက်သွားမှ နှမျောတသ မဖြစ်ပါစေနဲ့။ ကိုယ့်အိပ်မက်ထဲက အရာက လက်တွေ့မှာထက် ပိုသာနေတယ်လို့လည်း မတွေးထင်ပါနဲ့။ တကယ်တော့ သစ်ခုတ်သမားလို အိပ်မက်ထဲကအရာက ဘေးမှာရှိနေတဲ့အရာထက် ပိုသာတယ်လို့ ထင်ကောင်း ထင်နေပါလိမ့်မယ်။

ကိုယ့်အနားမှာရှိတဲ့ မိဘ ဆွေမျိုး၊ ချစ်သူ၊ လင်ယောက်ျား၊ မိန်းမ၊ မိတ်ဆွေကောင်းတို့ကို တန်ဖိုးထားပါ။ အမေကျော်ပြီး ဒွေးတော်လွမ်းတာဟာ အနားမှာ တန်ဖိုးရှိတဲ့ အရာကို သတိမထားမိပဲ ဆုံးရှုံးသွားမှ နောင်တရတတ်တာမျိုးပါ။ လူတိုင်းလူတိုင်း ကိုယ်ပိုင်ဆိုင်တဲ့ အနားမှာရှိတဲ့ အရာတွေကို တန်ဖိုးထားနိုင်ကြပါစေ။

ThetantCho

Zawgyi

သစ္ခုတ္သမားႏွင့္ ေ႐ႊေရာင္ငွက္ကေလး

တခါက ႐ြာေလးတ႐ြာမွာ သစ္ခုတ္သမားတဦး ရွိပါတယ္ ။ သူဟာ ေန႔တိုင္း ေတာထဲကို သြားၿပီး ထင္းေတြခုတ္လို႔ အသက္ေမြးဝမ္းေက်ာင္းျပဳတယ္။

တေန႔ေတာ့ သစ္ခုတ္သမားဟာ ေတာထဲ ဝင္လာရင္း မ်က္စိလည္ လမ္းမွားလို႔ အတြင္းပိုင္းကို ေရာက္သြားခဲ့တယ္။ အဲဒီေရာက္သြားရင္း သစ္ပင္တပင္ ေအာက္မွာ ဒါဏ္ရာရၿပီး ျပဳတ္က်ေနတဲ့ ငွက္တေကာင္ကို ေတြ႕ခဲ့တယ္။

ငွက္ကေလးဟာ တကိုယ္လုံး ေငြမွင္ေရာင္ ျဖစ္ေနတဲ့အျပင္ တဖိတ္ဖိတ္ ေတာက္ပေနတယ္။ ထင္းခုတ္သမားက "တသက္နဲ႔တကိုယ္ ဒီလိုလွပတဲ့ ငွက္မ်ိဳးမေတြ႕ဖူးဘူး။ အိမ္ကို ေဆးကုဖို႔ သယ္ၿပီးေမြးထားရမယ္" လို႔ ေတြးၿပီး ငွက္ကေလးကို အိမ္ကို ယူေဆာင္လာခဲ့တယ္။

အိမ္ေရာက္လို႔ ေငြေရာင္ငွက္ကေလးကို ေဆးကုသေပးေနတဲ့ အခ်ိန္မွာ ငွက္ကေလးက ေန႔စဥ္ သစ္ခုတ္သမားကို သီခ်င္းဆိုျပပါတယ္ ။ သာယာနာေပ်ာ္ဖြယ္ ေကာင္းလြန္းလွတာေၾကာင့္ သစ္ခုတ္သမားဟာ ေပ်ာ္႐ႊင္ၾကည္ႏူး ေနခဲ့ရတယ္။

တေန႔ေတာ့ သစ္ခုတ္သမားရဲ႕ အိမ္နီးနားခ်င္းက ေငြေရာင္ငွက္ကေလးကို ျမင္ေတာ့ ေျပာတယ္။ "ဒီေငြေရာင္ငွက္ထက္ လွတဲ့ ေ႐ႊေရာင္ငွက္ကေလးကို ေတာနက္တေနရာမွာ ေတြ႕ဖူးပါတယ္။ အသံကလည္း ပိုခ်ိဳၿပီး သာယာနာေပ်ာ္ဖြယ္ ပိုေကာင္းပါတယ္"

သစ္ခုတ္သမားဟာ အိမ္နီးနားခ်င္းရဲ႕ ေျပာတာကို ၾကားၿပီး ေ႐ႊေရာင္ငွက္ ဆိုတာလည္း ရွိပါေသးလားလို႔ ေတြးမိလိုက္တယ္။ ဒီေတာ့ အဲဒီေ႐ႊေရာင္ငွက္ကေလးကို ျမင္ခ်င္စိတ္ ျပင္းျပလာခဲ့တယ္။ ေငြေရာင္ငွက္ကေလး ဆိုျပတဲ့ သီခ်င္းသံေတြကိုလည္း အရင္လို နားမေထာင္ျဖစ္ေတာ့ပဲ ေ႐ႊေရာင္ငွက္ကေလးကို တမ္းတရင္းပဲ အခ်ိန္ကုန္ေန ခဲ့ရတယ္။ ေန႔တိုင္းလည္း မ်က္ႏွာ မသာမယာနဲ႔ မေပ်ာ္႐ႊင္ေတာ့ပါဘူး။

တေန႔ေတာ့ ညေနခင္း အခ်ိန္မို႔ ေနဝင္ဆည္းဆာအခ်ိန္က လွပေနခဲ့တယ္။ သစ္ခုတ္သမားက အင္း ေ႐ႊေရာင္ငွက္ကေလးသာဆို ဒီလို ေနဝင္ခ်ိန္ ေနေရာင္ေအာက္မွာ အရမ္းလွမွာပဲ လို႔ ေတြးေနမိတယ္။ ဒါဏ္ရာေပ်ာက္ကင္းစ ျပဳေနၿပီျဖစ္တဲ့ ေငြေရာင္ငွက္ကေလးက အိမ္ကေနထြက္ခြာဖို႔ အတြက္ သစ္ခုတ္သမားဆီ သြားၿပီး ေနာက္ဆုံးအႀကိမ္ အျဖစ္ သီခ်င္းဆိုျပခဲ့တယ္။

သီခ်င္းသံ ၿပီးဆုံးသြားတဲ့အခါမွာ သစ္ခုတ္သမားက "ေငြေရာင္ငွက္ကေလးရဲ႕ အသံက ေကာင္းေပမယ့္ ေ႐ႊေရာင္ငွက္ကိုေတာ့ မွီမွာမဟုတ္ပါဘူး။ အေမႊးအေတာင္ေတြက လွေပမယ့္ ေ႐ႊေရာင္ငွက္ ေလာက္ေတာ့ လွမွာမဟုတ္ပါဘူး" လို႔ ေျပာလိုက္တယ္။ ငွက္ကေလးက ေက်းဇူးတင္တဲ့ အေနနဲ႔ သစ္ခုတ္သမားကို ၃ ႀကိမ္ လွည့္ပတ္ ပ်ံသန္းၿပီး ေနဝင္တဲ့ အေနာက္အရပ္ဆီ ပ်ံသန္းသြားပါတယ္။

ေငြေရာင္ငွက္ကေလး ပ်ံသန္းတာကို ၾကည့္ေနရင္း သစ္ခုတ္သမားဟာ ႐ုတ္တရတ္ သူ တသသ ျဖစ္ေနရတဲ့ အိပ္မက္ထဲက ေ႐ႊေရာင္ငွက္ကေလး ျဖစ္ေနတာကို အံ့ၾသစြာ ေတြ႕လိုက္ရတယ္။ သူအၿမဲ ေတာင့္တေနရတဲ့ ေ႐ႊေရာင္ငွက္ကေလးဟာ သူ႔ေဘးမွာ အစဥ္အၿမဲ ရွိေနခဲ့တာကို သူမသိခဲ့ဘူး။ ငွက္ကေလးကေတာ့ အေနာက္အရပ္ဆီ ပ်ံသန္း ေပ်ာက္ကြယ္သြားပါၿပီ။

တကယ္ေတာ့ ေငြေရာင္ငွက္ကေလးဟာ ဒါဏ္ရာ အနာတရ ျဖစ္ေနခ်ိန္မွာ အေရာင္ေဖ်ာ့ၿပီး ေငြေရာင္ ေျပာင္းေနျခင္း ျဖစ္ၿပီး ေနျပန္ေကာင္းလာတဲ့အခါ ေနေရာင္ေအာက္ ထြက္လိုက္တဲ့အခါ မူလ ေ႐ႊေရာင္ငွက္ကေလး အျဖစ္ ျပန္ေျပာင္းသြားတာ ျဖစ္ပါတယ္။

ကိုယ္ပိုင္ဆိုင္ထားတဲ့ အရာက တန္ဖိုးမရွိဘူး ထင္ေနတာလား၊ ကိုယ္ရရွိထားတဲ့ ဘဝက အဖိုးမတန္ဘူး ထင္ေနတာလား၊ ကိုယ့္အနားမွာ ရွိတဲ့ အဖိုးတန္တဲ့ အရာေတြဟာ တန္ဖိုးမရွိဘူးလို႔ ထင္ေနတာလား။ ဒါဆိုရင္ေတာ့ သင္ဟာ သစ္ခုတ္သမားလို အေတြးမ်ိဳး ဝင္ေနတဲ့သူပါပဲ။

ကိုယ့္အနားမွာ ရွိေနတဲ့ အရာတခု အေဝးေရာက္သြားမွ ႏွေမ်ာတသ မျဖစ္ပါေစနဲ႔။ ကိုယ့္အိပ္မက္ထဲက အရာက လက္ေတြ႕မွာထက္ ပိုသာေနတယ္လို႔လည္း မေတြးထင္ပါနဲ႔။ တကယ္ေတာ့ သစ္ခုတ္သမားလို အိပ္မက္ထဲကအရာက ေဘးမွာရွိေနတဲ့အရာထက္ ပိုသာတယ္လို႔ ထင္ေကာင္း ထင္ေနပါလိမ့္မယ္။

ကိုယ့္အနားမွာရွိတဲ့ မိဘ ေဆြမ်ိဳး၊ ခ်စ္သူ၊ လင္ေယာက္်ား၊ မိန္းမ၊ မိတ္ေဆြေကာင္းတို႔ကို တန္ဖိုးထားပါ။ အေမေက်ာ္ၿပီး ေဒြးေတာ္လြမ္းတာဟာ အနားမွာ တန္ဖိုးရွိတဲ့ အရာကို သတိမထားမိပဲ ဆုံးရႈံးသြားမွ ေနာင္တရတတ္တာမ်ိဳးပါ။ လူတိုင္းလူတိုင္း ကိုယ္ပိုင္ဆိုင္တဲ့ အနားမွာရွိတဲ့ အရာေတြကို တန္ဖိုးထားႏိုင္ၾကပါေစ။

ThetantCho

Post a Comment

0 Comments