သူ့အကျိုးဆောင် ကိုယ့်အကျိုးအောင်

ရှေးအခါက တောရွာတရွာတွင် သူတပါးအကျိုးကို မဆောင်ရွက်ရလျှင် မနေနိုင်သော အကျင့်ရှိသူ သူဆင်းရဲတဦး ရှိလေသည်။ သူတပါးအကျိုးကို ဆောင်ရွက်ခြင်းသည် အလွန်ကောင်းမြတ်သည်ဟု သူက ယုံကြည်သော်လည်း သူ၏ မိဘဆွေမျိုး စသူတို့က ရိုးလွန်း၍ အ သည်ဟု မြင်သည်။ ထို့ကြောင့် သူ့အား မောင်ရွှေအ ဟု ခေါ်ကြသည်။

တနေ့သော် မောင်ရွှေအသည် တောမှ ဝါးများကို ခုတ်ယူလာပြီး အိမ်ရောက်၍ ပခုံးပေါ်မှ ဝုန်းခနဲ ချလိုက်သော် အိမ်နီးချင်း သူငယ်ချင်းများက တယောက်တလုံးစီ အကုန်လုံး ယူသွားကြသည်။ မောင်ရွှေအ သည်ကား ဝမ်းသာသော မျက်နှာဖြင့် ပြုံးရွှင်စွာ ကြည့်နေလေသည်။

ထို့ကြောင့် သူ၏ မိဘများက ကရုဏာဒေါသောဖြစ်၍ "သင်သည် အလွန် အ သည်။ ထိုသို့ မအ ရန် မည်သို့ ပြုလုပ်ရမည်ကို တောထဲမှာ သီတင်းသုံး နေထိုင်သည့် ရသေ့ပညာရှိ ကြီးထံ သွားရောက် မေးလျှောက်ချေ" ဟု ဆိုပြီး လွှတ်လိုက်လေသည်။

မောင်ရွှေအသည် ခရီးအတော် ဝေးလာသော် မောပန်းလှ၍ ညောင်ပင်ကြီး အေးရိပ်တွင် ဝင်ရောက်နားနေခိုက် ကျေးငှက်တကောင်က "အဆွေလူသား အဘယ်ကိစ္စဖြင့် အဘယ်အရပ်သို့ သွားမလို့လဲ" ဟု မေးရာ၊ မောင်ရွှေအ က မိမိ၏ အကြောင်းစုံကို ပြောပြသည်။

ကျေးငှက်က "အဆွေလူသား ကျွန်ုပ်သည် ဤညောင်ပင်မှ အဘယ်အရပ်သို့မျှ မသွားနိုင်၊ ဤညောင်ပင်နှင့် မခွဲနိုင် မခွာရက် ဖြစ်နေသည်ကို မည်သို့ ပြုလုပ်ရမည့် အကြောင်း ရသေ့ပညာရှိကြီးအား လျှောက်မေးခဲ့စမ်းပါ" ဟု မှာကြားရာ "မေးခဲ့ပါမည်" ဟု ပြောပြီး ခရီးဆက်ခဲ့လေသည်။

ခရီးအတန် ဝေးသော် လမ်းဘေးရှိ ဇရပ်ကြီးတခုကို တွေ့၍ ဝင်နားရာ၊ ထိုဇရပ်ရှိ သူကြွယ်ကြီးက "အဆွေ အဘယ်ကိစ္စဖြင့် အဘယ်အရပ်သို့ သွားမလို့လဲ" ဟု မေးရာ၊ မောင်ရွှေအ က မိမိ၏ အကြောင်းစုံကို ပြောပြသည်။

သူကြွယ်ကြီးက "ကျွန်ုပ်မှာလည်း နာတာရှည် ရောဂါ စွဲကပ်နေတာ ကြာပါပြီ၊ မည်သို့ ပျောက်ကင်းအောင် လုပ်ဆောင်ရမည်ကို ရသေ့ပညာရှိကြီးအား မေးလျှောက်ခဲ့စမ်းပါ" ဟု မှာကြားရာ "မေးခဲ့ပါမည်" ဟု ပြောပြီး ခရီးဆက်ခဲ့ လေသည်။

ထို့နောက် တောင်ပေါ် မရောက်ခင် မြစ်ကမ်းဘေးတွင် ထိုင်လျက်ရေအလျဉ်ကို ကြည့်နေစဉ် မိကျောင်းကြီး တကောင်သည် "အဆွေလူသား အဘယ်ကိစ္စဖြင့် အဘယ်အရပ်သို့ သွားမလို့လဲ" ဟု မေးရာ၊ မောင်ရွှေအ က မိမိ၏ အကြောင်းစုံကို ပြောသည်။

မိကျောင်းကြီးကလည်း "ကျွန်ုပ်မှာ ခေါင်းကိုက်ဝေဒနာ စွဲကပ်နေ၍ မည်သို့ ကုစားရမည့် အကြောင်းကို ရသေ့ပညာရှိအား မေးလျှောက်ခဲ့စမ်းပါ" ဟု မှာကြားရာ "ကောင်းပါပြီ၊ မေးခဲ့ပါမည်" ဟု ပြောပြီး တောင်ပေါ်ရှိ ရသေ့ပညာရှိကြီးထံ တက်သွားလေသည်။

ရသေ့ပညာရှိထံ ရောက်သော် ရသေ့ကြီးက "အဘယ်ကိစ္စဖြင့်လာခဲ့သလဲ" ဟု မေးရာ၊ မောင်ရွှေအ က "ကျေးငှက်တကောင်သည် ညောင်ပင်ကြီး တပင်မှ ဘယ်အရပ်မှ ပျံမသွားနိုင်၊ မခွဲခွာရက် ဖြစ်နေသည်ကို မည်သို့ ပြုလုပ်ရန် ရသေ့ကြီးအား လျှောက်ဖို့ မှာလိုက်ပါသည်ဘုရား" ဟု လျှောက်ထား၏။

"အဆွေလူသား ထိုကျေးငှက်သည် အရင်ဘဝဟောင်းက သူပိုင် ရွှေအိုးတလုံးနှင့် ငွေအိုးတလုံးကို ညောင်ပင်ခြေရင်းမှာ မြှုပ်ထားခဲ့ဖူးသည်။ ထိုအိုးနှစ်လုံးကို တူးဖော်၍ သူတပါးအား ပေးကမ်းခဲ့သော် အခြား လိုရာအရပ်သို့ ပျံသွားနိုင်လိမ့်မည်" ဟူ၍ ဖြေဆိုလေသည်။

"ရသေ့ပညာရှိကြီး ဘုရား၊ ပစ္စည်းဥစ္စာ ပေါများလှသော သူကြွယ်ကြီး တဦးသည်လည်း နာတာရှည်ရောဂါ စွဲကပ်နေပါ၍ မည်သို့ ကုသရမည်ကို မှာလိုက်ပါသည် ဘုရား" ဟု လျှောက်ထားရာ

"အဆွေလူသား ထိုသူကြွယ်ကြီးသည် သူ၏ ပစ္စည်းဥစ္စာတို့ကို စွဲလမ်းမှုစိတ်က အားကြီးလှ၍ နာတာရှည်ရောဂါ စွဲကပ်နေခြင်းသာ ဖြစ်သည်။ ထို့ကြောင့် သူ၏ ပစ္စည်းဥစ္စာ တဝက်ခန့်ကို သူတပါးအား ရက်ရောစွာ ပေးစွန့်ပါက သူကြွယ်၏ ရောဂါ ပျောက်ကင်းသွားလိမ့်မည်" ဟု ဖြေဆိုလေသည်။

"ရသေ့ပညာရှိကြီးဘုရား၊ မိကျောင်းကြီး တကောင်သည်လည်း ခေါင်းကိုက်ဝေဒနာ စွဲကပ်နေပါ၍ မည်သို့ ပြုလုပ်ရမည်ကို မှာကြားလိုက်ပါသည်ဘုရား" ဟုလျှောက်ထားရာ

"အဆွေလူသား ထိုမိကျောင်းကြီး၏ ဦးခေါင်းထဲမှာ ပတ္တမြားတလုံး ရှိသည်။ ထိုပတ္တမြားလုံးကို ထုတ်ယူပြီး သူတပါးအား ရက်ရောစွာ ပေးစွန့်ပါက ခေါင်းကိုက်ရောဂါ ပျောက်ကင်းလိမ့်မည်" ဟု ဖြေဆိုလေသည်။

မောင်ရွှေအ သည် ကျေးငှက်၊ သူကြွယ်၊ မိကျောင်း သုံးဦးတို့၏ အကျိုးကို ဆောင်ရ၍ အလွန်ဝမ်းမြောက်နေသည်။ ထို့ကြောင့် မိမိ၏ လူရိုးလူအ ဖြစ်ရခြင်း အကြောင်းကို မေးလျှောက်ရန် မေ့နေတော့၍ "ဝမ်းသာပါသည် ဘုရား" ဟု လျှောက်ကာ ပြန်လာခဲ့လေသည်။

မိကျောင်းထံသို့ ရောက်သော် အကြောင်းမှန်ကို ပြောပြ၍ မိကျောင်းကြီးက ဝမ်းသာစွာဖြင့် ပတ္တမြားလုံးကို မောင်ရွှေအအား ထုတ်ယူ စေရာ ခေါင်းကိုက် ဝေဒနာသည် ထိုအခါမှ စ၍ ပျောက်ကင်းသွားလေသည်။

သူကြွယ်ကြီးထံ ပြန်ရောက်၍ အကြောင်းမှန်ကို ပြောလေလျှင် သူကြွယ်ကြီးကလည်း ပစ္စည်းတဝက်ကို ခွဲဝေ၍ မောင်ရွှေအအား ရက်ရောစွာ ပေးလေ၏။ ထိုအခါမှ စ၍ နာတာရှည်ရောဂါ ပျောက်ကင်းသွား လေသည်။

ကျေးငှက်ထံ ရောက်ပြန်၍ အကြောင်းမှန်ကို ပြောသော် ကျေးငှက်ကလည်း ရွှေအိုးနှင့်ငွေအိုးကို ဖော်ယူရန် ဝမ်းသာစွာပင် သဘော တူ၏။ ထိုအခါမှ စ၍ ကျေးငှက်သည် မိမိလိုရာ အရပ်သို့ ပျံသန်းသွား နိုင်လေသည်။

မောင်ရွှေအ သည် သူတပါး အကျိုးလည်း ဆောင်ရ မိမိအကျိုးလည်း အောင်သောကြောင့် ဝမ်းသာစွာ မိမိတောရွာသို့ ပြန်လာပြီး သက်ဆုံးတိုင် သူတပါး အကျိုးကို ဆောင်၍ ပျော်ရွှင်စွာ နေထိုင်သွားလေတော့သတည်း။

Crd Origin

Zawgyi

သူ႔အက်ိဳးေဆာင္ ကိုယ့္အက်ိဳးေအာင္

ေရွးအခါက ေတာ႐ြာတ႐ြာတြင္ သူတပါးအက်ိဳးကို မေဆာင္႐ြက္ရလွ်င္ မေနႏိုင္ေသာ အက်င့္ရွိသူ သူဆင္းရဲတဦး ရွိေလသည္။ သူတပါးအက်ိဳးကို ေဆာင္႐ြက္ျခင္းသည္ အလြန္ေကာင္းျမတ္သည္ဟု သူက ယုံၾကည္ေသာ္လည္း သူ၏ မိဘေဆြမ်ိဳး စသူတို႔က ႐ိုးလြန္း၍ အ သည္ဟု ျမင္သည္။ ထို႔ေၾကာင့္ သူ႔အား ေမာင္ေ႐ႊအ ဟု ေခၚၾကသည္။

တေန႔ေသာ္ ေမာင္ေ႐ႊအသည္ ေတာမွ ဝါးမ်ားကို ခုတ္ယူလာၿပီး အိမ္ေရာက္၍ ပခုံးေပၚမွ ဝုန္းခနဲ ခ်လိုက္ေသာ္ အိမ္နီးခ်င္း သူငယ္ခ်င္းမ်ားက တေယာက္တလုံးစီ အကုန္လုံး ယူသြားၾကသည္။ ေမာင္ေ႐ႊအ သည္ကား ဝမ္းသာေသာ မ်က္ႏွာျဖင့္ ၿပဳံး႐ႊင္စြာ ၾကည့္ေနေလသည္။

ထို႔ေၾကာင့္ သူ၏ မိဘမ်ားက က႐ုဏာေဒါေသာျဖစ္၍ "သင္သည္ အလြန္ အ သည္။ ထိုသို႔ မအ ရန္ မည္သို႔ ျပဳလုပ္ရမည္ကို ေတာထဲမွာ သီတင္းသုံး ေနထိုင္သည့္ ရေသ့ပညာရွိ ႀကီးထံ သြားေရာက္ ေမးေလွ်ာက္ေခ်" ဟု ဆိုၿပီး လႊတ္လိုက္ေလသည္။

ေမာင္ေ႐ႊအသည္ ခရီးအေတာ္ ေဝးလာေသာ္ ေမာပန္းလွ၍ ေညာင္ပင္ႀကီး ေအးရိပ္တြင္ ဝင္ေရာက္နားေနခိုက္ ေက်းငွက္တေကာင္က "အေဆြလူသား အဘယ္ကိစၥျဖင့္ အဘယ္အရပ္သို႔ သြားမလို႔လဲ" ဟု ေမးရာ၊ ေမာင္ေ႐ႊအ က မိမိ၏ အေၾကာင္းစုံကို ေျပာျပသည္။

ေက်းငွက္က "အေဆြလူသား ကြၽႏ္ုပ္သည္ ဤေညာင္ပင္မွ အဘယ္အရပ္သို႔မွ် မသြားႏိုင္၊ ဤေညာင္ပင္ႏွင့္ မခြဲႏိုင္ မခြာရက္ ျဖစ္ေနသည္ကို မည္သို႔ ျပဳလုပ္ရမည့္ အေၾကာင္း ရေသ့ပညာရွိႀကီးအား ေလွ်ာက္ေမးခဲ့စမ္းပါ" ဟု မွာၾကားရာ "ေမးခဲ့ပါမည္" ဟု ေျပာၿပီး ခရီးဆက္ခဲ့ေလသည္။

ခရီးအတန္ ေဝးေသာ္ လမ္းေဘးရွိ ဇရပ္ႀကီးတခုကို ေတြ႕၍ ဝင္နားရာ၊ ထိုဇရပ္ရွိ သူႂကြယ္ႀကီးက "အေဆြ အဘယ္ကိစၥျဖင့္ အဘယ္အရပ္သို႔ သြားမလို႔လဲ" ဟု ေမးရာ၊ ေမာင္ေ႐ႊအ က မိမိ၏ အေၾကာင္းစုံကို ေျပာျပသည္။

သူႂကြယ္ႀကီးက "ကြၽႏ္ုပ္မွာလည္း နာတာရွည္ ေရာဂါ စြဲကပ္ေနတာ ၾကာပါၿပီ၊ မည္သို႔ ေပ်ာက္ကင္းေအာင္ လုပ္ေဆာင္ရမည္ကို ရေသ့ပညာရွိႀကီးအား ေမးေလွ်ာက္ခဲ့စမ္းပါ" ဟု မွာၾကားရာ "ေမးခဲ့ပါမည္" ဟု ေျပာၿပီး ခရီးဆက္ခဲ့ ေလသည္။

ထို႔ေနာက္ ေတာင္ေပၚ မေရာက္ခင္ ျမစ္ကမ္းေဘးတြင္ ထိုင္လ်က္ေရအလ်ဥ္ကို ၾကည့္ေနစဥ္ မိေက်ာင္းႀကီး တေကာင္သည္ "အေဆြလူသား အဘယ္ကိစၥျဖင့္ အဘယ္အရပ္သို႔ သြားမလို႔လဲ" ဟု ေမးရာ၊ ေမာင္ေ႐ႊအ က မိမိ၏ အေၾကာင္းစုံကို ေျပာသည္။

မိေက်ာင္းႀကီးကလည္း "ကြၽႏ္ုပ္မွာ ေခါင္းကိုက္ေဝဒနာ စြဲကပ္ေန၍ မည္သို႔ ကုစားရမည့္ အေၾကာင္းကို ရေသ့ပညာရွိအား ေမးေလွ်ာက္ခဲ့စမ္းပါ" ဟု မွာၾကားရာ "ေကာင္းပါၿပီ၊ ေမးခဲ့ပါမည္" ဟု ေျပာၿပီး ေတာင္ေပၚရွိ ရေသ့ပညာရွိႀကီးထံ တက္သြားေလသည္။

ရေသ့ပညာရွိထံ ေရာက္ေသာ္ ရေသ့ႀကီးက "အဘယ္ကိစၥျဖင့္လာခဲ့သလဲ" ဟု ေမးရာ၊ ေမာင္ေ႐ႊအ က "ေက်းငွက္တေကာင္သည္ ေညာင္ပင္ႀကီး တပင္မွ ဘယ္အရပ္မွ ပ်ံမသြားႏိုင္၊ မခြဲခြာရက္ ျဖစ္ေနသည္ကို မည္သို႔ ျပဳလုပ္ရန္ ရေသ့ႀကီးအား ေလွ်ာက္ဖို႔ မွာလိုက္ပါသည္ဘုရား" ဟု ေလွ်ာက္ထား၏။

"အေဆြလူသား ထိုေက်းငွက္သည္ အရင္ဘဝေဟာင္းက သူပိုင္ ေ႐ႊအိုးတလုံးႏွင့္ ေငြအိုးတလုံးကို ေညာင္ပင္ေျခရင္းမွာ ျမႇဳပ္ထားခဲ့ဖူးသည္။ ထိုအိုးႏွစ္လုံးကို တူးေဖာ္၍ သူတပါးအား ေပးကမ္းခဲ့ေသာ္ အျခား လိုရာအရပ္သို႔ ပ်ံသြားႏိုင္လိမ့္မည္" ဟူ၍ ေျဖဆိုေလသည္။

"ရေသ့ပညာရွိႀကီး ဘုရား၊ ပစၥည္းဥစၥာ ေပါမ်ားလွေသာ သူႂကြယ္ႀကီး တဦးသည္လည္း နာတာရွည္ေရာဂါ စြဲကပ္ေနပါ၍ မည္သို႔ ကုသရမည္ကို မွာလိုက္ပါသည္ ဘုရား" ဟု ေလွ်ာက္ထားရာ

"အေဆြလူသား ထိုသူႂကြယ္ႀကီးသည္ သူ၏ ပစၥည္းဥစၥာတို႔ကို စြဲလမ္းမႈစိတ္က အားႀကီးလွ၍ နာတာရွည္ေရာဂါ စြဲကပ္ေနျခင္းသာ ျဖစ္သည္။ ထို႔ေၾကာင့္ သူ၏ ပစၥည္းဥစၥာ တဝက္ခန႔္ကို သူတပါးအား ရက္ေရာစြာ ေပးစြန႔္ပါက သူႂကြယ္၏ ေရာဂါ ေပ်ာက္ကင္းသြားလိမ့္မည္" ဟု ေျဖဆိုေလသည္။

"ရေသ့ပညာရွိႀကီးဘုရား၊ မိေက်ာင္းႀကီး တေကာင္သည္လည္း ေခါင္းကိုက္ေဝဒနာ စြဲကပ္ေနပါ၍ မည္သို႔ ျပဳလုပ္ရမည္ကို မွာၾကားလိုက္ပါသည္ဘုရား" ဟုေလွ်ာက္ထားရာ

"အေဆြလူသား ထိုမိေက်ာင္းႀကီး၏ ဦးေခါင္းထဲမွာ ပတၱျမားတလုံး ရွိသည္။ ထိုပတၱျမားလုံးကို ထုတ္ယူၿပီး သူတပါးအား ရက္ေရာစြာ ေပးစြန႔္ပါက ေခါင္းကိုက္ေရာဂါ ေပ်ာက္ကင္းလိမ့္မည္" ဟု ေျဖဆိုေလသည္။

ေမာင္ေ႐ႊအ သည္ ေက်းငွက္၊ သူႂကြယ္၊ မိေက်ာင္း သုံးဦးတို႔၏ အက်ိဳးကို ေဆာင္ရ၍ အလြန္ဝမ္းေျမာက္ေနသည္။ ထို႔ေၾကာင့္ မိမိ၏ လူ႐ိုးလူအ ျဖစ္ရျခင္း အေၾကာင္းကို ေမးေလွ်ာက္ရန္ ေမ့ေနေတာ့၍ "ဝမ္းသာပါသည္ ဘုရား" ဟု ေလွ်ာက္ကာ ျပန္လာခဲ့ေလသည္။

မိေက်ာင္းထံသို႔ ေရာက္ေသာ္ အေၾကာင္းမွန္ကို ေျပာျပ၍ မိေက်ာင္းႀကီးက ဝမ္းသာစြာျဖင့္ ပတၱျမားလုံးကို ေမာင္ေ႐ႊအအား ထုတ္ယူ ေစရာ ေခါင္းကိုက္ ေဝဒနာသည္ ထိုအခါမွ စ၍ ေပ်ာက္ကင္းသြားေလသည္။

သူႂကြယ္ႀကီးထံ ျပန္ေရာက္၍ အေၾကာင္းမွန္ကို ေျပာေလလွ်င္ သူႂကြယ္ႀကီးကလည္း ပစၥည္းတဝက္ကို ခြဲေဝ၍ ေမာင္ေ႐ႊအအား ရက္ေရာစြာ ေပးေလ၏။ ထိုအခါမွ စ၍ နာတာရွည္ေရာဂါ ေပ်ာက္ကင္းသြား ေလသည္။

ေက်းငွက္ထံ ေရာက္ျပန္၍ အေၾကာင္းမွန္ကို ေျပာေသာ္ ေက်းငွက္ကလည္း ေ႐ႊအိုးႏွင့္ေငြအိုးကို ေဖာ္ယူရန္ ဝမ္းသာစြာပင္ သေဘာ တူ၏။ ထိုအခါမွ စ၍ ေက်းငွက္သည္ မိမိလိုရာ အရပ္သို႔ ပ်ံသန္းသြား ႏိုင္ေလသည္။

ေမာင္ေ႐ႊအ သည္ သူတပါး အက်ိဳးလည္း ေဆာင္ရ မိမိအက်ိဳးလည္း ေအာင္ေသာေၾကာင့္ ဝမ္းသာစြာ မိမိေတာ႐ြာသို႔ ျပန္လာၿပီး သက္ဆုံးတိုင္ သူတပါး အက်ိဳးကို ေဆာင္၍ ေပ်ာ္႐ႊင္စြာ ေနထိုင္သြားေလေတာ့သတည္း။

Crd Origin

Post a Comment

0 Comments