ယုံတမ်းစကား

တခါတုန်းက ဝံပုလွေတကောင်သည် အစာရှာရင်း တောစပ်နားက ရွာလေး တရွာကို ရောက်လာလေသည်။ ရွာအဝင်နားက မုန့်သည်မ၏ အိမ်ဘေးနားကို ရောက်သောအခါ မုန့်သည်မကြီး၏ ကလေးချော့မြူသံကို ကြားပြီး ဝံပုလွေက ရပ်တန့်လိုက်သည်။

မု့န့်သည်မကြီးသည် မုန့်ရောင်းသွားကာနီးတွင် အိမ်မှာကျန်ခဲ့မည့် ကလေးသည် ချော့မြူ၍ မရပဲ ငိုမြဲငိုနေသောကြောင့် စိတ်မရှည်သဖြင့် ကလေးအား ခြောက်လှန့်လိုက်လေသည်။

"သား တိတ်တော့နော်။ သား ဆက်ငိုနေရင် အိမ်အောက်ကို ပစ်ချပြီး ဝံပုလွေစာ ကြွေးလိုက်တော့မယ်" ဟု ဆိုလေ၏။ ကလေးသည် ငိုမြဲငိုလေသည်။ ထိုစကားကို ကြားတော့ ဝံပုလွေဟာ "အင်း၊ ငါတော့ ကံထူးတာပဲ။ ကလေးအသား စားရတော့မယ်" ဟု တွေားကာ အိမ်အောက်မှာ ဘယ်အချိန် ကလေး ပစ်ချလေမလဲ ဟု မျော်တလင့်လင့်နဲ့ စောင့်စားနေသည်။

အမှန်သည်ကား မုန့်သည်မကြီးသည် ဝံပုလွေ အိမ်အောက်သို့ ရောက်ရှိနေမှန်းမသိ၊ ကလေး အငိုတိတ်အောင် ချောက်လှန့်ခြင်းသာ ဖြစ်သည်။

အချိန်သည် တဖြည်းဖြည်း ကုန်လာ၍ နေဝင်ချိန်တောင် ရောက်လာပြီ။ ကလေးကို အခုချိန်ထိ သူ့ထံသို့ ပစ်မချသေး။ ကလေးငိုသံလည်း မကြားရတော့ ဟု တွေးနေစဉ် မုန့်သည်မကြီးသည် မုန့်ရောင်းရာက ပြန်ရောက်ချေပြီ။ ဝံပုလွေဟာ အခုချိန်ထိ ဘာမှ မစားရသေးသည့် အတွက် ဝမ်းက ဟာလေပြီ။

ဒီတော့မှ ဝံပုလွေဟာ "အင်း၊ ငါဟာ မုန့်သည်မကြီးရဲ့ စကားကို အဟုတ်ထင်ပြီး စောင့်စားကာ ကိုယ့်ဘာသာ အစာရှာရမယ့် အချိန်ကို မရှာပဲ သူများစကားကို ယုံမိခဲ့သောကြောင့် ဒီနေ့တော့ ငါ အစာငတ်ချေပြီ တကား" ဟု နောင်တ ရလေတော့သည်။

အီစွတ်ရေးတဲ့ ဒီပုံပြင်လေးကို ကြားဖူးကြမယ်လို့ ထင်ပါတယ်။ သင်ခန်းစာလေး ကတော့ ကျနော်တို့ ပတ်ဝန်းကျင်မှာလည်း သင့်အတွက်၊သင့်အတွက် ဆိုပြီး ယုံတမ်းစကား ပြောတဲ့သူတွေ တွေ့ဖူးပါလိမ့်မည်။

မိမိချစ်သူက ဖြစ်စေ၊ မိတ်ဆွေ အပေါင်းအသင်းကပဲ ဖြစ်စေ၊ မိမိရဲ့အကြီးအကဲ၊ အထက်လူကြီးက ဖြစ်စေ၊ မိမိယုံကြည်အားထားမိပြီဆိုရင် ယုံလွယ်တတ် ကြပါသည်။

ယုံတမ်းစကားကို ယုံကြည်မိတဲ့ ဝံပုလွေဟာ တရက်ပဲ အစာငတ်မှာပါ။ ကျတော်တို့ တတွေကတော့ ယုံတမ်းစကားကို အယုံလွယ်ပြီး လုပ်သင့်လုပ်ထိုက် လုပ်ရမယ့် ကိုယ့်အလုပ်ကို မလုပ်ပဲ ယုံတမ်းစကားကို ယုံလွယ်မိပါက တသက်စာလုံး ဘဝပျက်နိုင် ပါတယ်။

များသောအားဖြင့် လူငယ်လေးတွေကို သတိထားစေချင်ပါတယ်။ မိမိချစ်သူက ယုံတမ်းစကား ပြောပြီး သစ္စာမဲ့နေတာတောင် ယုံတမ်းစကားကို အဟုတ် ထင်ပြီး ကိုယ့်လုပ်ဆောင်ရမယ့် အရာတွေကို မလုပ်တော့ပဲ ဘဝပျက်နေကြသူတွေ ကျတော်တို့ ပတ်ဝန်းကျင်မှာလည်း အများကြီးပါ။

စကားဆိုတာ ဘယ်လောက်ပဲ ချိုသာသာ၊ ဘယ်လိုလူမျိုးကပဲ ပြောပြော ဖြစ်နိုင် မဖြစ်နိုင် စဉ်းစားချင့်ချိန်ပြီးမှ ယုံကြပါ။

Crd

Zawgyi

ယုံတမ္းစကား

တခါတုန္းက ဝံပုေလြတေကာင္သည္ အစာရွာရင္း ေတာစပ္နားက ႐ြာေလး တ႐ြာကို ေရာက္လာေလသည္။ ႐ြာအဝင္နားက မုန႔္သည္မ၏ အိမ္ေဘးနားကို ေရာက္ေသာအခါ မုန႔္သည္မႀကီး၏ ကေလးေခ်ာ့ျမဴသံကို ၾကားၿပီး ဝံပုေလြက ရပ္တန႔္လိုက္သည္။

မု႔န႔္သည္မႀကီးသည္ မုန႔္ေရာင္းသြားကာနီးတြင္ အိမ္မွာက်န္ခဲ့မည့္ ကေလးသည္ ေခ်ာ့ျမဴ၍ မရပဲ ငိုၿမဲငိုေနေသာေၾကာင့္ စိတ္မရွည္သျဖင့္ ကေလးအား ေျခာက္လွန႔္လိုက္ေလသည္။

"သား တိတ္ေတာ့ေနာ္။ သား ဆက္ငိုေနရင္ အိမ္ေအာက္ကို ပစ္ခ်ၿပီး ဝံပုေလြစာ ေႂကြးလိုက္ေတာ့မယ္" ဟု ဆိုေလ၏။ ကေလးသည္ ငိုၿမဲငိုေလသည္။ ထိုစကားကို ၾကားေတာ့ ဝံပုေလြဟာ "အင္း၊ ငါေတာ့ ကံထူးတာပဲ။ ကေလးအသား စားရေတာ့မယ္" ဟု ေတြားကာ အိမ္ေအာက္မွာ ဘယ္အခ်ိန္ ကေလး ပစ္ခ်ေလမလဲ ဟု ေမ်ာ္တလင့္လင့္နဲ႔ ေစာင့္စားေနသည္။

အမွန္သည္ကား မုန႔္သည္မႀကီးသည္ ဝံပုေလြ အိမ္ေအာက္သို႔ ေရာက္ရွိေနမွန္းမသိ၊ ကေလး အငိုတိတ္ေအာင္ ေခ်ာက္လွန႔္ျခင္းသာ ျဖစ္သည္။

အခ်ိန္သည္ တျဖည္းျဖည္း ကုန္လာ၍ ေနဝင္ခ်ိန္ေတာင္ ေရာက္လာၿပီ။ ကေလးကို အခုခ်ိန္ထိ သူ႔ထံသို႔ ပစ္မခ်ေသး။ ကေလးငိုသံလည္း မၾကားရေတာ့ ဟု ေတြးေနစဥ္ မုန႔္သည္မႀကီးသည္ မုန႔္ေရာင္းရာက ျပန္ေရာက္ေခ်ၿပီ။ ဝံပုေလြဟာ အခုခ်ိန္ထိ ဘာမွ မစားရေသးသည့္ အတြက္ ဝမ္းက ဟာေလၿပီ။

ဒီေတာ့မွ ဝံပုေလြဟာ "အင္း၊ ငါဟာ မုန႔္သည္မႀကီးရဲ႕ စကားကို အဟုတ္ထင္ၿပီး ေစာင့္စားကာ ကိုယ့္ဘာသာ အစာရွာရမယ့္ အခ်ိန္ကို မရွာပဲ သူမ်ားစကားကို ယုံမိခဲ့ေသာေၾကာင့္ ဒီေန႔ေတာ့ ငါ အစာငတ္ေခ်ၿပီ တကား" ဟု ေနာင္တ ရေလေတာ့သည္။

အီစြတ္ေရးတဲ့ ဒီပုံျပင္ေလးကို ၾကားဖူးၾကမယ္လို႔ ထင္ပါတယ္။ သင္ခန္းစာေလး ကေတာ့ က်ေနာ္တို႔ ပတ္ဝန္းက်င္မွာလည္း သင့္အတြက္၊သင့္အတြက္ ဆိုၿပီး ယုံတမ္းစကား ေျပာတဲ့သူေတြ ေတြ႕ဖူးပါလိမ့္မည္။

မိမိခ်စ္သူက ျဖစ္ေစ၊ မိတ္ေဆြ အေပါင္းအသင္းကပဲ ျဖစ္ေစ၊ မိမိရဲ႕အႀကီးအကဲ၊ အထက္လူႀကီးက ျဖစ္ေစ၊ မိမိယုံၾကည္အားထားမိၿပီဆိုရင္ ယုံလြယ္တတ္ ၾကပါသည္။

ယုံတမ္းစကားကို ယုံၾကည္မိတဲ့ ဝံပုေလြဟာ တရက္ပဲ အစာငတ္မွာပါ။ က်ေတာ္တို႔ တေတြကေတာ့ ယုံတမ္းစကားကို အယုံလြယ္ၿပီး လုပ္သင့္လုပ္ထိုက္ လုပ္ရမယ့္ ကိုယ့္အလုပ္ကို မလုပ္ပဲ ယုံတမ္းစကားကို ယုံလြယ္မိပါက တသက္စာလုံး ဘဝပ်က္ႏိုင္ ပါတယ္။

မ်ားေသာအားျဖင့္ လူငယ္ေလးေတြကို သတိထားေစခ်င္ပါတယ္။ မိမိခ်စ္သူက ယုံတမ္းစကား ေျပာၿပီး သစၥာမဲ့ေနတာေတာင္ ယုံတမ္းစကားကို အဟုတ္ ထင္ၿပီး ကိုယ့္လုပ္ေဆာင္ရမယ့္ အရာေတြကို မလုပ္ေတာ့ပဲ ဘဝပ်က္ေနၾကသူေတြ က်ေတာ္တို႔ ပတ္ဝန္းက်င္မွာလည္း အမ်ားႀကီးပါ။

စကားဆိုတာ ဘယ္ေလာက္ပဲ ခ်ိဳသာသာ၊ ဘယ္လိုလူမ်ိဳးကပဲ ေျပာေျပာ ျဖစ္ႏိုင္ မျဖစ္ႏိုင္ စဥ္းစားခ်င့္ခ်ိန္ၿပီးမွ ယုံၾကပါ။

Crd

Post a Comment

0 Comments