ယုံကြည်မှု

တခါက တိုင်းပြည် တပြည်ကို သိမ်းပိုက်ဖို့ ရန်သူ့စစ်တပ် တခုဟာ နန်းမြို့ရိုးကို ဝန်းရံထားတယ်။ ရန်သူ့စစ်တပ်ဟာ ဘုရင့်စစ်တပ်ထက် အင်အားများနေတဲ့အတွက် ဘုရင်ကလည်း ထွက်မတိုက်ဘဲ နေခဲ့တယ်။

ဒီလိုနဲ့ အချိန်ကြာလာတော့ ဘုရင့်တပ်ဟာ အစာရေစာ ပြတ်လုနီးနီး ဖြစ်လာခဲ့တယ်။ ဒါကြောင့် ဘုရင်ကြီးဟာ အရေးပေါ် အစည်းအဝေးတခု ခေါ်လိုက်တယ်။ ဘုရင်ကြီးက "ငါတို့ မကြာခင်အချိန်မှာ အစာရေစာ ပြတ်ပြီး အငတ်ဘေးနဲ့ ကြုံရတော့မယ်။ ဒါကြောင့် ရန်သူ့တပ်ကို ငါတို့ ထွက်တိုက်မယ်"

ထိုအခါ စစ်သူကြီးတဦးက "ဒါကတော့ မဖြစ်သင့်ပါဘူးအရှင်။ ရန်သူ့စစ်တပ်ဟာ ဘုရင့်စစ်တပ်ထက် အင်အား ကြီးလွန်းပါတယ်။ ဒါကြောင့် ထွက်တိုက်ရင် သေချာပေါက် ရှုံးပါလိမ့်မယ်။ ကံတရားက ကျွန်တော်တို့ကို ရှုံးဖို့အတွက် ကြိုတင် သတ်မှတ်ပြီးသားပါ" လို့ လျှောက်တင်တယ်။

ဘုရင်ကြီး "ဒါဆို စစ်မတိုက်ရသေးဘဲ ငါတို့ရှုံးမယ်လို့ ကံတရားက သတ်မှတ်ထားတာလား"

စစ်သူကြီးများ "ဟုတ်ပါတယ်အရှင်မင်းကြီး"

ဘုရင်ကြီး "ကောင်းပြီလေ။ မင်းတို့တွေ ကံတရားကို အဲဒီလောက် ယုံကြည်တယ်ဆိုရင် ငါတို့ ကံစမ်းကြည့် ကြတာပေါ့"

ဘုရင်ကြီးက ပြောပြောဆိုဆိုနဲ့ သူ့အိတ်ထဲက အကြွေစေ့တခု ထုတ်လိုက်ပြီး "အခု ငါ့လက်ထဲမှာ အကြွေစေ့ ရှိတယ်။ ငါမြောက်လိုက်လို့ ပြန်ကျလာတဲ့အခါ ခေါင်းကျရင် ဒီစစ်ပွဲမှာ ငါတို့နိုင်မယ်။ ဒါကြောင့် ထွက်တိုက်မယ်။ ပန်းကျရင်တော့ ငါတို့ရှုံးမယ်။ ဒါကြောင့် ထွက်မတိုက်တော့ဘူးလို့ ဆုံးဖြတ်မယ်။ ဘယ်လိုလဲ" ဆိုတော့ စစ်သူကြီးများ အားလုံးက တညီတညာထဲ ထောက်ခံကြတယ်။

ဒါနဲ့ ဘုရင်ကြီးက အကြွေစေ့ကို လေထဲမြောက်ပြီး ပြန်အကျမှာ ဖမ်းလိုက်တယ်။ ပြီးတော့ လက်ကို ဖြေးဖြေးခြင်း ဖွင့်လိုက်တဲ့ အခါမှာ ခေါင်းဘက် ကျနေတာကို တွေ့ကြတယ်။ ဒါကြောင့် စစ်သူကြီးအားလုံး အရမ်းကို ပျော်သွားတယ်။ နောက် ဒီစစ်ပွဲမှာ သူတို့နိုင်မယ်လို့ ယုံကြည်သွားတယ်။

ဘုရင်ကြီးနဲ့ စစ်သူကြီးတို့ဟာ ထွက်တိုက်ဖို့အတွက် စီမံကိန်း ရေးဆွဲကြတယ်။ သူတို့က အင်အားနည်းတဲ့ အတွက် ယှဉ်တိုက်ဖို့ မလွယ်ဘူး။ ဒါကြောင့် ညအိပ်ချိန်မှာ အလစ်တိုက်ဖို့ အစီအစဉ် ဆွဲလိုက်တယ်။

ဒီစစ်ပွဲမှာ သေချာပေါက် နိုင်မယ် ဆိုတဲ့အကြောင်းကို စစ်သူကြီးတွေကနေ တဆင့် စစ်သည်တော်တွေအထိ ပြန့်နှံ့သွားတယ်။ ဒါကြောင့် စစ်သူကြီးတွေရော စစ်သည်တော်တွေရော အားလုံး စိတ်ဓာတ် တက်ကြွနေ ကြတယ်။ သူတို့နိုင်မယ် လို့လည်း ယုံကြည်မှု ပြင်းထန်နေကြတယ်။

သူတို့ အစီအစဉ် ဆွဲထားတဲ့အတိုင်း ညအချိန်ကို ရောက်တဲ့အခါ ရန်သူ့တပ်ကို ဝင်တိုက်ကြတယ်။ ရန်သူတွေဟာ အလစ် တိုက်ခံလိုက်ရတဲ့အတွက် ဖရိုဖရဲဖြစ်ပြီး နောက်ဆုံးမှာ နောက်ဆုတ် ထွက်ပြေးကြရ တော့တယ်။ စစ်နိုင်သွားတဲ့ အတွက် ဘုရင်ကြီးနဲ့အတူ မှူးမတ်တွေအားလုံး စားသောက်ပွဲ ကျင်းပကြတယ်။ စားသောက်ပွဲမှာ ဘုရင်ကြီးက မေးတယ်။

ဘုရင်ကြီး "ဒီစစ်ပွဲမှာ ငါတို့ ဘာကြောင့် နိုင်တာလဲ"

စစ်သူကြီး "ကံတရားကြောင့်ပါ အရှင်မင်းကြီး"

ဘုရင်ကြီး "ကံကြောင့် မဟုတ်ဘူးကွ။ မင်းတို့ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုကြောင့်ပဲ။ ကံကြောင့် မဟုတ်ဘူး။ မယုံရင် မင်းတို့ကိုငါသက်သေပြမယ်"

ဘုရင်ကြီးက ပြောပြောဆိုဆိုနဲ့ အကြွေစေ့ကို ထုတ်ပြီး စားပွဲပေါ် တင်လိုက်တယ်။ အကြွေစေ့ရဲ့ မျက်နှာ ၂ ဘက်လုံးဟာ ခေါင်းဖြစ်နေတာကို စစ်သူကြီးတွေ တွေ့သွားတယ်။

ဘုရင်ကြီး "အလုပ်တခု အောင်မြင်ဖို့အတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိဖို့ လိုတယ်။ ကံဆိုတာ ရွှေဒင်္ဂါး တပြား ဖြစ်ခဲ့ရင် ကြိုးစားမှုက ၉၀ ကျပ်သား၊ အခွင့်အရေး ၁၀ ကျပ်သား သွန်းလောင်းထားတယ်"

BamawTheinPhay

Zawgyi

ယုံၾကည္မႈ

တခါက တိုင္းျပည္ တျပည္ကို သိမ္းပိုက္ဖို႔ ရန္သူ႔စစ္တပ္ တခုဟာ နန္းၿမိဳ႕႐ိုးကို ဝန္းရံထားတယ္။ ရန္သူ႔စစ္တပ္ဟာ ဘုရင့္စစ္တပ္ထက္ အင္အားမ်ားေနတဲ့အတြက္ ဘုရင္ကလည္း ထြက္မတိုက္ဘဲ ေနခဲ့တယ္။

ဒီလိုနဲ႔ အခ်ိန္ၾကာလာေတာ့ ဘုရင့္တပ္ဟာ အစာေရစာ ျပတ္လုနီးနီး ျဖစ္လာခဲ့တယ္။ ဒါေၾကာင့္ ဘုရင္ႀကီးဟာ အေရးေပၚ အစည္းအေဝးတခု ေခၚလိုက္တယ္။ ဘုရင္ႀကီးက "ငါတို႔ မၾကာခင္အခ်ိန္မွာ အစာေရစာ ျပတ္ၿပီး အငတ္ေဘးနဲ႔ ႀကဳံရေတာ့မယ္။ ဒါေၾကာင့္ ရန္သူ႔တပ္ကို ငါတို႔ ထြက္တိုက္မယ္"

ထိုအခါ စစ္သူႀကီးတဦးက "ဒါကေတာ့ မျဖစ္သင့္ပါဘူးအရွင္။ ရန္သူ႔စစ္တပ္ဟာ ဘုရင့္စစ္တပ္ထက္ အင္အား ႀကီးလြန္းပါတယ္။ ဒါေၾကာင့္ ထြက္တိုက္ရင္ ေသခ်ာေပါက္ ရႈံးပါလိမ့္မယ္။ ကံတရားက ကြၽန္ေတာ္တို႔ကို ရႈံးဖို႔အတြက္ ႀကိဳတင္ သတ္မွတ္ၿပီးသားပါ" လို႔ ေလွ်ာက္တင္တယ္။

ဘုရင္ႀကီး "ဒါဆို စစ္မတိုက္ရေသးဘဲ ငါတို႔ရႈံးမယ္လို႔ ကံတရားက သတ္မွတ္ထားတာလား"

စစ္သူႀကီးမ်ား "ဟုတ္ပါတယ္အရွင္မင္းႀကီး"

ဘုရင္ႀကီး "ေကာင္းၿပီေလ။ မင္းတို႔ေတြ ကံတရားကို အဲဒီေလာက္ ယုံၾကည္တယ္ဆိုရင္ ငါတို႔ ကံစမ္းၾကည့္ ၾကတာေပါ့"

ဘုရင္ႀကီးက ေျပာေျပာဆိုဆိုနဲ႔ သူ႔အိတ္ထဲက အေႂကြေစ့တခု ထုတ္လိုက္ၿပီး "အခု ငါ့လက္ထဲမွာ အေႂကြေစ့ ရွိတယ္။ ငါေျမာက္လိုက္လို႔ ျပန္က်လာတဲ့အခါ ေခါင္းက်ရင္ ဒီစစ္ပြဲမွာ ငါတို႔ႏိုင္မယ္။ ဒါေၾကာင့္ ထြက္တိုက္မယ္။ ပန္းက်ရင္ေတာ့ ငါတို႔ရႈံးမယ္။ ဒါေၾကာင့္ ထြက္မတိုက္ေတာ့ဘူးလို႔ ဆုံးျဖတ္မယ္။ ဘယ္လိုလဲ" ဆိုေတာ့ စစ္သူႀကီးမ်ား အားလုံးက တညီတညာထဲ ေထာက္ခံၾကတယ္။

ဒါနဲ႔ ဘုရင္ႀကီးက အေႂကြေစ့ကို ေလထဲေျမာက္ၿပီး ျပန္အက်မွာ ဖမ္းလိုက္တယ္။ ၿပီးေတာ့ လက္ကို ေျဖးေျဖးျခင္း ဖြင့္လိုက္တဲ့ အခါမွာ ေခါင္းဘက္ က်ေနတာကို ေတြ႕ၾကတယ္။ ဒါေၾကာင့္ စစ္သူႀကီးအားလုံး အရမ္းကို ေပ်ာ္သြားတယ္။ ေနာက္ ဒီစစ္ပြဲမွာ သူတို႔ႏိုင္မယ္လို႔ ယုံၾကည္သြားတယ္။

ဘုရင္ႀကီးနဲ႔ စစ္သူႀကီးတို႔ဟာ ထြက္တိုက္ဖို႔အတြက္ စီမံကိန္း ေရးဆြဲၾကတယ္။ သူတို႔က အင္အားနည္းတဲ့ အတြက္ ယွဥ္တိုက္ဖို႔ မလြယ္ဘူး။ ဒါေၾကာင့္ ညအိပ္ခ်ိန္မွာ အလစ္တိုက္ဖို႔ အစီအစဥ္ ဆြဲလိုက္တယ္။

ဒီစစ္ပြဲမွာ ေသခ်ာေပါက္ ႏိုင္မယ္ ဆိုတဲ့အေၾကာင္းကို စစ္သူႀကီးေတြကေန တဆင့္ စစ္သည္ေတာ္ေတြအထိ ျပန႔္ႏွံ႔သြားတယ္။ ဒါေၾကာင့္ စစ္သူႀကီးေတြေရာ စစ္သည္ေတာ္ေတြေရာ အားလုံး စိတ္ဓာတ္ တက္ႂကြေန ၾကတယ္။ သူတို႔ႏိုင္မယ္ လို႔လည္း ယုံၾကည္မႈ ျပင္းထန္ေနၾကတယ္။

သူတို႔ အစီအစဥ္ ဆြဲထားတဲ့အတိုင္း ညအခ်ိန္ကို ေရာက္တဲ့အခါ ရန္သူ႔တပ္ကို ဝင္တိုက္ၾကတယ္။ ရန္သူေတြဟာ အလစ္ တိုက္ခံလိုက္ရတဲ့အတြက္ ဖ႐ိုဖရဲျဖစ္ၿပီး ေနာက္ဆုံးမွာ ေနာက္ဆုတ္ ထြက္ေျပးၾကရ ေတာ့တယ္။ စစ္ႏိုင္သြားတဲ့ အတြက္ ဘုရင္ႀကီးနဲ႔အတူ မႉးမတ္ေတြအားလုံး စားေသာက္ပြဲ က်င္းပၾကတယ္။ စားေသာက္ပြဲမွာ ဘုရင္ႀကီးက ေမးတယ္။

ဘုရင္ႀကီး "ဒီစစ္ပြဲမွာ ငါတို႔ ဘာေၾကာင့္ ႏိုင္တာလဲ"

စစ္သူႀကီး "ကံတရားေၾကာင့္ပါ အရွင္မင္းႀကီး"

ဘုရင္ႀကီး "ကံေၾကာင့္ မဟုတ္ဘူးကြ။ မင္းတို႔ရဲ႕ ကိုယ့္ကိုယ္ကို ယုံၾကည္မႈေၾကာင့္ပဲ။ ကံေၾကာင့္ မဟုတ္ဘူး။ မယုံရင္ မင္းတို႔ကိုငါသက္ေသျပမယ္"

ဘုရင္ႀကီးက ေျပာေျပာဆိုဆိုနဲ႔ အေႂကြေစ့ကို ထုတ္ၿပီး စားပြဲေပၚ တင္လိုက္တယ္။ အေႂကြေစ့ရဲ႕ မ်က္ႏွာ ၂ ဘက္လုံးဟာ ေခါင္းျဖစ္ေနတာကို စစ္သူႀကီးေတြ ေတြ႕သြားတယ္။

ဘုရင္ႀကီး "အလုပ္တခု ေအာင္ျမင္ဖို႔အတြက္ ကိုယ့္ကိုယ္ကို ယုံၾကည္မႈ ရွိဖို႔ လိုတယ္။ ကံဆိုတာ ေ႐ႊဒဂၤါး တျပား ျဖစ္ခဲ့ရင္ ႀကိဳးစားမႈက ၉၀ က်ပ္သား၊ အခြင့္အေရး ၁၀ က်ပ္သား သြန္းေလာင္းထားတယ္"

BamawTheinPhay

Post a Comment

0 Comments