ကမ္ဘာပေါ်မှာ အလှပဆုံးအရာ

တခါတုန်းက ပန်းချီဆရာ တယောက်ဟာ ကမ္ဘာပေါ်မှာ အလှဆုံး ပန်းချီကား တချပ်ကို ဖန်တီးခဲ့တယ်။ ဒီလိုနဲ့ သူဟာ သူ့ရဲ့ သစ်သားဘောင်လေးနဲ့ ကွပ်ထားတဲ့ ပန်းချီကားလေးကို သယ်ဆောင်ပြီး နိုင်ငံတနိုင်ငံမှ တနိုင်ငံကို ခရီးထွက်လာခဲ့တယ်။ သူ့ရည်ရွယ်ချက်က ကမ္ဘာပေါ်မှာ အလှဆုံး အရာကို ရှာဖွေတွေ့ရှိဖို့ပေါ့။

တနေ့မှာတော့ သူဟာ လမ်းမှာ ရဲရင့်တဲ့ စစ်သားတယောက်ကို တွေ့တယ်။ စစ်သားကို ပန်းချီဆရာက "ကမ္ဘာပေါ်မှာ အလှဆုံးအရာက ဘာလဲ" လို့ မေးလိုက်တယ်။ "ငြိမ်းချမ်းရေးပါ" လို့ စစ်သားက ဖြေပြီး ထွက်သွားတယ်။

ပန်းချီဆရာက ခေါင်းခါလိုက်ပြီး စိတ်ပျက်သွားတယ်။ ဘာလို့လဲ ဆိုတော့ အဲဒီငြိမ်းချမ်းရေး ဆိုတဲ့ အရာကို သူမှ ပုံမဆွဲတတ်ပဲ။ နောက်တခါ သူဟာ လှပငယ်ရွယ် ချောမောတဲ့ မိန်းမပျိုလေး တယောက်ကို တွေ့တယ်။ အဲဒီအခါမှာလည်း ပန်းချီဆရာက မိန်းမပျိုကို "ကမ္ဘာပေါ်မှာ အလှဆုံးအရာက ဘာလဲ" လို့ မေးလိုက်တယ်။

မိန်းမပျိုက "အချစ်ပါ" လို့ ချက်ချင်း တုံ့ဆိုင်းခြင်း မရှိပဲ ပြန်ဖြေတယ်။ ပန်းချီဆရာက ထပ်မံ စိတ်ပျက်သွားရ ပြန်တယ်။ သူမှ အဲဒီ အချစ်ဆိုတဲ့ အရာကို ပန်းချီ မဆွဲနိုင်ပဲ။ ဒီလိုနဲ့ နောက်ဆုံးမှာ လမ်းမတနေရာမှာ ပန်းချီဆရာက တရားဟောဆရာ တယောက်ကို တွေ့တယ်။

ဒီတော့ သူတရားဟောဆရာကို "ကမ္ဘာပေါ်မှာ အလှဆုံးအရာက ဘာလဲ" လို့ မေးလိုက်တယ်။ တရားဟောဆရာက "သစ္စာစောင့်သိမှု" လို့ တည်ငြိမ်စွာ ပြောပြီး ထွက်သွားပြန်တယ်။ ဒီတခါလည်း သူဦးခေါင်းကို ရမ်းလိုက်ပြန်တယ်။ စိတ်ပျက်ရပြန်တယ်။ အဲဒီ သစ္စာစောင့်သိမှု ဆိုတာကြီးကိုလည်း သူမဆွဲတတ်ဘူး။

ဒီလိုနဲ့ နောက်ဆုံး ဘယ်နေရာမှာမှ ရှာလို့ မတွေ့တဲ့အဆုံး သူလိုချင်တဲ့ အဖြေ မရတဲ့အခါ သူအိမ်ပြန်ဖို့ကိုပဲ ဝမ်းနည်းစွာနဲ့ ဆုံးဖြတ်လိုက်တယ်။ သူ့အိမ်ပေါက်ဝကို သူပြန်ရောက်လာတဲ့အခါ သူ့သားငယ်က အိမ်ထဲကနေ ပျော်ရွှင်စွာနဲ့ မျှော်လင့်တကြီး သူ့ကို ထွက်ကြိုတာ တွေ့လိုက်ရတယ်။

ပြီးတော့ သားငယ်က ငိုယိုပြီးတော့ "အဖေ အဖေဆိုပြီး သူ့ကို ပြေးဖက်ပါတော့တယ်။ သားငယ်ရဲ့ နောက်မှာ ဇနီးသည်က လိုက်လာပြီး သူ့နဖူးပြင်ကို ငြင်သာစွာ နမ်းတယ်။ အိမ်ကို ပြန်ရောက်တဲ့ လက်ဆောင် အနေနဲ့ပေါ့။

ရုတ်တရက် ချက်ချင်းပဲ ပန်းချီဆရာက ကမ္ဘာပေါ်မှာ အလှဆုံး ဆိုတဲ့ အရာကို သူနားလည်သွားတယ်။ သားငယ်ဆီကနေ ဖခင်တယောက်အပေါ် ထားတဲ့ သစ္စာစောင့်သိမှုကို သူတွေ့လိုက်ရတယ်။

သူချစ်ရတဲ့ ဇနီးသည်ရဲ့ အနမ်းတပွင့်ကနေ တဘဝလုံးစာ အတွက် ချစ်ခြင်းမေတ္တာတွေကို သူတွေ့လိုက်ရတယ်။ အဲဒီ အချစ်တွေထဲမှာပဲ နွေးထွေးမှု သူ့မိသားစုရဲ့ ပျော်ရွှင်မှုနဲ့ ငြိမ်းချမ်းရေးကိုပါ သူရှာတွေ့လိုက်တယ်။

ဒီလိုနဲ့ သူဟာ ကမ္ဘာပေါ်မှာ အလှဆုံးအရာကို ဖန်တီးခဲ့ ပါတော့တယ်။ အဲဒါတော့ သူ့အိမ်က လွဲလို့ တခြားအရာ မရှိတော့ပါဘူး။

ကမ္ဘာပေါ်မှာ အလှဆုံးအရာဆိုတာ တကယ်တော့ အဝေးကြီးကို လိုက်ရှာနေစရာ မလိုပါဘူး။ သင့်စိတ်ထဲမှာပဲ၊ သင့်နှလုံးသားထဲမှာပဲ တည်ရှိပါတယ်။ သင်ငြိမ်းအေးတဲ့နေရာ၊ သင်ပျော်ရွှင်ရတဲ့နေရာ၊ သင့်ကို ချစ်တဲ့နေရာ၊ သင်က ချစ်တဲ့နေရာ၊ နွေးထွေးလုံခြုံလို့ ချမ်းမြေ့တဲ့ အရာဟာ ကမ္ဘာပေါ်မှာ အလှဆုံးအရာပဲ ဖြစ်ပါတယ်။

သက်တန့်ချို

Credit

phoomyatchal

Zawgyi

ကမာၻေပၚမွာ အလွပဆုံးအရာ

တခါတုန္းက ပန္းခ်ီဆရာ တေယာက္ဟာ ကမာၻေပၚမွာ အလွဆုံး ပန္းခ်ီကား တခ်ပ္ကို ဖန္တီးခဲ့တယ္။ ဒီလိုနဲ႔ သူဟာ သူ႔ရဲ႕ သစ္သားေဘာင္ေလးနဲ႔ ကြပ္ထားတဲ့ ပန္းခ်ီကားေလးကို သယ္ေဆာင္ၿပီး ႏိုင္ငံတႏိုင္ငံမွ တႏိုင္ငံကို ခရီးထြက္လာခဲ့တယ္။ သူ႔ရည္႐ြယ္ခ်က္က ကမာၻေပၚမွာ အလွဆုံး အရာကို ရွာေဖြေတြ႕ရွိဖို႔ေပါ့။

တေန႔မွာေတာ့ သူဟာ လမ္းမွာ ရဲရင့္တဲ့ စစ္သားတေယာက္ကို ေတြ႕တယ္။ စစ္သားကို ပန္းခ်ီဆရာက "ကမာၻေပၚမွာ အလွဆုံးအရာက ဘာလဲ" လို႔ ေမးလိုက္တယ္။ "ၿငိမ္းခ်မ္းေရးပါ" လို႔ စစ္သားက ေျဖၿပီး ထြက္သြားတယ္။ ပန္းခ်ီဆရာက ေခါင္းခါလိုက္ၿပီး စိတ္ပ်က္သြားတယ္။ ဘာလို႔လဲ ဆိုေတာ့ အဲဒီၿငိမ္းခ်မ္းေရး ဆိုတဲ့ အရာကို သူမွ ပုံမဆြဲတတ္ပဲ။

ေနာက္တခါ သူဟာ လွပငယ္႐ြယ္ ေခ်ာေမာတဲ့ မိန္းမပ်ိဳေလး တေယာက္ကို ေတြ႕တယ္။ အဲဒီအခါမွာလည္း ပန္းခ်ီဆရာက မိန္းမပ်ိဳကို "ကမာၻေပၚမွာ အလွဆုံးအရာက ဘာလဲ" လို႔ ေမးလိုက္တယ္။ မိန္းမပ်ိဳက "အခ်စ္ပါ" လို႔ ခ်က္ခ်င္း တုံ႔ဆိုင္းျခင္း မရွိပဲ ျပန္ေျဖတယ္။ ပန္းခ်ီဆရာက ထပ္မံ စိတ္ပ်က္သြားရ ျပန္တယ္။ သူမွ အဲဒီ အခ်စ္ဆိုတဲ့ အရာကို ပန္းခ်ီ မဆြဲႏိုင္ပဲ။

ဒီလိုနဲ႔ ေနာက္ဆုံးမွာ လမ္းမတေနရာမွာ ပန္းခ်ီဆရာက တရားေဟာဆရာ တေယာက္ကို ေတြ႕တယ္။ ဒီေတာ့ သူတရားေဟာဆရာကို "ကမာၻေပၚမွာ အလွဆုံးအရာက ဘာလဲ" လို႔ ေမးလိုက္တယ္။ တရားေဟာဆရာက "သစၥာေစာင့္သိမႈ" လို႔ တည္ၿငိမ္စြာ ေျပာၿပီး ထြက္သြားျပန္တယ္။ ဒီတခါလည္း သူဦးေခါင္းကို ရမ္းလိုက္ျပန္တယ္။ စိတ္ပ်က္ရျပန္တယ္။ အဲဒီ သစၥာေစာင့္သိမႈ ဆိုတာႀကီးကိုလည္း သူမဆြဲတတ္ဘူး။

ဒီလိုနဲ႔ ေနာက္ဆုံး ဘယ္ေနရာမွာမွ ရွာလို႔ မေတြ႕တဲ့အဆုံး သူလိုခ်င္တဲ့ အေျဖ မရတဲ့အခါ သူအိမ္ျပန္ဖို႔ကိုပဲ ဝမ္းနည္းစြာနဲ႔ ဆုံးျဖတ္လိုက္တယ္။ သူ႔အိမ္ေပါက္ဝကို သူျပန္ေရာက္လာတဲ့အခါ သူ႔သားငယ္က အိမ္ထဲကေန ေပ်ာ္႐ႊင္စြာနဲ႔ ေမွ်ာ္လင့္တႀကီး သူ႔ကို ထြက္ႀကိဳတာ ေတြ႕လိုက္ရတယ္။

ၿပီးေတာ့ သားငယ္က ငိုယိုၿပီးေတာ့ "အေဖ အေဖဆိုၿပီး သူ႔ကို ေျပးဖက္ပါေတာ့တယ္။ သားငယ္ရဲ႕ ေနာက္မွာ ဇနီးသည္က လိုက္လာၿပီး သူ႔နဖူးျပင္ကို ျငင္သာစြာ နမ္းတယ္။ အိမ္ကို ျပန္ေရာက္တဲ့ လက္ေဆာင္ အေနနဲ႔ေပါ့။ ႐ုတ္တရက္ ခ်က္ခ်င္းပဲ ပန္းခ်ီဆရာက ကမာၻေပၚမွာ အလွဆုံး ဆိုတဲ့ အရာကို သူနားလည္သြားတယ္။

သားငယ္ဆီကေန ဖခင္တေယာက္အေပၚ ထားတဲ့ သစၥာေစာင့္သိမႈကို သူေတြ႕လိုက္ရတယ္။ သူခ်စ္ရတဲ့ ဇနီးသည္ရဲ႕ အနမ္းတပြင့္ကေန တဘဝလုံးစာ အတြက္ ခ်စ္ျခင္းေမတၱာေတြကို သူေတြ႕လိုက္ရတယ္။ အဲဒီ အခ်စ္ေတြထဲမွာပဲ ေႏြးေထြးမႈ သူ႔မိသားစုရဲ႕ ေပ်ာ္႐ႊင္မႈနဲ႔ ၿငိမ္းခ်မ္းေရးကိုပါ သူရွာေတြ႕လိုက္တယ္။ ဒီလိုနဲ႔ သူဟာ ကမာၻေပၚမွာ အလွဆုံးအရာကို ဖန္တီးခဲ့ ပါေတာ့တယ္။ အဲဒါေတာ့ သူ႔အိမ္က လြဲလို႔ တျခားအရာ မရွိေတာ့ပါဘူး။

ကမာၻေပၚမွာ အလွဆုံးအရာဆိုတာ တကယ္ေတာ့ အေဝးႀကီးကို လိုက္ရွာေနစရာ မလိုပါဘူး။ သင့္စိတ္ထဲမွာပဲ၊ သင့္ႏွလုံးသားထဲမွာပဲ တည္ရွိပါတယ္။ သင္ၿငိမ္းေအးတဲ့ေနရာ၊ သင္ေပ်ာ္႐ႊင္ရတဲ့ေနရာ၊ သင့္ကို ခ်စ္တဲ့ေနရာ၊ သင္က ခ်စ္တဲ့ေနရာ၊ ေႏြးေထြးလုံၿခဳံလို႔ ခ်မ္းေျမ့တဲ့ အရာဟာ ကမာၻေပၚမွာ အလွဆုံးအရာပဲ ျဖစ္ပါတယ္။

သက္တန႔္ခ်ိဳ

Credit

phoomyatchal

Post a Comment

0 Comments